The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.45K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဒရုန်းစစ်ဆင်ရေးနဲ့ ချေမှုန်းခံနေရတဲ့ စစ်တပ် (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

https://youtu.be/K8ekB1RREfE

#မြန်မာ #ဧရာဝတီ #ဒရုန်း #ကချင် #ရခိုင် #တံတားဦးလေဆိပ် #KIA #AA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤44👍16😁3
ကချင်နဲ့ ရခိုင်မှာ စစ်ဦးချိုးခံလိုက်ရတဲ့ အာဏာသိမ်းစစ်တပ် (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၆

ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်နေပေမဲ့ နေရာနှစ်ခုစလုံးမှာ အထိနာပြီး စစ်ဦးချိုးခံနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ စစ်ရေးလေ့လာသူတွေက ဧရာဝတီကို ပြောပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်အပါအဝင် စစ်မျက်နှာအများအပြားကနေ အာဏာသိမ်းစစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ထိုးစစ်ဆင်နေပေမဲ့ အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်နယ်မြေတွေဘက်ကို ထိုးဖောက်နိုင်ခြင်း မရှိသေးသလို၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်ကနေ ၁၁ ရက်နေ့အထိ တိုက်ပွဲတွေအတွင်းမှာတင် စစ်တပ်ဘက်က သေဆုံးသူ ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။

https://youtu.be/2DTdjcJk0-k

#မြန်မာ #ဧရာဝတီ #ရခိုင် #ကချင် #AA #KIA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤37👍27😁6
အာဏာသိမ်းတပ်ရဲ့ စစ်ကြောင်း ကချင်မှာ ချေမှုန်းခံရ

ဧရာဝတီ၊ စက်တင်ဘာ ၁၄၊ ၂၀၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ မံစီမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၄၀ ခန့် သေဆုံးပြီး ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

ဗန်းမော်မြို့ ဖိုးဒေဝနဲ့ ဖန်းခါးကုန်းရပ်ကွက်ဘက်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က မံစီဘက်ကို ခြေလျင်ထွက်ခွာလာတဲ့ အဆိုပါ အာဏာသိမ်းတပ်ရဲ့ စစ်ကြောင်းဟာ လမ်းခရီးမှာ အခုလို အပြင်းအထန် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အထိနာအကျအဆုံးများခဲ့တာလည်း ဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေရဲ့ အပြင်းအထန် တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ တပ်ရင်းတွေဆီ ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာသွားခဲ့ရသလို သေဆုံးသွားတဲ့ စစ်သားတွေရဲ့ ရုပ်အလောင်းတွေကတော့ အခင်းဖြစ်ပွားရာ နေရာအနှံ့မှာ ပြန့်ကျဲကျန်ရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။

https://youtu.be/qwhqWPCnynk

#မြန်မာ #ဧရာဝတီ #ကချင် #ဗန်းမော် #KIA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍57❤19😁4
ဗန်းမော်စစ်မျက်နှာနှင့် ဧရာဝတီ ဒုတိယမြစ်ကျဉ်း

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၆

ထောက်ပို့လမ်းကြောင်းအတွက် အရေးပါသည့် ဧရာဝတီဒုတိယမြစ်ကျဉ်းရှိရာ ရွှေကူနှင့်ဗန်းမော်ကြားဒေသသည် စစ်ရေးအရ အရေးပါနေ၏။ ထိုဒေသအား မြန်မာစစ်တပ်က ချုပ်ကိုင်ရန် ကြိုးစားလာသဖြင့် တိုက်ပွဲများဖြစ်ပွားလာသည်ကို ၂၀၂၆ ခုနှစ်တွင် စတင်တွေ့ရပြီး လာမည့်ကာလများတွင်လည်း ပိုမိုပြင်းထန်သည့်တိုက်ပွဲများ မြင်တွေ့ရဖွယ်ရှိ၏။

ယခု သင်္ဘောအုပ်စုအားတိုက်ခိုက်ပြီးသော်လည်း ဧရာဝတီဒုတိယမြစ်ကျဉ်းဝဲယာ၊ စင်းခန်း၊ ဇင်းဘုံတဝိုက်တွင် မြေပြင်တိုက်ပွဲများ ဆက်လက်ပြင်းထန်ဆဲဖြစ်ပြီး မြန်မာစစ်တပ်က စင်းခန်းတံတားအား ဗုံးကြဲဖျက်ဆီးနေသည်ကို တွေ့ရ၏။

https://youtu.be/xpAoSM0YzQ4

#မြန်မာ #ဧရာဝတီ #ကချင် #ဗန်းမော် #KIA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤41👍30😁4
• စင်းခန်းမှာအထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း

• မြန်မာပတ်စပို့ကိုင်တဲ့ တရုတ်တွေ ထိုင်းမှာဆက်တိုက်ဖမ်းခံနေရ

• အာဏာသိမ်းစစ်တပ် ကြံရာပါအဖြစ် တယ်လီနောရုံးချုပ်ကို နော်ဝေ စီးနင်း

• စစ်မှုထမ်းလူငယ်ကို သတ်ဖြတ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါ ၇ ဦး ဖမ်းခံရ

• စစ်ရေးသတိရှိဖို့ MNDAA သတိပေး

နေ့စဥ်သတင်း၊ စက်တင်ဘာ ၁၆၊ ၂၀၂၆

https://youtu.be/EUWhcHFgc3Q
#မြန်မာ #ဧရာဝတီ #စင်းခန်း #ကချင် #KIA #ပတ်စပို့ #တရုတ် #တယ်လီနော #နော်ဝေ #စစ်မှုထမ်း #အုပ်ချုပ်ရေးမှူး #MNDAA #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
👍47❤6🤔1
Media is too big
VIEW IN TELEGRAM
စင်းခန်းမှာ အထိုင်ချဖို့ကြိုးစားတဲ့ စစ်ကြောင်းကို KIA ချေမှုန်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ဘေးက စင်းခန်းဘုန်းကြီးကျောင်းမှာ အထိုင်ချဖို့ ကြိုးပမ်းတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူး ပေါင်းတပ်တွေက စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ အပြီးသတ် ချေမှုန်းလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဦးတည်တဲ့ စစ်သင်္ဘောတွေ စတက်ချိန် ဩဂုတ်လထဲက စင်းခန်းတံတားကို ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေကို မြစ်ကမ်းဘေးမှာ နေရာချခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းရဲ့ အင်အားတဝက်ဟာ ဒီကနေ့မနက်ပိုင်း သင်္ဘောနဲ့ ထွက်ခွာချိန်မှာ တိုက်ခိုက်နှစ်မြှုပ်ခံခဲ့ရသလို စင်းခန်းမှာ ကျန်ခဲ့တဲ့ နောက်ချန်အင်အားဟာလည်း တိုက်ခိုက်ချေမှုန်းခံလိုက်ရတာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #KIA #ဗန်းမော် #စင်းခန်း #ကချင် #စစ်တပ် #စစ်သင်္ဘော #WhatsHappeningInMyanmar
❤43👍21😁2
စစ်တပ်အတွက် မရဏလမ်းဖြစ်သွားတဲ့ ဧရာဝတီမြစ်ကြောင်း

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆

ကချင်ပြည်နယ်ထဲက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို စစ်ရေးအရ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်အတွက်တော့ ဧရာဝတီမြစ်ကြောင်းဟာ အခုဆိုရင် ပြန်လမ်းမဲ့ မရဏလမ်း ဖြစ်လာနေပါပြီ။

ကုန်းကြောင်းရော လေကြောင်းကပါ ထောက်ပို့ဖို့ အခက်တွေ့လာတဲ့ စစ်တပ်ဟာ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို အဓိကအားကိုးပြီး ပို့ဆောင်နေရတဲ့ ဒီဧရာဝတီမြစ်ကြောင်းဟာ အာဏာသိမ်းစစ်တပ်အတွက်တော့ ထင်သလို ချောမွေ့မနေဘဲ သေမင်းတမန် လမ်းခရီးတခုအဖြစ် ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် အစုန်ရော အဆန်မှာပါ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်တွေရဲ့ အပြင်းအထန် ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ရဲ့ ရေယာဉ်တွေဟာ မြစ်ကြမ်းပြင်ဆီ တစင်းပြီးတစင်း နစ်မြုပ်ပျက်စီးနေရပြီး အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ "ကချင်သင်္ဘောသီးထောင်း" ဆိုပြီး လှောင်ပြောင်အမည်တပ်ခံရတဲ့အထိ စစ်တပ်ဟာ အရှက်ရဖွယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

https://youtu.be/ij5pciWR8bE

#မြန်မာ #ဧရာဝတီ #ကချင် #KIA #PDF #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍56❤14👎1😁1
• တရုတ်နယ်စပ်က စစ်တပ်နဲ့ ရဟတ်ယာဉ်ကွင်းကို KIA တိုက်ခိုက်သိမ်းပိုက်
• ရခိုင်ဆိုရင် ကလေးနဲ့အမျိုးသမီးတွေပါမချန် သတ်ဖို့ စစ်တပ် အမိန့်ပေး
• ခရုသင်းရောဂါရှိသူ သက်ကြီးရွယ်အိုတဦးကို ရွာပြင်မောင်းထုတ်နေ
• ဗန် ဟာ ရေရှည်အုပ်စိုးမယ့် ချန်ပီယံလက္ခဏာရှိသူလို့ UFC ဥက္ကဋ္ဌ ပြော
• တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်ကိုသွားမယ်

နေ့စဉ်သတင်း၊ စက်တင်ဘာ ၂၁၊ ၂၀၂၆
https://youtu.be/oHzbrq29mBc

#မြန်မာ #ဧရာဝတီ #တရုတ်နယ်စပ် #စစ်တပ် #ရဟတ်ယာဉ်ကွင်း #KIA #ရခိုင် #ကလေး #အမျိုးသမီး #ရှမ်းပြည်နယ် #ခရုသင်း #ဗန် #UFC #ချန်ပီယံ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍49❤9👎1😁1
Media is too big
VIEW IN TELEGRAM
တရုတ်နယ်စပ်က စစ်တပ်နဲ့ ရဟတ်ယာဉ်ကွင်းကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင်အမှတ် (၃၀) အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဉ်ဆင်းသက်ကွင်းပါတဲ့ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို အတည်ပြု ပြောဆိုပါတယ်။

အဲဒီရဟတ်ယာဉ်ကွင်းဟာ ပူတာအိုဘက်မှာရှိတဲ့ အာဏာသိမ်းတပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ရာမှာ အသုံးပြုတဲ့နေရာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #ခေါင်လန်ဖူး #တရုတ်မြန်မာနယ်စပ် #ရဟတ်ယာဉ်ကွင်း #KIA #စစ်တပ် #ပူတာအို #ရိက္ခာ #WhatsHappeningInMyanmar
❤54👍19👎1
အရပ်သားပိုင်သင်္ဘောတွေ ပျက်စီးသွားတဲ့အပေါ် ဗိုလ်ချုပ်ဂွန်မော် မှတ်ချက်ပေး

ဧရာဝတီ၊ စက်တင်ဘာ ၂၃၊ ၂၀၂၆

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်တန်းထဲက အရပ်သားပိုင် သင်္ဘောတွေတိုက်ခိုက်ခံရပြီး ဆုံးရှုံးခဲ့ရတဲ့အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပိုင်ရှင်တွေအပေါ် စိတ်မကောင်းဖြစ်ရကြောင်း စက်တင်ဘာ ၂၃ ရက်နေ့မှာ လူမှုကွန်ရက်ပေါ်ကတဆင့် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေအနေနဲ့ သင်္ဘော လေးစီးဆုံးရှုံးခဲ့ရပြီး၊ ကာလတန်ဖိုးအရ ငွေကျပ် သိန်းပေါင်း ၈ ထောင် ကနေ သိန်းပေါင်း ၂ သောင်း အထိ တန်ဖိုးရှိတဲ့အတွက် ဒီအခြေအနေကို သင်္ဘောပိုင်ရှင်တွေအနေနဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဗန်းမော်မြို့ကို အင်အားဖြည့်တင်းနိုင်ဖို့ အာဏာသိမ်းတပ်က ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလတွေအတွင်း မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်တွေနဲ့ ဆန်တက်လာခဲ့ပြီး မြစ်ကြောင်းတလျှောက်မှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး၊ သင်္ဘောအစီးရေ ၂၀ နီးပါး ထိခိုက်ပျက်စီးသွားခဲ့ရတာပါ။

အခုလို တိုက်ခိုက်ခံရတဲ့ ရေယာဉ်တွေထဲမှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ခေါ်ယူတာကို ခံခဲ့ရတဲ့ အရပ်သားပိုင် သင်္ဘောတွေပါ ပူးတွဲပါဝင်နေပြီး တိုက်ခိုက်မှုအတွင်းပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

https://youtu.be/y5kCE6UBuQw
#ဧရာဝတီ #မြန်မာ #ဗိုလ်ချုပ်ဂွန်မော် #KIA #WhatsHappensMyanmar
❤49👍20😭1
• ကချင်လူထုကို KIO အရေးပေါ် စစ်ရေးသတိပေး

• တရုတ်အပေါ် မမှီခိုဘူးလို့ မင်းအောင်လှိုင်ပြော

• တရုတ်အမျိုးသမီးတဦး မြန်မာမှာ ပြန်ပေးဆွဲခံထားရ

• ထိုင်းမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် ကိုယ်ဝန်ဆောင်

• တရုတ်နဲ့ အမေရိကန် မိတ်ဖက်ဖြစ်သင့်တယ်လို့ ရှီကျင့်ဖျင်ပြော

နေ့စဉ်သတင်း၊ စက်တင်ဘာ ၂၄၊ ၂၀၂၆

https://youtu.be/HytGU-FZ9jo
#မြန်မာ #ဧရာဝတီ #ကချင် #KIO #KIA #စစ်ရေး #တရုတ် #မင်းအောင်လှိုင် #ပြန်ပေးဆွဲ #ကိုယ်ဝန်ဆောင် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
👍48❤13👎1😁1
မိုးမိတ်က စစ်တပ်စိုးမိုးကုန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ရွှေမြင်တင် စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းမြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုးမိတ်မြို့နဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ ဒီစခန်းကုန်းဟာ မိုးမိတ်ဗျူဟာက တပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားတဲ့ အရေးပါတဲ့ စိုးမိုးကုန်းတခုဖြစ်ပြီး၊ အဆိုပါစခန်းကို ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ မှန်ပေမယ့် မြေပြင်အချက်အလက်အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

စခန်းလက်လွှတ်လိုက်ရပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်ကတော့ ရွှေမြင်တင်ကုန်းနဲ့ အနီးဝန်းကျင်တဝိုက်ကို လေကြောင်းကနေ အပြင်းအထန် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသလို စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာတင် ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့သလို၊ Y-12 လေယာဉ်တစီးနဲ့ပါ ဝေဟင်ကနေ ဆက်တိုက်ပျံဝဲ စောင့်ကြည့်နေတယ်လို့လည်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။

https://youtu.be/B6lxKAKrYNU
#မြန်မာ #ဧရာဝတီ #မိုးမိတ် #KIA #WhatsHappensInMyanmar
👍53❤13😁2👎1
• အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး KIA ကို တိုက်မယ်လို့ SNA ပြော
• ရခိုင်က ဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်တွေထဲ စစ်တပ် ဗုံးထပ်ကြဲ
• ကျောက်တော် လေကြောင်းတိုက်ခိုက်မှု သက်သေတွေ IIMM တောင်းခံ
• ဗန်းမော်ထောင်က အကျဉ်းသား ၇၀ ကျော် လွတ်မြောက်
• ဒူဘိုင်းလေယာဉ်ဖြစ်စဉ် ကြံစည်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလား စစ်ဆေးနေ
• နျူကလီးယားသုံးတိုက်ခိုက်မယ်လို့ NATO ကို ရုရှားခြိမ်းခြောက်

နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၊ ၂၀၂၆
https://youtu.be/0LArKYnm6uM

#မြန်မာ #ဧရာဝတီ #KIA #AA #လေကြောင်းတိုက်ခိုက် #NATO #ရုရှား #နေ့စဉ်သတင်း #DailyNews #WhatsHappeingInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍45❤9😁2
Media is too big
VIEW IN TELEGRAM
KIA နဲ့ PDF ကို စစ်တပ်နဲ့ ပေါင်းပြီး တိုက်မယ်လို့ SNA ပြော

အာဏာသိမ်းစစ်တပ်အပါအဝင် မဟာမိတ် ပြည်သူ့စစ်အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ပြောလိုက်တာပါ။

SNA နဲ့ KIA ကြား ပဋိပက္ခတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုမိုပြင်းထန်လာခဲ့တာပါ။ အာဏာသိမ်းပြီးနောက် SNA ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေကို တိုက်ခိုက်မှုတွေမှာ သိသိသာသာ ပါဝင်လာခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #ရှမ်းနီ #SNA #KIA #PDF #WhatsHappensInMyanmar
😁73👎15❤8👍5😭1
မဲဇာနယ်မြေကို စစ်တပ်ပြန်ထိန်းချုပ်

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မဲဇာကျေးရွာနဲ့ အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာပြီးနောက် အောက်တိုဘာလ ၉ ရက် မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့ဘက်ကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ အမှတ် (၁) စစ်ဒေသ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

https://youtu.be/9Zov0NAU48o

#မြန်မာ #ဧရာဝတီ #မဲဇာ #KIA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎37👍21❤8😁5😱1
Media is too big
VIEW IN TELEGRAM
မြေရှားမိုင်းတွေ တူးကြတော့မယ်ဆိုရင်

အောက်တိုဘာ ၁၀၊​ ၂၀၂၆

ကချင်က ထွက်နေတဲ့ မြေရှားဟာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံရှိပြီး အခုဆို ရှမ်းပြည်ထဲမှာပါ မြေရှားသတ္တုတူးဖော်ရေးမိုင်းတွင်းတွေ ပျံ့နှံ့လာနေပါပြီ။ တရုတ်-မြန်မာနယ်စပ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေအကြောင်း ချင်းမိုင်တက္ကသိုလ်မှာ ပါရဂူဘွဲ့ယူ စာတမ်းရေးနေတဲ့ ကချင်သုတေသီ ကိုဆိုင်းလီရဲ့ ဆွေးနွေးသုံးသပ်ချက် အစအဆုံးကို အောက်ကလင့်တွေမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

အသံသီးသန့် နားဆင်လိုရင် အောက်က လင့်တွေကို နှိပ်ပါ။

Buzzsprout : https://bit.ly/4jfd8Rk
Apple Podcasts : https://apple.co/4AZNmXp
Spotify : https://bit.ly/3VXBntq

ရုပ်သံအင်တာဗျူးကို ကြည့်လိုရင် အောက်က လင့်ကို နှိပ်ပါ။

https://www.youtube.com/watch?v=SaLVej3Vwgg&t=80s

#ဧရာဝတီ #မြေရှားသတ္တု #တရုတ် #KIA #WhatsHappensInMyanmar
👍35❤5😱1😭1
Media is too big
VIEW IN TELEGRAM
SNA တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်ဦးကျေးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ရဲ့ ပူးပေါင်းတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေက တပ်စခန်းအပြင် ကျေးရွာကိုပါ ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပေမယ့် သေဆုံးစာရင်းကိုတော့ ဧရာဝတီက အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ဟုမ္မလင်း #စစ်ကိုင်း #SNA #KIA #PDF #သောင်ဦးကျေးရွာ #WhatsHappeningInMyanmar
❤45👍19😁4
• မြန်မာက ရိုဟင်ဂျာအမှု ICJ စီရင်ချက်ချမည့်ရက် ကြေညာ

• မိုးမိတ်က စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်

• နယ်စပ်မှာ လေကြောင်းမတိုက်ဖို့ မြန်မာကို ထိုင်း သတိပေး

• စစ်အစိုးရကို ပြုတ်ကျအောင်လုပ်ဖို့လိုတယ်လို့ တာဘုန်းကျော်ပြော

• မြန်မာကလေးတွေ ဗုံးကြဲခံနေရတဲ့အကြောင်း ကမ္ဘာကျော်အဆိုတော် Zayn Malik ဝေမျှ

• အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်ပါတီ လွှတ်တော်နှစ်ရပ်လုံး ရှုံးနိမ့်

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၄၊ ၂၀၂၆

https://youtu.be/QvWq761o3gM
#မြန်မာ #ဧရာဝတီ #ICJ #ရိုဟင်ဂျာ #နယ်စပ် #မိုးမိတ် #KIA #စစ်စခန်း #TNLA #UNICEF #ZaynMalik #တာဘုန်းကျော် #အမေရိကန် #ရွေးကောက်ပွဲ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
❤27👍17😁1
Media is too big
VIEW IN TELEGRAM
မိုးမိတ်က စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ နေ့တိုင်းနီးပါးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ ခြေကုတ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကို ပြောပါတယ်။

မိုးမိတ်မြို့ဟာ စစ်လက်နက်ခဲယမ်းနဲ့ ထောက်ပို့ပစ္စည်းတွေ သယ်ယူရာ လမ်းကြောင်းတွေနဲ့ ဆက်စပ်နေတဲ့ ဗျူဟာကျဒေသဖြစ်တာကြောင့် စစ်တပ်က မဘိမ်းဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေပြီး မိုးမိတ်နဲ့ မဘိမ်း ကြားမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဧရာဝတီကို ပြောဆိုခဲ့ဖူးပါ တယ်။

#မြန်မာ #ဧရာဝတီ #မိုးမိတ် #ရှမ်းပြည်နယ်မြောက်ပိုင်း #တိုက်ပွဲ #KIA #WhatsHappeningInMyanmar
👍53❤13😁1