The Irrawaddy - Burmese
✔
75.2K subscribers
38.6K photos
2.48K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
❤18👍11😁2
အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပစဉ် အမေရိကန်စီမံကိန်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်များ ဆန္ဒပြ

ဧရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယနေ့ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေစဉ် လီဝါဆန်း ဘိုနီဖာစီယို (Liwasang Bonifacio) ရင်ပြင်၌ ဖိလစ်ပိုင်နိုင်ငံသားများက မမျှတသော သဘောတူညီချက်များ ပယ်ချရေး၊ အမေရိကန်နှင့် အကောင်အထည်ဖော်နေသည့် မဟာဗျူဟာမြောက် စီးပွားရေးနှင့် နည်းပညာမဟာမိတ်အစီအစဉ် “Pax Silica” (ပက်စ် ဆီလီကာ) ကို ကန့်ကွက်ပယ်ချရေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထွက်သွားရေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြရာမှ ရဲတပ်ဖွဲ့နှင့် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အမေရိကန်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ ဧက ၄ ထောင်ကျယ်ဝန်းသောနေရာ၌ "Pax Silica" စီမံကိန်းအဖြစ် ဖော်ဆောင်ရန် စီစဉ်နေပြီဖြစ်ကာ AI နည်းပညာကို အခြေခံထားသည့် စက်မှုပလက်ဖောင်းတခု ဖြစ်လာမည်သလို ဆီမီးကွန်ဒတ်တာနှင့် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် နီကယ်နှင့် ကိုဘော့ကဲ့သို့သော တွင်းထွက်ပစ္စည်းများကို ဖိလစ်ပိုင်နိုင်ငံမှ တိုက်ရိုက်ရယူ၍ ထုတ်လုပ်မည့် စီမံကိန်းလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဖော်ဆောင်မှုမှာ သဘာဝပတ်ဝန်းကျင်နှင့် တွင်းထွက် ပစ္စည်းများအား ထိခိုက်နိုင်သည်ဆိုကာ ဆန္ဒပြနေကြခြင်းဖြစ်သည်။

(၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ယနေ့မှစ၍ နိုဝင်ဘာ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာဆီယံခေါင်းဆောင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း နိုဝင်ဘာ ၁၇ ရက်တွင် တက်ရောက်မည်ဖြစ်သည်။

ထိုသို့ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Manila Times သတင်းတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- The Manila Times
👍29❤7😁3
အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုတွေ အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ လျော်ကြေး လိုချင်ကြောင်း အီရန်သမ္မတ Masoud Pezeshkian က ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ COP31 မှာ ပြောကြား…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/15/417654.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁26👍9❤3
👍22❤2😁1
မြန်မာ့ငလျင်ပညာရှင် ဒေါ်လှလှအောင်ကို အာဆီယံဆု ချီးမြှင့်

ဧရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၆

မြန်မာနိုင်ငံမှထင်ရှားသော ငလျင်ဗေဒပညာရှင် ဒေါ်လှလှအောင်သည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize) ရရှိခဲ့ကြောင်း အာဆီယံက ထုတ်ပြန်ထားသည်။

(၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား၌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်း တို့က အာဆီယံဆုတံဆိပ်ကို ဒေါ်လှလှအောင်ထံ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဘေးအန္တရာယ်ကင်းရှင်းပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ပြည်သူဗဟိုပြု အာဆီယံအသိုက်အဝန်းတရပ် တည်ဆောက်ရေးအတွက် အာဆီယံဒေသတွင်းနှင့် ဒေသပြင်ပရှိ ကျွမ်းကျင်ပညာရှင်များကြား အသိပညာမျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးကာ ငလျင်သုတေသန၊ ဘေးအန္တရာယ် လျှော့ချရေးနှင့် ပြည်သူလူထု အသိပညာပေးရေး လုပ်ငန်းများတွင် ဒေါ်လှလှအောင်၏ ထူးခြားပြောင်မြောက်သော ပံ့ပိုးကူညီမှုများနှင့် နှစ်ရှည်လများ အားစိုက်ထုတ် ဆောင်ရွက်ခဲ့မှုများကို အာဆီယံက အသိအမှတ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ဒေါ်လှလှအောင်သည် မြန်မာနိုင်ငံ ငလျင်ကော်မတီ (MEC) နှင့်အတူ နှစ်ရှည်လများ လက်တွဲလုပ်ဆောင်ခဲ့မှုများမှတဆင့် သုတေသနပြုခြင်း၊ အသိပညာမျှဝေခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍမှ သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံခြင်းတို့ဖြင့် ငလျင်ဘေး အသင့်ပြင်ဆင်ရေး လုပ်ငန်းများ အားကောင်းလာစေရန် ကူညီပံ့ပိုးပေးခဲ့သူ ဖြစ်သည်။

အာဆီယံဆုကို ဒေါ်လှလှအောင်ထံ ပေးအပ်ချီးမြှင့်ခြင်းသည် ဒေသတွင်းရှိ အသိုက်အဝန်းများကို ကူညီအားဖြည့်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် အသိပညာမျှဝေမှုများကို ပိုမိုခိုင်မာစေသည့်အပြင် ဘေးအန္တရာယ် ပိုမိုကင်းရှင်းပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် ၎င်း၏ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်မှုကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေါ်လှလှအောင်မှာ ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒ မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး အဆင့်မြင့် မြေပုံဆွဲပညာ ဒီပလိုမာ (Diploma in Advanced Cartography) လည်း ရရှိထားသူဖြစ်ကာ ၁၉၆၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (MES) လက်အောက်ရှိ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (MEC) တွင် အကြီးတန်းသုတေသီနှင့် နာယကအဖြစ် ကာလရှည်ကြာဦးဆောင် ပါဝင်ခဲ့သည်။

၎င်းသည် စစ်ကိုင်းပြတ်ရွေ့အပါအဝင် မြန်မာ့မြေထုလွှာ ရွေ့လျားမှုနှင့် ငလျင်ဗေဒဆိုင်ရာ နိုင်ငံတကာ သုတေသနစာတမ်းပေါင်း ၆၀ ကျော် ရေးသားခဲ့သလို ၁၉၇၅ ပုဂံငလျင်၊၂၀၁၁ တာလေငလျင်၊၂၀၁၂ သပိတ်ကျင်းငလျင်၊ ၂၀၁၈ ပဲခူးရိုးမငလျင်နှင့် ၂၀၂၅ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီး အပါအဝင် မြန်မာ့သမိုင်းတလျောက် ငလျင်ကြီးများအပေါ် သိပ္ပံနည်းကျ လေ့လာဆန်းစစ်ချက်များကို ရေးသားပြုစုခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် မြန်မာ့ငလျင်သမိုင်း (Myanmar Earthquake History) နှင့် Tectonic Styles and Deformation Patterns of Terranes in Myanmar စသည့် ဘူမိဗေဒနှင့် ငလျင်ဆိုင်ရာ စာအုပ်များ ရေးသားထုတ်ဝေခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤31👍15😁1
၂၀၁၅ ခုနှစ် ဇူလိုင်လက ဧရာဝတီမှာ ရေးထားတဲ့ ဒေါက်တာ ဘမော် သမီး အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2015/07/02/77351.html
👍24❤1😁1
Jensen Huang ဟာ နှစ်ပေါင်း ၄၀ ကျော် တက္ကသိုလ် ကျောင်းသား ဘဝကတည်းက လက်တွဲခဲ့တဲ့ ဇနီး Lori Huang (လိုရီ ဟွမ်) အပေါ် သစ္စာ ဖောက်ခဲ့မိကြောင်း ဝန်ခံခဲ့ရ…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/15/417658.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍22😁9❤2
👍15😁1
အာဆီယံ သဘောတူညီချက် ဆက်လက်ကိုင်စွဲ၊ နိုင်ငံရေးကိုယ်စားမပြုသူသာ တက်ခွင့်ပေးဖို့ ဆုံးဖြတ်

ဧရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၆

၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပထမနေ့၌ မြန်မာ့အရေး ဆွေးနွေးကြရာတွင် ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရာ၌ အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုမရှိသေးဟု ပြောဆိုလိုက်ပြီး အာဆီယံအစည်းအဝေးနှင့် ယန္တရားများအတွင်း နိုင်ငံရေးကိုယ်စားမပြုသူများကိုသာ ဆက်လက် တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ကြောင်း အာဆီယံက ယနေ့ ထုတ်ပြန်သည်။

ထို့ပြင် ပဋိပက္ခများနှင့် လူသားချင်း စာနာထောက်ထားမှုအခြေအနေများ အပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်ကြောင်းနှင့် မြေပြင်တွင် အဆင့်လိုက်နှင့် တိုးတက်မှုအပေါ် အခြေခံသည့် ချဉ်းကပ်မှုမှတဆင့် မြန်မာနိုင်ငံနှင့် ချိန်ညှိ ထိတွေ့ဆက်ဆံသွားရန်၊ ဘုံသဘောတူညီချက်များ အကောင် အထည်ဖော်မှုတွင် စဉ်ဆက်မပြတ် လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှုများ ရှိလာမှုအပေါ် မူတည်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ အပြည့်အဝ ကိုယ်စားပြုခွင့် တဖြည်းဖြည်းချင်း ပြန်လည်ပေးအပ်ရန်လည်း ဖော်ပြထားသည်။

ယနေ့မှ စတင်၍ နိုဝင်ဘာ ၁၇ ရက်အထိ ကျင်းပသွားမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် အဆင့်မြင့်အရာရှိ (Non-political representative) အဖြစ် အာဏာသိမ်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင် တက်ရောက်လျက် ရှိသည်။

ယနေ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံ၌ အရပ်သား ပြည်သူများနှင့် အများပြည်သူဆိုင်ရာ နေရာများ အပေါ် ကျူးလွန်သော အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အရပ်သားများ နေရာနှင့်အခြေခံ အဆောက်အအုံများ ဘေးကင်း လုံခြုံရေး၊ အကူအညီ လိုအပ်နေသော ပြည်သူများထံ လူသားချင်း စာနာမှု အကူအညီများ ပေးပို့နိုင်ရေး အပါအဝင် အားလုံး ပါဝင်သော တွေ့ဆုံ ဆွေးနွေးမှု ပေါ်ပေါက်လာစေရေး အတွက် လက်တွေ့ကျသော လုပ်ဆောင်ချက်များ ချမှတ်ရန်လည်း အာဆီယံက တိုက်တွန်းထားသည်။

အိမ်ရှင်နိုင်ငံ ဖြစ်သော ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက “၅ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ကျနော်တို့ ဘာတွေ ပိုမို ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို မိမိတို့ကိုယ်မိမိ ပြန်လည် မေးမြန်းဖို့ လိုအပ်ပါတယ်။ အဓိက အားဖြင့် မြန်မာ့ အရေးအခင်းဆိုတာ ပြည်သူတွေနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။ နေရပ်စွန့်ခွာရသူ မိသားစုများ၊ လူသားချင်း စာနာမှု အကူအညီ လိုအပ်နေတဲ့ အသိုက်အဝန်းများနဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် အနာဂတ် ရပ်တန့်သွားရတဲ့ လူငယ်တွေနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် အနေဖြင့် အာဆီယံသို့ ပြန်လည် ဝင်ဆံ့ရေး ကြိုးပမ်းသည့်အနေဖြင့် သမ္မတရာထူး ရယူပြီးနောက် အာဆီယံ နိုင်ငံတချို့သို့ သွားရောက်နေသော်လည်း တဖက်တွင်မူ မြန်မာနိုင်ငံအနှံ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများမှာ ရပ်တန့်ခြင်း မရှိဘဲ နေ့စဉ်နီးပါး ကျူးလွန်လျက် ရှိသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤28👍16😁1
👍30❤6😁3
SCEF ကိုယ်စားလှယ်အဖွဲ့နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူများ တွေ့ဆုံ

ဧရာဝတီ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည်၂၀၂၆ ခုနှစ် ပါရီငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်သည့်ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် SCEF အတွင်းရေးမှူးအဖွဲ့ဝင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နည်းပညာနှင့် မူဝါဒအကြံပေး နော်မေဦး (မေဦး-မူတြော်) တို့ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်တွင် ၎င်းတို့သည် ပြင်သစ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ခရစ်ရှန် လက်ချာဗီ (Mr. Christian Lechervy) နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် အာရှနှင့် သမုဒ္ဒရာပိုင်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Benoît Guidée နှင့် ဒုညွှန်ကြားရေးမှူး Ms. Siv Leng Chhuor တို့နှင့် တွေ့ဆုံခဲ့ပြီး၊ တွေ့ဆုံပွဲ၌ အရှေ့တောင်အာရှဌာနခွဲ အကြီးအကဲ Ms. Marie Hours နှင့် ယင်းဌာနခွဲ၏ မြန်မာနှင့် ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံအရာရှိ Ms. Marion Jelley တို့လည်း ပါဝင်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများတွင် SCEF ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စစ်ရေး၊ နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် အကူအညီလိုအပ်ချက်များအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အားလုံးပါဝင်သည့် အသွင်ကူးပြောင်းရေးအတွက် လိုအပ်သည့် မူဘောင်ကို တင်ပြခဲ့သည်။

ထို့ပြင် အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်သူများထံ ပိုမိုရောက်ရှိရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးကို ပံ့ပိုးရေးတို့တွင် ပြင်သစ်နိုင်ငံက မည်သို့ ကူညီပေးနိုင်မည်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍46❤9😁4👎1