The Irrawaddy - Burmese
✔
74.9K subscribers
38.9K photos
2.52K videos
3 files
18.3K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ICJ စီရင်ချက် ကန့်ကွက်ရှုတ်ချပွဲ မဘသတို့ ပဲခူးမှာ ပထမဆုံး ပြုလုပ်

ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၉

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များသည် အမှန်တရားနှင့် ကင်းကွာနေသည့် ဆုံးဖြတ်ချက်များဟုဆိုကာ ကန့်ကွက်ရှုတ်ချပွဲကို မဘသဘုန်းကြီးများ၊အမျိုးသားရေးအစွန်းရောက်များ(မဘသ)နှင့် စစ်တပ်လက်အောက်ခံအဖွဲ့များက ယနေ့ ပဲခူးရွှေမော်ဓောဘုရား ကားရပ်နားဝင်းတွင် ပြုလုပ်ခဲ့သည်။

“ရွှေမော်ဓောမှာ စပြီး ပြုလုပ်တာက တောင်ငူခေတ်က ရန်သူ့နယ်မြေထဲအထိသွားပြီး နားထွင်းမင်္ဂလာပြုလုပ်ခဲ့တဲ့ တပင် ရွှေထီးထုံးကို နှလုံးမူပြီး လုပ်တာမျိုးပါ၊ ဒါကြောင့် ရွှေမော်ဓောကနေစပြီး လုပ်ဖို့ ဆုံးဖြတ်ချခဲ့တာမျိုးပဲ၊ ICJ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံတခုလုံးနဲ့ သက်ဆိုင်တဲ့အရေးမို့ ဇာတိသွေး ဇာတိမာန်ကို ပြကြဖို့လည်း လိုပါတယ်”ဟု မန္တလေးမြို့ခံ မဘသ အဖွဲ့ဝင်တဦးက ပြောသည်။

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း နိုဝင်ဘာ ၁၉ ရက်က အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးသည့် မဘသအမည်ခံ အမျိုးသားရေးလှုပ်ရှားသူ သံဃာတော်များနှင့် မျိုးချစ်ရဟန်းတော်များ (မဘသ)၊ အမျိုးသားရေးဆရာတော် အဖြစ် လူသိများသော ဦးဝီရသူ ဦးဆောင်သည့် မြန်မာ့သွေးအဖွဲ့၊ ဗုဒ္ဓကလျာဏယုဝအသင်း (YMBA)၊ သတင်းမီဒီယာကောင်စီနှင့် ပါတီအချို့က ကန့်ကွက်ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးနောက် “ရိုဟင်ဂျာအလိုမရှိ၊ ICJ အလိုမရှိ” ကြွေးကြော်သံများဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ရန် ပြင်ဆင်နေကြသည်။

နိုဝင်ဘာ ၂၂ ရက်နေ့က ဦးဝီရသူ ဦးဆောင်သော မြန်မာ့သွေးအဖွဲ့၏ အချက် ၁၂ ချက်ပါ ထုတ်ပြန်ချက်တွင် ICJ ၏ ဆုံးဖြတ်ချက်သည် ဖောက်ပြန်မှားယွင်းသော မတရားဆုံးဖြတ်ချက်ဖြစ်ကာ ချမှတ်ခဲ့သည့် တရားသူကြီး ၉ ဦးကိုလည်း မတရားသူကြီးများနှင့် အဂတိလိုက်စားသူများဟု သတ်မှတ်ကြောင်း ထည့်သွင်းရေးသားထားသည်။

ထို့ပြင် ဂမ်ဘီယာနှင့် နောက်ခံအင်အားများကို ကြည့်ပြီး မြန်မာနိုင်ငံအပေါ် မတရားဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ICJ စီရင်ချက်သည် ရိုဟင်ဂျာဟူသည့် လူမျိုးအမည်ကို ဖန်တီးပြီး ရခိုင်ပြည် ရရှိရေးနှင့် မြန်မာနိုင်ငံကို ထိုးဖောက်ရေးအတွက် ကျူးကျော်စစ် ဆင်နွှဲခြင်း ဖြစ်ကြောင်း၊ ICJ ၏ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးသည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အမျိုးသား သစ္စာဖောက်များအဖြစ် သတ်မှတ်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ICJ စီရင်ချက်သည် တရားမျှတမှုမရှိကြောင်းနှင့် လိုက်နာသင့်သည်အချက်ကိုသာ လိုက်နာသွားမည်ဖြစ်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကလည်း ထုတ်ဖော် ပြောဆိုထားသည်။

ဓာတ်ပုံ-စစ်လော်ဘီချန်နယ်

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁38❤7👍4👎3😭1
👎21😭15😁2❤1
မြောက်ဦးဗုံးကြဲခံရမှု သေဆုံးသူ ၂၈ ဦးအထိရှိလာ

ဧရာဝတီ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၂၆

ရခိုင်ပြည်နယ် မြောက်ဦးမြို့ လူနေရပ်ကွက်ကို ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတဦးက"စဖြစ်တုန်းက ၂၀ ဦးသေဆုံးတယ်။ ပြင်းထန်ဒဏ်ရာရသူတွေရှိတော့ ဒီနေ့မှာ ၈ ဦးထပ်ဆုံးပါတယ်"ဟု ဧရာဝတီကို ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီ ၃ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေရှိသူများလည်း ပါဝင်ကာ ထိခိုက်သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်းလည်း သိရသည်။

သေဆုံးသူများထဲ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ပြီး လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်က မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၂၀ ဦးနှင့် သရက်ခရိုင်တပ်ရင်းမှ တော်လှန်ရေးရဲဘော် ၉ ဦး စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း NUG နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က ထုတ်ပြန်ထားသလို ယမန်နေ့ နေ့လယ်ပိုင်းက ကရင်နီပြည် မိုးဗြဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၁ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

သတင်း- မောင်လူအေး
ဓာတ်ပုံ-AA Info Desk

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭43😁5❤3👎2
👎26😁4😭1
အာဆီယံမှာနေရာမရသည့် မင်းအောင်လှိုင် ၅ နိုင်ငံ ACMECS ဥက္ကဋ္ဌအဖြစ် ဦးဆောင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၂၆

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ခြင်း မရှိသဖြင့် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မရသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့ပါဝင်သည့် (၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်နေကြောင်း အာဏာသိမ်းအစိုးရက သတင်းထုတ်ပြန်သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ယမန်နေ့က ကျင်းပခဲ့သည့် အဆိုပါထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာလေမင်ဟုန်နှင့် ACMECS အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းရှိ အဓိက မြစ်ကြီး ၃ သွယ်ဖြစ်သော ဧရာဝတီ၊ ကျောက်ဖရားနှင့် မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံအကြား စီးပွားရေးကွာဟချက် ကျဉ်းမြောင်းစေရန်နှင့် ဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းဖြစ်သည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၌ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာ အရေးယူပိတ်ယူမှုများခံနေရသည့်တိုင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာတဝန်းစိန်ခေါ်မှုများရှုပ်ထွေးများပြားလျက်ရှိသည့် ယနေ့အချိန်၌ ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လွယ်သည့် အနေအထားဖြစ်သည့်အပြင် နည်းပညာများတရှိန်ထိုးတိုးတက်ပြောင်းလဲနေသည့် အချိန်ကာလတခုဖြစ်သောကြောင့် ဒေသအတွင်း ပိုမိုခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကိုပြသကြရန် အာဏာသိမ်းသမ္မတက ပြောသည်။

ထိုအစည်းအဝေး၌ ဒေသတွင်း စီးပွားရေးချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ကျားဖြန့်တိုက်ဖျက်ရေး၊ မြစ်ရေအရင်းအမြစ် ထိန်းသိမ်းရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံနိုင်ငံများအနက် ကျွန်းဆွယ်နိုင်ငံများဖြစ်ပြီး အာဏာရှင်နှင့် စစ်တပ်အားကောင်းသော ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့သည် အာဏာသိမ်း စစ်အုပ်စု မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ကောင်းမွန်သောနိုင်ငံများ ဖြစ်သည်။

ဓာတ်ပုံ-MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁38❤11👎4😭1
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက ဧရာဝတီမှာ ရေးထားတဲ့ ငွေလိမ်ဂိုဏ်း ခေါင်းဆောင်များနဲ့ တရုတ် အစိုးရ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/02/28/411437.html
---------------------
👍23😁2❤1
Apple ဟာ MiniMax ရဲ့ နာမည်ကျော် AI Chatbot App ဖြစ်တဲ့ Talkie ကို ကလေးသူငယ် လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီသီတင်းပတ် အတွင်း App Store မှ ဖယ်ရှားခဲ့…
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/29/417952.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍16😁2