The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
လောင်စာဆီဈေးကျဖို့ ရုရှားဒီဇယ် အမေရိကန် ဝယ်မည်

ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆

အမေရိကန်ပြည်တွင်း၌ မြင့်တက်နေသော ဒီဇယ်နှင့် လောင်စာဆီ ဈေးနှုန်းများကို ထိန်းချုပ်ရန်နှင့် ကုန်ဈေးနှုန်း ဖောင်းပွမှုကို လျှော့ချရန်ရည်ရွယ်၍ ရုရှားထံမှ ဒီဇယ်ဆီများ ဝယ်ယူမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် ယမန်နေ့က ရေးသားထားသည်။

အမေရိကန်အနေဖြင့် ယူကရိန်ကျူးကျော်စစ်နှင့် ပတ်သက်ပြီး ငွေကြေးအထောက်အပံ့ဖြစ်စေသည့် ရုရှားစွမ်းအင်လုပ်ငန်းအား ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူများ လက်မှတ်ရေးထိုးပြီး တလခန့်အကြာတွင် ရုရှားထံမှ ရေနံဝယ်ယူရန် ကြေညာချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

အီရန်နိုင်ငံနှင့်ဖြစ်ပွားနေသည့်စစ်ပွဲကာလအတွင်း စွမ်းအင်ကဏ္ဍကုန်ကျစရိတ် မြင့်တက်နေမှု လျှော့ချပေးနိုင်ရေး ရုရှားထံမှ ဒီဇယ်ဆီများ တင်သွင်းရန်သဘောတူညီခဲ့ပြီးနောက် ဒီဇယ်ဆီတန်သုံးသိန်းအား အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ချက်ချင်းပံ့ပိုးရန်နှင့် နိုဝင်ဘာလတွင် တန်ငါးသိန်း ထပ်မံပံ့ပိုးရန် ရုရှားသမ္မတ ပူတင်နှင့် ဆွေးနွေး သဘောတူညီခဲ့ကြောင်းလည်း ဒေါ်နယ်ထရမ့်က ပြောထားသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရုရှားဒီဇယ်ဆီများ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုမည့် ယာယီလိုင်စင်အား ထုတ်ပေးထားကြောင်း သိရသည်။

ရုရှားထံမှ ဒီဇယ်ဆီဝယ်ယူရန်ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်ပြည်သူများ၊ အထူးသဖြင့် လယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ကုန်တင်ယာဉ်မောင်းများအတွက် ကုန်ဈေးနှုန်းများ လျော့ကျစေရေးသည် ၎င်း၏ ဦးစားပေးကိစ္စရပ် ဖြစ်ကြောင်း ထရမ့်က ဆိုသည်။

အမေရိကန်တွင် လာမည့်နိုဝင်ဘာ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီမှာ လူကြိုက်နည်းလာနေကြောင်း စစ်တမ်းအချို့က ဖော်ပြထားသည်။
👍31😁28❤9🤔2😱1
၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ အာဆီယံနဲ့ မြန်မာ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/11/23/393674.html
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍41❤2👎1😭1
👍34❤3😱1
ရုရှားက ICC ဥက္ကဋ္ဌနှင့် တရားသူကြီးများ လွှဲပေးဖို့ တောင်းဆိုချက် ဂျပန် ကန့်ကွက်

ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆

ရုရှားသမ္မတ ပူတင်က ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ဥက္ကဋ္ဌနှင့် တရားသူကြီးများအား လွှဲပြောင်းပေးရန်ပြောကြားမှုအပေါ် ဂျပန်အစိုးရက ကန့်ကွက်ကြောင်း The Japan Times သတင်းတွင် ဖော်ပြသည်။

ICC တရားရုံးအား ဂျပန်အမျိုးသမီး Tomoko Akane က ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေပြီး ၂၀၂၃ ခုနှစ်တွင် ယူကရိန်းအပေါ်ကျူးကျော်မှုနှင့် ကလေးငယ်များအား အဓမ္မရွှေ့ပြောင်းစေမှုတို့ဖြင့် စစ်ရာဇဝတ်မှုကျူးလွန်သည်ဟုဆိုကာ ပူတင်အား ဖမ်းဝရမ်းထုတ်စဉ်က ပါဝင်လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။

ထိုသို့ ဖမ်းဝရမ်းထုတ်ခဲ့သည့် ICC တရားသူကြီးများအား ရုရှားဘက်က ၂၀၂၃ ခုနှစ်ကတည်းက ဖမ်းဝရမ်း ပြန်ထုတ်ထားသည်။

ရုရှားနိုင်ငံ၏ တောင်းဆိုချက်မှာ ဝမ်းနည်းစရာကောင်းပြီး တရားမျှတမှုနှင့် လက်ခံနိုင်စရာ မရှိကြောင်းလည်း ဂျပန်ဘက်က ဆိုသည်။

“ICC နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား အရေးယူတဲ့ လုပ်ဆောင်ချက်တွေဟာ မတရားသဖြင့် ပြုမူတာဖြစ်ပြီး လက်ခံနိုင်စရာ မရှိဘူးဆိုတာကို ရုရှားဘက်ကို မိမိတို့အနေနဲ့ ထပ်လောင်း အသိပေး အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှားဘက်က ဒီလူပုဂ္ဂိုလ်တွေကို တရားခံလွှဲပြောင်းပေးဖို့ နိုင်ငံအသီးသီးထံ တောင်းဆိုခဲ့တဲ့အတွက် မိမိတို့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဂျပန်ဒုတိယ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မာဆာနာအို အိုဇာကီ (Masanao Ozaki)က ယမန်နေ့နံနက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အမေရိကန်နှင့် ရုရှားအပါအဝင် နိုင်ငံအများအပြားက ICC အဖွဲ့အပေါ် ဖိအားပေးမှုများ တိုးမြှင့်လာချိန်တွင် အမေရိကန်၏ မဟာမိတ်ဖြစ်သော ဂျပန်နိုင်ငံက ICC တရားသူကြီးများအား အရေးယူရန် ရုရှား၏ တောင်းဆိုမှုများအား လူသိရှင်ကြား ပယ်ချလာခြင်းလည်း ဖြစ်သည်။

ပုံစာ- ရုရှားက လွှဲပေးရန် တောင်းဆိုခံရသူ ICC တရားရုံး ဥက္ကဋ္ဌ Tomoko Akane
👍54❤17😁4
😱24👎2🤔2❤1
😱20👎2❤1🤔1
မြန်အောင်ဆည် ကျိုးကျနိုင်၍ လူ ၉၀၀ ခန့် အရေးပေါ် ရွှေ့ပြောင်း

ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ မြေသားတမံမြေကျွံနိမ့်ကျမှုဖြစ်ပွားပြီး ကျိုးကျနိုင်သည့် အခြေအနေကြောင့် အနီးအနားကျေးရွာများမှ ဒေသခံ ၉၀၀ ခန့်အား အရေးပေါ်ရွှေ့ပြောင်းပေးနေကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

မမြရေလှောင်တမံသည် အမြင့်ပေ ၁၅၀၊ အလျား ၁၁၈၀၀ ပေရှိပြီး ကန်ရေပြည့်သိုလှောင်နိုင်မှု ပမာဏ ၇သောင်း ၁ ထောင် ၄ရာ ဧကရှိသည်။

အောက်တိုဘာ ၇ ရက်က မြေသားနိမ့်ကျမှု ဖြစ်ခဲ့ပြီး ၉ ရက် ညတွင်လည်း အလျား ၂၀၀ ပေ၊ အကျယ် ၂၅ ပေ၊ အမြင့် ၁၀ ပေးခန့် တာဘောင်မြေသား ထပ်မံ နိမ့်ကျခဲ့ရာ တာဘောင်ကျိုးကျနိုင်သည့်အခြေအနေကြောင့် အရေးပေါ်ရေလွှတ်ချနေရသလို ဆည်ရေဆင်းလမ်းကြောင်းအနီးတွင် ကျေးရွာပေါင်း ၃၅ ရွာခန့်ရှိပြီး စမ်းရွာကြီးရွာ၊ ဥယျာဉ်ရွာ၊ မရွေးကုန်းရွာ ၊ရွာသစ်ကျေးရွာ၊ ငါးဘတ်ရွာ၊ ရေနံချက်ဖိုကုန်းရွာတို့မှ ဒေသခံများအား ရွှေ့ပြောင်းပေးထားကြောင်းလည်း သိရသည်။

လက်ရှိ မမြရေလှောင်တမံ ရေမြင့်အမှတ်မှာ ၃၁၅ ပေအထိ ရောက်ရှိနေပြီး သိုလှောင်ရေ ၁၀ ပေလျှော့ချနိုင်ရေးအတွက် ရေထုတ်လွှတ်မည်ဖြစ်ကြောင်းနှင့် ရေများမှာ ရေဝါချောင်းမှတဆင့် မမြချောင်း၊- ငဝန်မြစ် အဆင့်ဆင့် စီးဝင်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။

မမြဆည်သည် မြန်အောင်နှင့် အင်္ဂပူမြို့နယ်မှ နွေစပါး ဧက(၅၅၀၀) ကျော်အား နှစ်စဉ် ရေပေးဝေနေသည့် ဆည်ဖြစ်ပြီး ဆည်ကျိုးပါက မြန်အောင်နှင့် ဟင်္သာတ ခရိုင်ကို ရေဖုံးလွှမ်းနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ- Ayeyarwady Region Government

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤17😱11👎10😭3🤔1
တရုတ် BYD ကုမ္ပဏီ ချဲ့ထွင်ရေးမှာ ပထဝီ နိုင်ငံရေးက အကြီးဆုံး စိန်ခေါ်မှု ဖြစ်နေလို့ ဆို

ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆

တရုတ် လျှပ်စစ်ကား (EV) ကုမ္ပဏီ BYD ကို ချဲ့ထွင်ဖို့ အတွက် နံပါတ် ၁ စိန်ခေါ်မှုက ပထဝီ နိုင်ငံရေး ဖြစ်တယ်လို့ ကုမ္ပဏီ အမှုဆောင် ဒု ဥက္ကဌ Stella Li က ပြောဆိုလိုက်ပါတယ်။

BYD ကုမ္ပဏီ ဥက္ကဌ က ၅ နှစ်အတွင်း ကမာ္ဘ့အကြီးဆုံး ကားထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်လာဖို့ ရည်မှန်းထားကြောင်း ပြောဆိုပြီး လအနည်းငယ် အကြာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အထက်ပါအတိုင်း ပြောဆိုမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

“လုပ်ငန်းလုပ်တဲ့အခါ တခုခု လုပ်ချင်တယ် ဆိုရင် သေချာမှုရှိမယ်၊ ထိန်းချုပ်နိုင်တဲ့ မြင်သာမှု ရှိမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပထဝီ နိုင်ငံရေးမှာတော့ ဘယ်ရှုထောင့်ကနေ ကြည့်ရမလဲ ဆိုတာ ဘယ်တော့မှ မသိနိုင်သလို ဘာလုပ်နေကြလဲ ဆိုတာလည်း မသိနိုင်ပါဘူး။” လို့ Stella Li က စင်္ကာပူမှာ ပြုလုပ်တဲ့ Milken Institute အာရှ အစည်းအဝေး မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

BYD အနေနဲ့ အမေရိကန်မှာ ကာလကြာရှည် တည်ရှိခဲ့ပြီး ဖြစ်ပေမယ့် ရှုပ်ထွေးမှုတွေကြောင့် ခရီးသည်တင် ကားတွေ မရောင်းချဖို့ ဆုံးဖြတ်ထားကြောင်းလည်း Stella Li က ဆိုပါတယ်။

ရှင်းလင်းမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တည်ငြိမ်မှုတွေ မရှိတာကြောင့် အခုချိန်မှာ အမေရိကန်ကို ခရီးသည် တင်နိုင်တဲ့ ကားတွေ မပို့ဘဲ ခဏရပ်ထားဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

BYD ဟာ ကားထုတ်လုပ်ရေးမှာတင် မဟုတ်ဘဲ သိုလှောင်နိုင်စွမ်းနဲ့ ဆိုလာပြားတွေ လိုမျိုး နယ်ပယ်များစွာမှာ ဦးဆောင် နိုင်နေခြင်းကြောင့် တခြား တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ အစီအစဉ်မရှိဘူး လို့လည်း Stella Li က ပြောပါတယ်။

တရုတ်မှာ ဝန်ထမ်းတွေ လုံလောက်အောင် ခေါ်ယူဖို့ ခက်ခဲလာနေပြီး ကုမ္ပဏီအနေနဲ့ အနာဂတ်မှာ လုပ်ငန်းသုံး စက်ရုပ် တွေကို အသုံးပြုနိုင်ဖို့လည်း မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

ဟောင်ကောင် စတော့ အိတ်ချိန်းမှာ BYD ရဲ့ ရှယ်ယာတွေက အမေရိကန် ကုမ္ပဏီတွေနဲ့ ယှဉ်ရင် တန်ဖိုး အလွန်နှိမ့်ချ ခံထားရကြောင်းနဲ့ BYD ဟာ ကားကုမ္ပဏီတခု သက်သက် မဟုတ်ဘဲ စက်မှုနည်းပညာ ကုမ္ပဏီ ဖြစ်တယ်လို့လည်း Stella Li က ပြောပါတယ်။

Li က Nvidia ဟာ BYD အတွက် အရေးပါတဲ့ Chips Partner အဖြစ် ဆက်ရှိနေကြောင်းလည်း ပြောကြားသွားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/10/416958.html

Ref : Reuters
😁40❤15👍6😱2
၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဧရာဝတီမှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည် အကြောင်း ရေးထားတဲ့ သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/2016/01/13/104679.html
👍34❤7😁1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ အငြိမ့် ဇာတ်သဘင် အကြောင်း ဆောင်းပါးကို ပြန်လည် တင်ဆက်ထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/11/416961.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤23👍11
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းခွင့်ပေးထားတဲ့ အခြေခံဥပဒေ

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုသုံးပြီး စစ်ဗိုလ်ချုပ်တွေက ပြည်သူနဲ့ ကမ္ဘာကို ဘယ်လိုလိမ်ခဲ့ကြသလဲ။ ပြည်သူကို မျက်နှာမမူတဲ့ အခြေခံဥပဒေကို ဘယ်လိုဖန်တီးခဲ့ကြသလဲ။

အပြည့်အစုံကို Opinion Talk “ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ” မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/dQNIOsDdZCM?si=djm5zE7sJEdjBOkT

#မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG
👍40❤6😁2🤔2😭1
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

ကာတွန်းဆရာကြီး မောင်စိန် ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
👍39😁2
ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ “မြန်မာ့နည်း မြန်မာ့ဟန်” ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ကနေ အခု မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီအထိ ဗိုလ်ချုပ်တွေ သုံးခဲ့တဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ “ဘိတ်ချေး ဒီမိုကရေစီ” အဆင့်ကို ဘယ်လိုရောက်သွားလဲဆိုတာ ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက သုံးသပ်ဆွေးနွေးထားပါတယ်။

https://youtu.be/dQNIOsDdZCM

#မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG
👍37😁4😭1
👍19😱7👎1
အိန္ဒိယ "ပိုးဟပ်" ခေါင်းဆောင်များ ဖမ်းဆီးခံရပြီး နယူးဒေလီမြို့ ပိတ်ဆို့ခံရ

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆။

အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် ဆန္ဒပြပွဲများကို နှိမ်နင်းရန်အတွက် နယူးဒေလီရဲတပ်ဖွဲ့က "ပိုးဟပ်" လူငယ်လှုပ်ရှားမှုကို ပူးတွဲတည်ထောင်သူများ၊ အတိုက်အခံ ပေါ်လစီသမားများ၊ သတင်းထောက်များ၊ ကျောင်းသားခေါင်းဆောင်များနှင့် ရှေ့နေများ အပါအဝင် လူ ၁,၀၀၀ ကျော်ကို ထိန်းသိမ်းလိုက်သည်။

အာဏာရ BJP ပါတီသည် မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုကို အသုံးပြု၍ ရွေးကောက်ပွဲရလဒ်များကို မသမာသောနည်းဖြင့် ပြောင်းလဲနေသည်ဟု ဆန္ဒပြသူများနှင့် အတိုက်အခံများက စွပ်စွဲထားသည်။

ဆန္ဒပြပွဲများကို ဟန့်တားရန်အတွက် မြို့တော်အတွင်း လုံခြုံရေးတပ်ဖွဲ့ထောင်ပေါင်းများစွာ ချထားပြီး အင်တာနက်၊ မက်ထရိုဘူတာများနှင့် ရထားလိုင်းများကို ပိတ်ပင်ထားသည်။

လေယာဉ်ပေါ်တွင် ဖမ်းဆီးခံခဲ့ရသူ "ပိုးဟပ်" အဖွဲ့တည်ထောင်သူ အဘီဂျစ် ဒီပိုက် Abhijeet Dipke အပါအဝင် ထင်ရှားသူများစွာ ထိန်းသိမ်းခံခဲ့ရသည်။ သို့သော်လည်း မြို့တော်အတွင်းနေရာအချို့တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင်များ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International နှင့် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ တို့က အိန္ဒိယအစိုးရ၏ ဖိနှိပ်မှုများကို ပြင်းထန်စွာ ဝေဖန်ပြစ်တင်ထားကြပြီး ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားကြသည်။

ကိုးကား။ ။ Al Jazeera သတင်း India’s ‘Cockroach’ leaders detained; New Delhi in lockdown

ပုံစာ - "ပိုးဟပ်" အဖွဲ့တည်ထောင်သူ အဘီဂျစ် ဒီပိုက်
😱33👍17👎7❤1
👍24😁3
သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်အပေါ် အမေရိကန် သဘောထားကွဲ

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆။

၂၀၀၉ ခုနှစ်က ဖော့တ်ဟူးဒ် (Fort Hood) စစ်စခန်း၌ လူ ၁၃ ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် နိဒါးလ် မာလစ် ဟာဆန် (Nidal Malik Hasan) ကို သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်မည့် ဖြစ်စဉ်အား တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်အပေါ် ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ယင်းထုတ်လွှင့်မှု ပြု-မပြုကို ၎င်းအနေဖြင့် အပြီးသတ် ဆုံးဖြတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) ၏ အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်အပေါ် ဒီမိုကရက်နှင့် ရီပက်ဘလစ်ကန် နှစ်ပါတီစလုံးမှ နိုင်ငံရေးသမားများ ကန့်ကွက်ခဲ့ကြပြီး ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (J.D. Vance) ကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့လျှင်ပင် ကြည့်ရှုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

သမ္မတ ထရမ့်က တရားခံ ဟာဆန်သည် ရက်စက်သည့် လူသတ်သမားဖြစ်၍ သေဒဏ်ပေးရန် ထိုက်တန်သော်လည်း ယခုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ခြင်းသည် နောက်ထပ် ပြစ်မှုမကျူးလွန်အောင် ဟန့်တားရာရောက်နိုင်သကဲ့သို့ အများပြည်သူသို့ ထုတ်မပြသင့်သည့် အယူအဆလည်း ရှိနေသဖြင့် အပြီးသတ် ဆုံးဖြတ်ချက်ကို သေချာစွာ ချမှတ်သွားမည်ဟု ဆိုသည်။

အဆိုပါ ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်နေသည့် သတင်းနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က သေဒဏ်စနစ်သည် "လက်ခံနိုင်ဖွယ်မရှိကြောင်း" ကမ္ဘာ့သေဒဏ်ဆန့်ကျင်ရေးနေ့တွင် မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက သေဒဏ်ပေးခြင်း မရှိဘဲ တရားဥပဒေစိုးမိုးရေးနှင့် စနစ်တကျ ထိန်းသိမ်းခြင်းကို ဆောင်ရွက်နိုင်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအတွက်လည်း ပြုပြင်ပြောင်းလဲခွင့် ရှိသင့်ကြောင်း အလေးပေး ထုတ်ပြန်ခဲ့သည်။

အလားတူ ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယေထရို ပါရိုလင် (Cardinal Pietro Parolin) ကလည်း သေဒဏ်ပေးမှုကို ဖျော်ဖြေပွဲသဖွယ် ပြုလုပ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဘဲ နားမလည်နိုင်စရာ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည့်အပြင် အမေရိကန် ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကလည်း အဆိုပါ အစီအစဉ်သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ကိုးကား။ ။ The Hill နှင့် NBC သတင်းများ

ပုံစာ - နိဒါးလ် မာလစ် ဟာဆန်ကို သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်မည့် ဖြစ်စဉ်အား တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်နေ
👍49❤12🤔4😁3👎1
အယ်လ်နီညို (El Niño) ဟာ ဒီဇင်ဘာမှာ အပြင်းထန်ဆုံး အနေအထားအထိ မရောက်ခင် ဒီနှစ်ထဲမှာပဲ ဆက်လက် ပြင်းထန် လာဖို့ရှိနေပြီး ၂၀၂၇ ဖေဖော်ဝါရီလ အထိ ကြာမြင့်ဖို့ ၁၀၀ ရာခိုင်နှုန်းနီးပါး သေချာနေ…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/11/416973.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😱27👍9😭5👎1