The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👎14😭7❤6😁1
စစ်တပ် အသေခံဒရုန်းကြောင့် ရေဦး၌ အရပ်သားများ ဒဏ်ရာရ

ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်း ရွာများကို အောက်တိုဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ လွှတ်တင်သည့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်၍ ကလေးတဦးအပါ အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံမှ သိရသည်။

ရေဦးနယ် အနောက်ခြမ်း ညောင်ပင်သာ၊ ညောင်စောက်၊ မကျည်းကုန်းနှင့် အုတ်ဖိုတို့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ညောင်စောက်ရွာအတွင်းပေါက်ကွဲသည့် ဒရုန်းကြောင့် ၈ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး၊ အသက် ၃၀ နှင့် ၄၀ အရွယ် အမျိုးသမီး ၂ ဦးတို့ ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

"ရေဦးနယ်မှာ စစ်ကြောင်းမထိုးတာ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိတော့မယ်။ ဘာတိုက်ပွဲမှလည်း ဖြစ်မထားဘဲနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ ဒီရွာတွေကို အသေခံဒရုန်း ၃ စင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ညောင်ပင်သာ၊ မကျည်းကုန်း၊ အုတ်ဖို ရွာတွေဘက်ကတော့ လူထိခိုက်မှု မရှိခဲ့ဘူး" ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။

ဒရုန်း ၃ စင်းအနက် ၁ စင်းသည် ညောင်ပင်သာ၊ မကျည်းကုန်းနှင့် အုတ်ဖိုရွာ ၃ ရွာကြား လယ်ကွင်းအတွင်း မပေါက်ကွဲဘဲ ကျရောက်ခဲ့သဖြင့် ရေဦး ပကဖ က သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ရေဦးနယ်အတွင်းရှိ ကျေးရွာများတွင် စစ်ရေး လှုပ်ရှားမှု မရှိ၊ တိုက်ပွဲ ဖြစ်ပွားထားခြင်း မရှိဘဲ အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ စစ်တပ်က ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ အသေခံ ဒရုန်းများနှင့် တိုက်ခိုက်နေသဖြင့် ဒေသခံများ လေကြောင်းအန္တရာယ် အထူး ဂရုစိုက်နေထိုင်ကြရန် အသိပေးထားသည်။

ဓာတ်ပုံ- ဂျက်ဂျက်
#WhatsHappeningInMyanmar
#RejectMilitaryCoup
😭28👎13❤6👍3😁2
လူငယ်တွေ ညမထွက်ရဲတော့တဲ့ နေပြည်တော်

ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

အာဏာသိမ်း စစ်ခေါင်းဆောင်တွေအခြေစိုက်ပြီး အခိုင်အမာ ထိန်းချုပ်ထားတဲ့ နေပြည်တော်မှာ စစ်မှုထမ်းဖို့ အဓမ္မ စုဆောင်းခံရမှာကို စိုးရိမ်တာကြောင့် ဒေသခံလူငယ်တွေ ညဘက်အိမ်ပြင်မထွက်ရဲတော့တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ဌာနချုပ်တွေနဲ့ အဓိက စစ်ဘက်အခြေစိုက်စခန်းတွေ ဝန်းရံထားတဲ့ နေပြည်တော်လို နေရာမျိုးမှာတောင် ဒေသခံတွေဟာ လုံခြုံမှုမရှိဘူးလို့ ခံစားနေကြရပြီး ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနား အပါအဝင်မြို့နယ်အသီးသီးမှာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရဲကြတော့ဘူးလို့ ဧရာဝတီကို ဒေသခံတွေက ပြောထားပါတယ်။

အာဏာသိမ်းခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလိုက်ပြီးတဲ့နောက် နေပြည်တော် အပါအဝင် နိုင်ငံတဝန်းမှာ အဓမ္မ စစ်သားစုဆောင်းတာတွေနဲ့ စစ်မှုထမ်းအကြောင်းပြ ပြန်ပေးဆွဲငွေညှစ်မှုတွေ တနေ့တခြား ပိုမိုဆိုးရွားလာနေပါတယ်။

ဒီအခြေအနေတွေကြောင့် သက်ဆိုင်ရာ လူငယ်တွေသာမက မိဘဆွေမျိုးနဲ့ ဇနီးသည်တွေပါ မိသားစုဝင်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရမှာကို အပြင်းအထန် စိုးရိမ်ပူပန်နေကြရပြီး၊ မဖြစ်မနေ အရေးကြီးကိစ္စ မရှိဘူးဆိုရင်တော့ ညဘက် အပြင်မထွက်ကြတော့ဘဲ နေအိမ်တွေထဲမှာပဲ ခိုအောင်းနေထိုင်နေကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။

https://youtu.be/UJhB6RX5Up4

#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #နေပြည်တော် #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍46❤6😱2😁1🤔1
အာဏာပိုင်တို့ စစ်ဆေးပြီးက စီမံကိန်း ပြန်စမည်ဟု The Central ထုတ်ပြန်

စီးပွားရေး | ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

ရန်ကုန်မြို့ရှိ အချက်အချာကျသည့် ကမ္ဘာအေးဘုရားလမ်းနှင့် ကန့်ဘဲ့လမ်းဒေါင့်မှ The Central ကွန်ဒိုစီမံကိန်းအား ကြိုပွိုင့်ဝယ်ထားသည့် အခန်းများ မအပ်သဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ချိတ်ပိတ်စစ်ဆေးနေရာ စစ်ဆေးမှုမျာပြီးပြတ်ပါက စီမံကိန်း ပြန်စမည်ဟု Marga Landmark Development က ယနေ့ ထုတ်ပြန်သည်။

အောက်တိုဘာ ၃ရက်က စသုံးလုံးမှ The Central အရောင်းပြခန်းကို ချိပ်ပိတ် စစ်ဆေးနေခြင်းဖြစ်ကုမ္ပဏီဘက်ကလည်း ပူးပေါင်းဆောင်ရွက်နေကြောင်း အတည်ပြုထားသည်။

Marga Landmark Development ၏ ထုတ်ပြန်ချက်တွင် စီမံကိန်းကို ရပ်ဆိုင်းမည် မဟုတ်ဘဲ အပြီးသတ်ဆောက်လုပ် ကာ ဝယ်ယူသူများထံ လွှဲပြောင်းပေးသွားမည် ဖြစ် ကြောင်း ထုတ်ပြန်ထားရာ စီမံကိန်းပြန်စမည်ဆိုပါက အခန်းများ လွှဲပြောင်းပေးနိုင်မည့် ကာလမှာ လာမည့် ၂၀၃၀ ပြည့်နှစ်ကျော်မှသာ ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/business/2026/10/05/416820.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍25😁23❤7👎4
👍17😁8
ကိုယ်ပိုင်လေယာဉ်ဖြင့် မူးယစ်ဆေး သယ်မည့် မှောင်ခိုဂိုဏ်း လာအိုရဲ ဖမ်း

ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

လာအိုနိုင်ငံ၊ လွမ်ပရာဘမ်ခရိုင်၌ ကိုယ်ပိုင်လေယာဉ်ဖြင့် အိုက်စ် မူးယစ်ဆေး တန်ဝက်ကျော် မှောင်ခိုကူးမည့် မူးယစ်ဂိုဏ်းကြီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း လာအိုနိုင်ငံပိုင် Lao Security News က ထုတ်ပြန်သည်။

အဆိုပါ ကိုယ်ပိုင်လေယာဉ်သည် မလေးရှားနိုင်ငံမှ လွမ်ပရာဘမ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၁ ရက် နေ့လယ် ၁ နာရီက တိုက်ရိုက် ပျံသန်းရောက်ရှိလာခြင်းဖြစ်သည်။

လေယာဉ် ဆိုက်ရောက်လာခဲ့ပြီးနောက် ကုန်တင်ကားကြီး၂ စီးဖြင့် ခရီးဆောင်အိတ် ၂၃ အိတ် တင်ဆောင်ကာ X-ray စက်ကိုဖြတ်၍ အသင့် စောင့်ဆိုင်းနေသော လေယာဉ်ပေါ်သို့ တင်ဆောင်ခဲ့ကြသည်။

သတင်းကြိုတင်ရထားသည့်အတွက် ခရိုင် အထူးရဲတပ်ဖွဲ့သည် လေယာဉ် မပျံသန်းမီ ခရီးဆောင်အိတ်အားလုံးကို ဝင်ရောက် စစ်ဆေးခဲ့ရာ ရွှေငါးရုပ်လိုဂိုပါ အပြာရောင် ပလတ်စတစ်အိတ် ၂၁ အိတ်အတွင်း စုစုပေါင်း အလေးချိန် ၅၂၁ ကီလိုဂရမ်ခန့် (တန်ဝက်ကျော်) ရှိသော အိုက်စ် (Ice) မူးယစ်ဆေး ၅၀၀ ထုပ်တို့အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လေယာဉ်မောင်း၂ ဦး၊ နိုင်ငံခြားသား အမျိုးသား ၁ ဦး၊ သက်ဆိုင်ရာ ကုမ္ပဏီ ဝန်ထမ်း ၃ ဦးနှင့် လေဆိပ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၃ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။
❤22👍13😁4
• စစ်တပ်ဖမ်းသွားသူ အစုလိုက်အပြုံလိုက် အရိုးစုသာပြန်တွေ့
• လျှပ်စစ်အလှည့်ကျစနစ်နဲ့ ဖြတ်မယ်လို့ အာဏာသိမ်းအစိုးရကြေညာ
• ရခိုင်စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူတွေသေဆုံး
• အမေရိကန်ကုန်သည်ကြီးများအသင်း ဘုတ်အဖွဲ့ဝင်ဟောင်း စပိန်မှာ ဖမ်းခံရ
• အမေရိကန်မှာ သေဒဏ်စီရင်မှုမအောင်မြင်လို့ အကျဉ်းဦးစီးအကြီးအကဲ နှုတ်ထွက်

နေ့စဉ်သတင်း၊ အောက်တိုဘာ ၅၊ ၂၀၂၆
https://youtu.be/S2apcXr7UbI

#မြန်မာ #ဧရာဝတီ #စစ်တပ် #ရခိုင် #စစ်ရှောင် #လေကြောင်းဗုံးကြဲ #နေ့စဉ်သတင်း #DailyNews #WhatsHappeingInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍33❤2👎2😭1
ပြုပြင်ပြောင်းလဲရေးနှောင့်နှေး၍ အရှေ့တောင်အာရှ၌ အဆင်းရဲဆုံးဖြစ်ရဟု ကြံ့ဖွံ့အမတ် ဝေဖန်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

ပြည်တွင်းဘဏ်ငယ်များ အရေအတွက်လျော့ချ၍ ပိုမိုခိုင်မာအားကြီးသည့် ဘဏ်များပေါ်ပေါက်ရေး ၎င်း၏အဆို ပြည်သူ့ လွှတ်တော်က မှတ်တမ်းအဖြစ် ထားရန်ဆုံးဖြတ်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ဆင်ခြေ အမျိုးမျိုးပေး ပြုပြင်ပြောင်းလဲရေး နှောင့်နှေးခဲ့သဖြင့် အရှေ့တောင်အာရှ၌ မြန်မာက အဆင်းရဲဆုံးဖြစ်ခဲ့ရဟု ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ၏ အမတ် ဦးအေးချမ်းက ယနေ့ ဝေဖန်လိုက်သည်။

ဦးအေးချမ်းသည် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒု ဗိုလ်ချုပ်ကြီး စိုးသိန်း (သမ္မတရုံးဝန်ကြီးဟောင်း)၏ သားဖြစ်ပြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှ ၂၀၂၅ စစ်တပ်ရွေးကောက်ပွဲကို ဝင်ခဲ့သူဖြစ်ကာ စက်တင်ဘာ ၂၈ ရက်က ပြည်တွင်းဘဏ်ငယ်များ အရေအတွက် လျှော့ချကာ ပိုမို ခိုင်မာ အင်အား ကြီးသောဘဏ်များပေါ်ပေါက်ရေးအဆို လွှတ်တော်သို့ တင်ခဲ့ခြင်းဖြစ်သည်။

၎င်းက "နှေးတုံ့နှေးကန် ခြေလှမ်းတွေနဲ့ အချိန်မကျသေးဘူး၊ မသင့်တော်သေးပါဘူး၊ မြန်မာပြည် အခြေအနေနဲ့ မကိုက် ညီသေးပါဘူးဆိုတဲ့ ဆင်ခြေတွေပေးခဲ့တာ ၁၉၆၂ ခုနှစ်ထဲကပါ။ ၁၉၆၂ ခုနှစ်က ပေးခဲ့တဲ့ ဆင်ခြေတွေရဲ့ ရလဒ်က အရှေ့ တောင်အာရှမှာ ကျနော်တို့က အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ ကျနော် အဆိုပြုရတာက မြန်မာပြည်ကို နောက်ထပ် နှစ် ၂၀ အဆင်းရဲဆုံး နိုင်ငံအဖြစ် ဆက်အဖြစ် မခံနိုင်လို့ပါ" ဟု ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/05/416825.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁50👍23❤7👎1
စစ်တပ်က ပြည်သူတွေကို တိုက်ခိုက်နေတဲ့ မရဏဗုံး

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်ဟာ စစ်ပွဲအတွင်းမှာတင်မကဘဲ အရပ်သားပြည်သူတွေကိုပါ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ တိုက်ခိုက် သတ်ဖြတ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့ စျေးကို ပေါင် ၅၀၀ ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅၀ လောက်အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။

အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းက လူပေါင်း ၃၃ ဦးသေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံဗုံးကြဲမှုနဲ့ ၂၀၂၄ ခုနှစ်က ရှမ်းပြည်နယ် နမ့်ခမ်းမြို့ပေါ်ကို ကြဲချခဲ့လို့ လူ ၁၁ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေမှာလည်း မြန်မာစစ်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေကို အသုံးပြုခဲ့တဲ့ ထင်ရှားတဲ့ သာဓကတွေရှိခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါင် ၅၀၀ တင်မကဘဲ ပေါင် ၁၀၀၀ ဗုံးသီးတွေအထိပါ အရပ်သားပြည်သူတွေရဲ့ မြို့၊ ကျေးရွာ၊ ရပ်ကွက်တွေထဲအထိ ကျဲချဖျက်ဆီး သတ်ဖြတ်နေတာဖြစ်ပါတယ်။

https://youtu.be/Hol6zAqRNEU

#မြန်မာ #ဧရာဝတီ #ပေါင်၅၀၀ဗုံး #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎52❤7😁5😭3🤔1
မြန်မာ့လေတပ်ရဲ့ လူသတ်ပွဲများကို ဆက်ပြီး အသက်သွင်းနေသူများ

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

ဒီလူသတ်ပွဲတွေ အားလုံးရဲ့ နောက်ကွယ်က တရားခံဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ အခုအချိန်ထိ လက်ဆွဲနှုတ်ဆက်နေကြတဲ့၊ သူ့ကို နိုင်ငံတော်အဆင့် ခရီးစဉ်တွေနဲ့ ဖိတ်ခေါ်ပြီး ကော်ဇောနီခင်း ကြိုဆိုနေကြတဲ့၊ ပြည်တွင်းမှာ အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အစိုးရကို ပုံမှန်အစိုးရတရပ်လို ဆက်ဆံနေတဲ့ နိုင်ငံတကာကအစိုးရတွေလည်း ဒါကို စဉ်းစားသင့်ပါတယ်။

ဘယ်သူတွေ ဗုံးကြဲခဲ့သလဲဆိုတာကို သမိုင်းက မှတ်တမ်းတင်ပါလိမ့်မယ်။ ဘယ်သူတွေက ငွေကြေးလမ်းကြောင်းတွေ ဖွင့်ပေးထားသလဲ၊ ဘယ်သူတွေက လေယာဉ်ဆီ ပို့ပေးနေသလဲ၊ ဘယ်သူတွေက မြန်မာစစ်တပ်နဲ့ ဘာမှမဖြစ်သလို ပုံမှန်ဆက်ဆံနေသလဲဆိုတာကိုလည်း သမိုင်းက မှတ်တမ်းတင်မှာပါ။

ဘယ်သူတွေက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး ဘယ်သူတွေက ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့သလဲဆိုတာကိုလည်း ပြည်သူတွေက အမှတ်ရနေပါလိမ့်မယ်။ ကျောက်တော်က ဓာတ်ပုံတွေကို မြင်တွေ့ခဲ့ရသူ ဘယ်သူမဆို “ဒါတွေကို မသိခဲ့ဘူး” လို့ နောင်တနေ့မှာ ဆင်ခြေပေးလို့ ရတော့မှာ မဟုတ်ပါဘူး။

https://youtu.be/Oqqx9Xu3H3A

#မြန်မာ #ဧရာဝတီ #ဗုံးကြဲ #ကျောက်တော် #AA #WhtasHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍49❤9😁4👎2
Media is too big
VIEW IN TELEGRAM
ဂျာမနီ၀န်ကြီးချုပ် ကိယဗ်မြို့ကို ရောက်ရှိနေစဉ် ကိယက်ဗ်မြို့ရှိ တံတားတစင်းကို ရုရှား တိုက်ခိုက်

ဂျာမနီ၀န်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်ဟာ ယူကရိန်းကိုထောက်ခံအားပေးဖို့ တနင်္ဂနွေနေ့က ကိယက်ဗ်မြို့ကို ရောက်ရှိခဲ့ပြီးမကြာခင်မှာပဲ ရုရှားဟာ ကိယက်ဗ်မြို့မှာရှိတဲ့ နောက်ထပ်အဓိကတံတားတစင်းကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
👎39😱2❤1👍1
Media is too big
VIEW IN TELEGRAM
ယမ်းငွေ့ကြားက ဒီမိုကရေစီ

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

ဗိုလ်ချုပ်တွေ ဖန်တီးထားတဲ့ “ဒီမိုကရေစီ” နဲ့ ဒီမိုကရေစီအစစ် ဘာတွေကွာလဲ။ ရွေးကောက်ပွဲကျင်းပရုံနဲ့ ဒီမိုကရေစီဖြစ်ပြီလား။ အပြည့်အစုံကို အောက် Link ပါ Opinion Talk “ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ” မှာ ကြည့်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ
https://youtu.be/dQNIOsDdZCM

#မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG
👍29❤3😁3👎1
ပလက်ဝတွင် လေကြောင်းတိုက်ခိုက်မှုတခု ဖြစ်ပွားခြင်း၊ မီဇိုရမ်တွင် မြေပြိုခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်တရပ် ချမှတ်ခြင်း သို့မဟုတ် ယာဉ်မောင်းများကြား စိုးရိမ်ကြောက်ရွံ့မှု မြင့်တက်ခြင်းတို့သည် စီးပွားရေးအရ အလားတူအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ ကုန်စည်စီးဆင်းမှု နှေးကွေးလာမည်၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာမည်၊ နောက်ဆုံးတွင် စားသုံးသူများက ပိုမိုမြင့်မားသည့် ဈေးနှုန်းကို ပေးဆောင်ရမည်ဖြစ်သည်။

ရခိုင်ပြည်သည် စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဖိအားများကို အပြင်းအထန် ရင်ဆိုင်နေရပြီးဖြစ်သောကြောင့် ယင်းအခြေအနေသည် ပို၍အရေးကြီးသည်။ စစ်ပွဲကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်နေသလို အစားထိုးကုန်စည်ထောက်ပံ့ရေးလမ်းကြောင်းများ ရရှိရန် ခက်ခဲသည့် ဒေသများတွင် ကုန်ပစ္စည်းရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုများလည်း ဖြစ်ပေါ်နေသည်။

ထို့ကြောင့် အာဏာသိမ်းစစ်တပ်၏ နယ်မြေဆုံးရှုံးမှုများသည် ရခိုင်ပြည်အပေါ် စီးပွားရေးဆိုင်ရာ ဖိအားပေးနိုင်စွမ်းကို ပျောက်ကွယ်စေခြင်း မရှိသေးပေ။ မြေပြင်တွင် ကျန်ရှိနေသည့် ၎င်း၏တပ်စခန်းများနှင့် ဝေးကွာသည့် လမ်းများ၊ မြို့ရွာများနှင့် ကုန်သွယ်ရေးကွန်ရက်များကိုပင် လေကြောင်းအင်အားဖြင့် ခြိမ်းခြောက်နိုင်ဆဲ ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/06/416834.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😭26👍10❤7👎1😁1
😱14👍9❤1😁1
ရုရှား ပလိပ်ရောဂါ အမေရိကန် အနီးကပ် စောင့်ကြည့်နေ

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆။

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ရှဲလက်ဟော့ဗ်မြို့ရှိ ပလိပ်ရောဂါသုတေသနဌာနမှ အသက် ၂၈ နှစ်အရွယ် ဓာတ်ခွဲခန်းနည်းပညာရှင် အမျိုးသမီးတဦး အကြောင်းရင်းမသိရသော အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ပြီးနောက် လူ ၂၀၀ နီးပါးကို ဆေးရုံတွင် စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စိုးရိမ်ကြောင်းနှင့် ကူညီပေးမည်ဟု ပြောကြားခဲ့သလို၊ အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဌာနတို့ကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။

သေဆုံးသူသည် ပလိပ်ရောဂါပိုးပါသည့် ဖန်ပြွန်ကျိုးပဲ့မှုကြောင့် ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းများက ဆိုသော်လည်း ရုရှားကျန်းမာရေးဌာန (Rospotrebnadzor) ကမူ စမ်းသပ်စစ်ဆေးချက်များအရ ဓာတ်ခွဲခန်းသုံး ရောဂါပိုးများ မတွေ့ရှိရဘဲ အခြေအနေမှာ တည်ငြိမ်နေပြီဟု ထုတ်ပြန်ထားသည်။

အမေရိကန်ကျန်းမာရေးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။ WHO ၏ အဆိုအရ အများပြည်သူသို့ ကူးစက်ပြန့်ပွားနိုင်ခြေ နည်းပါးကြောင်း သိရသည်။

ရောဂါလက္ခဏာနှင့် ကူးစက်ပုံ - Yersinia pestis ဗက်တီရီးယားကြောင့်ဖြစ်ပွားပြီး ချောင်းဆိုး၊ နှာချေရာမှထွက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များမှတစ်ဆင့် လူအချင်းချင်း တိုက်ရိုက်ကူးစက်နိုင်သည်။ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ပြင်းထန်အဆုတ်ရောင်ခြင်းတို့ ဖြစ်ပွားနိုင်သည်။

ကုသမှု - စောစီးစွာ စိစစ်တွေ့ရှိပါက ပဋိဇီဝဆေးများ (Antibiotics) ဖြင့် ထိရောက်စွာ ကုသနိုင်သော်လည်း၊ ပထမ ၂၄ နာရီအတွင်း မကုသပါက သေဆုံးနိုင်ခြေ အလွန်မြင့်မားသည်။

ကာကွယ်ဆေးနှင့် လက်ရှိအခြေအနေ - WHO က ရောဂါကူးစက်နိုင်ခြေမြင့်မားသည့် ဓာတ်ခွဲခန်းဝန်ထမ်းများမှ လွဲ၍ ပုံမှန်ကာကွယ်ဆေးထိုးရန် မတိုက်တွန်းပါ။ သမိုင်းတွင် "Black Death" ဟု လူသိများခဲ့သည့် ဤရောဂါသည် ပဋိဇီဝဆေးများကြောင့် ထိန်းချုပ်နိုင်လာသော်လည်း ကမ္ဘာအနှံ့တွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ကိုးကား။ ။ CNN သတင်း What is pneumonic plague and how dangerous is it?

ပုံစာ - ဆိုက်ဘေးရီးယားရှိ ပလိပ်ရောဂါ သုတေသနဌာနတွင် လုပ်ကိုင်ခဲ့သူ ဒါရီယာ ရှီပီလိုဗာ (Darya Shipilova) သည် အောက်တိုဘာ ၂ ရက် ညပိုင်းက ရုရှားနိုင်ငံ၊ ရှဲလက်ဟော့ဗ်မြို့ရှိ ဒေသဆိုင်ရာ ဆေးရုံတခုတွင် ကွယ်လွန်သွားခဲ့သည်
😱22👍6❤4😁1
😁10👍4
ရေဘေးမှ လူဦးစားပေး ကယ်ဆယ်ရေးကြောင့် ထိုင်းဝန်ကြီးချုပ်ကို တိရစ္ဆာန်ချစ်သူများ မကျေနပ်

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆။

ရေဘေးသင့်နေသည့် နေအိမ်များမှ ရွှေ့ပြောင်းကြသူများအနေဖြင့် ပထမဦးစွာ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ထားရစ်ခဲ့ပြီး လူသားတို့၏ အသက်အန္တရာယ် ကင်းရှင်းရေးကိုသာ ဦးစားပေးသင့်ကြောင်း ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်၏ အကြံပြုချက်ကြောင့် လူမှုကွန်ရက်ပေါ်ရှိ တိရစ္ဆာန်ချစ်သူများ မကျေမနပ် ဖြစ်လျက်ရှိကြသည်။

"ကျေးဇူးပြုပြီး ပထမဦးစွာ မိမိကိုယ်ကို ပထမ ဂရုစိုက်ကြပါ၊ မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် လွန်လွန်ကဲကဲ စိုးရိမ်မနေကြပါနဲ့" ဟု အနုတင် က စနေနေ့တွင် နခွန်ဆဝမ် Nakhon Sawan ရှိ ရေဘေးသင့်ဧရိယာသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။

"အချို့လူတွေဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ ဘေးကင်းရေးကို စိုးရိမ်တာကြောင့် အိမ်ကနေ မထွက်ချင်ကြပါဘူး။"

ဝန်ကြီးချုပ် အနုတင်သည် ကုန်းမြင့်ပိုင်းတွင် စီစဉ်ပေးထားသည့် ကယ်ဆယ်ရေးစခန်းများသို့ မရွှေ့ပြောင်းဘဲ ရေကြီးနေသည့် နေအိမ်များ၌ အိမ်မွေးတိရစ္ဆာန်များနှင့်အတူ နေထိုင်ရန် ဆုံးဖြတ်ထားကြသည့် ရေဘေးသင့်ပြည်သူများကို ရည်ရွယ်၍ ယင်းသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အရေးပေါ် ကူညီကယ်ဆယ်ရေးစခန်းတခုသို့ သွားရောက်ခဲ့ရာတွင် ယင်းစခန်း၌ ထားရှိသည့် တိရစ္ဆာန်များသည် အခြားရေဘေးရှောင် ပြည်သူများကို အနှောင့်အယှက်ဖြစ်စေသည်ကို သိရှိခဲ့ရကြောင်း အနုတင်က ပြောသည်။

"သူတို့ အတူတူနေလို့ မရပါဘူး။ ဒါကို ကယ်ဆယ်ရေးစခန်းတခုမှာ ကျနော် ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့တာပါ။ အခြားသူတွေကတော့ ခင်ဗျားတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အဲဒီလောက် ချစ်စရာကောင်းတယ်လို့ ထင်ချင်မှ ထင်ကြပါလိမ့်မယ်" ဟု သူက ဆိုသည်။

အစိုးရအနေဖြင့် ပထမဦးစွာ လူများကို ကူညီရေးသာ အာရုံစိုက်ရမည်ဖြစ်ပြီး၊ အိမ်မွေးတိရစ္ဆာန်များကို စောင့်ရှောက်ရန်မှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ တာဝန်သာဖြစ်ကြောင်း အနုတင်က ပြောကြားခဲ့သည်။

သူ၏ ပြောကြားချက်သည် အိမ်မွေးတိရစ္ဆာန်များမှာ "မိသားစုဝင်များ" ဖြစ်သည်ဟု ချေပပြောဆိုကြသည့် တိရစ္ဆာန်ချစ်သူများ၏ ဝေဖန်ပြစ်တင်မှု ပစ်မှတ် အလျင်အမြန် ဖြစ်လာခဲ့သည်။

"ကျနော် တို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ သံယောဇဉ်ကို စကားလုံးတွေနဲ့ ဖော်ပြလို့ မရပါဘူး၊ ကျနော်တို့ရဲ့ နှလုံးသားထဲမှာပဲ ရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ကျနော် တို့ရဲ့ မိသားစုဝင်တွေဖြစ်ပြီး ကျနော်တို့ သူတို့ကို ဘယ်တော့မှ ပစ်ထားမှာ မဟုတ်လို့ပါ" ဟု Care for Animals Volunteer Club က တနင်္လာနေ့တွင် Facebook ပို့စ်တခု၌ ရေးသားခဲ့သည်။

အဆိုပါ အသင်း၏ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သော စောစောပိုင်း မက်ဆေ့ဂျ်တွင် အထိခိုက်မခံနိုင်သော မည်သည့်ကိစ္စရပ်မဆို ဝန်ကြီးချုပ်အနေဖြင့် ပိုမိုသတိထားပြောဆိုရန် တိုက်တွန်းထားသည်။

ခွေးနှင့် ကြောင်ချစ်သူများအတွက် သီးသန့်ဖွင့်လှစ်ထားသည့် အခြား Facebook တခု၏ အဖွဲ့ဝင်တဦးက ဝန်ကြီးချုပ်၏ အကြံပြုချက်ကို ကြားသိရပြီးနောက် ရင်ကျိုးရကြောင်း ပြောကြားခဲ့သည်။ "အိမ်မွေးတိရစ္ဆာန်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ဂရုဏာတို့နဲ့ မိသားစုဝင်တဦးလို မွေးမြူစောင့်ရှောက်ထားကြတာပါ" ဟု Supapat Susoh အမည်ရှိ အကောင့်ပိုင်ရှင်က ရေးသားခဲ့သည်။

Jpybara အမည်ရှိ အမျိုးသားတဦးက စနေနေ့တွင် X ပေါ်၌ "ခွေးတွေနဲ့ ကြောင်တွေကို အိမ်မှာ ဘယ်တော့မှ တစ်ကောင်တည်း ပစ်ထားခဲ့မှာ မဟုတ်ပါဘူး။ သူတို့ဟာ အိမ်မွေးတိရစ္ဆာန်တွေ မဟုတ်ပါဘူး၊ မိသားစုဝင်တွေ ဖြစ်ပါတယ်" ဟု ရေးသားခဲ့သည်။

"ဒီခံစားချက်ကို မနားလည်တဲ့သူ မည်သူမဆို ကျေးဇူးပြုပြီး သူတို့ကို ကရုဏာ သက်ရောက်ပေးကြပါ" ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။

ထာမဆတ် တက္ကသိုလ်မှ ဥပဒေကထိက ပညာထာဝနရုကိသ်ကုလ် (Prinya Thaewanarukitkul) က တနင်္ဂနွေနေ့တွင် အဆိုပါပြဿနာအတွက် ဖြေရှင်းနည်းတရပ်ကို အကြံပြုခဲ့ရာ ၂၀၁၁ ခုနှစ် ရေကြီးရေလျှံမှုကြီးအတွင်း တက္ကသိုလ်က ဆောင်ရွက်ခဲ့သကဲ့သို့ ကယ်ဆယ်ရေးစခန်းများတွင် လူနေဧရိယာနှင့် သီးခြားခွဲထားသည့် အိမ်မွေးတိရစ္ဆာန် သီးသန့်ဇုံတခု သတ်မှတ်ပေးသင့်ကြောင်း၊ သို့မှသာ ပိုင်ရှင်များအနေဖြင့် တည်းခိုနေထိုင်စဉ်အတွင်း ၎င်းတို့ကို သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဝန်ကြီးချုပ်ဟာ တိရစ္ဆာန်ချစ်သူတွေ ဒါမှမဟုတ် အိမ်မှာ အိမ်မွေးတိရစ္ဆာန် မွေးထားတဲ့သူတွေ၏ ခံစားချက်ကို နားမလည်တာ ဖြစ်နိုင်ပါတယ်" ဟု ထာမဆတ် တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဟောင်းက ပြောသည်။

အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပရ်စဝိ ဝတ်တနာ (Lalida Persvivatana) က ဝန်ကြီးချုပ်အနေဖြင့် စေတနာကောင်းဖြင့်သာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်၏ မက်ဆေ့ဂျ်ကို ရေကြီးစဉ်အတွင်း တိရစ္ဆာန်များ၏ ဘေးကင်းရေးကို ဂရုမစိုက်ဟု အဓိပ္ပာယ်လွဲမှားစွာ မကောက်ယူသင့်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

ကိုးကား။ ။ Bangkok Post သတင်း Pet lovers upset by PM's 'save humans first' flood directive
👍29❤9😁2