The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် မလေးရှားကုမ္ပဏီစာရင်း Justice For Myanmar ဖော်ထုတ်

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

မြန်မာစစ်တပ်က ပြည်သူများအပေါ်ဗုံးကြဲမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် မလေးရှားအစိုးရနှင့် ဆက်စပ်သော ကုမ္ပဏီအချို့အပါအဝင် မလေးရှားကုမ္ပဏီများသည် စစ်တပ်ထံ ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း Justice For Myanmar (JFM) က ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ကုန်သွယ်ရေးမှတ်တမ်းများကို အခြေခံကာ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်၏ ခရီးစဉ်နှင့် အချိန်ကိုက်၍ ယနေ့ ထုတ်ပြန်သည်။

၂၀၂၃ မှ ၂၀၂၆ ခုနှစ်အတွင်း မလေးရှားကုမ္ပဏီများဖြစ်သည့် FJ Global Aeroparts (M) Sdn Bhd (FJ Global)၊ Asia AeroTechnic Sdn Bhd (AAT) နှင့် Skyways Technics Asia Sdn Bhd တို့သည် မြန်မာစစ်တပ်၊ လက်နက်ပွဲစားများနှင့် စီးပွားရေးအရ ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း JFM က ဆိုသည်။

မလေးရှား လေကြောင်းပစ္စည်းဝယ်ယူရေးနှင့် ဝန်ဆောင်မှုကုမ္ပဏီ FJ Global သည် စစ်တပ်၏ K-8W တိုက်လေယာဉ်၊ Orlan-10E ဒရုန်း၊ Kamov Ka-28 ရဟတ်ယာဉ်၊ Mi-17 နှင့် Mi-2ရဟတ်ယာဉ်များအပါအဝင် ရုရှားလုပ် လေယာဉ်များအတွက် အပိုပစ္စည်းများနှင့် လိုအပ်သော အစိတ်အပိုင်းများကို ထောက်ပံ့ပေးရန် ကြိုးပမ်းခဲ့ကြောင်း ၎င်းတို့က ပြောသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် FJ Global သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဝန်ကြီးချုပ်ရုံးအောက်ရှိ Yayasan Pelaburan Bumiputra က ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်သည့် အစိုးရကျောထောက်နောက်ခံပြု ငွေကြေးနှင့် စီးပွားရေးအထောက်အပံ့ အဖွဲ့အစည်းတခုဖြစ်သော Perbadanan Usahawan Nasional Berhad (PUNB) ထံမှ ဘဏ္ဍာရေးအထောက်အပံ့ ရရှိခဲ့သည်။

ထို့ပြင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ပိုင် Airbus A319လေယာဉ် ပြုပြင်ထိန်းသိမ်းရေးအတွက် မြန်မာစစ်ဘက် အင်ဂျင်နီယာများသည် မလေးရှား လေယာဉ်ထိန်းသိမ်းပြင်ဆင်ရေးကုမ္ပဏီ Asia Aero Technic Sdn Bhd (AAT) သို့ လာရောက်ခဲ့ကြောင်း သိရသည်။

AAT ကုမ္ပဏီသည် မလေးရှား ကျေးလက်နှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ Majlis Amanah Rakyat (MARA) ၏ အဖွဲ့အစည်းတခုဖြစ်သော MARA Corporation Sdn Bhd က ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

တတိယမြောက် မလေးရှားကုမ္ပဏီဖြစ်သည့် ဒိန်းမတ်ပိုင် Skyways Technics Asia Sdn Bhd သည် မြန်မာစစ်တပ်၏ စစ်လက်နက် ပစ္စည်း ဝယ်ယူရေးညွှန်ကြားရေးမှူးရုံးသို့ တရားဝင် ရောင်းချခွင့်ရကုမ္ပဏီများဖြစ်သော Light Head Group of Companies, K L S Aviation, United Five နှင့် Lucky High စသည့် လက်နက်ပွဲစားများထံ လေယာဉ်အပိုပစ္စည်းများစွာ ပေးပို့ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် 24Hour Group ပိုင် မင်္ဂလာ လေကြောင်းလိုင်း (ယခင် Air KBZ) တို့ကလည်း လေယာဉ်အပိုပစ္စည်းများကို Skyways ထံ ပြုပြင်ရန် ပေးပို့ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသည် အာဆီယံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအစီအစဉ်များတွင် စစ်တပ်ပါဝင်နိုင်ရေး ဆက်လက်ကူညီပေးနေပြီး ယခု နိုဝင်ဘာ ၂ ရက်မှ ၆ ရက်အထိ ကွာလာလမ်ပူ၌ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံ ထောက်လှမ်းရေး အသိုက်အဝန်း ညီလာခံ (AICC) သို့ သတင်းတပ်ဖွဲ့ အရာရှိချုပ် ရဲမှူးချုပ် လှိုင်မင်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ရန် ဖိတ်ကြားထားသည်။ အဆိုပါ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်၊ တည်းခိုစရိတ်နှင့် စားသောက်စရိတ်များကို မလေးရှားအစိုးရက ကျခံပေးမည်ဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "မလေးရှားနိုင်ငံဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို တရားဝင်မှုအမှားတွေ ပေးအပ်နေပြီး စစ်တပ်ထံ ဒုက္ခသည်တွေကို ပြန်လည်လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေချိန်မှာပဲ မိမိနိုင်ငံက ကုမ္ပဏီတွေ စစ်တပ်ဆီ စစ်ဘက်ဆိုင်ရာ ထောက်ပံ့နေတာကို တားဆီးဖို့ ပျက်ကွက်နေတာဟာ ဝမ်းနည်းစရာပါပဲ" ဟု ပြောကြားခဲ့သည်။

မလေးရှားအစိုးရအနေဖြင့် စစ်တပ်ထံ စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပေးနေသည့် FJ Global၊ AAT နှင့် Skyways Technics Asia ကုမ္ပဏီများကို ချက်ချင်း စုံစမ်းစစ်ဆေးရန်နှင့် စစ်တပ်ထံ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပိတ်ပင်ရန်JFM က တောင်းဆိုထားသည်။

ထို့ပြင် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်တို့အနေဖြင့် စစ်တပ်အား အပိုပစ္စည်းနှင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးနေသည့် Light Head Group, K L S Aviation, United Five နှင့် Lucky High စသည့် ပွဲစားကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍50😁5❤3
Media is too big
VIEW IN TELEGRAM
Up ရုပ်ရှင်ထဲကပုံစံမျိုး ဟီလီယံပူဖောင်းတွေနဲ့ နယူးမက္ကဆီကိုမှ အရီဇိုးနားသို့ ပျံသန်း

အောက်တိုဘာ ၇၊​၂၀၂၆

ပြီးခဲ့တဲ့စနေနေ့ကကျင်းပခဲ့တဲ့ ၂၀၂၆ အယ်လ်ဘူကာကီ နိုင်ငံတကာ ပူဖောင်းပွဲတော်ကြီးရဲ့ ဖွင့်ပွဲနေ့မှာ ကမ္ဘာကျော် လေပူဖောင်းမောင်းသူဖြစ်တဲ့ Johnathan Trappe ဟာ Pixar ရဲ့ နာမည်ကြီး Up ရုပ်ရှင်ထဲကပုံစံအတိုင်း ဂတ်စ်ပူဖောင်းအစုအဝေးနဲ့အတူ နယူးမက္ကဆီကိုပြည်နယ်ကနေ အရီဇိုးနားပြည်နယ်ကို ပျံသန်းသွားရောက်ခဲ့ပြီး လူအများကို အံ့အားသင့်စေခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #balloons #upmovie #pixar
👍28❤11
❤41👍5😁2
တော်လှန်ရေးကာလ မြန်မာအမျိုးသမီးများ အခရာကျသော ပဲ့ကိုင်ရှင်များဖြစ်ဟု ဦးကျော်မိုးထွန်း ပြော

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

မြန်မာအမျိုးသမီးများသည် တော်လှန်ရေးနှင့် ကြားကာလ စီမံအုပ်ချုပ်ရေးတို့၏ အခရာကျသော ပဲ့ကိုင်ရှင်များဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ယမန်နေ့တွင် ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ အစည်းအဝေးအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း ပြောကြားသည်။

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့တွင် အမျိုးသမီး၂၅ ရာခိုင်နှုန်းသည် ခေါင်းဆောင်မှုနေရာယူထားကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာစေရေး ဦးဆောင်ကောင်စီ၏ မဏ္ဍိုင် ၃ ခုအနက် အမျိုးသမီးကိုယ်စားပြုမှုက မဏ္ဍိုင်တခုအဖြစ် ပါဝင်ကြောင်း ဆိုသည်။

ထို့ပြင် ဖက်ဒရယ်ပညာရေးဆိုင်ရာ ထောက်ပံ့မှု ကော်မတီ၏ တော်လှန်ပညာရေး ဝန်ထမ်းများတွင် ၇၀ ရာခိုင်နှုန်းက အမျိုးသမီးများဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ကူညီမှုများ ပေးအပ်နေသည့် ရှေ့တန်းမှ အရပ်ဘက် လူမှုအဖွဲ့အစည်း ၇၀ ရာခိုင်နှုန်းမှာလည်း အမျိုးသမီးများ ဦးဆောင်သော အဖွဲ့အစည်းများ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

စစ်အုပ်စုအနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို မည်သို့ပင် ကျူးလွန်နေစေကာမူ မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခတွင် ငြိမ်ခံနေရသည့် သားကောင်များ သက်သက်သာ မဟုတ်သည့်အချက်ကို ပီပြင်စွာ ပြသနိုင်ကြောင်း၊ မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ၎င်းတို့၏ အခြေခံ အခွင့်အရေးများအား ထိရောက်စွာ ခုခံကာကွယ်နိုင်ပြီး အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကိုလည်း တဖက်တလမ်းမှ တည်ဆောက်ပေးနိုင်သူများ ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်သည့် တရားခံများအား အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူပေးရန်နှင့် အမျိုးသမီးများ ဦးဆောင်သည့် ဒေသခံ အဖွဲ့အစည်းများထံသို့ အကူအညီများတိုက်ရိုက် ပံ့ပိုးပေးရန်လည်း နိုင်ငံတကာ အသိုက် အဝန်းသို့ တောင်းဆိုသည်။

ထို့ပြင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် လျော့ကျသွားခြင်း မရှိဘဲ ယခင် မတွေ့ကြုံဖူးသည့် အခြေအနေအထိ ရက်၊ လ၊ နှစ်များစွာ ဆက်လက် မြင့်တက်နေကြောင်း၊ အဆိုပါ အခြေအနေနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ၁၆ ဒသမ ၂ သန်းကျော်မှာလည်း စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် အခြေခံ လူမှုရေး ဝန်ဆောင်မှုများလည်း ပျက်သုဉ်းနေသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။

ထိုသို့ အကျပ်အတည်းများကြား စစ်အုပ်စု၏ အဓမ္မ တပ်သားစုဆောင်းမှုနှင့် နိုင်ငံတဝန်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကြောင့် လူငယ်များ အနာဂတ်များ ဖျက်ဆီးခံနေရကြောင်း၊ မရေရာမှုနှင့် ထိခိုက်လွယ်မှုများသည် နေ့စဉ်ဘဝ အစိတ်အပိုင်းတခုဖြစ်လာပြီး ထိုအခြေအနေအတွင်း မြန်မာပြည်သူများ ခက်ခက်ခဲခဲ ရှင်သန် ရုန်းကန်နေရကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤45👍11😁1
😁39👎2❤1😭1
မြန်မာသို့ပြန်ပို့သည့် ဒုက္ခသည် ၁,၄၇၆ ဦးထဲ ရိုဟင်ဂျာ မပါဟု မလေးရှားဝန်ကြီးချုပ် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၉ ရက်တွင် ပြန်လည် ပို့ဆောင်ခဲ့သည့် မြန်မာဒုက္ခသည် ၁,၄၇၆ ဦးအနက် ရိုဟင်ဂျာတဦးမျှ မပါဝင်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ယမန်နေ့ အောက်လွှတ်တော် အစည်းအဝေးအတွင်း ပြောသည်။

ဒုက္ခသည်များ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် မလေးရှားတွင် ရိုဟင်ဂျာဦးရေ တိုးပွားလာခြင်းက အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ပြောဆိုချက်များ ထွက်ပေါ်နေစဉ် ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် အန်ဝါ က “ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ဒီပြဿနာကို အထိရောက်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်နဲ့ ကျနော်တို့ ထည့်သွင်း ဆွေးနွေးသွားမှာပါ။” ဟု ဆက်လက် ပြောဆိုသည်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ ပြန်လည် ပို့ဆောင်လိုက်သည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦး တင်ဆောင်လာသော စစ်သင်္ဘော ၃ စီးသည် အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ) သို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံမှ စက်တင်ဘာ ၂၉ ရက်တွင် စတင်၍ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအသုတ်သည် ပြန်လက်ခံရန် သဘောတူထားသည့် လူဦးရေ ၅,၀၀၀ အနက် ပထမဆုံးအသုတ် ဖြစ်သည်။

အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် သည် ယနေ့နံနက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ သွားရောက်ခဲ့ပြီး မလေးရှား၌ ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာဒုက္ခသည်များအရေး ဆွေးနွေးမည် ဖြစ်သလို မလေးရှားနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း ဖိုရမ်တခု ပြုလုပ်မည်ဟု အာဏာသိမ်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁38❤9👎2😭1
အကျိုးစီးပွားအခြေပြု မြန်မာ့အရေးချဉ်းကပ်မှု အာဆီယံကို ရုပ်ပျက်ဆင်းပျက်ဖြစ်ဟု NUG ဝေဖန်

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

စစ်အုပ်စုက အာဆီယံအဖွဲ့ဝင် တနိုင်ငံချင်းစီကို အကျိုးစီးပွားအပေါ် အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးပုံစံ တည်ဆောက် လာခြင်းက အသင်းကြီး၏ ဂုဏ်သိက္ခာအတွက် အင်မတန် ရုပ်ပျက်ဆင်းပျက်နိုင်သည့် ချည်းကပ်မှုမျိုးဖြစ်လာနေ ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြား ချက်အရဆိုကာ ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံသို့သွားစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းက “စစ်အုပ်စုကို သူတို့ရဲ့ အကျိုးစီးပွားအတွက် ဆက်ဆံမှ ရမယ်ဆိုတဲ့ စဉ်းစားချက်တွေလည်း ဒီအာဆီယံနိုင်ငံတွေ ထဲမှာ တချို့နိုင်ငံတွေ တွေ့လာရတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မျက်ကွယ်ပြုပြီး သူတို့ကိုယ်တိုင် ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်မယ်။ မင်းအောင်လှိုင်က ဘုံသဘောညီချက် ငါးချက်ကို အရေးမစိုက်ဘဲ မျက်ကွယ်ပြုတယ်။ အဲဒီနောက်ကို အာဆီယံထဲက နိုင်ငံတခုချင်းဆီက လိုက်လာတာကတော့ အာဆီယံအသင်းကြီးအတွက် အာဆီယံအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာအတွက် အင်မတန်ကိုမှ ရုပ်ပျက်ဆင်းဖြစ်စေတဲ့ ချဉ်းကပ်ပုံတွေ ဖြစ်လာနေတယ်လို့ ကျမတို့ မြင်နေရပါတယ်” ဟု ပြောသည်။

မင်းအောင်လှိုင်သည် သမ္မတ တာဝန်ယူပြီးနောက် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလာရုစ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး ယခု မလေးရှားခရီးစဉ်သည် ၉ နိုင်ငံမြောက် ပြည်ပခရီးစဉ် ဖြစ်ကာ အာဆီယံဒေသတွင်း နိုင်ငံများအနက် ၅ နိုင်ငံမြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်သည်။

မလေးရှားနိုင်ငံက အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ခေါ်ခြင်းကြောင့် အဖိနှိပ်ခံ မြန်မာပြည်သူ များအား ငဲ့ညှာ၍ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စုဘက်က လိုက်နာလာစေရန် တိုက်တွန်းပေးစေ လိုကြောင်း တော်လှန်ရေး အင်အားစုများကလည်း ပြောသည်။

ထို့ပြင် မလေးရှားနိုင်ငံသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၅ အထိ ဖိနှိပ်ခံ မြန်မာလူထုနှင့် တော်လှန်ရေးအင်အားစုများဘက် တောက်လျောက် အားပေးရပ်တည်ခဲ့ပြီး ယခုကဲ့သို့ ပြောင်းလဲသွားခြင်းကို စိတ်မကောင်းဖြစ်ရကြောင်းလည်း ဆိုသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီက “ဘာကိစ္စ တွေ့ဆုံသလဲ မသိရပေမယ့် အတုအယောင် အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုနိုင်ရေး နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတာကိုတော့ မလေးရှားအပါအဝင် နိုင်ငံတကာကအနေနဲ့ မြန်မာပြည်သူလူထုကို ငဲ့ညာထောက်ထားပြီး သတိချပ်ပေးဖို့ တောင်းဆိုလိုတယ်။ ကျနော်တို့ရဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်နိုင်ရေး မလေးရှားက အလေးအနက် ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဆောင်ရွက်ချိန် တမျိုး တော်ကြာတမျိုး ဆိုတာမျိုး မဖြစ်စေချင် ဘူး” ဟု ပြောသည်။

မလေးရှားနိုင်ငံ၏ တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ပါဝင်ခဲ့သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှ အတွင်းရေးမှူး ၂ ဦးဗညားက မြန်မာပြည်သူလူထုနှင့် ဒီမိုကရေစီလှုပ်ရှားမှုများအပေါ် အစဉ်တစိုက် အားပေးကူညီခဲ့သည့် မလေးရှားနိုင်ငံ၏ စစ်အုပ်စုဘက် ယိမ်းသွားသည့် ဆက်ဆံရေး ပြောင်းလဲသွားမှု အပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ပြောသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “ဘယ်နိုင်ငံပဲဖြစ်ဖြစ် အိမ်နီးချင်း ထိုင်းပဲဖြစ်ဖြစ် မလေးရှားပဲဖြစ်ဖြစ် အရှေ့တီမောလို နိုင်ငံပဲဖြစ်ဖြစ်နောက် အမေရိကားလို နိုင်ငံပဲဖြစ်ဖြစ် နိုင်ငံအသီးသီးက သူတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ စဉ်းစားကြတာ ဖြစ်ပါတယ်။ ကျနော်တို့ ကိစ္စကို သူတို့ စဉ်းစားတာ ကျနော်တို့ တိုင်းပြည်ကို ပြေလည်စေချင်တာက တပိုင်းဖြစ်တယ်။ သို့သော် တကယ်တမ်း ပြေလည်ဖို့ စဉ်းစားတဲ့ အခါမှာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ချိတ်ဆက်ပြီး စဉ်းစားကြတာလို့ ဒီလိုပဲ နားလည်ပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံသည် မြန်မာစစ်အုပ်စုအပေါ် အသိအမှတ်မပြုမှု၊ တရားဝင်မှု မပေးသော်လည်း ထိတွေ့ဆက်ဆံမှု လုပ်သင့်ကြောင်း ယခင်ကတည်းက ပြောဆိုထားမှုများရှိသောကြောင့် လက်ရှိ မလေးရှားနိုင်ငံက ဦးမင်းအောင်လှိုင် ကို လက်ခံတွေ့ဆုံခြင်းသည် မလေးရှားနိုင်ငံ၏ မြန်မာ့အရေး မူဝါဒ တစုံလုံးပြောင်းလဲသွားသည့် သဘောမျိုးသုံးသပ်ရန် စောနေသေးသည်ဟု အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

အာဏသိမ်းသမ္မတ မင်းအောင်လှိုင်သည် ယနေ့ မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မလေးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း က ကျင်းပသည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) သို့ တက်ရောက်ခဲ့သည်။

၎င်း၏ မလေးရှားခရီးစဉ်တွင် ဝန်ကြီး ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊
👍45❤9😁6👎2
ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီ ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေးသမားတချို့ လိုက်ပါသွားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/07/416863.html
👎39😁4👍3😭2❤1
• မင်းအောင်လှိုင် ခရီးစဉ်အတွင်း မြန်မာစစ်တပ်နဲ့ မလေးရှား ပူပေါင်းမှု ဖော်ထုတ်ခံရ

• လွတ်လပ်တဲ့ မီဒီယာတွေကို စစ်အစိုးရက အင်တာပိုလ်နဲ့ ဖမ်းခိုင်း

• KNU ကို အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်ဖို့ပြင်

• ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေပါ မြေမြှုပ်မိုင်းထောင်ခံနေရ

• ပြည်ပရောက်လုပ်သားတွေကို အပြစ်တင်နေတဲ့ အလုပ်သမားဝန်ကြီးသစ်

• ရုရှားမှာ အဆုတ်ရောင်ရောဂါ ကူးစက်မှုကို နိုင်ငံတကာစောင့်ကြည့်နေ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၇၊ ၂၀၂၆

https://youtu.be/L87ylxxazak
#မြန်မာ #ဧရာဝတီ #မလေးရှား #မြန်မာစစ်တပ် #မင်းအောင်လှိုင် #အင်တာပိုလ် #လွတ်လပ်တဲ့မီဒီယာ #သတင်းမီဒီယာ #ပြည်ထဲရေး #မြေမြုပ်မိုင်း #အလုပ်သမား #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
❤21👍15🤔1
❤11👎3😭1
ဖားကန့်စုပေါင်းရုံး အစည်းအဝေးလုပ်စဉ် ဒရုန်း တိုက်ခိုက်ခံရ၊ ၂ ဦး သေ

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

ကချင်ပြည်နယ် ဖားကန့်မြို့စုပေါင်းရုံးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး(EPC)၌ ယနေ့ နေ့လယ်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ အစည်းအဝေးလုပ်နေချိန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတဦးက" စုပေါင်းရုံးထဲ အစည်းအဝေးလုပ်ချိန် ဒရုန်းနဲ့တိုက်ခံရတယ်။ အရပ်သားကတော့ KNDPC ကုမ္ပဏီတာဝန်ခံ ဦးဒရွန်းဇော်အောင်နဲ့ ဈေးသည်တဦး သေဆုံးတယ် သိရတယ်။ စကစ၊ ရဲနဲ့ ထွေအုပ်က ထိ၊ မထိတော့ မသိရသေးဘူး"ဟု ဧရာဝတီကို ပြောသည်။

မြို့နယ်စုပေါင်းရုံးမှာ ကာမိုင်း-နန့်ယားလမ်း -ဖားကန့်လမ်းပိုင်း ပြုပြင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ဗုံးကြဲခံရမည်ကိုစိုးရိမ်၍ ကုမ္ပဏီလုပ်ကွက်တချို့ ရပ်နားထားသည်ဟုလည်း သိရသည်။

သတင်း-မောင်လူအေး
ဓာတ်ပုံ-The 74 Media

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤43👍29👎1
အာဆီယံနိုင်ငံတွေရဲ့ ချဉ်းကပ်ပုံ "ရုပ်ပျက်ဆင်းပျက်" ဖြစ်နေပြီလို့ NUG ပြော

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

မလေးရှားနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုအပေါ် ချဉ်းကပ်ဆောင်ရွက်တဲ့ပုံစံဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က ပြောလိုက်ပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံဘုံ သဘောညီချက် ငါးချက်နဲ့ အာဆီယံနဲ့မြန်မာအကြားဆက်ဆံရေးကို ကန့်ထားခဲ့ပေမယ့် အာဏာသိမ်းအစိုးရဖွဲ့ပြီး ၆ လနီးပါးကြာကာလအတွင်း ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယားနိုင်ငံတွေက မင်းအောင်လှိုင်ကို အသိအမှတ်ပြု ကြိုဆိုခဲ့ပြီး လက်ရှိ အောက်တိုဘာလ ၇ ရက်နေ့မှာတော့ တရားဝင်ခရီးစဉ်နဲ့ မလေးရှားနိုင်ငံကိုရောက်ရှိနေတာပါ။

အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီငါးချက်ဟာ နှစ်ကာလကြာလာတာနဲ့ အမျှ တဖြည်းဖြည်းလျှော့နည်းလာသလို အာဆီယံတနိုင်ငံချင်းစီအလိုက် မြန်မာအာဏာသိမ်းအစိုးရကို ဆက်ဆံမှုတွေရှိလာတဲ့အတွက် အာဆီယံကိုရော အာဆီယံနိုင်ငံတွေကိုပါ အတိုက်အခံအင်အားစုတွေကဝေဖန်မှုတွေရှိလာနေပါတယ်။

မင်းအောင်လှိုင်ကို လက်ခံအသိအမှတ်ပြုတဲ့ အာဆီယံနိုင်ငံအရေအတွက် တဖြည်းဖြည်းတိုးလာပေမယ့် နိုင်ငံအတွင်းသူတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကတော့ လျော့ပါးသွားတာမရှိဘူးလို့လည်းထောက်ပြကြပါတယ်။

https://youtu.be/XZMQZ4npsPg

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #အာဆီယံ #မလေးရှား #WhatsHappensInMyanmar
👍62😁8❤7😭1
အာဏာရှင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ပြည်သူ့စစ်သားများ

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

""တသွေး၊ တသံ၊ တမိန့်""ဆိုတဲ့ သံမဏိစည်းကမ်းအောက်မှာ ဆယ်စုနှစ်နဲ့ချီ အသက်ရှင်ခဲ့ကြတဲ့ စစ်သည်တချို့ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ငြင်းဆန်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ဆီ ရဲရဲဝံ့ဝံ့ ကူးပြောင်းလာခဲ့ကြပါတယ်။

စစ်အာဏာရှင်တွေက သူတို့ကို ""အဖွဲ့အစည်းကို သစ္စာဖောက်သူတွေ""လို့ နာမည်တပ် ပစ်မှတ်ထားနေပေမဲ့၊ တကယ်တော့ ဒါဟာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အာဏာကျွန်ဘဝက ရုန်းထွက်ပြီး နိုင်ငံနဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စစ်မှန်တဲ့သစ္စာတရားကို ပြန်လည်ရွေးချယ်လိုက်တဲ့ သမိုင်းဝင် ရပ်တည်ချက်တခုပဲ ဖြစ်ပါတယ်။

အာဏာရှင်ရဲ့ မတရားတဲ့အမိန့်ကို ငြင်းဆန်ပြီး ပြည်သူ့ဘက်က ရပ်တည်ဖို့အတွက် သူတို့ရရှိထားတဲ့ အာဏာ၊ ရာထူး၊ အခွင့်ထူးတွေတင်မကဘဲ တဘဝလုံးစာ အနာဂတ်တွေနဲ့ မိသားစုရဲ့ လုံခြုံရေးတွေကိုပါ အကုန်လုံး ပေးဆပ်ရင်းနှီးခဲ့ကြရတာ ဖြစ်ပါတယ်။

https://youtu.be/HhNAY3rHgwY

#မြန်မာ #ဧရာဝတီ #စစ်သား #CDM #WhatsHappensInMyanmar
👍37❤7
Media is too big
VIEW IN TELEGRAM
မျက်နှာဖုံးကွာကျခဲ့တဲ့ ‘ပြုပြင်ပြောင်းလဲရေး’သမားတွေ

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

နောက်ကြောင်းပြန်လှည့်စရာမရှိဘူး လို့ ပြောခဲ့ရာကနေ စစ်အာဏာရှင်စနစ်ဆီ ပြန်ရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ‘ပြုပြင်ပြောင်းလဲရေးသမား’ ဆိုတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ မျက်နှာဖုံး ဘယ်လိုကွာကျသွားခဲ့သလဲ။ သူတို့သာ တကယ်ပြုပြင်ပြောင်းလဲရေးသမားတွေဖြစ်ခဲ့မယ်ဆိုရင်ရော ဘာတွေကွာခြားခဲ့မလဲ။အပြည့်အစုံကို Opinion Talk “ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ” မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/dQNIOsDdZCM?si=djm5zE7sJEdjBOkT

#မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG
👍44❤4😁2
😁42😭4🤔1
ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် ထိုက်တန်သော်လည်း သူ့ မပေးဟု ထရမ့် ပြောပြန်

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆။

အီရန်နှင့် စစ်မီးတောက်ခဲ့ပြီး ယူကရိန်းတွင် ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဘယ်ငြိမ်းချမ်းရေးဆုကို သူ ရရှိသင့်သည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သော်လည်း ရရှိနိုင်ခြေအပေါ် သံသယရှိကြောင်း ဝန်ခံခဲ့သည်။

နော်ဝေ နိုဘယ်ကော်မတီက သောကြာနေ့တွင် ကြေညာမည့် ၂၀၂၆ ခုနှစ် ဆုနှင့်ပတ်သက်၍ ထရမ့်က "သူတို့ရဲ့ ဆုံးဖြတ်ချက် ဘာဖြစ်မယ်ဆိုတာ ကျနော် မသိပါဘူး။ အနီးစပ်ဆုံး ပြောရရင် ကျနော့်လို လူမျိုးတွေကို ဆုမပေးတတ်တာမျိုး သူတို့မှာ ရှိပါတယ်" ဟု ပြောခဲ့သည်။

လွန်ခဲ့သည့်နှစ်ကတည်းက ထရမ့်သည် ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံးဖြစ်နိုင်သည့် ယင်းဆုနှင့် သူ ထိုက်တန်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

"ဒါက အချိန်တန်ပါပြီ" ဟု ထရမ့်က Oval Office ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။ "ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်တုန်းက ဆုရရှိသူက သမိုင်းမှာ သမ္မတ ထရမ့်ထက် ဒီဆုနဲ့ ထိုက်တန်သူ မရှိပါဘူးလို့ ပြောပြီး ကျနော့်ကို သွယ်ဝိုက်သောအားဖြင့် ပေးအပ်ခဲ့တာကို အရမ်း ဂုဏ်ယူမိပါတယ်"

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို (Maria Corina Machado) သည် နိုင်ငံရှိ ၎င်း၏ ကြိုးပမ်းအားထုတ်မှုများအတွက် အမေရိကန်၏ ထောက်ခံမှုကို ရယူရန် ဇန်နဝါရီလက သူမ၏ ၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကို ထရမ့်ထံ ပေးအပ်ခဲ့သည်။

ဒုတိယအကြိမ် သက်တမ်း သမ္မတ တာဝန်စတင်ယူခဲ့ပြီးကတည်းက ပဋိပက္ခ ၈ ခုတွင် ဝင်ရောက်စွက်ဖက်ဖြေရှင်းပေးခဲ့ပြီး ယခုဆုကို ရရှိသင့်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၊ အစ္စရေးနှင့် ပါကစ္စတန် ခေါင်းဆောင်များက ထရမ့်ကို အမည်စာရင်းတင်သွင်းထားကြောင်း ပြောဆိုထားသော်လည်း ယင်းကို အတည်ပြုရန် နည်းလမ်းမရှိပါ။

ထရမ့် ဖြေရှင်းပေးခဲ့ပြီဟု အခိုင်အမာဆိုထားသည့် အချို့သော ပဋိပက္ခများမှ ပါဝင်ပတ်သက်သူများက အမေရိကန်သမ္မတ၏ သံတမန်ရေးရာ အခန်းကဏ္ဍကို ငြင်းခုံနေကြပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အပါအဝင် အချို့ဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

ဒုတိယအကြိမ် သက်တမ်း ပထမဆုံးနေ့မှာပင် အဆုံးသတ်ပေးမည်ဟု ကတိပြုခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲ ဖြေရှင်းရေးသည် ထရမ့်အတွက် လက်လှမ်းမမီသေးဘဲ ဖြစ်နေသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် ရေနံစိမ်းထောက်ပံ့မှုကို အဟန့်အတားဖြစ်စေပြီး နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဓာတ်ဆီဈေးနှုန်းများကို မြင့်တက်စေသည့် ၇ လကြာ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

ယခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့် ပါလက်စတိုင်းပိုင်နက်များဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့သည် ဆုရရှိရန် ရေပန်းစားနေသူများ ဖြစ်ကြသည်။

ကိုးကား။ ။ Reuters သတင်း Trump says he deserves Nobel Peace Prize but has doubts he will get it

ပုံစာ - စထရက်စ်ဘော့ (Strasbourg) ရှိ ဥရောပပါလီမန် အဆောက်အအုံတွင် ဖွင့်လှစ်ပြသခဲ့သော အမျိုးသားတဦး ပခုံးပေါ်တွင် ခွစီးထားသည့် ကိုယ်လုံးတီး ဒေါ်နယ်ထရမ့် ရုပ်တု/ The Independent
😁50❤7🤔1😭1
သောကအပူတွေကြား ဇာတ်သဘင်တွေနဲ့ ပြန်စည်လာတဲ့ မန္တလေး

ဆောင်းပါး | ဧရာဝတီ၊ အောက်တိုဘာ ၈ ၊ ၂၀၂၆

“ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း” စာဆိုနှင့်အညီ ဝါကျွတ်ကာလ ဆောင်းဝင်သည်တပြိုင်ထဲ မန္တလေးမြို့ ရပ်ကွက်တိုင်းလိုလို ဘုရားပွဲ ကျင်းပကြသည့်အလေ့အထမှာ အစဉ်အလာတခုဖြစ်သော်လည်း ယခုအချိန် ဝါတွင်းကာလ မိုးရာသီမှာပင် ပွဲလမ်းသဘင်များဖြင့် စည်ကားနေလေပြီ။

အထူးသဖြင့် မန္တလေးမြို့ပေါ်မှာ ဇာတ်သဘင်ပွဲများ ခပ်စိပ်စိပ် ပြုလုပ်လာသည်ကို တွေ့ရသည်။

ရာသီဥတုများ ဖောက်လွဲဖောက်ပြန်နေပြီး သဘာဝဘေးအန္တရာယ် ကြုံနေရသည့် မန္တလေးမြို့အပါ အထက်မြန်မာပြည် တွင်လည်း အစိုးမရသည့် ရာသီဥတုကြားမှပင် ခေတ်မီဆန်းသစ်သော အပြင်အဆင်များ၊ ဖျော်ဖြေမှု အတတ်ပညာ များဖြင့် ပရိသတ်ကို ဆွဲဆောင်နေကြသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/08/416877.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎39😁3❤2😭1
👎27👍2🤔2😱1
ဖိလစ်ပိုင်အနီး တရုတ်သင်္ဘောများ နှစ်ဆနီးပါး တိုးလာ

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆။

တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဖွယ် ရေပြင်များတွင် တရုတ်စစ်သင်္ဘောနှင့် ကမ်းခြေစောင့်တပ် သင်္ဘောများ စေလွှတ်မှု အရေအတွက်မှာ လွန်ခဲ့သောလအတွင်း နှစ်ဆနီးပါး တိုးလာကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။ စက်တင်ဘာလအတွင်း အငြင်းပွားဖွယ် နေရာလေးခုဝန်းကျင်၌ တရုတ်သင်္ဘော ၁၀၁ စီးအထိ တွေ့ရှိခဲ့ရပြီး သြဂုတ်လက ၅၆ စီးနှင့် ဇူလိုင်လက ၄၈ စီးရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုများ တိုးမြင့်လာခြင်းနှင့်အတူ ရေပြင်နှင့် ဝေဟင်တွင် နှစ်ဖက် ရင်ဆိုင်တွေ့ဆုံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။ ပြီးခဲ့သည့် သီးတင်းပတ်ကုန်က Scarborough Shoal အနီးတွင် ဖိလစ်ပိုင် ကင်းလှည့်လေယာဉ် အနီးသို့ တရုတ်တိုက်လေယာဉ်တစီးက အန္တရာယ်ရှိသော မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်ဟု မနီလာက စွပ်စွဲခဲ့သည်။ သို့သော် တရုတ်ဘက်ကမူ ဖိလစ်ပိုင်လေယာဉ်သည် ခွင့်ပြုချက်မရှိဘဲ မိမိပိုင်နက်ထဲ ဝင်ရောက်လာ၍ လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ငြင်းဆိုထားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်အများစုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသော်လည်း ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ခုံရုံးက တရုတ်၏ တောင်းဆိုချက်များတွင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ဖိလစ်ပိုင်သည် မိမိ၏ သီးသန့်စီးပွားရေးဇုန်အတွင်း ကင်းလှည့်ခြင်းနှင့် စိစစ်စောင့်ကြည့်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဤရင်ဆိုင်တွေ့ဆုံမှုများသည် အမေရိကန်၏ လုံခြုံရေးကတိကဝတ်များကြောင့် အခြေအနေကို ပိုမိုတင်းမာစေသည်။ အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ၁၉၅၁ ခုနှစ် ကတည်းက အပြန်အလှန်ကာကွယ်ရေးစာချုပ် (Mutual Defense Treaty) ချုပ်ဆိုထားပြီး၊ တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်စစ်တပ်၊ သင်္ဘော သို့မဟုတ် လေယာဉ်များ တိုက်ခိုက်ခံရပါက ယင်းစာချုပ်အရ အမေရိကန်က ဝင်ရောက်ကူညီမည်ဟု အကြိမ်ကြိမ် သတိပေးပြောကြားထားသည်။

ကိုးကား။ ။ Fox News သတင်း Chinese military activity nearly doubles around key US ally in disputed waters

ပုံစာ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က Scarborough Shoal အနီးတွင် ဖိလစ်ပိုင်သင်္ဘော နောက်မှ တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောတစ်စီး နောက်ယောင်ခံ လိုက်ပါနေစဉ်/ AFP
👎28❤8👍5🤔1😱1
အန်ဝါ-မင်းအောင်လှိုင် ဆွေးနွေးပွဲ နောက်ကွယ် နိုင်ငံရေး ရည်ရွယ်ချက်များ ရှိနေ

သတင်း | ဖိုးတာ ၊ အောက်တိုဘာ ၈၊ ၂၀၂၆။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် မလေးရှားရောက် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးကိစ္စကို အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရသော်လည်း၊ ဤတွေ့ဆုံမှုသည် လူ့အခွင့်အရေး မူဝါဒများအပေါ် အခြေခံခြင်း မဟုတ်ဘဲ ခေါင်းဆောင်နှစ်ဦးစလုံး၏ နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချမှုတခုမျှသာ ဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။

ခရီးစဉ်အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသည့်ကြားမှ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်သည် အန်ဝါ၏ ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်တွင် ကွာလာလမ်ပူသို့ ရောက်ရှိခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်းတွင် နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲ (Business Dialogue) သို့ တက်ရောက်ခဲ့သည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေကြသော “တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် မြန်မာနိုင်ငံသားများကို ဂုဏ်သိက္ခာရှိစွာ၊ ဘေးကင်းလုံခြုံစွာနှင့် မိမိဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေး” အပါအဝင် အဓိက နှစ်နိုင်ငံရေးရာကိစ္စများကို အန်ဝါနှင့် မင်းအောင်လှိုင်တို့ ဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/08/416884.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎43❤5👍3🤔1😭1