The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👎30😁10❤1
ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို အမည်တင်သွင်း

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

အမျိုးသား စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းခဲ့သည်။

လက်ရှိ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အစားထိုး ခန့်အပ်မှုအပေါ် ကန့်ကွက်လိုသူ ရှိပါက မနက်ဖြန် နောက်ဆုံးထား၍ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အထောက်အထားနှင့်တကွ အမည်စာရင်းပေးနိုင်ကြောင်းလည်း ကြေညာခဲ့သည်။

အာဏာသိမ်းသမ္မတ အနေဖြင့် မကြာသေးမီကလည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ နေရာတွင် ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အစားထိုး ခန့်အပ်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးကိုပါ အပြောင်းအလဲလုပ်ရန်ဆောင်ရွက်လာခြင်းဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ်လည်း ဒေါက်တာ ကိုကိုလွင်ကို ယနေ့ အမည်စာရင်း တင်သွင်းခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကိုလည်း ကျန်းမာရေးဝန်ကြီးသစ်အဖြစ် ဒေါက်တာ သက်ခိုင်ဝင်း၏ နေရာတွင် အစားထိုး ခန့်အပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁37❤8👎6👍2
Media is too big
VIEW IN TELEGRAM
နီပေါနိုင်ငံမှာ ရုတ်တရက်ရေကြီးမှုကြောင့် နေအိမ်တွေမျောပါသွားပြီး အနည်းဆုံး လူ ၅ ဦးပျောက်ဆုံးနေ

နီပေါနိုင်ငံအလယ်ပိုင်း ဂေါ်ခါခရိုင်မှာ တနင်္ဂနွေနေ့က ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့မှုကြောင့် ခန့်မှန်းခြေ နေအိမ် ၃၅ လုံးကနေ ၄၀ အထိ ရေစီးထဲမျောပါသွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦးပျောက်ဆုံးနေပါတယ်။

#နီပေါ #ရေကြီး #ဂေါ်ခါခရိုင်
😱26😭19❤2😁1
👍23👎3😁3❤2😱1
မြန်မာခရိုနီအချို့ကို အမေရိကန် ပိတ်ဆို့မှု ပယ်ဖျက်ခြင်းအပေါ် JFM ရှုတ်ချ

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

အမေရိကန်အစိုးရက မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် ခရိုနီများကို ဒဏ်ခတ်ပိတ်ဆို့မှု တိုးချဲ့ချမှတ်ပြီး ပိုမိုတင်းကျပ်စွာ အကောင်အထည် ဖော်ရမည့်အစား ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေးနေကြောင်း၊ ထိုလုပ်ရပ်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ရွှေဗျိုင်းဖြူ ပိုင်ရှင်၏ သမီးဖြစ်သူ သိမ့်ဝင်းထက်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်က ရုပ်သိမ်းပေးခဲ့သည်။

အမေရိကန်၏ အဆိုပါဆုံးဖြတ်ချက်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း သိမ့်ဝင်းထက်၏ မိခင် တင်လတ်မင်း၊ လက်နက်ပွဲစားများဖြစ်ကြသည့် အောင်လှိုင်ဦးနှင့် စစ်တိုင်းအောင်၊ စစ်တပ်နှင့် စီးပွားရေး ဆက်နွှယ်သူ ဂျော်နသန်မျိုးကျော်သောင်းနှင့် ၎င်းတို့၏ ကုမ္ပဏီများကို ဒဏ်ခတ်ပိတ် ဆို့မှုစာရင်းမှ ပယ်ဖျက်ခဲ့ပြီးနောက် ထပ်မံ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း JFM က ဆိုသည်။

စစ်တပ်သည် အရပ်သားပြည်သူများနှင့် အရပ်ဘက် အခြေခံအဆောက် အအုံများအပေါ် နိုင်ငံတကာ ရာဇဝတ်မှုမြောက်နိုင်သည့် တိုက်ခိုက်မှုများကို အရှိန်မြှင့် ဆောင်ရွက်နေပြီး အဆိုပါ ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နိုင်ခြင်းမှာ ဘဏ္ဍာငွေ၊ စစ်လက်နက်များနှင့် လေယာဉ်ဆီများကို ဆက်လက် ရရှိနေခြင်းကြောင့်ဖြစ်ကြောင်း JFM က ဖော်ပြသည်။

ထိုသို့ စစ်အုပ်စု၏ အကြမ်းဖက် စစ်ဆင်ရေးများကို အားပေးကူညီခြင်းနှင့် ယင်းတို့မှ အကျိုးအမြတ် ရရှိနေသည့် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် ကွန်ရက်များအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လွှမ်းခြုံနိုင်ရန် စစ်အုပ်စုနှင့် စစ်တပ်ဆက်နွှယ် ခရိုနီများအား ပိတ်ဆို့မှုများကို အရေးတကြီး တိုးချဲ့ချမှတ်ရန် လိုအပ်ကြောင်း JFM က တိုက်တွန်းထားသည်။

ထို့ပြင် အမေရိကန်အစိုးရက ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည်ဟူသော သတင်းများအပေါ်လည်း အလွန်စိုးရိမ်ကြောင်း JFM က ထုတ်ဖော်ပြောဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် ၂၀၁၀ ပြည့်နှစ် အငြင်းပွားဖွယ် ရွေးကောက် ပွဲအပြီး ကာလတွင် ကျူးလွန်ခဲ့သည့် အမှားများမှ သင်ခန်းစာယူသင့်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမရှိဘဲ ဆက် လက် ကျူးလွန်နေသည်ဟု JFM က စွပ်စွဲထားသည့် စစ်တပ်ကို အလျှော့ပေးခြင်း၊ ချော့မော့ဆက်ဆံခြင်း မပြုသင့်ကြောင်း JFM က တိုက်တွန်းသည်။

ယင်းသို့ ခရိုနီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက် ရုပ်သိမ်းပေးခြင်းသည် စစ်အုပ်စု၏ ဘဏ္ဍာရေးနှင့် စီးပွားရေး ကွန်ရက်များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများအပေါ် ထိခိုက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍43❤7😁3😱2
👍18
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

ဆန်

အာဏာသိမ်းအစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ ဆန်ကြမ်း ၁ အိတ် (အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်
ပြင်ပဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၅,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေပြီး
ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာ ၄,၅၉၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၄,၇၇၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၅၈၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၅၇၅ ကျပ်
စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၅၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၂၁၀
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍37❤11👎2
👎24👍2😭2😁1
The Central ကွန်ဒိုတာဝန်ရှိသူများအား ဝယ်သူတို့ အဆက်အသွယ် မရ၊ တိမ်းရှောင်နေ ဟုဆို

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

ရန်ကုန်မြို့ရှိ The Central ကွန်ဒိုစီမံကိန်းကို တာဝန်ယူစီမံခန့်ခွဲနေသူများ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ကြားသိရပြီး စီမံကိန်းတာဝန်ရှိသူများထံ ဆက်သွယ်၍ မရတော့ကြောင်း အခန်းဝယ်ယူထားသူများက ပြောသည်။

အခန်း ဝယ်ယူထားသူတဦးက “တာဝန်ရှိသူတွေ ထွက်ပြေးသွားပြီလို့ ကြားတာပါပဲ။ ဒီရက်ပိုင်းအတွင်းသူတို့ဘက်က ဆက်သွယ်လာတာ မရှိသလို ကျမတို့ဘက်ကလည်း သူတို့ကို ဆက်သွယ်လို့ မရဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ဘာမှပြောလာတာ မရှိဘူး။ ကျမတို့လည်း စောင့်မျှော်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် စီမံကိန်း၏ အရောင်းပြခန်း ဝန်ထမ်းများကိုဆက်သွယ်၍ မရသည့်အပြင် ဝန်ထမ်းအချို့ကို မေးမြန်းရာတွင်လည်း အလုပ်ထုတ်ခံထားရသည်ဟု သိရကြောင်း အခန်း ဝယ်ယူထားသူများက ဆိုကြသည်။

The Central ကွန်ဒို စီမံကိန်းသည် ရန်ကုန်မြို့ရှိ အချက်အချာကျသော ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်တွင် တည်ရှိပြီး အခန်း အမျိုးအစားအလိုက် တခန်းလျှင် ကျပ်သိန်း ၁ သောင်းကျော်မှ သိန်း ၃ သောင်းကျော်အထိ ဈေးနှုန်းရှိကာ ကြိုပွိုင့်ဝယ်ထားသူများမှာလည်း ကျပ်သိန်း ၁ သောင်းကျော်မှ ၂ သောင်းဝန်းကျင်အထိ ပေးသွင်းထားရသော်လည်း အခန်းလွှဲပြောင်းပေးရမည့် ကာလကျော်သည့်တိုင် လွှဲပြောင်းပေးနိုင်ခြင်းမရှိသဖြင့် ပြဿနာများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်မှ စတင်ကာ အာဏာသိမ်းအစိုးရ၏ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က The Central အား စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

The Park ကွန်ဒို အခန်း ဝယ်ယူထားသူတဦးကလည်း “ဆက်သွယ်လို့ မရတော့တဲ့အပြင် အခုသတင်းတွေအရ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ပစ္စည်းတွေကို ရွှေ့ပြောင်းနေပါတယ်။ စစစ က ခေါ်ယူစစ်ဆေးတယ်ဆိုပြီး သတင်းတွေ ထွက်လာပေမယ့် အောက်တိုဘာ ၁၂ ရက်ကနေ ၁၆ ရက်အထိ ရုံးဖွင့်ရက်တွေအတွင်း သတင်းမရဘဲ တစုံတရာ တိုးတက်မှု မရှိဘူးဆိုရင် နောက်ထပ် ကြုံတွေ့လာရနိုင်တဲ့ နစ်နာမှုတွေနဲ့ ဆုံးရှုံးမှုတွေကို ကြိုတင်ကာကွယ်ဖို့ အရန်အစီအစဉ်တွေ ချထားဖို့ လိုအပ်လာပါလိမ့်မယ်” ဟု ပြောဆိုသည်။

ယခု အခြေအနေနှင့် ပတ်သက်၍ အာဏာသိမ်းအစိုးရဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသလို Marga Landmark Development ကုမ္ပဏီကမူ စီမံကိန်းကို ရပ်ဆိုင်းမည် မဟုတ်ဘဲ အပြီးသတ် ဆောက်လုပ်ကာ ဝယ်ယူသူများထံ အခန်း လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

စီမံကိန်းကို ပြန်လည် စတင်နိုင်ပါက အခန်းများ လွှဲပြောင်းပေးနိုင်မည့်ကာလသည်၂၀၃၀ ပြည့်နှစ်ကျော်မှသာ ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်နောက်ပိုင်း ကုမ္ပဏီဘက်က ထပ်မံ ပြောဆိုထားခြင်း မရှိသေးကြောင်း သိရသည်။

အခန်း ဝယ်ယူထားသူ ၁၀၀ ကျော်က စုပေါင်း ဖွဲ့စည်းထားသည့် The Central Buyers Group ကလည်း Marga Landmark Development ကုမ္ပဏီသည် ဝယ်ယူသူများနှင့် ထိတွေ့ဆက်ဆံရန် ပျက်ကွက်နေခြင်း၊ စီမံကိန်းပြီးစီးမည့် အချိန်ဇယားများကို ဝယ်ယူသူများနှင့် ကြိုတင် ညှိနှိုင်းခြင်း မရှိဘဲ တဖက်သတ် ကြေညာခြင်းတို့အပေါ် စိုးရိမ်မှုရှိကြောင်းထုတ်ပြန်ထားပြီး ယင်းပြဿနာများကို ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎31😁13❤6😭6👍2
• စစ်တပ်ထိပ်ပိုင်းနေရာတွေ အပြောင်းအလဲလုပ်
• အာဏာသိမ်းစစ်တပ်ရဲ့ စစ်ယာဉ်တန်း ကချင်ကိုဝင်
• မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းကို စစ်တပ်ဗုံးကြဲ
• ခရိုနီမိသားစုဝင်ကို ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်တဲ့ အမေရိကန်ကို JFM ရှုတ်ချ
• ဆော်ဒီလေဆိပ် တိုက်ခိုက်ခံရမှုကို R4 နိုင်ငံတွေက ပြစ်တင်ရှုတ်ချ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၂၊ ၂၀၂၆
https://youtu.be/xbIP1jY2bIo

#မြန်မာ #ဧရာဝတီ #စစ်တပ် #ရာထူး #ကချင် #မဟာစည်ဆရာတော် #စစ်ကိုင်း #ခရိုနီ #ရွှေဗျိုင်းဖြူ #JFM #အမေရိကန် #ဆော်ဒီ #လေဆိပ် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍35❤5🤔1
ဘီလာရုကယူမယ့်အကြွေး မြန်မာပြည်သူတွေ ကြွေးနွံနစ်မှာစိုးရိမ်

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

အာဏာသိမ်းအစိုးရ က ဘီလာရုစ်နိုင်ငံဆီကနေ အတိုးနှုန်း ၂ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကျော်အထိ ပေးရမယ့် ပို့ကုန်ချေးငွေတွေ ရယူဖို့ လုပ်ဆောင်နေတာဟာ နိုင်ငံ့ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေပြီး နောက်ဆုံးမှာ ပြည်သူတွေအပေါ် တိုက်ရိုက်ရိုက်ခတ်လာနိုင်တယ်လို့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

အာဏာသိမ်းခေါင်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့ ဘီလာရုစ် အစိုးရပိုင်ဘဏ်တွေဆီကနေ အခုလို အတိုးနှုန်းမြင့် ချေးငွေတွေ ရယူမယ့် အခြေအနေကို စစ်အစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က စစ်ဗိုလ်ချုပ်တွေ ဖန်တီးထားတဲ့ လွှတ်တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က ပြောဆိုခဲ့တာပါ။

ငွေချေးယူပြီးတနှစ်ကြာတာနဲ့ ချက်ချင်း ပြန်လည်ပေးဆပ်ရမယ့် ဒီချေးငွေတွေရဲ့ မြင့်မားတဲ့ အတိုးနှုန်းတွေကြောင့် နိုင်ငံတော်ရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုး ပိုမိုဆိုးရွားလာမှာဖြစ်သလို၊ အဲဒီအကျိုးဆက်ဟာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်ဝန်ပိကျရောက်လာမှာကို စီးပွားရေးလေ့လာသုံးသပ်သူတွေက စိုးရိမ်တကြီး ထောက်ပြနေကြတာ ဖြစ်ပါတယ်။

https://youtu.be/z_sqEbRa4yk

#မြန်မာ #ဧရာဝတီ #ဘီလာရု #အကြွေး #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤27👍17👎14😭3🤔2
ဝိဇ္ဇာဓရနည်းဖြင့်ကုသည့် အခမဲ့ဆေးခန်း ဝေဖန်မှုကြောင့် ပိတ်လိုက်ရ

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

အမျိုးသား၊ အမျိုးသမီး၊ ကလေးလူကြီး သက်ကြီးရွယ်အိုပါမကျန် လူရာပေါင်းများစွာကို ဒူးနေရာဒူး တော်နေရာတော် ဆိုသလို ဒူးတိုက်၊ ခြေကန်၊ လက်ဝါးစောင်းခုတ် ကုသပေးသည့် လူမှုကွန်ရက်ပေါ်က ရုပ်သံများကြောင့် ဝေဖန်မှုများ ထွက်လာအပြီး ဆရာဦးနေလင်းအောင်ဆိုသူ၏ ဆေးကုသည့်နေရာကို ယမန်နေ့က အာဏာပိုင်တို့မှ ပိတ်လိုက်သည်။

ကုသနေသည့်နေရာက ရန်ကုန်မြို့၊ မြောက်ဒဂုံ (၄၂) ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း အခမဲ့ကုသပေးနေ ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းဖြစ်သဖြင့် ပရဟိတဆေးကုသခွင့် မရှိသောကြောင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ပိတ်ခိုင်းလိုက်ခြင်းဖြစ်ကြောင်း မြောက်ဒဂုံမြို့ခံ အမျိုးသားတဦးက ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/12/416996.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁35👍16❤2😱2
ဒုက္ခသည်တွေ ဖန်တီးသူကို မလေးရှားက ကယ်တင်ရှင်ထင်

ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆

မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြို့တွေကို ဗုံးကြဲနေသရွေ့၊ လူငယ်တွေကို စစ်ထဲ အတင်းအကျပ် ဆွဲသွင်းနေသရွေ့၊ အရပ်သားတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးအောင် လုပ်နေသရွေ့တော့ ဒုက္ခသည်တွေ ဖန်တီးခဲ့သူ ကိုယ်တိုင်က သူတို့ ပြန်လာနိုင်ရေးအတွက် အာမခံပေးမယ့်သူ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

https://youtu.be/KiRSXl6FKoo

#မြန်မာ #ဧရာဝတီ #မလေးရှား #မင်းအောင်လှိုင် #အာဆီယံ #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍36❤12😁11
Media is too big
VIEW IN TELEGRAM
အွန်လိုင်း မှာ ငွေလိမ်မခံရအောင် ဒါတွေ သတိထားပါ

ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆

စီးပွားရေးပိုမိုကျပ်တည်းလာနေတဲ့ မြန်မာပြည်မှာ ငွေကြေးလိမ်လည်မှုတွေကိုပုံစံမျိုးစုံနဲ့ တွေ့လာရပါတယ်။ ဘယ်လိုပုံစံတွေနဲ့ လိမ်နေကြသလဲ..အလိမ်မခံရအောင် ဘာတွေသတိပြုဖို့လိုမလဲဆိုတာကို ဒီဗီဒီယိုမှာ ပြောပြထားပါတယ်။

#Scam #Myanmar #impersonation #RomanceScam #vishing #phishing #gambling #မြန်မာ #ကျားဖြန့် #လိမ်ညာ #ငွေကြေး #စီးပွားရေး #warning #IRWENG #Explainer
❤29👍15
❤39👍10
စီးပွားရေး ကျဆင်းမှုများကို ဖြေရှင်းရန် ပုံစံများ ရေးဆွဲသူ အမေရိကန် နှစ်ဦး နိုဘယ်လ်ဆု ရရှိ

ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆။

အစိုးရများနှင့် ဗဟိုဘဏ်များအနေဖြင့် ပြင်ပရိုက်ခတ်မှုများ၏ သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် ထိန်းညှိပြီး စီးပွားရေးကို တည်ငြိမ်စေရန် ကူညီပေးသည့် စီးပွားရေး ပုံစံသစ်များကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် အမေရိကန် ပါမောက္ခများဖြစ်ကြသော ရောဘတ် အီး ဟောလ် (Robert E. Hall) နှင့် မိုက်ကယ် ဝုဒ်ဖို့ဒ် (Michael Woodford) တို့သည် ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို ဆွတ်ခူးသွားခဲ့ကြသည်။

ဆွီဒင် တော်ဝင် သိပ္ပံအကယ်ဒမီသည် တနင်္လာနေ့က စတော့ဟုမ်းမြို့တွင် အဆိုပါဆုကို ရှင်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

"ဆုရရှိသူတွေဟာ စီးပွားရေးရဲ့ အတက်အကျတွေကို မျှတငြိမ်သက်သွားအောင် ကူညီပေးကြပါတယ်" ဟု အကယ်ဒမီက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ပုံစံငယ်များသည် "ကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိခဲ့တဲ့ စီးပွားရေး ကျဆင်းမှုတွေကို ဖြေရှင်းရာမှာ အလွန်ပင် အထောက်အကူဖြစ်ခဲ့ပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

၁၉၄၃ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအာတိုမြို့၌ မွေးဖွားခဲ့သည့် ဟောလ်သည် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ်၊ ချီကိုပီမြို့၌ မွေးဖွားခဲ့သည့် ဝုဒ်ဖို့ဒ်မှာမူ ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သည်။ ၎င်းတို့သည် ဆုကြေးငွေအဖြစ် ဆွီဒင်ခရိုနာ ၆ သန်း (ဒေါ်လာ ၅၉၈,၀၀၀) စီ ရရှိကြမည်ဖြစ်သည်။

၎င်းတို့၏ သုတေသနလုပ်ငန်းသည် "ကမ္ဘာတဝန်းရှိ ဗဟိုဘဏ်များနှင့် အစိုးရများ လက်ရှိအသုံးပြုနေသည့် ပုံစံများအတွက် ခိုင်မာသော သီအိုရီအခြေခံကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်" ဟု စီးပွားရေးသိပ္ပံဆိုင်ရာ ဆုရွေးချယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ ဂျွန် ဟက်စလာ (John Hassler) က မှတ်ချက်ပြုခဲ့သည်။

ဟောလ်နှင့် ဝုဒ်ဖို့ဒ်တို့သည် ငွေကြေးဖောင်းပွမှု၊ ထုတ်လုပ်မှုနှင့် သုံးစွဲမှုစသည့် "မက်ခရို စီးပွားရေး" (Macroeconomics) ဆိုင်ရာ ကိန်းဂဏန်း အပြောင်းအလဲများကြား ဆက်စပ်မှုကို သုံးသပ်ရုံမျှ မဟုတ်ဘဲ တဦးချင်းနှင့် အိမ်ထောင်စုများ၏ ဆုံးဖြတ်ချက်များက စီးပွားရေးအပေါ် မည်သို့ သက်ရောက်နိုင်သည်ကို နားလည်ရန် "မိုက်ခရို စီးပွားရေး" (Microeconomics) ဘက်သို့ ဦးလှည့်လေ့လာခဲ့ကြသည်။

၎င်းတို့ ပုံစံငယ်များ၏ အဓိက အချက်မှာ အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများသည် စုဆောင်းငွေ သို့မဟုတ် ကုန်ပစ္စည်းဈေးနှုန်း သတ်မှတ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ "အနာဂတ်ကို ကြိုတင်မျှော်တွေး လှမ်းကြည့်လေ့ရှိကြသည်" ဟူသော တွေ့ရှိချက်ဖြစ်သည်။

အစိုးရများနှင့် ဗဟိုဘဏ်များသည် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများဆိုင်ရာ ၎င်းတို့၏ အစီအစဉ်များကို ဆက်သွယ်အသိပေးသည့်အခါ အနာဂတ်ဆိုင်ရာ ဤရှုထောင့်အပေါ် လွှမ်းမိုးနိုင်ပြီး ထိုမှတဆင့် "စီးပွားရေးကို မှန်ကန်သော လမ်းကြောင်းသို့ ဦးတည်စေနိုင်သည်" ဟု အကယ်ဒမီက ပြောကြားခဲ့သည်။

တရားဝင်အားဖြင့် "Sveriges Riksbank Prize in Economic Sciences" ဟု လူသိများသည့် ဤစီးပွားရေးဆုကို အာဖရက် နိုဘယ်လ် (Alfred Nobel) က စတင်တည်ထောင်ခဲ့ခြင်း မဟုတ်ပေ။ ၎င်းဆုကို ဆွီဒင်ဗဟိုဘဏ်က ၁၉၆၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုဘယ်လ်ကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ယခုအချိန်အထိ ဤဆုကို ရရှိခဲ့သည့် တသီးပုဂ္ဂလ စာရင်းမှာ ၁၀၁ ဦးအထိ ရှိလာပြီဖြစ်သော်လည်း ထိုအထဲတွင် အမျိုးသမီး ၃ ဦးသာ ပါဝင်သည်။ ၁၉၆၉ ခုနှစ်မှစ၍ ပေးအပ်ခဲ့သော ဆုများ၏ ထက်ဝက်ကျော်မှာ ဆုရှင်တဦးတည်းထံသို့ သီးသန့် ရောက်ရှိခဲ့ခြင်း မဟုတ်ဘဲ ပူးတွဲရရှိခဲ့ကြခြင်းဖြစ်သည်။

စီးပွားရေးဆုသည် ယခုနှစ်၏ နိုဘယ်လ်ဆုပေးပွဲများကို နိဂုံးချုပ်လိုက်ခြင်းဖြစ်သည်။ သောကြာနေ့က တောင်အာဖရိက တရားသူကြီးနှင့် လူ့အခွင့်အရေး ပိသုကာဖြစ်သူ နာဗီ ပိလေး (Navi Pillay) အား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့သည်။ ထို့အပြင် မတိုင်မီ တရက်ကလည်း ကနေဒါ စာရေးဆရာမ အန်း ကာဆန် (Anne Carson) သည် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ဆွတ်ခူးသွားခဲ့သည်။

ကိုးကား။ ။ CNN သတင်း Two Americans win Nobel prize for models to tackle economic downturns

ပုံစာ - အမေရိကန် ပါမောက္ခများဖြစ်ကြသော ရောဘတ် အီး ဟောလ် (ဝဲ) နှင့် မိုက်ကယ် ဝုဒ်ဖို့ဒ် (ယာ)
❤40👍17
😁43👎5
ဒီဇယ်ဈေးကြီးတာ ယူကရိန်းကြောင့်ဟု ထရမ့် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆။

သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့် ချုပ်ဆိုခဲ့သော ဒီဇယ်ဆီ သဘောတူညီချက်ကို တနင်္လာနေ့တွင် ကာကွယ်ပြောဆိုခဲ့သည်။ ယူကရိန်းအပေါ် ကျူးကျော်မှုကို မော်စကိုမှ မရပ်တန့်မချင်း ရုရှားစွမ်းအင် တင်သွင်းမှုကို ပိတ်ပင်ထားသည့် အမေရိကန်ဥပဒေအား ထိုသဘောတူညီချက်က ချိုးဖောက်သည်ဟု ပါတီနှစ်ခုစလုံးမှ ဥပဒေပြုအမတ်များက မကျေမနပ် ပြောဆိုခဲ့ကြသည်။

ရုရှားရေနံ ပို့ကုန်များအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူညီချက်သည် မြင့်မားနေသော လောင်စာဆီဈေးနှုန်းများကို ကျဆင်းစေရန် ကူညီပေးလိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။ သို့သော်လည်း လာမည့်သုံးလအတွင်း ရုရှားက ထောက်ပံ့ပေးမည်ဟု ထရမ့်ပြောဆိုထားသည့် ဒီဇယ်ပမာဏသည် ကမ္ဘာ့ဒီဇယ်ဆီ ၁၂ နာရီစာ စားသုံးမှုမျှသာ ရှိသောကြောင့် ဈေးနှုန်းများကျဆင်းစေမည်ကို အကဲခတ်အချို့က သံသယဖြစ်ခဲ့ကြသည်။

သောကြာနေ့တွင် ရုရှားက ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်ဆီ ထောက်ပံ့ပေးရန် သဘောတူညီခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့သည် ယူကရိန်းစစ်ပွဲအတွက် မော်စကို၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန် ရည်ရွယ်ထားသော ရုရှားလောင်စာဆီအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ယာယီရုပ်သိမ်းပေးခဲ့သည်။ တနင်္လာနေ့တွင်မူ ထိုသဘောတူညီချက်သည် အမေရိကန် တောင်သူများနှင့် မွေးမြူရေးခြံပိုင်ရှင်များကို ကူညီပေးလိမ့်မည်ဟု ထရမ့်က ပြောကြားခဲ့သည်။

လွန်ခဲ့သော ခုနစ်လက အီရန်ကို ထရမ့် စစ်ကြေညာခဲ့ပြီးနောက်ပိုင်း ဒီဇယ်ဈေးနှုန်းသည် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကာ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန် လွှတ်တော်၌ ရီပတ်ဘလစ်ကန်များ အသာစီးရရှိထားမှုကို ခြိမ်းခြောက်လျက်ရှိသည်။

တနင်္ဂနွေနေ့တွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် အမေရိကန် အထက်လွှတ်တော်အမတ်တစုက ထရမ့်အနေဖြင့် ရုရှားနှင့် ချုပ်ဆိုထားသည့် ဒီဇယ်ဆီ ထောက်ပံ့ရေး သဘောတူညီချက်ကို "နောက်ပြန်လှည့်ရန်" တောင်းဆိုခဲ့ကြသည်။ ၎င်း သဘောတူညီချက်သည် ရုရှားကျူးကျော်သူများကို တွန်းလှန်ရန် ယူကရိန်းအား ကူညီရေး ၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

"ကျနော်တို့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုတင်းကျပ်သင့်တာပါ။ ရုရှားဒီဇယ် တင်သွင်းခွင့်ပြုပြီး ပိတ်ဆို့မှုတွေကို မလျော့ချသင့်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ ဩဇာအာဏာကို ပျက်စီးစေပြီး မဟာမိတ်တွေရဲ့ ယုံကြည်မှုကို ထိခိုက်စေသလို ရန်သူတွေကိုလည်း ပိုမိုရဲတင်းလာစေပါတယ်" ဟု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျယ်ရီမိုရန်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

သို့သော် ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာရသည့် အဓိကအကြောင်းအရင်းမှာ ရုရှားရေနံချက်စက်ရုံများအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့်ဖြစ်သည်ဟု ထရမ့်က အပြစ်တင်ခဲ့သည်။

"ကျနော်ဟာ အမေရိကန်ပြည်သူတွေအတွက် မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့တာပါ။ အမြဲတမ်း အမေရိက ပထမပါပဲ! သမ္မတ ဒေါ်နယ် ဂျေ ထရမ့်" ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

တနင်္လာနေ့တွင် အိုဟိုင်းယိုးပြည်နယ်သို့ ခရီးစဉ်မထွက်ခွာမီ အိမ်ဖြူတော်မှ ထွက်ခွာချိန်၌ သတင်းထောက်များအား ထရမ့်က ၎င်း၏ပါတီဝင်များ၏ ဝေဖန်မှုများကို ပယ်ချခဲ့သည်။

"ဒီအမတ်တွေဟာ တကယ်တမ်း လေးလေးနက်နက် စဉ်းစားနေကြတာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ ရေနံအပေါ် ကန့်သတ်ချက်တွေ ကျနော်တို့ လုပ်နိုင်တာမှန်ပေမဲ့ အဲဒီလိုလုပ်ရင် ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာ အလွန်တရာ ဆိုးဆိုးရွားရွား ထိခိုက်သွားပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကုန်က ရုရှားရေနံချက်စက်ရုံများအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထရမ့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမား ဇယ်လန်းစကီးတို့ အပြန်အလှန် အငြင်းပွားခဲ့ကြသည်။ ယူကရိန်းအနေဖြင့် သမ္မတသစ်တဦး လိုအပ်နေပြီဟု ထရမ့်က ပြောကြားခဲ့ပြီး ရုရှားက ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူပါက ရွေးကောက်ပွဲကျင်းပပေးမည်ဟု ဇယ်လန်းစကီးက ကတိပြုခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တဦးနှင့် တဦး၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် သဘောတူခဲ့ကြကြောင်း ထရမ့်က တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ သို့သော် ထိုသဘောတူညီချက်မျိုး တည်တံ့မည်၊ မတည်တံ့မည်ဆိုသည်မှာ မရေမရာဖြစ်နေသည်။

"ကဲ၊ သူတို့ သဘောတူခဲ့ကြပါပြီ။ ကျနော် သဘောတူတယ်လို့ ပြောလိုက်လို့ သူတို့ သဘောတူခဲ့ကြတာပါ။ ... အဲဒီစစ်ပွဲ သိမ်းရတော့မယ်" ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပက်စကော့ဗ်က ထရမ့် ကြေညာခဲ့သည့် စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ အဆက်အသွယ်များ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသည် ရေနံချက်စက်ရုံများအတွက်သာ သက်ရောက်မည်လား ဆိုသည်ကိုမူ ၎င်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
😁48❤6👎5👍1
ယူကရိန်းသမ္မတ ဗိုလိုဒီမား ဇယ်လန်းစကီးက ကိယက်ဗ်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လိုလားသော်လည်း နှစ်ဖက်စလုံးက လိုက်နာရမည်ဟု ပြောကြားခဲ့သည်။ ရုရှားသည် တနင်္လာနေ့တွင် ယူကရိန်းစွမ်းအင်စက်ရုံ ခြောက်ခုကို တိုက်ခိုက်ခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ဆန္ဒမရှိသည်မှာ "ပိုမိုထင်ရှားလာသည်" ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားရေနံချက်စက်ရုံများအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုများသည် လောင်စာဆီဈေးနှုန်း မြင့်တက်ရသည့် အဓိကအကြောင်းအရင်း မဟုတ်ကြောင်း ဖော့စ်နယူးစ် (Fox News) ၏ "America's Newsroom" အစီအစဉ်တွင် ဇယ်လန်းစကီးက တနင်္လာနေ့၌ ပြောကြားခဲ့သည်။

"ဒီဇယ်ဆီဈေးနှုန်းတွေဟာ ရုရှားမှာရှိတဲ့ ဒီဇယ်စက်ရုံတွေကို ကျနော်တို့ တိုက်ခိုက်တာနဲ့ မဆိုင်ဘူးဆိုတာ လူတိုင်း နားလည်ပါတယ်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့ခံထားရတာနဲ့ ဆိုင်တယ်ဆိုတာကိုပဲ လူတိုင်း နားလည်ကြတာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား။ ။ Reuters သတင်း Trump defends Russia diesel deal as lawmakers from both parties complain

ပုံစာ - ၂၀၂၅ ဖေဖော်ဝါရီ အိမ်ဖြူတော်၌ ဇယ်လန်းစကီးနှင့် ထရမ့် တွေ့ဆုံစဉ်/ AFP
👍36😁7❤4
Media is too big
VIEW IN TELEGRAM
သားဖြစ်သူရဲ့ ဂိမ်းစွဲလမ်းမှုကို နားလည်ဖို့ ဂိမ်းကစားရာကနေ ဂိမ်း Streamer ဖြစ်လာတဲ့ အသက် ၆၀ အရွယ် တရုတ်အမျိုးသမီး

အောက်တိုဘာ ၁၃၊ ၂၀၂၆

တရုတ်နိုင်ငံက အသက် ၆၀ အရွယ်အမျိုးသမီးတဦးဟာ နာမည်ကြီးတဲ့ ဂိမ်း streamer တဦး‌ဖြစ်လာခဲ့ပြီး သက်ကြီးရွယ်အိုတွေအပေါ်ထားရှိတဲ့ လူထုရဲ့အမြင်ကို လုံး၀ပြောင်းလဲလိုက်ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #onlinegaming #gamer #streamer
👍30😁3❤2👎2🤔1