The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
Media is too big
VIEW IN TELEGRAM
America's Got Talent ရဲ့ချန်ပီယံ Nene Royal ကို ထိုင်းဘုရင်မင်းမြတ် ဂုဏ်ပြုတွေ့ဆုံ

အောက်တိုဘာ ၁၄၊ ၂၀၂၆

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ဘန်ကောက်မြို့၊ ဒူဆစ်နန်းတော်အတွင်းရှိ အမ်ဘာရာ Villa မှာ ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးတို့ဟာ ဖူးခက်ပြည်နယ်အုပ်ချုပ်ရေးမှူးကို တော်ဝင်တွေ့ဆုံခွင့် ပေးအပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးက America's Got Talent 2026 ရဲ့ ချန်ပီယံဖြစ်သူ Nene Royal နဲ့ သူမရဲ့မိသားစု၀င်‌တွေကို ရှေ့တော်မှောက်သွင်းပေးခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #agt #thailand #nene #royal
❤47👍24🤔1
မင်းအောင်လှိုင် ထားဝယ်ကို ဘာကြောင့် သွားသလဲ

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ အခုတခေါက် ထားဝယ်ခရီးစဉ်ဟာ ရုရှားနိုင်ငံနဲ့ သဘောတူထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် လာရောက်တာဖြစ်တယ်လို့ ဒေသတွင်း စောင့်ကြည့်လေ့လာသူတွေ က သုံးသပ်ထားကြပါတယ်။

မင်းအောင်လှိုင်ဟာ ထားဝယ်မြို့ကို ရောက်ရှိတဲ့ အောက်တိုဘာ ၁၂ ရက်မှာပဲ လေဆိပ်အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီလုပ်ငန်းတွေဟာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်နေချိန်နဲ့ စီမံကိန်းပြီးစီးသွားတဲ့ ကာလတွေမှာ လေယာဉ်အတက်အဆင်းနဲ့ ခရီးသွားလာမှုတွေ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အာဏာသိမ်းခေါင်းဆောင်က ပြောကြောင်း စစ်အစိုးရရဲ့ ဝါဒဖြန့် မီဒီယာတွေကဖော်ပြထားပါတယ်။

https://youtu.be/FvwE039-MWw

#မြန်မာ #ဧရာဝတီ #ထားဝယ်အထူးစီးပွားရေးဇုန် #မင်းအောင်လှိုင် #ရုရှား #WhatsHappensInMyanmar
😁32👎16❤11🤔1
အမည်ခံ NCA နဲ့ ဟန်ပြငြိမ်းချမ်းရေး

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ အောက်တိုဘာ ၁၅ ရက်မှာ ချုပ်ဆိုခဲ့တာ ၁၁ နှစ် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ ပကတိ အခင်းအကျင်းမှာတော့ ဒီ NCA စာချုပ်ဟာ သေဆုံးသွားတဲ့ ရုပ်အလောင်းတခုကို အဏာသိမ်း စစ်အုပ်စုက နိုင်ငံတကာကိုမျက်လှည့်ပြ လှည့်စားနိုင်ဖို့အတွက် မရမက ပြန်လည်အသက်သွင်း အသုံးချနေတဲ့ နိုင်ငံရေးအရလှည့်ကွက်သာဖြစ်တယ်လို့တောင် သုံးသပ်ကြပါတယ်။

စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်နေတယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အနီးကပ် လေ့လာကြည့်ရင်အားလုံးပါဝင်တဲ့ ကိုယ်စားပြုမှု လုံးဝမရှိတော့ဘဲ အဖွဲ့အတွင်းမှာတင် နှစ်ခြမ်းကွဲနေတာကို ထင်ထင်ရှားရှား တွေ့ရမှာပါ။

တဖက်မှာလည်း အဖြေမထွက်တဲ့ ဆွေးနွေးပွဲတွေကို ဗန်းပြပြီး နိုင်ငံ့ကယ်တင်ရှင်အဖြစ် မျက်နှာဖုံးစွပ်ထားတဲ့ စစ်တပ်အတွက်သာ နိုင်ငံရေးအရအမြတ်ထွက်စေခဲ့တာ လို့ဆိုကြပါတယ်။

https://youtu.be/STVBG_rf9_M

#မြန်မာ #ဧရာဝတီ #ငြိမ်းချမ်းရေး #NCA #EROs #WhatsHappensInMyanmar
👍38❤9😁8🤔2
👍27❤2
Grab က OpenAI နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံတွင် အစီအစဉ်သစ် စတင်ကြောင်း ကြေညာ

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆။

စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ၏ ဝန်ဆောင်မှုစုံ အက်ပလီကေးရှင်း Grab သည် ထိုင်းနိုင်ငံရှိ ၎င်း၏ ယာဉ်မောင်းများ၊ ရောင်းချသူများနှင့် အခြား ဝန်ဆောင်မှုပေးသူများ၏ AI နည်းပညာ ကျွမ်းကျင်မှုကို မြှင့်တင်ပေးရန် OpenAI နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ထိုင်းနိုင်ငံတဝန်းရှိ Grab အလွတ်လုပ်ကိုင်သူ (gig workers) ၃,၀၀၀ ကို လက်တွေ့ကျသော AI သင်တန်းများမှတဆင့် ဝင်ငွေလမ်းကြောင်းသစ်များ ရှာဖွေနိုင်ရန် လေ့ကျင့်ပေးရန် စီစဉ်ထားသည်။ ပါဝင်သူများသည် ၃ လစာ အခမဲ့ ChatGPT Plus သုံးစွဲခွင့်ကိုလည်း ရရှိမည်ဖြစ်သည်။

"လက်လှမ်းမီအောင် လုပ်ဆောင်ပေးရုံနဲ့တင် မလုံလောက်ပါဘူး။ သူတို့ရဲ့ ဝင်ငွေတိုးတက်လာအောင် ဘယ်လို အကောင်အထည်ဖော်မလဲ၊ သူတို့တဦးချင်းစီရဲ့ ကျွမ်းကျင်မှုကို ဘယ်လိုမြှင့်တင်ပေးမလဲဆိုတာက အဓိကကျပါတယ်။ ဒါကြောင့်လည်း ဒီနေ့ ထိုင်းနိုင်ငံကို ကျနော် ရောက်ရှိနေတာဖြစ်ပါတယ်" ဟု Grab ၏ အမှုဆောင်အရာရှိချုပ် (CEO) အန်ထိုနီ တန်း က ဘန်ကောက်မြို့တွင် ကျင်းပသည့် CNN ၏ Global Perspectives ပွဲ၌ သီးသန့်ထုတ်ဖော်ပြောကြားခဲ့သည်။

သင်တန်းများကို Grab Driver App မှတဆင့် ပို့ချပေးသွားမည်ဖြစ်သည်။ ပါဝင်မည့် သင်တန်းခေါင်းစဉ်များတွင် သုံးစွဲသူများနှင့် ထိတွေ့ဆက်ဆံမှုနှင့် ထိန်းသိမ်းမှု၊ ဈေးကွက်ရှာဖွေရေးနှင့် အမှတ်တံဆိပ် တည်ဆောက်ရေး၊ ကိုယ်ပိုင်ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ရှေးဦးပြုစုခြင်းတို့ ပါဝင်သည်။

Grab သည် ယာဉ်ခေါ်ယူသည့် ဝန်ဆောင်မှုအဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းတွင် အစားအသောက် ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် ဒေသတွင်း လုပ်ငန်းငယ်များအတွက် စီးပွားရေးဆိုင်ရာ နည်းလမ်းများအထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။ အဆိုပါ အရှေ့တောင်အာရှ နည်းပညာကုမ္ပဏီကြီးသည် နိုင်ငံ ၈ နိုင်ငံနှင့် မြို့ပေါင်း ၉၀၀ ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် စတင်ခဲ့သည့် "GO Forward with AI" အစီအစဉ်သည် လာမည့် ၂ နှစ်အတွင်း အရှေ့တောင်အာရှ ဒေသတဝန်းရှိ အလွတ်လုပ်ကိုင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင် ၃၀,၀၀၀ ကျော်အား နည်းပညာကျွမ်းကျင်မှု မြှင့်တင်ပေးရန် ရည်ရွယ်သည့် OpenAI နှင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတခုဖြစ်သည်။

အဆိုပါ အစီအစဉ်ကို Grab နှင့် OpenAI တို့က ပြီးခဲ့သည့်လတွင် စတင်ကြေညာခဲ့ခြင်းဖြစ်သည်။ စင်ကာပူတွင် စတင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ တိုးချဲ့ခဲ့ကာ ယခုနှစ်နှောင်းပိုင်းတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့၌ ဆက်လက်စတင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ သိရသည်။

"ကျမတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ AI ကို စိတ်ဝင်စားကြပြီး အများစုက သူတို့ရဲ့ လုပ်ငန်း၊ စီးပွားရေးနဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီမယ့် လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေကို ရှာဖွေနေကြပါတယ်" ဟု Grab ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် အရာရှိချုပ် အွန်ချင်းယင် Ong Chin Yin က စက်တင်ဘာလ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

"ဒီအစီအစဉ်ဟာ ကုန်သည်တဦးကို ပိုမိုကောင်းမွန်တဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပေးတာပဲဖြစ်ဖြစ်၊ ယာဉ်မောင်းမိတ်ဖက်တဦးကို စီးပွားရေး အယူအဆသစ်တွေ ရှာဖွေပြီး တိုးတက်မှု အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်ဖို့ နည်းလမ်းတွေ ပေးတာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်" ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။

Grab သည် ၂၀၂၄ ခုနှစ်ကတည်းက OpenAI နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်းများ ခရီးသည်လိုအပ်ချက် ရှာဖွေနိုင်ရန်၊ ဝင်ငွေတိုးတက်အောင် လုပ်ဆောင်နိုင်ရန်နှင့် နေ့စဉ်ကြုံတွေ့ရသည့် မေးခွန်းများကို ဖြေရှင်းနိုင်ရန် ကူညီပေးသည့် In-app Driver AI Assistant အပါအဝင် AI အပလီကေးရှင်း အများအပြားကို စတင်ခဲ့ရာ ယာဉ်မောင်း ငါးသိန်းကျော်ထံ ရောက်ရှိခဲ့ပြီးဖြစ်သည်။

ကိုးကား။ ။ CNN သတင်း Grab announces new Thailand initiative with OpenAI

ပုံစာ - အစားအသောက် ပို့ဆောင်ရေး Grab ဆိုင်ကယ်မောင်းသူတဦး/Bangkok Post
👍34❤8
တူရကီကမ်းလွန်တွင် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိ

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆။

တူရကီနိုင်ငံ ကမ်းလွန်တွင် သုတေသနပြုလုပ်နေသည့် ရှေးဟောင်းသုတေသနပညာရှင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၄,၇၀၀ ခန့်က သင်္ဘောပျက်တခုကို ရှာဖွေတွေ့ရှိခဲ့ရာ ယင်းသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး သင်္ဘောပျက်ဖြစ်လာခဲ့သည်။

တူရကီတောင်ပိုင်း ကမ်းလွန်ရှိ ကီကိုဗာ (Kekova) ကျွန်းအနီး ရေအနက် ပေ ၁၀၀ ခန့်တွင် တွေ့ရှိခဲ့သည့် အဆိုပါ သင်္ဘောပျက်အား တူးဖော်စဉ်အတွင်း အမ်ဖိုရာ (amphorae) ဟုခေါ်သော ရှေးဟောင်း သိုလှောင်အိုး အများအပြားကို ဆယ်ယူရရှိခဲ့ကြောင်း ယင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သိုလှောင်အိုးများမှာ လွန်ခဲ့သော နှစ်ပေါင်း ၄,၄၀၀ - ၄,၇၀၀ ခန့်က ဖြစ်ပြီး ရေကြောင်းသမိုင်း၊ ရေကြောင်းသွားလာသူများ၏ နေ့စဉ်ဘဝနှင့် ထိုခေတ်အခါက ကုန်သွယ်ရေး အချိတ်အဆက်များဆိုင်ရာ အချက်အလက်သစ်များကို ပေးစွမ်းလျက်ရှိသည်။

ယင်းအိုးများကို အဓိကအားဖြင့် သံလွင်ဆီ သို့မဟုတ် ဝိုင်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့ကြသည်ဟု ယူဆရသည်။ သို့သော် အိုးတလုံးတွင် ထူးခြားသော အမှတ်အသားများနှင့် အပေါက်နှစ်ပေါက် ပါရှိရာ ယင်းကို ဒိန်ခဲ သို့မဟုတ် ထောပတ်ပြုလုပ်ရန် အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

သင်္ဘောသားများသည် ခရီးစဉ်များအတွင်း ဆိတ်များကို ခေါ်ဆောင်သွားပြီး ယင်းတို့၏ နို့ကို အသုံးပြု၍ နို့ထွက်ပစ္စည်းများ ပြုလုပ်ခဲ့ကြနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

အဆိုပါ တူးဖော်မှုများကို အန်တာလျာ (Antalya) ရှိ အက်ဒီးနစ် (Akdeniz) တက္ကသိုလ်မှ ပါမောက္ခ ဟာကန် အိုနစ်ဇ် (Hakan Öniz) က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းက CNN သို့ ပြောကြားရာတွင် အဆိုပါ သင်္ဘောပျက်ကို လွန်ခဲ့သော လေးနှစ်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစပိုင်းတွင် အဆိုပါ သိုလှောင်အိုးများကို ပိုမိုခေတ်ပြိုင်ကျသည်ဟု ထင်မြင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အိုနစ်ဇ်သည် အီဂျစ်ရှိ ဂီဇာပိရမစ်များ အနီးတွင် တွေ့ရှိခဲ့သော သိုလှောင်အိုးများဆိုင်ရာ စာတမ်းတခုကို ဖတ်ရှုခဲ့ရပြီး အဆိုပါ ပိရမစ်များအနက် အဟောင်းဆုံး ပိရမစ်ကို တည်ဆောက်နေချိန်နှင့် အဆိုပါသင်္ဘော နစ်မြုပ်ချိန်မှာ တချိန်တည်းဖြစ်မည်ဟု ယူဆရသည်။

ထို့နောက် ၎င်းတို့သည် သိုလှောင်အိုးများဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူဖြစ်သူ ဩစတြေးလျ ရှေးဟောင်းသုတေသနပညာရှင် ကာရင် ဆိုဝါဒါ (Karin Sowada) ကို သင်္ဘောပျက်ဆီ လာရောက်ကြည့်ရှုပြီး အထောက်အထားများကို စစ်ဆေးရန် ဖိတ်ခေါ်ခဲ့သည်။

"ကျနော်တို့ ဘုံသဘောတူညီချက်ရရှိခဲ့ပြီး နောက်ထပ်ဆန်းစစ်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်" ဟု အိုနစ်ဇ် က ပြောကြားခဲ့ကာ အဖွဲ့အနေဖြင့် ဒါဟာ ကမ္ဘာပေါ်မှာ အဟောင်းဆုံး သင်္ဘောပျက်ဖြစ်တယ်ဆိုတာကို "ယေဘုယျအားဖြင့် ယုံကြည်မှုရှိကြောင်း" လည်း ဖြည့်စွက်ပြောခဲ့သည်။

"သိုလှောင်အိုးတွေတင် မဟုတ်ပါဘူး၊ သင်္ဘောပျက်နေရာမှာ တွေ့ရှိခဲ့တဲ့ ကျောက်ဆူးတွေနဲ့ အခြား ရှေးဟောင်းပစ္စည်းတွေကလည်း ဒီရာစုနှစ်တွေကိုပဲ ညွှန်ပြနေပါတယ်" ဟု ၎င်းက ဆိုသည်။

တူရကီနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီး မက်မက် နူရီ အာဆွိုင် (Mehmet Nuri Ersoy) က အဆိုပါ သိုလှောင်အိုးများသည် မြေထဲပင်လယ်အရှေ့ပိုင်းဒေသ တခွင်တွင် ကုန်သွယ်ကူးသန်းခဲ့ပုံရကြောင်း ပြောကြားခဲ့သည်။

"ရွှံ့ ဆန်းစစ်ချက်တွေအရ ဒီသိုလှောင်အိုးတွေကို ဂျော်ဒန်မြစ်ဝှမ်းဒေသမှာ ထုတ်လုပ်ခဲ့ဖွယ်ရှိကြောင်း ဖော်ပြနေပါတယ်" ဟု အာဆွိုင် က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

"အလားတူ နမူနာတွေကို အီဂျစ်၊ ထရွိုင် (Troy) နဲ့ ခရီးတ် (Crete) တို့မှာ တွေ့ရှိရတာဟာ ပင်လယ်ရေကြောင်းလမ်းကနေ မတူညီတဲ့ ပထဝီဝင်ဒေသတွေကို ချိတ်ဆက်ပေးခဲ့တဲ့ ကုန်သွယ်ရေးကွန်ရက်တွေကို နားလည်သဘောပေါက်ဖို့အတွက် အလွန်အရေးပါပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ သင်္ဘောသည် မြောက်ဘက်တူရကီမှ တောင်ဘက်အီဂျစ်အထိ သွယ်တန်းနေသော လက်ဗန့် (Levant) ကမ်းရိုးတန်းမှ ထရွိုင် သို့မဟုတ် ခရီးတ် သို့ ဦးတည်ခရီးနှင်စဉ် သင်္ဘောပျက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုတေသီများက ယူဆထားကြသည်။

ကိုးကား။ ။ CNN သတင်း World’s oldest shipwreck found off coast of Turkey
👍34❤14😱2
ဘာကြောင့် ပြည်တွင်းက ပွဲကြိုက်ခင်များရဲ့ ခဏတာပျော်ရွှင်မှု ရှာဖွေခြင်းက အာဏာရှင်လက်အောက် အပျော်ရှာခြင်းအဖြစ် ပြစ်တင်ရှုတ်ချခံရပြီး၊ ပြည်ပက ထိုပျော်ရွှင်မှုမျိုးကို ရှာဖွေခြင်းကျတော့ တော်လှန်ရေးလုပ်ရပ်တခုအဖြစ် ချီးကျူးဂုဏ်ပြုခံနေရပါသလဲ။

ဒါ့အပြင် အံတုမှု၊ တော်လှန်ရေး စတဲ့ အသုံးအနှုန်းကို ဘယ်လို သုံးနေကြသလဲဆိုတာနဲ့ ဒီလိုသုံးနေတဲ့ အခြေအနေကြောင့် ဘာတွေဆုံးရှုံးလိုက်ကြရလဲ၊ ဘာတွေ စတေးကြရသလဲဆိုတာကို စဉ်းစားကြရမယ့် အချိန်လည်း ရောက်လာပါတယ်။

ဘေးအန္တရာယ်ကင်းတဲ့ နိုင်ငံတခုက ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို တက်ရောက်ခြင်းကဲ့သို့ သာမန်ဘေးကင်းတဲ့လုပ်ရပ်များကို ပြည်တွင်းက အန္တရာယ်ပေါင်းစုံအကြား ဖိနှိပ်ခံနေရသူများရဲ့ သေရေးရှင်ရေး တကယ်တမ်း ဒုက္ခဆင်းရဲမှုများနဲ့ တပုံစံတည်းဖြစ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဆင့်အတန်းတခုအဖြစ်သို့ မြှင့်တင်လိုက်ရင် အခုလိုမျိုး ဖြစ်ပေါ်လာပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/15/417038.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤30👍8😁5🤔2
NCA ၁၁ နှစ်ပြည့်ချိန် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆

စစ်တပ်အာဏာသိမ်းချိန်ကစ၍ ၅ နှစ်အတွင်း ဌာနစုံအဖွဲ့စုံ ကော်မတီစုံတွင် လှည့်လည်တာဝန်ထမ်းနေသည့် ရုံးပေါင်းစုံ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ပြည်ထောင်စုလွှတ်တော်အတည်ပြုချက်ဖြင့် ယမန်နေ့က အာဏာသိမ်းအစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြန်သည်။

ဒု ဗိုလ်ချုပ်ကြီး ရာပြည့်သည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တွင် လက်ရှိ ဥက္ကဋ္ဌတာဝန်ယူထားသူဖြစ်ပြီး ၎င်း ကာကွယ်ရေးဝန်ကြီး ဖြစ်ချိန်သည် လွန်ခဲ့သည့် ၁၁နှစ်က တနိုင်ငံလုံးအတိုင်း အတာ အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) ချုပ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

၎င်းနှင့် စစ်တက္ကသိုလ်အပတ်စဉ်တူ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း စိုးဝင်း၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဒုဗိုလ်မှူးကြီး ရဲထွဋ်တို့ ပင် အငြိမ်းစားယူပြီး ဖြစ်သော်လည်း ၎င်းကမူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ တ်ိုင်းရင်းသားရေးရာဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး စသဖြင့် ကျင်လည်ကျက်စားနေဆဲဟု ဆိုရမည်

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/15/417043.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁35👍5❤4👎3
😭17👎7
ဒေါ်လာဈေးတက်ပြီးနောက် ရန်ကုန်ဆီဆိုင်အများစု ပြတ်လပ်မှု ဖြစ်နေ

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

အာဏာသိမ်းအစိုးရ၏ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် ဗဟိုဘဏ်မှ ကျပ် ၂၁၀၀ ဘီလီယံချေးငွေရယူရေး ယမန်နေ့ လွှတ်တော်၌ အတည်ပြုပြီး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာသလို ရန်ကုန် စက်သုံးဆီဆိုင်အများစု၌ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းမှ စတင်၍ ရန်ကုန်မြို့ရှိ ဆီဆိုင်အချို့တွင် ဓာတ်ဆီပြတ်လပ်နေကာ ဆီဆိုင် ဆိုင်းဘုတ်များတွင် ဈေးနှုန်းဖော်ပြထားခြင်းမရှိသလို တချို့ဆိုင်များက ညနေ ၅ နာရီကျော်မှ ဆီကားရောက်မည်ဟု ပြန်လည် ပြောဆိုကြကြောင်း ရန်ကုန်မြို့ ဒေသခံများထံက သိရသည်။

ပြည်တွင်းရှိ အငှားယာဉ်မောင်းတဦးက “ဒီနေ့ မနက်ကစပြီးတော့ မြောက်ဒဂုံဆီဆိုင်တွေမှာ ပရီမီယံဒီဇယ်တမျိုးပဲရှိတယ် ကျန်တဲ့ဆီတွေ မရဘူး။ အကုန်ပြတ်နေတယ်။ ဆိုင်တိုင်းနီးပါးပဲ။ Denko၊ Max ၊ မဝတလမ်းဆုံးနားက Htoo ဆီဆိုင် ၃ ဆိုင် ကတော့ ဆီ တမျိုးပဲရတာတွေ့တယ်"ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းအစိုးရ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယခုအပတ်အတွက် သတ်မှတ်ဈေးမှာ ဓာတ်ဆီ ၉၂ တလီတာ ၄,၅၉၅ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၄,၇၇၀ ကျပ်၊ ဒီဇယ် တလီတာ ကျပ် ၄,၅၈၀ ကျပ် နှင့် ပရီမီယံ ဒီဇယ် တလီတာ ၅,၅၇၅ ကျပ် ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် စက်သုံးဆီတလီတာလျှင် ကျပ် ၆,၀၀၀ ကျော်အထိ မြင့်တက်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းစက်သုံးဆီခွဲတမ်းများ လျှော့ချထားသည့်အပြင် အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းမှာလည်း တဒေါ်လာလျှင် ကျပ် ၄,၆၀၀ ကျော်အထိ မြင့်တက်နေသဖြင့် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ ရှိနေသည်။

ရန်ကုန်မြို့ စက်သုံးဆီဈေးနှုန်းများမှာ သုံးပတ်အတွင်း ဓာတ်ဆီ 92 တလီတာ ၁၄၅ ကျပ်၊ ဓာတ်ဆီ 95 တလီတာ ၁၇၀ ကျပ်နှင့် ဒီဇယ်တလီတာ ၂၁၀ ကျပ် မြင့်တက်ထားကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ စာရင်းများအရ သိရသည်။

ပရီမီယံဒီဇယ်ဈေးမှာမူ စက်တင်ဘာ ၂၇ ရက်နှင့် အောက်တိုဘာ ၂ ရက်တို့တွင် တလီတာ ၅,၇၉၅ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာ ၉ ရက်တွင် ၅,၅၇၅ ကျပ်သို့ ကျဆင်းခဲ့ပြီး သုံးပတ်အတွင်း တလီတာ ၂၂၀ ကျပ် လျော့ကျခဲ့သည်။

နိုင်ငံခြားငွေခန်းခြောက်နေသော အာဏာသိမ်းအစိုးရသည် ဒေါ်လာသုံးစွဲမှုလျှော့ချရေး ရည်မှန်းချက်ထားကာ ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချထားသလို ပြည်တွင်း စက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ပြီး ပြည်ပတင်သွင်းမှု အစားထိုးရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ပြောဆိုထားသည်။

နိုင်ငံ၏စွမ်းအင်လုံခြုံမှုအတွက် ပြည်ပစွမ်းအင်နှင့် ကုန်ကြမ်းများအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှော့ချရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါင်းစပ်အသုံးပြုရန်နှင့် စွမ်းအင်သိုလှောင်နိုင်စွမ်း၊ အရေးပေါ်အခြေအနေများတွင် တုံ့ပြန်နိုင်စွမ်းတို့ကို မြှင့်တင်ရန်၊ စွမ်းအင်ချွေတာရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးတို့အတွက် ပြည်တွင်း စက်သုံးဆီတိုးမြှင့်ထုတ်ရန် ယမန်နေ့က ပြုလုပ်သော ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံ အပိုင်း- ၁ ဖွင့်ပွဲတွင် ၎င်းက ပြောသွားသည်။

ပုံစာ-အောက်တိုဘာ ၁၂ရက်က ရန်ကုန်ရှိ ဆီဆိုင်တခုမြင်ကွင်း/ CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎30❤11😭4👍3
လွှတ်တော်က ဗဟိုဘဏ်ချေးငွေအတည်ပြုပြီးနောက် ကျပ်ငွေတန်ဖိုးထိုးကျ

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

စစ်စရိတ်ပိကာ ဘတ်ဂျက်လိုငွေပြနေသည့် အာဏာသိမ်းအစိုးရက ဗဟိုဘဏ်မှ ကျပ်ဘီလီယံ ၂၁၀၀ ချေးမည့်ကိစ္စနှင့် ဘယ်လာရုစ်မှ ပို့ကုန်ချေးငွေရယူရေးအစီအစဉ်ကို ယမန်နေ့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုအပြီး အမေရိကန် ဒေါ်လာ၊ ထိုင်းဘတ်တို့ဈေးတက်ကာ လောင်စာဆီဈေးပါ တက်မည့် အရိပ်အယောင်ရှိနေသည်။

ဗဟိုဘဏ်သည် ငွေစက္ကူသစ်များ ထပ်ရိုက်လာနိုင်သဖြင့် ယခုလဆန်းပိုင်းက အမေရိကန်တဒေါ်လာ ကျပ် ၄,၄၅၀ ကျော်ရှိခဲ့ရာမှ ချက်ခြင်းဆိုသလို တဒေါ်လာ ၄၆၇၀ ကျပ်၊ ထိုင်းတဘတ် ၁၂၉ ကျပ်မှ ၁၃၉ ကျပ် ဈေးဖြစ်သွားကာ ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/15/417046.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😭25👍7👎6❤4😁2
❤28🤔5👍3😁2
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန် ကင်မ်အဲရစ်၏တောင်းဆိုစာ သံရုံး လက်မခံ

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ထံ တောင်းဆိုထားသည့်စာကို ချက်နိုင်ငံ၊ ပရာ့ဂ်မြို့ မြန်မာသံရုံးမှတဆင့် ပေးပို့ရန် ထပ်မံကြိုးစားခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က “ငါးနှစ်ကျော်ကြာအောင် ကျနော့်မေမေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး ဖုံးကွယ်ထားကြတယ်။ သားတယောက်အနေနဲ့ ကိုယ့်အမေကို တွေ့ခွင့်၊ စကားပြောခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးလေးတောင် ကျနော် မရခဲ့ပါဘူး။ အင်မတန် ခက်ခဲပြီး မဖြစ်နိုင်တဲ့ အကူအညီ တောင်းခံနေတာ မဟုတ်ပါဘူး။ မိခင်တယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ သားတယောက်ရဲ့ အမေကို တွေ့ခွင့်ရဖို့ အခြေခံ အခွင့်အရေးကို တောင်းဆိုနေတာပါ” ဟု ပြောသည်။

စစ်အုပ်စုအနေဖြင့် ၎င်း၏ ကြိုးပမ်းမှုကို လျစ်လျူရှုနိုင်သော်လည်း မိခင်အတွက် မည်သို့မျှ လက်လျှော့သွားမည် မဟုတ်သလို မိခင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် ကင်မ်အဲရစ်က တောင်းဆိုထားသည်။

ထို့ပြင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေကြသည့် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့်လည်း သံတမန်ရေးရာတွေ့ဆုံမှုများ၏ နောက်ကွယ်တွင် အခြေခံ လူ့အခွင့်အရေးများ နေ့စဉ် ချိုးဖောက်ခံနေရသော ပြည်သူသန်းပေါင်းများစွာ ရှိနေကြောင်းကို သိစေချင်သည်ဟုလည်း သတင်းစကားပါးလိုက်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤33👎16😭9😁3👍2
Media is too big
VIEW IN TELEGRAM
Power Bank မီးလောင်မှုကြောင့် IndiGo လေယာဉ်လမ်းကြောင်းလွှဲခဲ့ရ

အိန္ဒိယနိုင်ငံမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဒေလီကနေ ချန်နိုင်းကို ပျံသန်းလာတဲ့ IndiGo လေယာဉ်ပေါ်မှာ ခရီးသည်တဦးရဲ့ power bank မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် ဟိုင်ဒရာဘတ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

ဗီဒီယိုမှတ်တမ်းအရ ခရီးသည်တွေဟာ အထုပ်အပိုးတင်စင်ထဲမှာတောက်လောင်နေတဲ့ မီးတောက်ကို ဝိုင်း၀န်းငြှိမ်းသတ်ဖို့ကြိုးစားနေတာကို တွေ့ရပါတယ်။

#PowerBank #မီးလောင် #IndiGo #လေယာဉ် #ဒေလီ #အိန္ဒိယ #ဟိုင်ဒရာဘတ်
😱28👍5👎5❤2🤔1
👍38😱4
ယူကရိန်းကို စတားလင့်ဖြတ်တောက်မှု ထရမ့်မှာ တာဝန်အပြည့်ရှိဟု အီလွန် မက်စ် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

ယူကရိန်း၏ Starshield စစ်ဘက်သုံး ဂြိုဟ်တုဆက်ကြောင်းစနစ် အသုံးပြုမှုနှင့် အရှိန်နှုန်းကို ကန့်သတ်လိုက်သဖြင့် စစ်ဆင်ရေးများတွင် အခက်အခဲများဖြစ်ခဲ့ခြင်းက အမေရိကန်အစိုးရ၊ စစ်တပ်နှင့် သမ္မတ ဒေါ်နယ်ထရမ့်တွင်သာ အပြည့်အဝ တာဝန်ရှိကြောင်း SpaceX တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က တုံ့ပြန်လိုက်သည်။

စစ်ဘက်သုံး Starshield စနစ်များသည် အမေရိကန်အစိုးရက ပိုထိန်းချုပ်ထားသော စနစ်ဖြစ်သောကြောင့် အမြန်နှုန်း သို့မဟုတ် အသုံးပြုမှု ကန့်သတ်ချက်များကို အမေရိကန်စစ်တပ်နှင့် သမ္မတ ထရမ့်တို့ကသာ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု မက်စ်က X လူမှုကွန်ရက်တွင် ယမန်နေ့၌ ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာခဲ့သည့် ယူကရိန်းနှင့် ရုရှားတို့ကြား စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယူကရိန်းနှင့် အမေရိကန်တို့ တင်းမာမှုများ ရှိနေချိန် ယခု ဖြစ်စဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း CNBC သတင်းတွင် ရေးထားသည်။

SpaceX သည် ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ Starlink ၏ အမြန်နှုန်းကို ကန့်သတ်လိုက်ရာ စစ်ဆင်ရေးအချို့ ထိခိုက်ခဲ့ရပြီး အဆိုပါ ကန့်သတ်ချက်များကို Starshield စနစ်တွင်ပါ ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီး၏ ကာကွယ်ရေးနည်းပညာဆိုင်ရာ အကြံပေးဖြစ်သူ Serhii Beskrestnov က ယမန်နေ့တွင် Telegram ၌ ရေးသားခဲ့သည်။

Starshield သည် စစ်ဘက်သုံး ဂြိုဟ်တုကွန်ရက် ဖြစ်ပြီး Starlink မှာမူ အရပ်ဘက် သို့မဟုတ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု မက်စ်က ပြောသည်။

ထို့နောက် ကန့်သတ်ချက်အချို့ကို ပုံမှန်အတိုင်း ပြန်လည်ဖြေလျှော့ပေးခဲ့သဖြင့် ယူကရိန်း ဒုတိယဝန်ကြီးချုပ် Mykhailo Fedorov က ယနေ့ နံနက်တွင် အီလွန်မက်စ်အား ကျေးဇူးတင်စကား ပြောကြားခဲ့ကာ တနာရီလျှင် ကီလိုမီတာ ၁၆၀ အထိ အရှိန်နှုန်းဖြင့် Starlink အင်တာနက် ချိတ်ဆက်မှု ပြန်လည်ရရှိခဲ့ကြောင်း CNBC သတင်းတွင် ဖော်ပြသည်။

ပုံစာ-ရှေ့တန်းတနေရာတွင် Starlink အသုံးပြုပြီး ပြန်ဖြုတ်သိမ်းနေသော ယူကရိန်းစစ်သားတဦး/ ရိုက်တာ
😱33❤17👍9😁1