The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
• AA ရဲ့ ထိုးစစ် စစ်တွေ ဒကစ နားအထိ ရောက်လာ
• အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ ဂျပန်မှာ ထပ်မံ လျှို့ဝှက်တွေ့ဆုံ
• UN မှာ ဦးကျော်မိုးထွန်း ဆက်ရှိဖို့ အမေရိကန်လွှတ်တော်အမတ်တွေ တိုက်တွန်း
• မိုင်းလားကဖမ်းပေးခဲ့တဲ့ ပကဖ တာဝန်ခံကို စစ်တပ် သေဒဏ်ပေး
• MNDAA နဲ့ TNLA သိမ်းပိုက်မြို့တွေ ပြန်တောင်းပေးဖို့ တရုတ်ကို ကျားဖြူပါတီ တောင်းဆို
• ကမ္ဘာ့ဘဏ်အစည်းအဝေးကို ထိုင်းပြည်သူ ၁၀၀၀ ကျော်ဆန္ဒပြနေ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
https://youtu.be/HWRGikMJs2g

#မြန်မာ #ဧရာဝတီ #AA #စစ်တွေ #ဒကစ #ဂျပန် #အမေရိကန် #စစ်အုပ်စု #UN #ဦးကျော်မိုးထွန်း #ပကဖ #မိုင်းလား #MNDAA #TNLA #ကမ္ဘာ့ဘဏ် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤19👍11😁3😭2
ဒေါ်လာဈေးတက်၍ ငွေဈေးကွက်ကို အာဏာပိုင်တို့ ဝင်စစ်ဆေး

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က ကျပ်ငွေတန်ဖိုးထိုးကျကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လာမှုနှင့် ပတ်သက်ပြီး ရန်ကုန်ငွေကြေးဈေးကွက်ကို ယမန်နေ့ညနေပိုင်းက ဝင်ရောက်စစ်ဆေး သတိပေးမှုများ လုပ်ခဲ့သည်။

ယခုရက် လွှတ်တော်က အတည်ပြုလိုက်သည့် ဗဟိုဘဏ်၏ ချေးငွေဂယက်ကြောင့် အမေရိကန်တဒေါ်လာလျှင် ကျပ် ၄,၈၀၀ အထိ မြင့်တက်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ၃၂ လမ်း၊ ၂၈ လမ်း၊ ၂၇ လမ်းနှင့် အခြားနေရာများတွင် လုပ်ကိုင်နေသည့် ငွေကြေးဈေးကွက်လုပ်ငန်းရှင်တချို့ကို ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “မနေ့က ဝင်သွားတာ။ ပုံမှန်မဟုတ်တဲ့ ၂၈ လမ်း၊ ၂၇ လမ်းတွေထဲကို ဝင်သွားတာ။ အဓိကတော့ အဖမ်းအဆီးကြောင့် ရွှေ့ထားတဲ့နေရာတွေကို ဝင်သွားတာ။ ဈေးက မနေ့က ၄,၈၀၀ ကျပ်အထိ တက်သွားတော့ ဝင်မွှေသွားတာပေါ့။ ဖမ်းဆီးခံရတယ်လို့တော့ သေချာ မသိရသေးဘူး။ အခု ဝင်မွှေသွားပြီဆိုတော့ နောက်ထပ်တော့ လာနိုင်တယ်။ ဈေးအခြေအနေပေါ်လည်း မူတည်တာပေါ့”ဟု ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/16/417080.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍23😁11❤8👎3🤔2
ကျပ်ငွေတန်ဖိုး ဘာကြောင့် မတည်ငြိမ်တာလဲ

ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆

အာဏာသိမ်းခေါင်းဆောင်ဖန်တီးထားတဲ့ လွှတ်တော်ကနေ ဗဟိုဘဏ်ချေးငွေ ကျပ် ၂၁၀၀ ဘီလီယံနဲ့ ဘီလာရုစ် နိုင်ငံဆီက အတိုးနှုန်းမြင့်ချေးငွေတွေ ရယူဖို့ အတည်ပြုလိုက်ပြီးတဲ့နောက် ပြည်တွင်းငွေကြေး ဈေးကွက်မှာ ကျပ်ငွေတန်ဖိုး မတည်မငြိမ် ဖြစ်ပြီး ထိုးကျသွားခဲ့ပါတယ်။

စစ်တပ်လွှတ်တော်ကနေ ဒီနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် စစ်အစိုးရရဲ့ ဘက်ဂျက်လိုငွေဟာ ကျပ်ဘီလီယံပေါင်း ၈၉၀၀ ကျော် အထိ ရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က တင်ပြခဲ့ပါတယ်။ ဒီပမာဏဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ဂျက်လိုငွေပြမှု အများဆုံး စံချိန်ဖြစ်လာတာပါ။

တဖက်မှာလည်း စစ်အစိုးရက ဗဟိုဘဏ်ဆီကနေ ငွေချေးယူမယ့်အပေါ် ငွေစက္ကူအသစ်တွေ ထပ်မံရိုက်ထုတ်ပြီး ငွေကြေးဖောင်းပွမှုတွေ ပိုဆိုးလာမှာကို လူထုကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အစိုးရကို ငွေချေးတိုင်း ငွေသစ်ရိုက်ထုတ်တာ မဟုတ်ဘူးဆိုပေမဲ့ ငွေစက္ကူ ဘယ်လောက်ရိုက်ထုတ်တယ်ဆိုတဲ့ ပမာဏကို ပွင့်လင်းမြင်သာစွာထုတ်ပြန်တာ မရှိတဲ့အတွက် ငွေသစ်မရိုက်ဘူးလို့ ယူဆလို့မရကြောင်း စီးပွားရေးပညာရှင်တွေနဲ့ ဘဏ်ဝန်ထမ်းတွေက ထောက်ပြကြပြီး ဒါဟာလည်း ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်ရတဲ့ အဓိကအချက်တခု ဖြစ်လာတာပါ။

https://youtu.be/AN9jQG7raVE

#မြန်မာ #ဧရာဝတီ #ငွေစက္ကူ #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤23👍19🤔2😭2😁1
Media is too big
VIEW IN TELEGRAM
အမေရိကန်ဆန်ရှင် လွတ်လာတဲ့ ခရိုနီ ငါးယောက်

ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်တဲ့ ခရိုနီ ငါးယောက်ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကနေ လွတ်မြောက်လာခဲ့ကြပါတယ်။ ဒီထဲမှာ လက်နက်ပွဲစားတွေ၊ စစ်ခေါင်းဆောင် မိသားစုရဲ့ စီးပွါးဖက်တွေ ပါဝင်နေပါတယ်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ခရိုနီ #အမေရိကန် #မြန်မာ #ဆန်ရှင် #ဂျွန်နသန်မျိုးကျော်သောင်း #အောင်လှိုင်ဦး #စစ်တိုင်းအောင် #တင်လတ်မင်း #သိမ့်ဝင်းထက် #MinAungHlaing #Myanmar #US #sanction #cronies #IRWENG
👎47❤8😁3😱2
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဧရာဝတီမှာ ရေးထားတဲ့ နေပြည်တော် NCA ပွဲ ထိုင်ခုံကြီး နဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2023/10/17/375486.html
👍25😁7👎3❤1
မြန်မာ့တော်လှန်ရေးရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေး ရှုံးနိမ့်နေပြီလား

ဧရာဝတီ၊ ဩဂုတ် ၁၇၊ ၂၀၂၆

ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းမှာ ထိုင်းနိုင်ငံရေး ပါမောက္ခ Thitinan Pongsudhirak ရဲ့ ဘန်ကောက်ပို့စ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးအပေါ် အခြေခံပြီး ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ အယ်ဒီတာ ရဲနည်တို့ ပြောဆိုဆွေးနွေးထားပါတယ်။

https://youtu.be/nXfDITTy1Vs
👍34❤6😁6
👍28😁4
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း


အခု စနေမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ နိုင်ငံရေး အတွေးအခေါ် ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်ထားပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/17/417089.html
👍36😁4
ဂန္ထဝင် ရသ ကာတွန်းများ


ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆


ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။


Caption - ငြိမ်းချမ်းရေး ဆိုတာ စားလို့ကောင်းလား…
👍35😁3🤔1
Media is too big
VIEW IN TELEGRAM
အမေရိကန်ရေတပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုနဲ့အတူ အကြီးစားဒရုန်းသင်္ဘောကို စေလွှတ်

အောက်တိုဘာ ၁၇၊ ၂၀၂၆

အမေရိကန်ရေတပ်သမိုင်းလျောက်မှာ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တင်င်္ဘောတိုက်ခိုက်ရေးအုပ်စုနဲ့အတူ မောင်းသူမဲ့ ဒရုန်းသင်္ဘောအကြီးစားတစင်းကိုပူးတွဲစေလွှတ်လိုက်ပြီဖြစ်ပြီး ဒါဟာ အမေရိကန်ရေတပ်အနေနဲ့ စစ်ရေယာဉ်စုအတွင်းမှာ အလိုအလျောက်မောင်းနှင်တဲ့ စနစ်တွေကိုထည့်သွင်းအသုံးပြုဖို့ကြိုးပမ်းမှုရဲ့ ခြေလှမ်းသစ်တခုဖြစ်တယ်လို့ ယာယီရေတပ်အတွင်းရေးမှူး ဟုန်ကောက် ကပြောကြားခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #navy
👍48❤6😁3
😁34❤1👎1😭1
အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် တပတ်ပင် မပြည့်သေးမီ အလုပ်ထုတ်ခံရ


ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆


အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် ကေတီ ဇာခါရီးယား (Katie Zacharia) သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူအဖြစ် စတင်တာဝန်ယူစဉ် အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရပြီးနောက် ရာထူးရပြီး တပတ်ပင် မပြည့်သေးမီ ထုတ်ပယ်ခံခဲ့ရသည်။


အိမ်ဖြူတော် အရာရှိ သီးခြားနှစ်ဦး၏ အဆိုအရ ဇာခါရီးယားသည် "အလုပ်မှ ထုတ်ပယ်ခံခဲ့ရ" ပြီး သတင်းပြန်ကြားရေးအတွင်းဝန် ရာထူးမှ "ထွက်ခွာရန် ပြင်ဆင်နေသည်" ဟု သိရသည်။ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲနှင့် အင်တာဗျူးများတွင် ၎င်း၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများအပြင် ၎င်း၏ ဥပဒေရေးရာ အရည်အချင်းများနှင့် ပတ်သက်၍လည်း ရက်ပေါင်းများစွာ မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။


ဤသို့ ထွက်ခွာသွားခြင်းကြောင့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နှစ်ပတ်ကျော်အလိုတွင် ထရမ့်အတွက် အဓိက သတင်းစကားပါးသူ မရှိတော့သည့် အခြေအနေ ဖြစ်စေခဲ့သည်။ ယခုအချိန်သည် သမ္မတအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့၏ အောင်မြင်မှုများကို ထုတ်ဖော်ပြသပြီး ရီပတ်ဘလစ်ကန်များ ကွန်ဂရက်ကို ဆက်လက်ထိန်းချုပ်နိုင်ရေး အရေးကြီးသော ကာလဖြစ်သည်။


ထရမ့်က ဇာခါရီးယားအား တာဝန်စတင်ထမ်းဆောင်သည့် နေ့များတွင် မီဒီယာများ၏ ပြင်းထန်သော ရေးသားဖော်ပြမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယင်းရာထူးတွင် ဆက်လက်လုပ်ကိုင်ရန် သင့် မသင့် ပြန်လည်စဉ်းစားရန် တောင်းဆိုခဲ့ကြောင်း သောကြာနေ့ စောစောပိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။


"သူ့ကို 'မင်း စိတ်ချမ်းသာဖို့က ပိုကောင်းမယ်လို့ ထင်တယ်။ ဒီလိုအလုပ်မျိုးမှာ မင်း ဘယ်တော့မှ စိတ်ချမ်းသာနိုင်မယ်လို့လည်း မသေချာဘူး' လို့ ကျနော် ပြောခဲ့တယ်။ ဒီအလုပ်က ဘာမှ မလွယ်ကူဘူး" ဟု ထရမ့်က စနေ၊ တနင်္ဂနွေ ခရီးစဉ်အတွက် အိမ်ဖြူတော်မှ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။


၎င်းက ဆက်လက်၍ "ကျနော် သူ့ကို ရိုးရိုးသားသားပဲ 'ကျနော်သာဆို ပြန်စဉ်းစားမှာပဲ။ ... စဉ်းစားကြည့်ပါဦး။ ဒါပေမဲ့ ပြန်စဉ်းစားတာ ပိုကောင်းလိမ့်မယ်' လို့ ပြောခဲ့တယ်" ဟုလည်း ပြောသည်။ ထရမ့်က ဇာခါရီးယားနှင့် ထိုအကြောင်းအရာကို နောက်မှ ပြန်လည်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ပြောခဲ့သည်။


ဇာခါရီးယားသည် တနင်္လာနေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်္ဂါနေ့တွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ ၎င်းက အောက်တိုဘာ ၇ ရက်တွင် သတင်းပြန်ကြားရေးအတွင်းဝန် ရာထူးအတွက် ဖုန်းဆက်အကြောင်းကြားခံရပြီး လွန်ခဲ့သည့် တပတ်က ကာရိုလိုင်း လီးဗစ် (Karoline Leavitt) ၏ ရာထူးကို ဆက်ခံရန် အလုပ်ကမ်းလှမ်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် မကြာမီပင် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် ကာလအပါအဝင် ၎င်း၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းအတွေ့အကြုံများနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထရမ့်ကလည်း ၎င်းအား ရှေ့နေတဦးအဖြစ် ဖော်ပြခဲ့ဖူးသည်။


"ကျမ သက်သေခံ အရည်အချင်းအပြည့်နဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေတွေကို လိုက်ပါဆောင်ရွက်ခဲ့တာပါ" ဟု ဇာခါရီးယားက ဗုဒ္ဓဟူးနေ့က အီးမေးလ်မှတဆင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။


ပက်ပါဒိုင်းတက္ကသိုလ် (Pepperdine University) ဥပဒေကျောင်းဆင်းဖြစ်သူ ဇာခါရီးယားသည် အမေရိကန်ပြည်နယ် တခုခု သို့မဟုတ် ဒီစထရစ်အော့ဖ် ကိုလံဘီယာ၏ မည်သည့်နေရာတွင်မျှ ရှေ့နေ သို့မဟုတ် ရှေ့နေအသင်းဝင်အဖြစ် မှတ်ပုံတင်ထားကြောင်း အထောက်အထားများကို ရိုက်တာသတင်းဌာနက ရှာမတွေ့ခဲ့ပေ။


ကြာသပတေးနေ့က Fox News နှင့် အင်တာဗျူးတခုတွင် ဇာခါရီးယားက သူသည် ရှေ့နေစာမေးပွဲ (Bar exam) မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်တွင် ဥပဒေကျောင်းဆင်းများသည် ပြည်နယ်ရှေ့နေအသင်းသို့ အရင်ဝင်ရောက်ခွင့်မရဘဲ တရားဝင် ရှေ့နေလိုက်ခွင့်မရှိပါ။


ဇာခါရီးယားနှင့် အိမ်ဖြူတော်တို့သည် ၎င်း၏ အလုပ်မှ ထုတ်ပယ်ခံရမှုနှင့် ပတ်သက်၍ အီးမေးလ်ဖြင့် မေးမြန်းချက်ကို ချက်ချင်းအကြောင်းပြန်ဆိုခြင်း မရှိသေးပေ။


နီးစပ်သည့် သတင်းအရင်းအမြစ် နှစ်ခု၏ အဆိုအရ ထရမ့်သည် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့အပေါ် မီဒီယာများ၏ ရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိခဲ့ပြီးနောက် ၎င်း၏ အောင်မြင်မှုများကို ပိုမိုကျယ်ပြန့်စွာ ထုတ်ဖော်ပြောဆိုနိုင်မည့် ပြောရေးဆိုခွင့်ရှိသူအသစ်တဦး လိုအပ်နေသည်ဟု ခံစားရသဖြင့် ဇာခါရီးယားကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။


သောကြာနေ့က Fox သတင်းဌာနနှင့် ဖုန်းအင်တာဗျူးတခုတွင် ထရမ့်က သတင်းပြန်ကြားရေးအတွင်းဝန်အသစ် ခန့်အပ်ရန် လောလောဆယ် အလျင်လိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။


ဇာခါရီးယား၏ အလျင်အမြန် ထွက်ခွာသွားရမှုသည် သတင်းပြန်ကြားရေးအတွင်းဝန် ရာထူးသမိုင်းတွင် ကာလအတိုဆုံး တာဝန်ထမ်းဆောင်မှုအဖြစ် မှတ်တမ်းဝင်သွားသည်ဟု ယူဆရသည်။


"စံချိန်တွေဆိုတာ ချိုးဖျက်ဖို့ လုပ်ထားတာပါပဲ" ဟု ထရမ့်၏ ပထမအကြိမ် အုပ်ချုပ်ရေးကာလတွင် ၁၀ ရက်သာကြာခဲ့သည့် ပြန်ကြားရေးအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အန်သိုနီ စကာရာမူချီ (Anthony Scaramucci) က X
👍19😁15❤8
လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ "ဒါပေမဲ့ တခြားသူတွေရဲ့ နာကျင်မှုအပေါ်တော့ ကျနော် ဝမ်းမသာပါဘူး။"


ကိုးကား။ ။ Reuters သတင်း White House press secretary Zacharia fired in less than a week after facing criticism
👍24😁4😱3
👍22😁5🤔5
ရုရှားနိုင်သွားပါက ယူကရိန်း သန်း ၂၀ ဥရောပသို့ ထွက်ပြေးရနိုင်ကြောင်း ဇယ်လန်းစကီး သတိပေး

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆

ရုရှား၏ လက်အောက်သို့ မိမိတို့နိုင်ငံ ကျရောက်သွားပါက ယူကရိန်းနိုင်ငံသား ၂၀ သန်းခန့်အထိ ဥရောပသို့ အတင်းအကျပ် ထွက်ပြေးတိမ်းရှောင်ရနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက သောကြာနေ့တွင် သတိပေးပြောကြားခဲ့သည်။

"ရုရှားက ကျုပ်တို့ကို သတ်ဖြတ်နေပါတယ်" ဟု ဇယ်လန်းစကီးက သောကြာနေ့တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအတွင်း သတင်းစာရှင်းလင်းပွဲတခု၌ သတင်းထောက်များကို ပြောကြားခဲ့ပြီး ယူကရိန်းပြည်သူများသည် မိမိတို့နိုင်ငံမှ "တွန်းထုတ်" ခံနေရကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ "သူတို့ [ရုရှား] က ရပ်တန့်ချင်တဲ့ဆန္ဒ မရှိပါဘူး။"

ရုရှား၏ ကျူးကျော်စစ်စတင်ခဲ့သည့် ပထမပိုင်းရက်များအတွင်း ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဥရောပ၏ အမြန်ဆန်ဆုံးနှင့် အကြီးမားဆုံး ဒုက္ခသည်အကျပ်အတည်းအဖြစ် ယူကရိန်းပြည်သူ သန်းပေါင်းများစွာသည် မိမိတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

Eurostat ၏ အချက်အလက်များအရ ယနေ့အချိန်တွင် ယူကရိန်းနိုင်ငံသား ၄ သန်းကျော်သည် ယာယီအကာအကွယ်ပေးရေး အဆင့်အတန်းဖြင့် ဥရောပနိုင်ငံများတွင် နေထိုင်လျက်ရှိပြီး ဂျာမနီ၊ ပိုလန်နှင့် ချက်နိုင်ငံတို့တွင် အများဆုံး ရောက်ရှိနေကြသည်။

ဇယ်လန်းစကီး၏ ပြင်းထန်သော သတိပေးချက်သည် ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုများအောက် ပြင်းထန်ဆိုးရွားသော ပဉ္စမမြောက် စစ်ပွဲကာလ ဆောင်းရာသီသို့ ကူးပြောင်းချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘရပ်ဆဲလ် (EU) က လွန်ခဲ့သည့်နှစ်တွင် ယူရို ဘီလီယံ ၉၀ ချေးငွေပေးရန် သဘောတူညီခဲ့သည်ကို ထည့်သွင်းတွက်ချက်ထားသော်လည်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်များအရ ယူကရိန်းသည် လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ သန်းမှ ၃၅ သန်းအထိ ဘတ်ဂျက်လိုငွေပြမှုနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းသမ္မတသည် ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံရန်နှင့် စစ်မီးတောက်နေသည့် မိမိနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ရရှိရေး ခိုင်မာအောင် လုပ်ဆောင်ရန် ဘရပ်ဆဲလ်မြို့သို့ သွားရောက်ခဲ့သည်။

EU သည် ယူကရိန်း၏ အခိုင်မာဆုံး ထောက်ခံအားပေးသူဖြစ်သော်လည်း အဖွဲ့ ဦးစားပေးစာရင်းတွင် မြင့်တက်လာသော စွမ်းအင်စရိတ်များ၊ နီးကပ်လာသည့် ရွေးကောက်ပွဲများ၊ ပထဝီနိုင်ငံရေး အကျပ်အတည်းများနှင့် ၎င်း၏ ယူရို ၂ တြီလီယံ ဘတ်ဂျက်အပေါ် အခြေအတင်ဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။

ကိုးကား။ ။ Politico သတင်း Zelenskyy warns 20M Ukrainians could flee to Europe if Russia wins war

ပုံစာ - ယူကရိန်းနိုင်ငံသား ၄ သန်းကျော်သည် ယာယီအကာအကွယ်ပေးရေး အဆင့်အတန်းဖြင့် ဥရောပနိုင်ငံများတွင် နေထိုင်လျက်ရှိသည်/AFP
👍34❤12😭5😁3
👍32😁2
မြန်မာဘက်မှကျားဖြန့်အတွက် အင်တာနက်ကေဘယ် သွယ်တန်းပေးသူများကို ထိုင်းဖမ်း

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်ခြမ်းရှိ ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) စခန်းတခုကို အင်တာနက်မပြတ်စေရန် ထိုင်းနယ်စပ်မှတဆင့် မီတာရာပေါင်းများစွာ ရှည်လျားသော အင်တာနက်ကေဘယ်ကြိုးများ သွယ်တန်းပေးနေမှုတခုကို ထိုင်းနိုင်ငံ အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ရွာတရွာစာ အသုံးပြုနိုင်သည့် အင်တာနက်ပမာဏ (bandwidth) ကို နေ့စဉ် သုံးစွဲနေသည့် ကျေးလက်အိမ် ၂ အိမ်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်များက စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းက ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ဘုရားသုံးဆူတောင်ကြားသို့ ဝင်ရောက်ရာ တံခါးပေါက်ဖြစ်သည့် လက်ရှိ အွန်လိုင်းလိမ်လည်သူများ၏ ဗဟိုချက်တခုဖြစ်ရာ ကန်ချနဘူရီခရိုင်၊ နောင်လူ (Nong Lu) နယ်စပ်ကျေးရွာရှိ အဆိုပါ နေအိမ်များကို အောက်တိုဘာဒုတိယပတ်က ဝင်ရောက်စီးနင်းခဲ့ကြသည်။
ထိုင်းအာဏာပိုင်များက နယ်စပ်အနီးရှိ အိမ်ငယ်များသည် ပုံမှန်အသုံးပြုမှုထက် အင်တာနက်ဒေတာအသုံးပြုမှု သိသိသာသာမြင့်တက်နေသည်ကို တွေ့ရှိပြီးနောက် အဆိုပါအိမ်များကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် အိမ်တလုံး၌ ခိုင်ခံ့သည့်ပတ်ဝန်းကျင်များတွင် အသုံးပြုရန် ပြုလုပ်ထားသည့် 48-core ဖိုင်ဘာကြိုးကို တွေ့ရှိခဲ့ပြီး ယင်းကြိုးမှာ တိုင်များပေါ်မှတဆင့် ဆက်သွယ်၍ ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်သို့ မီတာ ၃၅၀ ခန့် (ပေ ၁,၁၀၀ ခန့်) ရှည်လျားကာ တရားမဝင် နယ်စပ်ကာစီနိုနှင့် ကျားဖြန့်စခန်းဟု သံသယရှိသည့်နေရာသို့ အင်တာနက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအမျိုးသား ရုပ်သံနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့် ယာယီအထွေထွေအတွင်းရေးမှူး Trairat Viriyasirikul က အောက်တိုဘာ ၁၅ ရက်က စီးနင်းမှုအပြီး သတင်းထောက်များကို ပြောကြားရာတွင် အဆိုပါနေရာမှ ပေးပို့နေသည့် အင်တာနက်လိုင်းပမာဏသည် လူ ၃၀၀ မှ ၄၀၀ ခန့်အတွက် လုံလောက်သည့် အင်တာနက်အသုံးပြုမှုပမာဏဖြစ်ကြောင်း ပြောသည်။
အဆိုပါ နေအိမ်ပိုင်ရှင်များကို တရားမဝင် ဆက်သွယ်ရေး လုပ်ငန်းဆောင်ရွက်မှုဖြင့် တရားစွဲဆို အရေးယူထားကြောင်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းခဲ့ပြီးနောက် ကျားဖြန့် အများအပြားမှာ အဆိုပါနေရာသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။


ဓာတ်ပုံ- ဘန်ကောက်ပို့စ်


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍39❤4😁2🤔2
Media is too big
VIEW IN TELEGRAM
လေထဲမှာပျံသန်းပြီး ဂျွမ်းထိုးနိုင်တဲ့ Roadster ကားကို ထုတ်ဖော်ပြသလိုက်တဲ့ Tesla

အောက်တိုဘာ ၁၇၊​၂၀၂၆

ဆယ်စုနှစ်တခုနီးပါး ကြန့်ကြာခဲ့ပြီးတဲ့နောက်မှာတော့ Tesla ကုမ္ပဏီဟာ လူတွေစိတ်၀င်တစားစောင့်ဆိုင်းနေကြတဲ့ Roadster ကားကို တရား၀င်‌ထုတ်ဖော်ပြသလိုက်ပြီး ထူးခြားတာကတော့ ဒီကားဟာ ရိုးရိုးကားတွေနဲ့မတူဘဲ လေထဲမှာပါ ခဏတာပျံသန်းနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။

#မြန်မာ #ဧရာဝတီ #tesla #roadster #elonmusk
👍39❤5😁2
ဦးရွှေမန်းလို ဘယ်သူတွေ ထပ်အကွက်ဆင်ခံရဦးမလဲ

အောက်တိုဘာ ၁၇၊ ၂၀၂၆

သန်းခေါင်ယံအာဏာသိမ်းပွဲနဲ့ ဦးရွှေမန်းကို နိုင်ငံရေးက ရှင်းထုတ်ခဲ့သလို အခု ကြံ့ခိုင်ရေးပါတီအတွင်းမှာ အတိုက်အခံလုပ်သူတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှင်းထုတ်လာနိုင်တယ်လို့ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)ရဲ့ ဆွေးနွေးသုံးသပ်ချက် အစအဆုံးကို အောက်ပါလင့်တွေမှာ နားဆင်ပါ။

အသံသီးသန့် နားဆင်လိုရင် အောက်ကလင့်တွေကို နှိပ်ပါ။

Buzzsprout : https://bit.ly/3VLSm1W
Apple Podcasts : https://apple.co/4dHZsum
Spotify : https://bit.ly/4i0J5dI

ရုပ်သံကို ကြည့်ရှုလိုရင် အောက်က လင့်ကို နှိပ်ပါ။

https://www.youtube.com/watch?v=oY7X397RQ18&t=588s
👍35😁6
တရုတ်၏ မူဝါဒဦးတည်ချက်မှာ မြန်မာပြည်တည်ငြိမ်ရေးဖြစ်၏။ ဤမူဝါဒ အောင်မြင်စေရန်အတွက် မြန်မာစစ်တပ်က အခြေအနေကို ထိန်းသိမ်းနိုင်မည်ဟု ယူဆပြီး စစ်ရှုံးနေသည့် မြန်မာစစ်တပ်အား ကူညီပေးခြင်းကို သူ၏ ပေါ်လစီခြေလှမ်းအဖြစ် ဆောင်ရွက်ခဲ့၏။

လက်တွေ့တွင် စစ်အုပ်စုအား တရုတ်တို့ အသက်ဆက်ပေးခဲ့သော်လည်း စစ်ပွဲပိုမိုကျယ်ပြန့်လာနေပြီး ပိုမိုပြင်းထန်လာနေ၏။ စစ်အုပ်စု၏ ရပ်တည်ချက်သည် ငြိမ်းချမ်းရေးရရန် အလှမ်းဝေးနေဆဲဖြစ်ပြီး တိုင်းပြည်မတည်မငြိမ် ဖြစ်နေမည်ဖြစ်ရာ တရုတ်တို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ၏ အဓိကရည်မှန်းချက် မအောင်မြင်ဟု ဆိုရမည်။

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/10/17/417097.html
👍37👎5❤3😁2😭1