The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်း ချောင်းဆုံဒေသကို ရက်ဆက် ဗုံးကြဲ

ဧရာဝတီ၊ အောက်တိုဘာ၂၀၊ ၂၀၂၆

အိန္ဒိယမှ ရခိုင်ပြည်နယ်သို့ ကုန်သွယ်ရေးလမ်းကြောင်းလမ်းဖြစ်သော ချင်းပြည်နယ် ပလက်ဝမြို့နယ် ချောင်းဆုံကို အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့က လေယာဉ်အုပ်လိုက်ဖြင့် ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၈ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း များပြားကြောင်း ဒေသခံများထံက သိရသည်။

ချောင်းဆုံသည် ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ရခိုင်ပြည်နယ် လေးမြို့ချောင်းဖျားတို့ ဆုံရာနေရာဖြစ်ပြီး ကုန်စည် အတင်အချလုပ်ကြသည့် စည်ကားရာ ဆိပ်ကမ်းဒေသလည်းဖြစ်ကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့နှင့်လည်း ရေလမ်းခရီးဖြင့် ကုန်စည်စီးဆင်းနိုင်သော အချက်အချာနေရာလည်း ဖြစ်သည်။

ပလက်ဝဒေသခံတဦးက “ပထမနေ့က လေယာဉ် ၅ စီး၊ မနေ့က ၄ စီးနဲ့ ကြဲပါတယ်။ သေတာ၊ ဒဏ်ရာရတာ တော်တော် များတယ်။ သေတာ တခုတည်းတောင် နှစ်ဆယ်လောက်ရှိမယ် ကြားတယ်။ ဒဏ်ရာ ပြင်းတဲ့သူတွေပါတော့ သေဆုံးသူ အရေအတွက်တိုးလာဦးမယ်” ဟု ပြောသည်။

ရခိုင်တိုက်ပွဲများအတွင်း အထိနာနေသော စစ်တပ်သည် အရပ်သားများ နေထိုင်သည့်ကျေးရွာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဈေးနှင့်စစ်ရှောင်စခန်းများ မကျန် လူစည်ကားသည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်အုပ်လိုက် သုံးကာ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်လာလျက်ရှိသည်။

ယခုရက်ပိုင်းတွင် ရခိုင်ရှိမြို့နယ်များကို စစ်တပ်က ကင်းထောက် လေယာဉ်များဖြင့် ဆက်တိုက် ကင်းထောက်လာနေသည့်အတွက် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး မြို့ပေါ်နေ ပြည်သူများ တိမ်းရှောင်မှုများလည်း ရှိနေသည်။

သတင်း- လင်းသစ်

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎39❤6😁6😱3
👎28😁7❤2
ရခိုင်ကမ်းလွန် ဓာတ်ငွေ့လုပ်ကွက်သစ် ထိုင်း စိတ်ဝင်စား

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ထိုင်းစွမ်းအင် ဝန်ကြီးနှင့် အာဏာသိမ်းအစိုးရ စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံစဉ် ရခိုင်ကမ်းလွန် ပင်လယ်ပြင်ရှိ Block A-6 ရေနက်ပိုင်း သဘာဝဓာတ်ငွေ့လုပ်ကွက်သစ်အတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးဆွဲရန် ဆွေးနွေးခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် ယမန်နေ့ကနေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့သည်။

ယခုတွေ့ဆုံရာတွင် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို အဓိက ဆွေးနွေးခဲ့ကြသလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၄၀ နီးပါးတိုင်အောင် ထိုင်းနိုင်ငံ၏ အဓိက သဘာဝဓာတ်ငွေ့ ရရှိရာ ရင်းမြစ်များထဲမှတခု ဖြစ်ပြီး ရတနာနှင့် ဇောတိက ဓာတ်ငွေ့မြေများမှ ထွက်ရှိသော ဓာတ်ငွေ့သည် ထိုင်းနိုင်ငံ၏ စုစုပေါင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု ထိုင်းအစိုးရက ပြောဆိုသည်။

ထိုင်းနိုင်ငံသည် ၎င်းတို့၏ လျှပ်စစ်ထုတ်လုပ်ရေးနှင့် စက်မှုကဏ္ဍအတွက် မြန်မာ့ကမ်းလွန်ဓာတ်ငွေ့ (ရတနာနှင့် ဇောတိက) အပေါ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အားကိုးခဲ့ရပြီး လက်ရှိ အဆိုပါတွင်းဟောင်းများ စတင် ခန်းခြောက်လာနေသလို ရတနာစီမံကိန်း၏ မူလစာချုပ်သည် ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သောကြောင့် ထိုင်းနိုင်ငံသည် စွမ်းအင်ပြတ်လပ်မှု အန္တရာယ်ကို ကျော်လွှားရန် ဓာတ်ငွေ့အရင်းအမြစ်အသစ် ရှာဖွေရေး အလွန်အရေးကြီး နေသည်ဟု ပြီးခဲ့သည့် စက်တင်ဘာလထုတ် Nikkei Asia သတင်းက ဆိုသည်။

ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ Block A-6 ရေနက်ပိုင်း သဘာဝဓာတ်ငွေ့လုပ်ကွက်သစ်သည် ရခိုင်ကမ်းလွန်တောင်ပိုင်း ဘလော့ခ်အဖြစ် သတ်မှတ်ထားသော်လည်း မြေပုံအနေအထားအရ ဧရာဝတီတိုင်း ကမ်းရိုးတန်းအနောက်ဘက် ပင်လယ်ပြင်နှင့် အနီးဆုံး ငရုတ်ကောင်း၊ ငွေဆောင်၊ ဂေါ်ရန်ဂျီကျွန်း အနီးဝန်းကျင် ကမ်းရိုးတန်းဒေသများနှင့် မျက်နှာချင်းဆိုင် တည်ရှိနေပြီး ဧရိယာအကျယ်အဝန်း စုစုပေါင်း ၉,၈၃၀ စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၃,၇၉၀ ကျော်) ကျယ်ဝန်းကာ တရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ မှ ၅၅၀ အထိ အစောဆုံး ထွက်ရှိလာနိုင်သောကြောင့် ထိုင်းနိုင်ငံအတွက် နောက်ထပ် ၁၃ နှစ်မှ ၁၇ နှစ်အထိ စွမ်းအင်ရေရှည် စိတ်ချရမှုကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

Block A-6 မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို အခြေခံအဆောက်အအုံဟောင်းများဖြစ်သည့် ရတနာဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်များနှင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံသို့ ပိုက်လိုင်းမှတဆင့် တိုက်ရိုက်တင်ပို့နိုင်ရန် မျှော်မှန်းထားသဖြင့် ထိုင်းနိုင်ငံအတွက် သယ်ယူပို့ဆောင်ရေးစရိတ် အထူးသက်သာစေမည် ဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။

ထိုင်းနိုင်ငံPTT၊ PTTEP ကုမ္ပဏီနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGAT)တို့မှ တာဝန်ရှိသူများပါဝင်သော ထိုင်း စွမ်းအင်ဝန်ကြီးအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့ ယမန်နေ့က ထပ်မံတွေ့ဆုံခဲ့ရာ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ(MoU) ၊ ပူးပေါင်းဆောင်ရွက်နေသော သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် အထွက်နှုန်း တိုးမြှင့်နိုင်ရေး၊ စီမံကိန်းအသစ်များ ထပ်မံ ရင်းနှီးမြှုပ်နှံရေး၊ ထိုင်းနိုင်ငံသို့သွယ်တန်းထားသည့် ပိုက်လိုင်းများ စွမ်းဆောင်ရည်အပြည့်အဝအသုံးချနိုင်ရေး၊ မြန်မာ-ထိုင်း-ရုရှားသုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသကိုအခြေပြု၍ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သံလွင်မြစ်ဝှမ်း နှင့် တနင်္သာရီမြစ်ဝှမ်းများရှိ ရေအား လျှပ်စစ်စီမံကိန်းများ၌ ထိုင်းနိုင်ငံမှကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေး၌ ထိုင်းကုမ္ပဏီများပါဝင် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎35❤17😁8👍2
သမ္မတ၊ တပ်ချုပ်နှင့် ပါတီကြား အာဏာလည်ပတ်ပုံ

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆

လောလောဆယ်တွင် အထောက်အထားများက အဖွဲ့အစည်းဆိုင်ရာ တာဝန်ရှိမှု ဗဟိုချက်မ သုံးခုရှိသော်လည်း လွှမ်းမိုးထားသည့် နိုင်ငံရေးအာဏာပိုင် တခုတည်းသာရှိသည့် စနစ်တခုကို ညွှန်ပြနေသည်။ မင်းအောင်လှိုင်သည် ထိပ်ဆုံး၌ ဆက်လက်ရှိနေဆဲဖြစ်ပြီး ရဲဝင်းဦးနှင့် ခင်ရီတို့သည် ၎င်း၏အောက်ရှိ စစ်ဘက်နှင့် နိုင်ငံရေးနယ်ပယ်များအတွင်း၌ သိသာထင်ရှားသော အာဏာကို ကျင့်သုံးနေကြသည်။

https://youtu.be/MonC-nwHB_w

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ရဲဝင်းဦး #ခင်ရီ #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁29❤9🤔3
Media is too big
VIEW IN TELEGRAM
ငပြီကျွန်းတိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ချသေဆုံးသူများတယ်လို့ AA ပြော

ရခိုင်ပြည်နယ် စစ်တွေနဲ့ ပေါက်တောမြို့နယ် ကြားမှာရှိနေတဲ့ ငပြီကျွန်းကို ကမ်းတက်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အကျအဆုံးအများအပြားရှိခဲ့သလို လက်နက်ချသူတွေလည်း အများအပြားရှိတယ်လို့ အာရက္ခတပ်တော် (AA) က ဧရာဝတီကိုပြောပါတယ်။

ငပြီကျွန်းကမ်းတက်တိုက်ပွဲလို့ နှစ်ဖက်ခေါ်ဆိုကြတဲ့ ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ကမ်းတက်ဖို့ အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့ဝင်တွေကိုအသုံးပြုခဲ့ပြီးတော့ အောက်တိုဘာလဆန်းပိုင်းကတည်းက ကမ်းတက်ဖို့ ကြိုးစားနေတာပါ။

#မြန်မာ #ဧရာဝတီ #ငပြီကျွန်း #ကမ်းတက်တိုက်ပွဲ #စစ်တွေ #ပေါက်တော #AA #စစ်တပ် #WhatsHappeningInMyanmar
❤49👍19😁13👎2
Media is too big
VIEW IN TELEGRAM
ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မယ်တော်ဆေးခန်းကို ပေးအပ်တဲ့ ဂျပန်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၁၉ ရက်နေ့မှာ တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က လက်ခံရယူခဲ့ပါတယ်။

အိုကီနာဝါ ငြိမ်းချမ်းရေးဆုဟာ ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စု အစိုးရက ၂၀၀၂ ခုနှစ်ကစပြီး နှစ်နှစ် တကြိမ် ချီးမြှင့်လာတဲ့ဆုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ လူသားချင်း စာနာမှု လုပ်ငန်းတွေမှာ ထူးချွန်စွာ ဆောင်ရွက်သူတွေကို ဂုဏ်ပြုတာဖြစ်ပါတယ်။ မယ်တော်ဆေးခန်းဟာ ဒီဆုကို ရရှိတဲ့ ပထမဆုံး ပြည်ပအခြေစိုက် အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #မယ်တော်ဆေးခန်း #ဒေါက်တာစင်သီယာမောင် #အိုကီနာဝါ #ငြိမ်းချမ်းရေးဆု #ဂျပန် #ကျန်းမာရေး #စစ်ဘေးရှောင် #ရွှေ့ပြောင်း #WhatsHappeningInMyanmar
❤48👍16👎1😁1
❤24👍12😁1
အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲက ထရမ့် အာဏာကို ကန့်သတ်လာနိုင်ခြေရှိ

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆။

အမေရိကန်ပြည်သူများသည် သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်း နောက်ဆုံးနှစ်နှစ်တွင် လွှတ်တော် (Congress) ကို မည်သူထိန်းချုပ်မည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုဝင်ဘာ ၃ ရက်နေ့တွင် မဲပေးကြမည်ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီသည် ရီပတ်ဘလစ်ကန်ပါတီ၏ မဲအသာစီးရရှိထားမှုများဖြစ်သော အောက်လွှတ်တော် (၂၁၈-၂၁၄) နှင့် အထက်လွှတ်တော် (၅၃-၄၇) တို့ကို အသာစီးရယူရန်အတွက် လွှတ်တော်နှစ်ရပ်လုံးတွင် အနည်းဆုံး နေရာ ၄ နေရာစီ ထပ်မံအနိုင်ရရှိရန် လိုအပ်သည်။

ဒီမိုကရက်များအနေဖြင့် အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြသော်လည်း အထက်လွှတ်တော်အတွက်မူ အနိုင်အရှုံး ခန့်မှန်းရန် ခက်ခဲနေဆဲဖြစ်သည်။

Fox News ၏ Power Rankings အရ လက်ရှိတွင် ပါတီနှစ်ခုလုံးက အထက်လွှတ်တော်အမတ်နေရာ ၄၇ နေရာစီ အသီးသီး သေချာနေပြီး မည်သည့်ပါတီ ဆီးနိတ်ကို ထိန်းချုပ်မည်ဆိုသည်ကို ကျန်ရှိသည့် ပြည်နယ် ၉ ခုက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

အလာစကာ၊ အိုင်အိုဝါ၊ မိန်း၊ အိုဟိုင်းအိုး၊ တက္ကဆက်၊ မီချီဂန်၊ နယူးဟမ့်ရှိုင်းယား၊ မင်နီဆိုးတားနှင့် ကန်းဆက် ပြည်နယ်များ ဖြစ်သည်။

ဒီမိုကရက်တစ် ဆီးနိတ်မဲဆွယ်ကော်မတီဥက္ကဋ္ဌ Kirsten Gillibrand က "ဆီးနိတ်ဒီမိုကရက်တွေဟာ အများစုနေရာကို အနိုင်ရဖို့ အင်အားအကောင်းဆုံး အနေအထားမှာ ရှိနေပါပြီ" ဟု ပြောကြားခဲ့သည်။

အခြားတဖက်တွင် အမျိုးသားရီပတ်ဘလစ်ကန် ဆီးနိတ်မဲဆွယ်ကော်မတီဥက္ကဋ္ဌ Tim Scott က "အရှိန်အဟုန်က ကျနော်တို့ဘက်မှာ ရှိနေဆဲပါ" ဟု ဆိုသည်။

အထက်လွှတ်တော်တွင် ၅၀-၅၀ သရေဖြစ်သွားပါက ဒုသမ္မတ JD Vance ၏ အဆုံးအဖြတ်မဲဖြင့် ရီပတ်ဘလစ်ကန်များက ထိန်းချုပ်ခွင့် ဆက်လက်ရရှိမည်ဖြစ်သည်။

ထရမ့်၏ ထောက်ခံမှုနှုန်းထားမှာ ၎င်း၏ သမ္မတသက်တမ်းအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး မဲဆန္ဒစစ်တမ်းများက ဒီမိုကရက်များကို အသာစီးပေးထားသဖြင့် ယခုရွေးကောက်ပွဲသည် ဝါရှင်တန်၏ အာဏာချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်သည်။

သို့သော် ဒီမိုကရက်များအနေဖြင့် လွှတ်တော်တရပ် သို့မဟုတ် နှစ်ရပ်လုံးကို အနိုင်ရရှိခဲ့လျှင်ပင် ထရမ့်သည် ဗီတိုအာဏာ (Veto power) နှင့် ကျယ်ပြန့်သော သမ္မတ အာဏာများကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်၍ ဒီမိုကရက်များ၏ ဥပဒေကြမ်းများ ပြဋ္ဌာန်းနိုင်စွမ်းကို ကန့်သတ်ချက်ဖြစ်စေမည်ဖြစ်သည်။

Reuters သတင်းဌာနက မေးမြန်းခဲ့သော လေ့လာဆန်းစစ်သူများ၊ ဗျူဟာမှူးများနှင့် စီးပွားရေးပညာရှင်များ၏ အဆိုအရ ရွေးကောက်ပွဲရလဒ် မည်သို့ပင်ဖြစ်စေ ၂၀၂၇ ခုနှစ်တွင် ကြွေးမြီကန့်သတ်ချက် (Debt ceiling) တိုးမြှင့်ရေးနှင့် အစိုးရရန်ပုံငွေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားလာနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

စီးပွားရေးပညာရှင် နှစ်ဦးကမူ ဈေးကွက်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် မငြိမ်မသက်ဖြစ်ဖွယ်နှစ်တနှစ်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။

ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများကလည်း ထရမ့်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်နိုင်သည့် နည်းလမ်းများကို သတိပေးထားသည်။

ကိုးကား။ ။ Reuters နှင့် Fox News သတင်းများ
👍46❤12😁2
👍22👎6😁2❤1😱1
ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန်မာလူငယ် ၂၇ ဦး ချင်းမိုင်ဘူတာ၌ အဖမ်းခံရ

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆

ထိုင်းနိုင်ငံ ချင်းမိုင် ရထားဘူတာ ပလက်ဖောင်းတဝိုက်ကို ထိုင်း ရဲတပ်ဖွဲ့ယမန်နေ့က ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန်မာလူမျိုး ၂၇ ဦးအပါအဝင် ၃၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု ချင်းမိုင် မယ့်ပင်းရဲစခန်းက သတင်းထုတ်ပြန်သည်။

မယ့်ပင်းရဲစခန်းတာဝန်ရှိသူများသည် ပြစ်မှုကျူးလွန်မှုနှင့် ဥပဒေချိုးဖောက်မှုများကို ကာကွယ်နှိမ်နင်းရန်အတွက် ချင်းမိုင်မြို့နယ်၊ ချင်းမိုင် ရထားဘူတာ ပလက်ဖောင်းဧရိယာ၌ ပိတ်ဆို့ရှာဖွေသည့် စစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသည့် သံသယရှိသူ ၃၅ ဦးအနက် မြန်မာနိုင်ငံသား ၂၇ ဦးကို "ခွင့်ပြုချက်မရှိဘဲ (သို့မဟုတ် ပြည်ဝင်ခွင့် သက်တမ်းကုန်ဆုံး/ရုပ်သိမ်းခံရပြီးနောက်) ထိုင်းနိုင်ငံအတွင်း နေထိုင်မှု၊ ဥပဒေအရ အမိန့်များကို လိုက်နာရန် ပျက်ကွက်မှုတို့ဖြင့် အရေးယူခဲ့သည်။

အဆိုပါမြန်မာလူငယ်များမှာ ပွဲစားကို ငွေကျပ် ၃၅ သိန်းထိပေးကာ မယ်ဆိုင်မှတဆင့် ချင်းမိုင်နှင့် ချင်းမိုင်မှတဆင့် ရထားဖြင့် ဘန်ကောက်သို့ အလုပ်သွားလုပ်ရန် ခေါ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။

ထို့နောက် တရုတ်နိုင်ငံသား ၂ ဦးအား နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူခဲ့ပြီး ထိုင်းနိုင်ငံသား ၄ ဦးကိုမူ "တရားမဝင် ပြည်ဝင်လာသူ နိုင်ငံခြားသားများ ကူညီပေးမှု" စွပ်စွဲချက်ဖြင့် အရေးယူခဲ့ကာ ဖမ်းဆီးရမိသူ အားလုံးကို ဥပဒေအရ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေး အရာရှိထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-Chiang Mai News

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎20👍15❤6😁1😱1
မြန်မာလူထုသဘောထား တရုတ်ကွန်မြူနစ်ပါတီ စုံစမ်းမေးမြန်း

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆

အမေရိကန်က အာဏာသိမ်းအစိုးရနှင့် ထိတွေ့ဆက်ဆံမှု စတင်ချိန် တရုတ်ကွန်မြူနစ်ပါတီကလည်း ၎င်းတို့အပေါ် မြန်မာ လူထု၏ သဘောထားကို နိုင်ငံရေးပါတီတချို့နှင့် အောက်တိုဘာ ၁၃ရက်က ရန်ကုန်၌ တွေ့စဉ် စုံစမ်းမေးမြန်းခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာညွှန်ကြားရေးမှူးချုပ် Mr. Peng Xiubin ဦးဆောင်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်း သားစည်း လုံးညီညွတ်ရေး ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင့်ဦး ဆောင်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ရာတွင် မြန်မာပြည်သူတို့ တရုတ်အပေါ် သဘောထားအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကြား စိန်ခေါ်မှုများ အပါအဝင် အချက် ၅ ချက်အား တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံရေးပါတီတချို့ ရန်ကုန်မြို့ တွေ့ဆုံစဉ် မေးမြန်းခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/20/417139.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁50❤10👍2
လက်ရှိတွင် စစ်အုပ်စုရော၊ တော်လှန်ရေးအင်အားစုများပါ တရုတ်ဆန့်ကျင်ရေး အမြင်များ ပေါ်ပေါက်နေသည်မှာ အမှန်ပင်ဖြစ်၏။

တော်လှန်ရေးအင်အားစုများ၌ တရုတ်ကို ဆန့်ကျင်သည့် အမြင်ပေါ်ပေါက်နေသည်မှာ တရုတ်လူမျိုးကို ဆန့်ကျင်ခြင်း၊ တရုတ်အစိုးရ လုပ်သမျှကို ဆန့်ကျင်ခြင်း မဟုတ်ပေ။ တရုတ်အစိုးရက စစ်ရှုံး၍ ဖရိုဖရဲဖြစ်နေသည့် မြန်မာစစ်တပ်ကို အသက်ဆက်ပေးသည့် အချက်ကို ဆန့်ကျင်နေကြခြင်းသာ ဖြစ်၏။ ဒီမိုကရေစီအင်အားစုများကို မျှတစွာ ဆက်ဆံပါက ဤအမြင် လျင်မြန်စွာ ပျောက်ကွယ်သွားမည်ဖြစ်၏။ ထို့ပြင် ဤအင်အားစုများသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖန်တီးခြင်းကို ဆန့်ကျင်ကြသူများဖြစ်၏။

စစ်အုပ်စု၏ တရုတ်ဆန့်ကျင်ရေးအမြင်သည် ၎င်းတို့၏ အခြေခံအမြင်ဖြစ်၏။ သူ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အကျပ်အတည်းများကို ကျော်လွှားရန် မြန်မာစစ်တပ်သည် ဗမာအမျိုးသားရေးကို လှုံ့ဆော်ကာ တရုတ်ဆန့်ကျင်ရေး၊ မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းများကို အစဉ်အမြဲ ဖန်တီးလေ့ရှိ၏။ ၁၉၆၇ တရုတ်-မြန်မာ အဓိကရုဏ်းသည်လည်း ဆန်ပြဿနာကို အာရုံလွှဲရန် မြန်မာစစ်တပ်မှ ဖန်တီးခဲ့ခြင်းဖြစ်၏။ ယနေ့တိုင်လည်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သည့်အဖွဲ့ ဆိုသည့် မဘသ အဖွဲ့များကို မြန်မာစစ်တပ်က ဖွဲ့စည်းထား၏။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/20/417143.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍39❤15😁3👎2
👍16😁1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက်
သယ်ယူပို့ဆောင်မှုပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင်၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၀၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၅၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၄၈၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၄၀ ကျပ်

ယင်းဈေးမှာ အာဏာသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါအဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၆ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၄၅
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍32❤5😁2👎1
တရုတ် ပြောတဲ့ “အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံ” ကို စစ်တပ်လက်ခံမှာလား

ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆

နေပြည်တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တင့်ရှီကျွင်းရဲ့ ပြောကြားချက်က စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

အခမ်းအနားကို ပေးပို့ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ "တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံများကို ရှာဖွေရန်မျှော်လင့်ပါတယ်" လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ “အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံ” ဆိုတာဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ တိတိကျကျ ရှင်းလင်းပြောကြားသွားတာ မရှိသေးပါဘူး။

တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတွေကတော့ အခုလို တရုတ်ကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ဟာ လက်ရှိ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေ ကိုင်စွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေ မူဘောင်ထက် ပိုမိုကျော်လွန်တဲ့ နိုင်ငံရေးအခွင့်အရေးတွေအကြောင်းကိုပါ ရည်ညွှန်းပြောဆိုနေတာဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။

https://youtu.be/A5U39a8alTY
😁40❤8🤔6👍2👎1
👎35😁3😭1
ပြည်သူကို ဗုံးကြဲရင်း ပညာရေးဒုဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ်ဟောင်း ဝင်းမောင်သိန်း


ဧရာဝတီ၊ အောက်တိုဘာ၂၀၊ ၂၀၂၆


စစ်တပ်အာဏာသိမ်းပြီး ကလေးများအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းနှင့် မကွေးတိုင်းတွင်း လေတပ်ဗုံးကြဲမှုများ၌ တာဝန်ရှိသူ နိုင်ငံကာကွယ်ရေး တက္ကသိုလ် (NDC) ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဝင်းမောင်သိန်းက မကြာမီက ပညာရေး ဒုဝန်ကြီးဖြစ်လာပြီး ယခုဆိုလျှင် ပြည်သူ့လွှတ်တော်၌ပင် တက်ရောက် ဆွေးနွေးနေပြီ ဖြစ်သည်။


သူက၂၀၂၁ အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ အထိ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်အဆင့် တိုးမြှင့်ခံရကာ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်မှူး၊ ထိုမှတဆင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) ကျောင်းအုပ်ကြီး ဖြစ်လာသူ ဖြစ်သည်။


လေတပ်နှင့် ပတ်သက်သည့်သတင်းများ ထုတ်ပြန်ပေးနေသည့် Operation Spitfire အဖွဲ့၏ ၂၀၂၂ ခု ဇန်နဝါရီလထုတ်ပြန်ချက်အရ မကွေး၊ စစ်ကိုင်းနှင့် တိုင်းရင်းသားဒေသများ အပေါ် ဗုံးကြဲမှုများနှင့် ပတ်သက်၍ လွန်လွန်ကျူးကျူး လုပ်ဆောင်ရန် အမိန့်ပေးညွှန်ကြားသူများ စာရင်းထဲ ၎င်း၏အမည်လည်း ပါသည်။


၂၀၂၅ ခုနှစ် ဩဂုတ်လပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရကာ ထိုမှ အောက်တိုဘာ ၁၀ ရက်က ပညာရေး ဒုဝန်ကြီး ဒေါက်တာ ဇော်မြင့်အား အနားပေးပြီး ဗိုလ်ချုပ် ဝင်းမောင်သိန်းကို ပညာရေး ဒုဝန်ကြီးအဖြစ် ခန့်လိုက်ခြင်း ဖြစ်သည်။


ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ချောချောစိန်၏ လက်အောက်တွင် ဒုဝန်ကြီး၂ ဦးရာ ကျန် ဒုဝန်ကြီးတဦးဖြစ်သည့် ဦးနေမျိုးလှိုင်သည်လည်း စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်း ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်ပြီး NDC ဒုကျောင်းအုပ်တာဝန်ထမ်းခဲ့သူဖြစ်၍ ပညာရေးဝန်ကြီးဌာနသည် စစ်ဗိုလ်လူထွက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ် (NDC) တို့ ကြီးစိုးရာ နေရာဟု ဆိုရမည်။


စစ်ဘက်မှ အရပ်ဘက်ပြောင်းလာသည့် ဗိုလ်ချုပ်ဟောင်း ဦးဝင်းမောင်သိန်း၏ ပထမဆုံးအကြိမ် လွှတ်တော် အတွေ့အကြုံက ကျောက်ပန်းတောင်းအမတ် ဦးဝင်းမြင့်အောင်၏ အမေးကို တလွဲဖြေကြားလိုက်ခြင်းဖြစ်ပြီး ထို့အတွက် ထပ်ဆင့် မေးမြန်းရာ၌ ၎င်းတွင် အဖြေမရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌထံ စာဖြင့် ပြန်လည် တင်ပြပါမည်ဟုသာ တုံ့ပြန်နိုင်ခဲ့သည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎42❤10😁7😭1