ပြည်သူကို ဗုံးကြဲရင်း ပညာရေးဒုဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ်ဟောင်း ဝင်းမောင်သိန်း
ဧရာဝတီ၊ အောက်တိုဘာ၂၀၊ ၂၀၂၆
စစ်တပ်အာဏာသိမ်းပြီး ကလေးများအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းနှင့် မကွေးတိုင်းတွင်း လေတပ်ဗုံးကြဲမှုများ၌ တာဝန်ရှိသူ နိုင်ငံကာကွယ်ရေး တက္ကသိုလ် (NDC) ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဝင်းမောင်သိန်းက မကြာမီက ပညာရေး ဒုဝန်ကြီးဖြစ်လာပြီး ယခုဆိုလျှင် ပြည်သူ့လွှတ်တော်၌ပင် တက်ရောက် ဆွေးနွေးနေပြီ ဖြစ်သည်။
သူက၂၀၂၁ အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ အထိ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်အဆင့် တိုးမြှင့်ခံရကာ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်မှူး၊ ထိုမှတဆင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) ကျောင်းအုပ်ကြီး ဖြစ်လာသူ ဖြစ်သည်။
လေတပ်နှင့် ပတ်သက်သည့်သတင်းများ ထုတ်ပြန်ပေးနေသည့် Operation Spitfire အဖွဲ့၏ ၂၀၂၂ ခု ဇန်နဝါရီလထုတ်ပြန်ချက်အရ မကွေး၊ စစ်ကိုင်းနှင့် တိုင်းရင်းသားဒေသများ အပေါ် ဗုံးကြဲမှုများနှင့် ပတ်သက်၍ လွန်လွန်ကျူးကျူး လုပ်ဆောင်ရန် အမိန့်ပေးညွှန်ကြားသူများ စာရင်းထဲ ၎င်း၏အမည်လည်း ပါသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရကာ ထိုမှ အောက်တိုဘာ ၁၀ ရက်က ပညာရေး ဒုဝန်ကြီး ဒေါက်တာ ဇော်မြင့်အား အနားပေးပြီး ဗိုလ်ချုပ် ဝင်းမောင်သိန်းကို ပညာရေး ဒုဝန်ကြီးအဖြစ် ခန့်လိုက်ခြင်း ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ချောချောစိန်၏ လက်အောက်တွင် ဒုဝန်ကြီး၂ ဦးရာ ကျန် ဒုဝန်ကြီးတဦးဖြစ်သည့် ဦးနေမျိုးလှိုင်သည်လည်း စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်း ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်ပြီး NDC ဒုကျောင်းအုပ်တာဝန်ထမ်းခဲ့သူဖြစ်၍ ပညာရေးဝန်ကြီးဌာနသည် စစ်ဗိုလ်လူထွက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ် (NDC) တို့ ကြီးစိုးရာ နေရာဟု ဆိုရမည်။
စစ်ဘက်မှ အရပ်ဘက်ပြောင်းလာသည့် ဗိုလ်ချုပ်ဟောင်း ဦးဝင်းမောင်သိန်း၏ ပထမဆုံးအကြိမ် လွှတ်တော် အတွေ့အကြုံက ကျောက်ပန်းတောင်းအမတ် ဦးဝင်းမြင့်အောင်၏ အမေးကို တလွဲဖြေကြားလိုက်ခြင်းဖြစ်ပြီး ထို့အတွက် ထပ်ဆင့် မေးမြန်းရာ၌ ၎င်းတွင် အဖြေမရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌထံ စာဖြင့် ပြန်လည် တင်ပြပါမည်ဟုသာ တုံ့ပြန်နိုင်ခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👎42❤10😁7😭1
ဥရောပ ၄ နိုင်ငံမှ PJ ပတ်စ်ပို့ ကိုင်ဆောင်သူများ ခွင့်ပြန်ထောက်ခံစာ ယူရန် မလိုဟုဆို
ဧရာဝတီ၊ အောက်တိုဘာ၂၀၊ ၂၀၂၆
ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံတို့၌ အလုပ်လုပ်ကိုင်နေကြသည့် PJ (Passport for Job) အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ခွင့်ပြန်ရာတွင် မြန်မာသံရုံးမှ ခွင့်ပြန်ထောက်ခံစာယူရန် မလိုတော့ဘဲ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း လန်ဒန်မြို့ မြန်မာသံရုံးက အောက်တိုဘာ ၁၉ ရက်က ကြေညာထားသည်။
PJ နိုင်ငံကူးလက်မှတ်ကိုင် ခွင့်ပြန်များအနေဖြင့် ခွင့်ပြီးဆုံး၍ ပြည်ပနိုင်ငံများသို့ ပြန်ထွက်ခွာချိန် မပျက်မကွက် တင်ပြရမည့် အထောက်အထားများမှာ နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ Visa မိတ္တူ၊ အနည်းဆုံး သက်တမ်း တနှစ်ရှိသည့် OWIC ကတ် ရှေ့နောက် (မိတ္တူ)၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ရိုက်နှိပ်ထားသည့် ပြည်ပထွက်ခွာခွင့်နှင့် ပြည်ဝင်ခွင့် တံဆိပ်တုံးများ ပါရှိသည့် နိုင်ငံကူးလက်မှတ် စာမျက်နှာ (မိတ္တူ)၊ လေယာဉ်လက်မှတ် (မိတ္တူ)၊ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင် လွှဲပို့ခဲ့သည့် အနီးဆုံး သုံးလစာ အသေးစိတ် အထောက်အထားများ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း တနှစ်စာ ပေးဆောင်ခဲ့သည့် အထောက်အထား၊ ရောက်ရှိကြောင်း သတင်းပို့ ပုံစံတို့ လိုအပ်မည်ဟု အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်က ထပ်မံ ထုတ်ပြန်ထားသည်။
ထိုအချက်များအပြင် ယခင်က အာရှနိုင်ငံများမှ ခွင့်ပြန်လုပ်သားများအနေဖြင့် အလုပ်ရှင်ထံမှ ခွင့်စာနှင့် သက်ဆိုင်ရာ သံရုံးထောက်ခံစာများကို တင်ပြရပြီး ထိုထောက်ခံစာများ တောင်းခံခြင်းကိုမူ အောက်တိုဘာ ၁၀ ရက်မှ စတင်ကာ ဖြေလျှော့ခဲ့ပြီး ယခုအခါတွင် ဥရောပနိုင်ငံ ၄ နိုင်ငံကိုပါ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ခွင့်ပြန်လာသည့် အလုပ်သမားများအနက် ၃၆၄ ဦးမှာ မိသားစုလွှဲငွေ အထောက်အထား မပြနိုင်သဖြင့် ပြန်ထွက်ခွင့် ပယ်ချခံခဲ့ရသည်။
ပုံစာ -ရန်ကုန်မြို့ရှိ OWIC ထုတ်ပေးရေးရုံး (ပုံဟောင်း)/ gnlm

👍27❤11😁8🤔4
ဗြိတိန်အခြေစိုက် ထိပ်တန်းစာရင်းစစ်လုပ်ငန်းစု PwC လူမွဲခံယူပြီး မြန်မာမှ ထွက်မည်
ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆
ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း စာရင်းစစ်နှင့် စီးပွားရေးအကြံပေးလုပ်ငန်းကွန်ရက် PwC (PricewaterhouseCoopers) ၏ မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်းရန် စီစဉ်နေကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှတဆင့် ကြေညာသည်။
PwC ၏ မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီသည် လူမွဲခံယူမှုဥပဒေ ပုဒ်မ ၁၅၆ နှင့် လူမွဲခံယူမှုဆိုင်ရာ နည်းဥပဒေများအရ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို စာရင်းရှင်းလင်းဖျက်သိမ်းရန် အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီတွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်။
အဆိုပါအစည်းအဝေးတွင် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းခြင်းနှင့် ပိုင်ဆိုင်မှုခွဲဝေပေးခြင်းတို့ ဆောင်ရွက်နိုင်ရန် ရှင်းလင်းရေးအရာရှိတဦး သို့မဟုတ် တဦးထက်ပို၍ ခန့်အပ်ရန်နှင့် ကြွေးရှင်များကော်မတီ ဖွဲ့စည်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
သို့သော် ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ရသည့် အကြောင်းရင်းကိုမူ ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိပေ။
PwC သည် စာရင်းစစ်နှင့် အာမခံဝန်ဆောင်မှု၊ အခွန်ဆိုင်ရာဝန်ဆောင်မှုနှင့် စီးပွားရေးအကြံပေးဝန်ဆောင်မှုများ ပေးအပ်သည့် ကမ္ဘာ့ထိပ်တန်း ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုလုပ်ငန်းကွန်ရက်တခု ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် Price Waterhouse နှင့် Coopers & Lybrand ကုမ္ပဏီနှစ်ခု ပေါင်းစည်းခဲ့ရာမှ PwC အမည်ဖြင့် ပေါ်ပေါက်လာကာ ကမ္ဘာတဝန်းရှိ လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် PwC ကို ၂၀၁၂ ခုနှစ်၌ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီများအတွက် စာရင်းစစ်၊ အခွန်နှင့် စီးပွားရေးအကြံပေးဝန်ဆောင်မှုများ ပေးအပ်ခဲ့သည်။
PwC ၏ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းသွားပါက ၎င်း၏ ဝန်ဆောင်မှုများကို အသုံးပြုနေသည့် ပြည်တွင်းကုမ္ပဏီများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အခြားဝန်ဆောင်မှုပေးသူများထံ ပြောင်းရွှေ့ရနိုင်ပြီး လုပ်ငန်းစဉ်များ လွှဲပြောင်းရာတွင် အချိန်နှင့် ကုန်ကျစရိတ်များ ပိုမိုလိုအပ်လာနိုင်သည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားကုမ္ပဏီအချို့ လုပ်ငန်းရပ်ဆိုင်းခြင်းနှင့် နိုင်ငံမှထွက်ခွာခြင်းများ ရှိနေပြီး ယခုလို PwC မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီဖျက်သိမ်းရခြင်းမှာ ယင်း၏ အကျိုးဆက်တခု ဖြစ်နိုင်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

😁33👍16❤11🤔1
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠
တရုတ်အပေါ် မှီခိုနေတဲ့ မြန်မာ့စီးပွားရေး
ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစီမံကိန်းတွေ အကြောင်းနဲ့၊ တရုတ်နယ်စပ် နမ့်ခမ်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကုန်သွယ်ရေးဇုန်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်း အပါအဝင် တရုတ်မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။
https://youtu.be/g4CFmubAUwI
#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #စီးပွားရေး #ဆိုလာ #လျှပ်စစ်

YouTube
တရုတ်အပေါ် မှီခိုနေတဲ့ မြန်မာ့စီးပွားရေး | The Irrawaddy
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠
တရုတ်အပေါ် မှီခိုနေတဲ့ မြန်မာ့စီးပွားရေး
အောက်တိုဘာ ၇၊ ၂၀၂၆
ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစီမံကိန်းတွေ အကြောင်းနဲ့၊ တရုတ်နယ်စပ် နမ့်ခမ်းမှာ တအာင်းအမျ…

👍26❤9👎3😭2😁1
• ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ အသုံးနှုန်း ပြင်ဆင်လို့ လူထုဝေဖန်
• မြန်မာကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့ကနေ ထုတ်ပယ်
• အာဏာသိမ်း စစ်တပ်သုံ့ပန်းတွေကို PDF အဖြစ် NUG ခွင့်ပြု
• ပုဂ္ဂလိကကျောင်းတွေကို မြန်မာအမည်ပြောင်းဖို့ USDP အမတ်တင်ပြ
• မက္ကာမှာ နိုင်ငံသား ၂ ဦး ကွပ်မျက်ခံရမှု ဘင်္ဂလားဒေ့ရှ် ရှင်းလင်းချက်တောင်း
နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၀၊ ၂၀၂၆
https://youtu.be/iE_EC821x_I

👍30❤6😁3👎1🤔1
မင်းအောင်လှိုင် လောင်းရိပ်အောက်က တပ်ချုပ်
ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီ လွှဲပြောင်းပေးထားပြီဆိုပေမယ့်၊ သမ္မတရာထူး အမည်ခံထားတဲ့ ဦးမင်းအောင်လှိုင်ကသာ စစ်တပ်အပေါ် အဓိကဩဇာ လွှမ်းမိုး ကိုင်တွယ်နေဆဲ ဖြစ်တယ်လို့ လေ့လာသူတွေနဲ့ CDM စစ်တပ်အရာရှိအချို့က သုံးသပ်ပြောဆိုနေကြပါတယ်။
မင်းအောင်လှိုင်ရဲ့ နိုင်ငံတကာခရီးစဉ်တွေနဲ့ ပွဲလမ်းသဘင်တွေမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ဇနီးမောင်နှံက ခါးကိုညွတ်ကိုင်းမတက် အလွန်အကျွံအရိုသေပေး ကြိုဆိုနေရတာတွေ၊ ဦးမင်းအောင်လှိုင်ရဲ့ဘေးမှာ ခပ်ကုတ်ကုတ်အနေအထားနဲ့ ညွှန်ကြားချက်တွေကို လိုက်မှတ်နေရတဲ့ ပုံရိပ်တွေဟာဆိုရင် ဦးမင်းအောင်လှိုင်ရဲ့ လက်ရှိ တပ်ချုပ်သစ်အပေါ် ထားရှိတဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ထင်ရှားစွာ ပြသနေတာပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။
တကယ်လို့ တပ်မတော်ရာထူး တာဝန်မရှိတော့တဲ့ ဦးမင်းအောင်လှိုင်က သမ္မတတဦးအနေနဲ့သာ တပ်ကို အမိန့်ပေးညွှန်ကြားနေရတာဆိုရင် ဒါဟာ အရင် အရပ်သားအစိုးရလက်ထက်တွေတုန်းက နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ မျှော်လင့်ခဲ့ကြတဲ့ စစ်တပ်ကို အရပ်သားက အုပ်ချုပ်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တာ၊ သမ္မတရာထူးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ကျော်လွန်လုပ်ဆောင်ခဲ့တာတွေကြောင့် ဦးမင်းအောင်လှိုင်ရဲ့ အခုလို လုပ်ဆောင်ချက် တွေဟာ အာဏာအရပ်ရပ်ကို ဆက်လက်လက်ဝါးကြီးအုပ်ဖို့ ကြိုးပမ်းနေတာသာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြကြပါတယ်။
https://youtu.be/nzc6fVciH9Q

😁33❤22👍2🤔2😭1
CI မလို ပန်းရောင်ကတ်နှင့် အလုပ်လုပ်ခွင့်ရဖို့ ထိုင်းရောက်မြန်မာတို့ ကြိုးပမ်း
ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆
အာဏာသိမ်းအစိုးရက မိသားစုလွှဲငွေနှင့် တနှစ်စာအခွန်ဆောင်ပြီးမှ မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လုပ် ပေးမည်ဟု ဆိုနေချိန် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) က ဦးဆောင်ပြီး ထိုင်းအစိုးရထံ (CI) မလိုဘဲ တရားဝင် အလုပ်လုပ်ခွင့်ရရှိရေး တောင်းဆိုလိုက်သည်။
ထိုင်းအစိုးရထံ တောင်းဆိုသည့် အချက်များမှာ CI စာအုပ်မလုပ်ရရေး၊ CI နှင့် ပတ်စ်ပို့မလိုဘဲ ပန်းရောင်ကတ်နှင့် Work Permit တွဲ၍ တရားဝင်အလုပ်လုပ်ခွင့်ရရေး၊ ဗီဇာမရှိဘဲ Work Permit သက်တမ်းတိုးခွင့်ရရေး၊ Work Permit နှင့် တွဲပြီး ပန်းရောင်ကတ်ဖြင့် ဗီဇာထုတ်ပေးရေးဆိုသည့် ၄ ချက်တို့ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်မှစ၍ အွန်လိုင်းပေါ်တွင်လည်း ဓာတ်ပုံကမ်ပိန်း ပြုလုပ်လျက်ရှိသည်။
NUG အစိုးရ အလုပ်သမားရေးရာဦးစီးဌာန လူသားချင်းစာနာဝန်ကြီးဌာနကလည်း ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သား များ ပန်းရောင်ဘတ်ကတ်၊ Work Permit တို့ဖြင့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရရှိရေး ကမ်ပိန်းစတင်နေကြောင်း ကြေညာထားသည်။
“ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ခွင့်ရနေတဲ့အတွက် အလုပ်သမားတွေရဲ့ အခွန်အခဟာလည်း ထိုင်းနိုင်ငံအတွက်ပဲ ဖြစ်သင့် ပါတယ်။ ပတ်စပို့တောင်မှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်ပေးနိုင်တဲ့သူကို အခွန်မပေးဆောင်ချင်တာ အလုပ်သမား တိုင်းရဲ့ ဆန္ဒပါ”ဟု ချွန်ဘူရီတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတဦးက ပြောသည်။
အဆိုပါ လှုပ်ရှားမှုကို အောက်တိုဘာ ၁၄ ရက်တွင် စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့၌ CI စခန်းများ စတင်ဖွင့်လှစ်ပြီးနောက် အောက်တိုဘာ ၁၈ ရက်မှစ၍ ကမ်ပိန်းပြုလုပ်နေခြင်း ဖြစ်သည်။
ယခုနှစ် CI စာအုပ်လုပ်ရာတွင် အလုပ်သမားများ၏ လုပ်ခ ၂ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လွှဲထားကြောင်း အထောက်အထား တင်ပြခိုင်းခြင်းမှာ အဓိက အခက်အခဲနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အတွက် ယခုလှုပ်ရှားမှု၌ ပါဝင်လာ ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
ဦးခိုင်ကြီးက “လက်ရှိ ပန်းရောင်ကတ်နဲ့ နေလို့ရအောင် ကမ်ပိန်း လုပ်တယ်။ သက်တမ်းတိုးတဲ့ကိစ္စတွေကို ဖိအားပေးပြီး တော့ အခွန်ကောက်နေတာတွေ၊ အိမ်ပြန်ပို့ရမယ့် ၂၅ ရာခိုင်နှုန်း ပြခိုင်းတာတွေက အာဏာရှင်ကို သွားတားလို့ မရဘူး။ တားလို့ရတာဟာ အလုပ်သမားပဲ။ တောင်းတဲ့သူက တောင်းတယ်။ ပေးတဲ့သူက ပေးနေသ၍ ဘယ်တော့မှ မပြတ်တော့ ဘူး။ သံသရာလည်နေမှာ။ ဒါဟာ ဘယ်သူ့ကိုမှ ကန့်လန့်တိုက်တာ မဟုတ်ဘူး။ ဆန္ဒပြတာလည်း မဟုတ်ဘူး။ ထိုင်းအစိုးရ ကိုလည်း ဖိအားပေးပြီး ဒါကို မလုပ်ဘူး ပြောတာလည်းမဟုတ်ဘူး။ ဒါလေးကိုပဲ တောင်းဆိုတာ။ ဘာဥပဒေနဲ့မှလည်း မငြိဘူး။ ဒါလေးနဲ့ လုပ်ခွင့်ရမလားဆိုပြီး တောင်းဆိုကြတာပါ”ဟု ပြောသည်။
ထိုသို့ ငွေလွှဲရာတွင် ငွေလဲနှုန်းကွာဟမှု၊ စာရွက်စာတမ်းလိုအပ်ချက်နှင့် တရားဝင်ငွေလွှဲစနစ် အသုံးပြုရာ၌ ကြုံရသည့် နည်းပညာ အခက်အခဲများကြောင့် တရားဝင်ဘဏ်လမ်းကြောင်းတွေထက် ဟွန်ဒီကဲ့သို့ အလွတ်သဘော ငွေလွှဲစနစ် များကို အသုံးပြုနေရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံရှိ "Bright Future" မြန်မာအလုပ်သမားကွန်ရက်က ဆူရတ်ဂျ်ဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနှင့် လုပ်သားများအပေါ် အမြတ်ထုတ်နေသည့် ပွဲစားများ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ အောက်တိုဘာလ ၇ ရက်က သွားရောက်တောင်းဆိုထားသည်။
မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်များတွင် CI ထုတ်ပေးသည့်စင်တာများ၏ လုပ်ထုံးလုပ်နည်းများမှာ အချို့ကဏ္ဍများမှာ အလွန်ရှုပ်ထွေးနေပြီး ကုန်ကျစရိတ် မြင့်မားခြင်း၊ တရားဝင်စနစ်ပြင်ပမှ အခကြေးငွေ တောင်းခံမှုများ ရှိနေခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ငွေကြေးပိုမိုကုန်ကျနေရပြီး ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ပြောထားသည်။
အလုပ်သမားများအနေဖြင့် CI လုပ်ရန်အတွက် ပိုမိုကုန်ကျနေသလို ပွဲစားများကလည်း အခကြေးငွေများကို ပိုမို ကောက်ခံခြင်းတို့ ရှိနေရာ ပန်းရောင်ကတ် တခုတည်းကိုသာ အထောက်အထားအဖြစ် ထိုင်းအစိုးရမှ လက်ခံပေးရန် တောင်းဆိုထားကြောင်း သိရသည်။
မြန်မာအလုပ်သမားအများစုသည် ထိုင်းဘာသာစကားနှင့် စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းများ မကျွမ်းကျင်မှုကြောင့် ပွဲစားများကို မှီခိုနေရပြီး တရားဝင်ကုန်ကျစရိတ်ထက် ပိုမိုတောင်းခံခြင်း၊ အလုပ်ပြောင်းခအမည်ခံ ငွေကောက်ခံခြင်း၊ စာရွက်စာတမ်းလုပ်ပေးမည်ဆိုပြီး ငွေယူကာ အလိမ်ခံရခြင်းများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာအလုပ်သမားများထံမှ CI စင်တာများ ဖျက်သိမ်းရေးတောင်းဆိုမှုစာကို ထိုင်းအလုပ်သမားရေးရာကော်မတီ၏ ကော်မတီဝင်နှင့် အကြံပေးပုဂ္ဂိုလ်ဖြစ်သူက ယခုပြဿနာသည် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝအပေါ် များစွာသက်ရောက်မှုရှိနေကြောင်း၊ ကော်မတီအနေဖြင့် အဆိုပါကိစ္စရပ်ကို အလေးအနက်ထား စဉ်းစားသွားမည်ဖြစ်ပြီး အမြန်ဆုံး

❤38👍17😁1
အဖြေရှာနိုင်ရန်အတွက် ကော်မတီအစည်းအဝေးသို့ တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း The Reporters သတင်း၌ ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးတွင် မြန်မာအာဏာသိမ်းအစိုးရအား ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းသည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေပြီး ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် အကျင့်ပျက်ခြစားမှုများကို ဖြစ်ပေါ်စေကြောင်း ထိုင်းနိုင်ငံ ရွှေ့ပြောင်းသွားလာမှု ပြုပြင်ပြောင်းလဲရေးအဖွဲ့ (Thailand Migration Reform - TMR) အဖွဲ့က သတိပေးထားသည်။
ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးလုံခြုံမှုနှင့် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် CI စခန်းများ စိစစ်ဆောင်ရွက်နေမှုကို ပြန်လည်သုံးသပ်ရန်နှင့် ပန်းရောင်ကတ်စနစ်သို့ ပြောင်းလဲအသုံးပြုရန် တိုက်တွန်းထားသည်။
ယခင်က ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့် ပန်းရောင်ဘတ်ကတ် တမျိုးထဲဖြင့်သာ ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး CI (Certificate of Identity)စနစ်ကို ၂၀၀၉ ခုနှစ်၌ မြန်မာနှင့် ထိုင်းနိုင်ငံတို့ နားလည်မှု စာချွန်လွှာ(MoU)လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်ခဲ့သူတဦးက “လွန်ခဲ့တဲ့ ၂၀၀၈ မတိုင်ခင်တုန်းက ထိုင်းရောက် မြန်မာလုပ်သားတွေ ပန်းရောင်ကတ်နဲ့ နေခဲ့ကြတာပဲ။ အဲ့ဒီတုန်းကတောင် နေလို့ရရင် အခုရော အဲဒီစနစ်ကို ပိုကောင်းအောင် မွမ်းမံပြီး ပြန်သုံးလို့မရနိုင်ဘူးလား။ အခုအလုပ်သမားတွေ တောင်းဆိုနေတာလည်း ထိုင်းအစိုးရကို ထိခိုက်စေမှာမဟုတ်ပါဘူး”ဟု ပြောသည်။
ထိုင်းနိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးရုံး၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့အထိစာရင်းအရ ထိုင်းတွင် Work Permit ရရှိထားသော တရားဝင်မြန်မာလုပ်သား စုစုပေါင်းဦးရေ ၃ သန်းခွဲနီးပါးရှိပြီး ထိုထဲမှ မြန်မာလုပ်သား ၄ သိန်း ၃ သောင်းနီးပါးကို မြန်မာ အလုပ်သမားဝန်ကြီးဌာနမှ CI စာအုပ် ထုတ်ပေးထားကြောင်း သိရသည်။
လက်ရှိထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အရေအတွက် ၄ ဒသမ ၁ သန်း ရှိကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/20/417158.html

ဧရာဝတီ
CI မလို ပန်းရောင်ကတ်နှင့် အလုပ်လုပ်ခွင့်ရဖို့ ထိုင်းရောက်မြန်မာတို့ ကြိုးပမ်း
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးတွင် မြန်မာအာဏာသိမ်းအစိုးရအား ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းသည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေပြီး ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် အကျင့်ပျက်ခြစားမှုများကို ဖြစ်ပေါ်စေကြောင်း ထိုင်းနိုင်ငံ…
👍48❤17😁9
ပြည်ထောင်စုမရှိရင် ဆုံမှတ်မရှိဘူး ဖြစ်သွားမယ်
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
အောက်ခြေက စတဲ့ ဖက်ဒရယ်ပြည်ထောင်စု (Bottom-Up Federalism) ကို တည်ဆောက်နေတဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ ဖြစ်လာတဲ့ မူအန်းဂျလာရဲ့ တာဝန်တွေ၊ နိုင်ငံရေးဖြတ်သန်းမှု၊ နိုင်ငံရေးအမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး ဧရာဝတီရဲ့ အမှုဆောင်အယ်ဒီတာ ကိုရဲနည်က တွေ့ဆုံမေးမြန်း ထားပါတယ်။
https://youtu.be/aCA9tTSVHMg
#မြန်မာ #ဧရာဝတီ #ကရင်နီပြည်အတိုင်ပင်ခံကောင်စီ #မူအန်းဂျလာ #ဖက်ဒရယ်ပြည်ထောင်စု #ကရင်နီပြည် #နိုင်ငံရေး #KSCC #WhatsHappeningInMyanmar

👍38❤6😁4
Media is too big
VIEW IN TELEGRAM
ဒဏ်ရာရစစ်သည်ကို ရှေ့တန်းကနေ လေကြောင်းဒရုန်းဖြင့် ပထမဆုံးအကြိမ် သယ်ယူကယ်ဆယ်ခဲ့တဲ့ ယူကရိန်း
အောက်တိုဘာ ၂၁၊ ၂၀၂၆
ယူကရိန်းစစ်တပ်ရဲ့ အမှတ် ၉၂ သီးခြားတိုက်ခိုက်ရေးတပ်မဟာက ရှေ့တန်းစစ်မြေပြင်ကနေ ဒဏ်ရာရစစ်သည်တဦးကို လေကြောင်းဒရုန်းအသုံးပြုပြီး အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပြီး ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် လေကြောင်းဒရုန်းနဲ့ လူနာတင်ပို့ကယ်ဆယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ယူကရိန်း #ဒရုန်း

❤54👍27
ရွေးကောက်ပွဲအလွန် ထရမ့်၏ အိမ်ဖြူတော်တွင် ဝန်ထမ်းအပြောင်းအလဲကြီး ဖြစ်လာမလား
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
ကြားဖြတ်ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်နိုင်ခြေကြောင့် အိမ်ဖြူတော်အတွင်း အာဏာလုပွဲများနှင့် သတင်းပေါက်ကြားမှုများ ပိုမိုပြင်းထန်လာနေသည်။ ဝန်ထမ်းအပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ထရမ့်က မပြောသေးသော်လည်း လက်ထောက်များနှင့် မဟာမိတ်များကမူ ရွေးကောက်ပွဲအပြီး ပစ်မှတ်ထားခံရမည် သို့မဟုတ် နှုတ်ထွက်ရမည်ကို စိုးရိမ်လျက်ရှိကြသည်။
တချိန်က စည်းလုံးခဲ့သည့် အိမ်ဖြူတော်သည် ယခုအခါ ဂိုဏ်းဂဏတိုက်ပွဲများနှင့် သတင်းပေါက်ကြားမှုများ ပြန်လည်ဆန်းသစ်လာရာ ဗဟိုချက်ဖြစ်လာကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မဟာမိတ်အချို့က ပြောသည်။ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ အရေးကြီးသည့် နောက်ဆုံးရက်များ၌ အာဏာလုပွဲများနှင့် ကြိုတင်အပြစ်ပုံချမှုများ ပေါင်းစပ်နေသည့် အဆိပ်အတောက်ဖြစ်ဖွယ် အခြေအနေ ဖြစ်ပေါ်နေသည်။
ထရမ့်သည် ဂရိနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကင်ဘာလီ ဂေးလ်ဖွိုင်လ် (Kimberly Guilfoyle) ကို ခရက်ဒစ်ကတ်ကြွေး ဒေါ်လာ ၁၀၀,၀၀၀ ဆက်ပေးရန် ရီပတ်ဘလစ်ကန် အလှူရှင်ထံ တောင်းဆိုခဲ့သည့် သတင်းပေါက်ကြားမှုအပါအဝင် သတင်းဆိုးများ ဆက်တိုက်ထွက်ပေါ်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ထို့အပြင် ကနေဒီစင်တာအတွက် ရည်ရွယ်သည့် ဒေါ်လာသန်းပေါင်းများစွာ လွဲမှားစွာ သုံးစွဲခဲ့မှု စွပ်စွဲချက်နှင့် ပတ်သက်၍ အလီနာ ဟာဘာ မေးဒွန် (Alina Habba Mildon) နှင့် ရစ်ခ် ဂရဲန်နယ် (Ric Grenell) တို့ကြား အငြင်းပွားမှုကို စုံစမ်းစစ်ဆေးရန်လည်း အိမ်ဖြူတော် ဥပဒေအကြံပေးအား ထရမ့်က အမိန့်ပေးခဲ့သည်။
ထို့အပြင် ပြန်ကြားရေးအတွင်းဝန်သစ် ကေတီ ဇာခါရီယာ (Katie Zacharia) ကိုလည်း လုပ်ဆောင်ချက် မှားယွင်းမှုများကြောင့် ငါးရက်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် စူဇီ ဝိုင်းလ်စ် (Susie Wiles) ၊ ပြင်ပအကြံပေးများဖြစ်ကြသည့် ဂျိမ်းစ် ဘလဲယား (James Blair) နှင့် ခရစ် လာစီဗီတာ (Chris LaCivita) တို့သည်လည်း ၎င်းတို့၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေသည့် သတင်းရေးသားမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်မကောင်းပါက မည်သူ အပြစ်ခံရမည်နည်း၊ မည်သူ အထုတ်ခံရမည်နည်းဆိုသည်တို့နှင့် ပတ်သက်၍ ခန့်မှန်းချက်များ ရှိနေသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အင်းဂဲလ် (Davis Ingle) က အဆိုပါ သတင်းများကို "အခြေအမြစ်မရှိသည့် ခန့်မှန်းချက်များ" ဟု ပယ်ချခဲ့သည်။
သို့သော်လည်း ဇာခါရီယာအား ရာထူးကမ်းလှမ်းစဉ်က ဝိုင်းလ်စ် မရှိနေခဲ့သဖြင့် သူမ၏ အာဏာလျော့နည်းလာသည်ဟူသော ယူဆချက်ဖြင့် စိစစ်မှုများ မြင့်တက်လာခဲ့သည်။ လပေါင်းများစွာ ကင်ဆာရောဂါ ခံစားခဲ့ရခြင်းနှင့် နှစ်နှစ်ပြည့်ကာလ နီးကပ်လာခြင်းတို့ကြောင့် ဝိုင်းလ်စ် နှုတ်ထွက်နိုင်သည်ဟု သတင်းထွက်ခဲ့သော်လည်း၊ သူမဘက်မှ အရိပ်အမြွက်မပြခဲ့ဘဲ ထရမ့်ကလည်း သူမအား အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရက်များ၏ စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်ရနိုင်သည့် ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ကို ထရမ့်က အကြိမ်ကြိမ် ကာကွယ်ပြောဆိုခဲ့သည်။ အီရန်နှင့် စစ်ပွဲကြောင့် စီးပွားရေး ထိခိုက်မှုကို ကိုင်တွယ်နေရသည့် စွမ်းအင်ဝန်ကြီး ခရစ် ရိုက်တ် (Chris Wright) မှာလည်း ထွက်ခွာရန် စဉ်းစားနိုင်သည်ဟု ခန့်မှန်းကြသော်လည်း သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများက အဆိုပါ သတင်းများကို ငြင်းဆိုထားသည်။
အမျိုးသားကျန်းမာရေးဌာန (NIH) အကြီးအကဲ ဂျေး ဘတ်တာချာရီယာ (Jay Bhattacharya) သည် အိမ်ဖြူတော် ဘတ်ဂျက်အကြီးအကဲ ရပ်စ် ဗို့သ် (Russ Vought) နှင့် လူသိရှင်ကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေသည်။
ပုံမှန်အားဖြင့် ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် ဝန်ထမ်းအပြောင်းအလဲများ ရှိလေ့ရှိသော်လည်း အာဏာကို ထရမ့်နှင့် နီးစပ်မှုအပေါ်၌သာ အဓိက တိုင်းတာသည့် ယခု အစိုးရအဖွဲ့အတွင်း၌မူ လစ်လပ်နေရာများသည် အာဏာချိန်ခွင်လျှာနှင့် မူဝါဒများကို သိသိသာသာ ပြောင်းလဲသွားစေနိုင်သည်။
ထရမ့်က ဝန်ထမ်းအပြောင်းအလဲလုပ်ရန် အရိပ်အမြွက် မပြသေးဘဲ မဲဆွယ်ခရီးစဉ်များအပေါ် အပြုသဘောဆောင် မျှော်လင့်နေသည်။ သို့သော် အကြံပေးများကမူ အောက်လွှတ်တော် အများစုနေရာ ဆုံးရှုံးနိုင်ခြေမြင့်မားပြီး အထက်လွှတ်တော်ကို ထိန်းသိမ်းရန်လည်း ခက်ခဲနေကြောင်း စိုးရိမ်နေကြသည်။ ထရမ့်ကိုယ်တိုင်လည်း သီးသန့်စကားပြောဆိုမှုများတွင် နိုင်ငံရေးအခြေအနေ ဆိုးရွားနေမှုအပေါ် မကျေမနပ် မေးခွန်းထုတ်ခဲ့သည်။
နိုဝင်ဘာ ၃ ရက်တွင် ရီပတ်ဘလစ်ကန်များ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါက ထရမ့်သည် သူမှလွဲ၍ တဦးဦးအား အပြစ်ပုံချမည်မှာ သေချာနေသည်။
ကိုးကား။ ။ CNN သတင်း Fears of a post-midterms Trump rampage spur ‘brutal’ internal jockeying
ပုံစာ - အိမ်ဖြူတော် ခရစ်ယာန်များအသင်းက ထရမ့်အတွက် ဝိုင်းဆုတောင်းပေးကြစဉ်

😁32❤11👍11
မျိုးသုဉ်းသွားပြီဟု စိုးရိမ်ခဲ့ကြသည့် မျောက်လေမောင်း အင်ဒိုနီးရှားတွင် ပြန်တွေ့
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆။
ဘန်းကာ မျောက်လေမောင်းသည် ကမ္ဘာပေါ်တွင် အဆန်းပြားဆုံး ပရိုင်းမိတ် (primate) သတ္တဝါများထဲမှ တမျိုးဖြစ်ပြီး နှေးကွေးစွာ လှုပ်ရှားသွားလာတတ်သော သစ်ပင်နေ သတ္တဝါတမျိုးဖြစ်သည်။ ၎င်းအား မျိုးသုဉ်းပျောက်ကွယ်သွားပြီဟုလည်း ယူဆခဲ့ကြပြီး ၁၉၃၀ ပြည့်လွန်နှစ်များက နောက်ဆုံးအကြိမ် အချက်အလက် မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော် ယခုအခါ အင်ဒိုနီးရှားနိုင်ငံ၏ အပူပိုင်းကျွန်းတခုဖြစ်သော ဘန်းကာကျွန်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်သည်။
ဆူမားတြားကျွန်း၏ အရှေ့တောင်ဘက် ကမ်းလွန်တွင် တည်ရှိသော ဘန်းကာကျွန်း၌ တိရစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့အစည်းတခုသည် လွန်ခဲ့သည့် နှစ်များအတွင်း ဘန်းကာ မျောက်လေမောင်း ကောင်ရေ ၉၀ ကျော်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရကြောင်း သိပ္ပံပညာရှင်များက သုတေသနစာတမ်းသစ်တခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့အနက် အများစုကို တောတွင်းသဘာဝပတ်ဝန်းကျင်သို့ ပြန်လည်လွှတ်ပေးခဲ့သည်။
Spixiana ဂျာနယ်တွင် ဖော်ပြခဲ့သည့် သုတေသနစာတမ်း၏ ပူးတွဲရေးသားသူတဦးဖြစ်ပြီး ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ Haus des Meeres Aqua Terra Zoo မှ သဘာဝထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့လွန်ကျောင်းသား တိမွန် ဂလော (Timon Glaw) က "ဘန်းကာ မျောက်လေမောင်းတွေ ရှင်သန်ကျန်ရစ်နေဆဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ကယ်ဆယ်ရရှိခဲ့သည့် သတ္တဝါများသည် ဘန်းကာကျွန်း၏ မတူညီသော နေရာအသီးသီးမှ ရရှိခဲ့ခြင်းဖြစ်ရာ၊ ၎င်းမျိုးစိတ်သည် ဘာသာရပ်ဆိုင်ရာ သုတေသနများတွင် ဆယ်စုနှစ်ပေါင်းများစွာ လစ်ဟင်းခဲ့မှုနှင့် နေထိုင်ရာပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးမှုများရှိခဲ့သော်လည်း ဒေသအများအပြားတွင် ဆက်လက်ရှင်သန်နေကြောင်း ပြသနေသည်ဟု ဂလော က ပြောသည်။ ခဲမဖြူတူးဖော်ခြင်းနှင့် ဆီအုန်းစိုက်ပျိုးရန် မြေနေရာရှင်းလင်းခြင်းတို့ကြောင့် ၎င်းတို့၏ နေထိုင်ရာ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခဲ့ရကြောင်း ဂလော က ပြောကြားခဲ့သည်။
"ကျွန်တော် အထူးသဖြင့် အံ့ဩမိတာကတော့ ဒီလို ထူးခြားဆွဲဆောင်မှုရှိပြီး ထင်ရှားတဲ့ ပရိုင်းမိတ်သတ္တဝါတစ်မျိုးဟာ နှစ်ပေါင်းရာစုနှစ်တစ်ခုနီးပါး သုတေသနပြုမှု အလွန်နည်းပါးခဲ့တာပါပဲ။ အခုလို ပြန်လည်တွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေ ဆယ်စုနှစ်ပေါင်းများစွာ သွားရောက်ရှာဖွေခြင်းမရှိခဲ့တဲ့ နေရာတွေမှာ မျိုးသုဉ်းသွားပြီလို့ စိုးရိမ်နေကြတဲ့ အခြားမျိုးစိတ်တွေလည်း ဆက်လက်ရှင်သန်နေနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးစွမ်းလိုက်တာပါ။ ဒါ့အပြင် ဘန်းကာကျွန်းဟာ ကမ္ဘာ့အကြီးဆုံး မြို့ကြီးတွေထဲက တခုဖြစ်တဲ့ ဂျကာတာမြို့ကနေ လေယာဉ်နဲ့ တနာရီလောက်ပဲ သွားရတဲ့နေရာပါ" ဟု ဂလော က ပြောသည်။
သိပ္ပံအမည် Nycticebus bancanus ဟုခေါ်သော ဘန်းကာ မျောက်လေမောင်းသည် နီညိုရောင်အမွှေးအမျှင်၊ ထူးခြားသည့် မျက်နှာအမှတ်အသားများနှင့် မျက်လုံးကြီးများ ပါရှိသည့် သေးငယ်သော ညဉ့်ကျက်စားသည့် ပရိုင်းမိတ်သတ္တဝါဖြစ်သည်။ သစ်ခက်များအကြား လျှင်မြန်စွာ လှုပ်ရှားနိုင်သည့် လူဝံ၊ မျောက်နှင့် လီမာ (lemur) ကဲ့သို့သော အခြား သစ်ပင်နေ ပရိုင်းမိတ်များနှင့် မတူဘဲ သစ်ပင်ပေါ်တွင် ဖြည်းဖြည်းနှင့် ဂရုတစိုက် လှုပ်ရှားသွားလာတတ်သည်။
၂၀၂၀ ပြည့်နှစ်တွင် သတ္တဝါမျိုးစိတ်များ၏ အခြေအနေကို စောင့်ကြည့်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း (IUCN) က ဘန်းကာ မျောက်လေမောင်းအား စိုးရိမ်ရလောက်အောင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့်အပြင် မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ယူဆရသော သတ္တဝါအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် စိန့်လူးဝစ်အခြေစိုက် Re:wild သဘာဝထိန်းသိမ်းရေးအဖွဲ့ကလည်း ၎င်းအား "ပျောက်ဆုံးနေသော ပရိုင်းမိတ်များ" ထဲမှ တခုအဖြစ် စာရင်းသွင်းခဲ့သည်။
အဆိပ်ရှိသော ကိုက်ခဲမှု
ကမ္ဘာပေါ်ရှိ အခြားသော မျောက်လေမောင်း မျိုးစိတ်များကဲ့သို့ပင် ၎င်းတွင် အဆိပ်ရှိပြီး နို့တိုက်သတ္တဝါများတွင် ရာခိုင်နှုန်းအလွန်နည်းသော ထူးခြားသည့် လက္ခဏာဖြစ်သည်။ မျောက်လေမောင်းများသည် တောင်ပံဆစ် (တံတောင်ဆစ်) အနီးရှိ အထူးပြုပြွန်များမှ အရည်တစ်မျိုးကို ထုတ်လုပ်ပြီး၊ ခြိမ်းခြောက်ခံရသည့်အခါ လက်မောင်းများကို မြှောက်၍ ထိုအရည်ကို တံတွေးနှင့် ရောနှောကာ ကိုက်ခဲလိုက်သည့်အခါ အဆိပ်အဖြစ် သက်ရောက်စေသည်။
"ဒီအဆိပ်ဟာ လူတွေမှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ အခြား မျောက်လေမောင်း မျိုးစိတ်တွေကို သုတေသနပြုချက်များအရ အဆိပ်ကို သားရဲတိရစ္ဆာန်တွေနဲ့ ပါရာဆိုက် (ကပ်ပါး) တွေကို ကာကွယ်ဖို့ သုံးနိုင်ပေမဲ့ အဓိကအားဖြင့်တော့ အခြား မျောက်လေမောင်းတွေနဲ့ ပဋိပက္ခဖြစ်ချိန်မှာ သုံးကြတာဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်" ဟု ဂလော က ပြောသည်။
၎င်းတို့၏ အစားအစာ စားသုံးမှုပုံစံကို တိတိကျကျ မသိရှိရသေးသော်လည်း အခြား မျောက်လေမောင်း မျိုးစိတ်များကဲ့သို့ပင် ပိုးမွှားများ၊ (သစ်စေး)၊ ဝတ်ရည်နှင့် အခြား သစ်ပင်အပိုင်းအစများကို စားသုံးဖွယ်ရှိကြောင်း ဂလော က ပြောသည်။
၎င်းတွင် အောက်မေးသွားများ အရှေ့သို့

👍32❤11
ငေါက်ထွက်နေသည့် သွားဘီး (toothcomb) ပါရှိပြီး၊ ယင်းကို အဓိကအားဖြင့် အမွှေးအတောင် သန့်ရှင်းရေးလုပ်ရန်၊ သစ်ခေါက်များကို တူးဆွ၍ သစ်စေးထုတ်ယူရန်နှင့် ကိုက်ခဲစဉ် အဆိပ်စီးဆင်းစေရန် အသုံးပြုသည်။ ထို့အပြင် အဆိုပါ သွားဘီးကို သန့်ရှင်းရေးလုပ်ရာတွင် ကူညီပေးသည့် အဓိကလျှာအောက်ရှိ အထူးပြု လျှာဒုတိယတစ်ခုလည်း ပါရှိသည်။
၂၀၁၅ နှင့် ၂၀၂၅ အကြားတွင် အင်ဒိုနီးရှား သဘာဝထိန်းသိမ်းရေး အဖွဲ့အစည်းဖြစ်သည့် Alobi Wildlife Rescue Center သည် ကျွန်းတခွင် မတူညီသော နေရာများမှ ဘန်းကာ မျောက်လေမောင်း ကောင်ရေ ၉၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဂလော က ပြောကြားခဲ့သည်။
အများစုကို နေအိမ်များ၊ ဥယျာဉ်များ၊ စိုက်ခင်းများ သို့မဟုတ် လမ်းများမှ ကယ်ဆယ်ခဲ့ရခြင်းဖြစ်ပြီး အချို့မှာမူ အထူးသဖြင့် လျှပ်စစ်ဓာတ်ကြိုးများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ကုသမှုပေးခဲ့သော်လည်း အနည်းငယ် သေဆုံးသွားခဲ့ကြောင်း ဂလော က ပြောသည်။ ပြန်လည်ကျန်းမာလာပြီးနောက် ၎င်းတို့အနက် ၈၆ ကောင်ကို သင့်တော်သည့် သဘာဝနေထိုင်ရာ ပတ်ဝန်းကျင်သို့ ပြန်လည်လွှတ်ပေးခဲ့သည်။
"အရေးကြီးဆုံး လုပ်ဆောင်ရမှာကတော့ ဘန်းကာကျွန်းပေါ်မှာ ကျန်ရှိနေသေးတဲ့ သဘာဝသစ်တောတွေကို ခဲမဖြူတူးဖော်တာနဲ့ ဆီအုန်းစိုက်ပျိုးမှု တိုးချဲ့တာတွေကြောင့် နောက်ထပ် ပျက်စီးယိုယွင်းမသွားအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမျိုးစိတ် ဘယ်နေရာတွေမှာ ဆက်လက်ရှင်သန်နေသေးလဲ၊ ကောင်ရေ ဘယ်လောက်အထိ ရှိနေသေးလဲဆိုတာကို သိရှိနိုင်ဖို့ စနစ်တကျ ကွင်းဆင်းစစ်ဆေးမှုတွေ လိုအပ်ပါတယ်" ဟု ဂလော က ပြောသည်။
ကိုးကား။ ။ Reuters သတင်း Feared extinct, Bangka slow loris primate rediscovered in Indonesia

👍32❤3
Media is too big
VIEW IN TELEGRAM
တရုတ်သင်္ဘော ၁၆ စီးကို ထိုင်၀မ်မောင်းထုတ်
အောက်တိုဘာ ၂၁၊ ၂၀၂၆
ထိုင်၀မ်ကျွန်းမကြီးနဲ့ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပရတ်တပစ် (ခေါ် ) ဒေါင်ရှာကျွန်းစု အနီးတဝိုက်မှာ ရေကြောင်းနှောင့်ယှက်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေတဲ့ တရုတ်သင်္ဘေ ၁၆ စီးကို ထိုင်၀မ်ဘက်က ကြားဖြတ်ဟန့်တားပြီး မောင်းထုတ်နိုင်ခဲ့တယ်လို့ ထိုင်၀မ် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #ထိုင်ဝမ်

👍58❤19😁1
"အဓိကကတော့ သူတို့ [မီဒီယာတွေမှာ မေးမြန်းချက်တွေ] ဟာ ဗုံးကြဲမှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ကြည့်မယ်ဆိုရင်တော့ လက်ရှိ စစ်ဆင်ရေးတွေဟာ အမှန်တကယ်တော့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လှမ်းနေတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်" ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အောက်တိုဘာ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲ နိဂုံးချုပ် အမှာစကားပြောကြားစဉ် ပြောဆိုခဲ့သည်။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/10/21/417165.html

ငြိမ်းချမ်းရေးရဖို့ ဗုံးကြဲနေတာဟု ဗိုလ်ချုပ်ကြီး ရာပြည့် ပြော
စစ်အုပ်စု၏ အသစ်ခန့်အပ်ခံရသော ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အရပ်သားပစ်မှတ်များအပေါ် ဗုံးကြဲတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
👎39😁10❤7👍2