ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ စကားပြောခွင့်ရ (Breaking News)
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်တို့ စကားပြောခွင့်ရခဲ့ကြောင်း ယနေ့ သူ၏ လူမှုကွန်ရက်တွင် ရေးသားပြောဆိုထားသည်။
မိခင် လွတ်မြောက်ရေး၊ မြန်မာ့အရေး မေ့မထားရေးတို့အတွက် ကင်မ် ၏ လန်ဒန်မှသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ခြေဆန့် လှည့်လည်ပြီး ကမ်ပိန်းလှုပ်ရှားမှုများဖြင့် ကြိုးပမ်းနေခြင်း၊ ပြီးခဲ့သည့် စက်တင်ဘာ ၁၅၊ ၁၆ ရက်တို့တွင် အမေရိကန် သမ္မတထရမ့် အစိုးရအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေသနဗျူရို လက် ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ဗန့်စ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ လာရောက်၍ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခြင်းများအပြီး ယခုကဲ့သို့ မိသားစုနှင့် စကားပြောခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ကင်မ်အဲရစ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ မိသားစုနှင့် ချက်ချင်း၊ ပုံမှန် တွေ့ဆုံ ဆက်သွယ်ခွင့်ပေးရန်တို့ တောင်းဆိုထားပြီး ယင်းမှာ နိုင်ငံရေးအရ အလျှော့အတင်း လုပ်ပေးသည့် အခွင့်အရေး မဟုတ်ကြောင်း၊ အခြေခံ လူ့အခွင့်အရေးများသာဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်အထိ သူ၏ လူမှုကွန်ရက်မှ တဆင့် တောင်းဆိုထားခဲ့သည်။
အောက်တိုဘာ ၁၉ ရက်ကလည်း ချားလ်စ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည် အား စာအုပ် ၂ အုပ်နှင့် အိတ်ပိတ် စာအိတ် တအိတ် ပေးပို့ခဲ့သည်ကို ပြည်ထဲရေးဝန်ထမ်းများမှ သွားရောက်ပေးအပ်ခဲ့ကြောင်း အာဏာသိမ်းအစိုးရ ထုတ်ပြန်လာ သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အပြုသဘောဆောင်မှုရှိလာကြောင်း သုံးသပ်မှုတချို့လည်း ရှိခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်သည့်နေ့မှာပင် စစ်အုပ်စု ဖမ်းဆီးကာ ပုဒ်မများစွာတပ် အကျဉ်းချ ထားသည့် ဒေါ်အောင်ဆန်းစုကြည်အား ၅ နှစ်ကျော်ကြာကာလ ယခုနှစ်အတွင်း နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခဲ့သလို ပြီးခဲ့သော ဩဂုတ်လကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် တွေ့ဆုံခွင့် ပြုခဲ့သည်။
ICRC နှင့် မတွေ့ဆုံမီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ဖော်ပြသခဲ့ခြင်းမရှိခဲ့သလို ကျန်းမာရေးအခြေအနေ နှင့် ပတ်သက်၍လည်း ကောင်းမွန်ကြောင်းသာ စစ်အုပ်စုဘက်က တုံ့ပြန် ထုတ်ပြန်လေ့ရှိသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် ဧပြီလထဲတွင် ကင်မ်အဲရစ် ဦးဆောင်သော Proof of Life ကမ်ပိန်း စတင်ခဲ့ကာ ဒေါ်အောင်ဆန်း စုကြည် သက်ရှိထင်ရှားရှိနေကြောင်း တရားဝင် အထောက်အထား ပြသပေးရန် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့်အတူ ဝိုင်းဝန်း တောင်းဆိုခဲ့ကြသည်။
၈၁ နှစ်အရွယ် မိခင်နှင့် ဆက်သွယ် စကားပြောခွင့်ရရေး၊ မိခင် လွတ်မြောက်ရေးတို့အတွက် ကင်မ်အနေဖြင့် နိုင်ငံ အသီးသီးရှိ ဒီမိုကရေစီလိုလားသူများနှင့် ပူးပေါင်းကာ ကမ်ပိန်း လှုပ်ရှားမှုများဖြင့် တောက်လျောက် တောင်းဆိုခဲ့ ရှိသလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း စစ်အုပ်စုကို ဖိအားပေးရန်ပါ တိုက်တွန်းမှုများပါ ပြုလုပ်ခဲ့သည်။
၂၀၂၆ ဇွန် ၄ ရက်က ဩစတြေးလျရောက် မြန်မာများနှင့်အတူ ကင်ဘာရာမြို့ရှိ ပါလီမန်ရှေ့ ဒေါ်အောင်ဆန်းစုကြည် အပါ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ မိခင် သက်ရှိထင်ရှားရှိနေကြောင်း ပြသဖို့ အရှိန်မြှင့် တောင်းဆိုခဲ့ကြသလို ကင်မ်အနေဖြင့် ဩစတြေးလျအစိုးရအဖွဲ့၊ ပါလီမန်အမတ်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့သည်။
ထိုလှုပ်ရှားမှုများနှင့်အတူ မြန်မာသံရုံးများသို့ တောင်းဆိုစာကိုပါ လိုက်လံ ပေးပို့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အား ICRC နှင့် တွေ့ဆုံခွင့်ပေးလိုက်ခြင်းမှာ Proof of Life ကမ်ပိန်းအတွက် အရာထင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း သတင်းအစန ပျောက်နေရာမှ အနည်းငယ် ပိန်သွားသည့် ပုံစံနှင့် ဒေါ်အောင်ဆန်းစုကြည် အား အရည်အသွေး ခပ်ညံ့ညံ့ရိုက်ကူးထားသော စစ်အုပ်စု ထုတ်ပြန်သည့် ဓာတ်ပုံဖြင့် ပြန်လည် မြင်တွေ့ရခြင်းမှာ လူထုအတွက် ဝမ်းသာကြည်နူးမှု၊ မျှော်လင့်ချက်များ ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။
ကင်မ်က တကြိမ်တည်းသော တွေ့ဆုံမှုသည် အစပိုင်းဖြစ်ကြောင်းနှင့် နောက်ထပ်ဖြစ်လာရမည်မှာ မိသားစုနှင့် အဆက် အသွယ်ရရှိရေး ပွင့်လင်းမြင်သာမှုရှိရေးနှင့် လွတ်မြောက်ရေးတို့ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“မေမေနဲ့ တွေ့ခွင့်ပေးပါ၊ ကျနော့် မေမေကို မြင်ချင်တယ်။ မေမေနဲ့ စကားပြောခွင့်ပေးပါ၊ ကျနော်တို့ မိသားစု ပုံမှန် ဆက်သွယ်ခွင့် ရချင်တယ်၊ ကျနော့် မေမေကို လွှတ်ပေးပါ” ဟု ကင်မ်အဲရစ် က ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် လန်ဒန်မြို့ရှိ မြန်မာသံရုံးသို့ စာသွားရောက် ပေးပို့ချိန်တွင် သံရုံးရှေ့၌ ပြောသည်။
Proof of Life ကမ်ပိန်းကာလမှာ ပြီးဆုံးခဲ့သော်လည်း ယခုတွင်မူ မိခင် လွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်း ကို ကင်မ်အဲရစ် ဦးဆောင်၍ ဆက်လက် လုပ်ဆောင်ကာ တောင်းဆိုမှုများတောက်လျက် ပြုလုပ်လျက်ရှိသည်။

❤65👍9😁2
ထို့အတူ ချက်နိုင်ငံ ပရာ့ဂ်မြို့၌ ပြီးခဲ့သည့်အပတ်က ကျင်းပသည့် Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ကင်မ် တက်ရောက်ခဲ့သလို ညီလာခံအတွင်းပင် မိခင်ဖြစ်သူ လွတ်မြောက်ရေး၊ နိုင်ကျဉ်းများ လွတ်မြောက် ရေး တောင်းဆိုခဲ့သည်။
ဩဂုတ် ၂၈ ရက် နံနက်က အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်နှင့် TIME မဂ္ဂဇင်း အင်တာဗျူးစဉ် ၎င်းတို့အနေဖြင့် အလွန်အမင်း သက်ညှာပေးထားပြီး ဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ရမရဆိုသည်မှာ သူမ (ဒေါ်အောင်ဆန်းစု ကြည်) အပေါ်၌သာ မူတည်ကြောင်း ထည့်သွင်း ဖြေကြားခဲ့သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် ထောင်ဒဏ်အနေဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့မှုများကြောင့် လက်ကျန်ထောင်ဒဏ်မှာ ၁၈ နှစ် ၉ လသာ ကျန်ရှိတော့ကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍34❤16😁5
ချင်းမိုင်ဘူတာ၌ အဖမ်းခံရသည့် မြန်မာလူငယ်များ စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ထိုင်းနိုင်ငံ ချင်းမိုင် ရထားဘူတာ ပလက်ဖောင်း၌ အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးခံခဲ့ရသည့် မြန်မာလူငယ်များ အချုပ်ကျပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်ပို့ခံရချိန် စစ်မှုထမ်းစုဆောင်းနေသူတို့ထံ ရောက်ရှိမည်ကို စိုးရိန်ပူပန်နေကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ချင်းမိုင် ရထားဘူတာ ပလက်ဖောင်းတဝိုက်ကို ထိုင်း ရဲတပ်ဖွဲ့ အောက်တိုဘာ ၁၉ ရက်က ပိတ်ဆို့ရှာဖွေရာ ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန်မာလူမျိုး ၂၇ ဦးအပါအဝင် ၃၅ ဦးအား ဖမ်းဆီးခဲ့သည်ဟု ချင်းမိုင် မယ့်ပင်းရဲစခန်းက ထုတ်ပြန်သည်။
၎င်းတို့ကို ယမန်နေ့က ထောင်ဒဏ် ၂ လနှင့် ဒဏ်ငွေ ၂ထောင် ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ထောင်ဒဏ်ကို လျှော့ပေါ့ခဲ့သော်လည်း ဒဏ်ငွေ ဘတ် ၂ထောင်ကို ပေးဆောင်နိုင်ခြင်းမရှိသည့်အတွက် တရက်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် အချုပ်ကျခံနေရကြောင်း သိရသည်။
ထိုသို့ ကျခံပြီးနောက် မယ်ဆိုင်-တာချီလိတ်မှ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်မည်ဖြစ်သည့်အတွက် စစ်မှုထမ်းစုဆောင်းနေသော အာဏာသိမ်းအစိုးရလက်ထဲ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်ခြင်းကြောင့် ကူညီပေးကြရန် တောင်းဆိုထားသည်။
“သူတို့ကို ချမှတ်ထားသည့် ထောင်ရက်ပြည့်ပြီဆိုရင် သူတို့ကို လဝကကနေ ပြန်လာခေါ်ပြီးတော့ မယ်ဆိုင်-တာချီလိတ်ဘက်ကို ပို့မှာပဲဖြစ်ပါတယ်။ သူတို့ စိုးရိမ်ကြောက်လန့်နေတာက မြန်မာအစိုးရလက်ထဲကို ပြန်ပို့မလားဆိုတဲ့ သောကတွေနဲ့ စိတ်ပူပန်နေကြတယ်။ မယ်ဆိုင်လဝက ကနေ ကူညီပေးနိုင်မယ့်သူတွေအနေနဲ့ သူတို့လက်ထဲမအပ်နိုင်ဖို့ ကူညီပေးဖို့၊ အဖွဲ့အစည်းတွေရှိရင် ဒီလူတွေကို ကူညီပေးဖို့အတွက် တောင်းဆိုပါတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။
အဆိုပါမြန်မာလူငယ်များမှာ ပွဲစားကို ငွေကျပ် ၃၅ သိန်းထိပေးကာ မယ်ဆိုင်မှတဆင့် ချင်းမိုင်နှင့် ချင်းမိုင်မှတဆင့် ရထားဖြင့် ဘန်ကောက်သို့ အလုပ်သွားလုပ်ရန် ခေါ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။

👎28😭9😁5❤4
"မြန်မာပြည်သူတွေက သူတို့ကို ဘယ်လိုမြင်သလဲဆိုတာကို တရုတ်ဘက်က မေးပါတယ်" ဟု တက်ရောက်သူတဦးက ဧရာဝတီသို့ ပြောသည်။ "ပြည်သူအချို့က မကောင်းတဲ့အမြင် ဒါမှမဟုတ် သံသယဖြစ်ဖွယ်အမြင်တွေ ရှိနေကြတယ်လို့ ပါတီအချို့က ထောက်ပြခဲ့ကြတယ်။ ပြည်သူတွေ နားလည်သဘောပေါက်အောင် တရုတ်က မြန်မာကို ဘယ်လိုကူညီပေးနေသလဲဆိုတာ ပိုမိုပြသဖို့ သူတို့က တရုတ်ကို တိုက်တွန်းခဲ့ကြပါတယ်"
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/10/22/417184.html

ဧရာဝတီ
အမေရိကန်နှင့် ဆွေးနွေးလာသော နေပြည်တော်ကို ဆက်ဆံရေး တရုတ် ပိုမိုခိုင်မာအောင် လုပ်
တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖုန်ရှို့ပင်က ဦးဆောင်ခဲ့သည်။
😁22😭10👎9😱1
ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်အဲရစ်တို့ ဖုန်းပြောနေပုံ ထုတ်ပြလာ
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်တို့ ယနေ့ မြန်မာစံတော်ချိန် ၂နာရီခွဲမှ ၂နာရီ ၅၀ အထိ မိနစ် ၂၀ ခန့် ဖုန်းပြောခွင့် ရရှိခဲ့ကြောင်း အာဏာသိမ်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ထုတ်ပြန်သည်။
ဒေါ်ခိုင်ခိုင်စိုး၏ ထုတ်ပြန်ချက်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ဟု သုံးနှုန်းထားပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၄၃၀ အချိန်မှ ၁၄၅၀ အချိန်ထိ သူမ၏ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတဆင့် တယ်လီဖုန်းဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆိုခဲ့ကြောင်း ဆိုသည်။
သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကလည်း ယနေ့တွင် မိခင်ဖြစ်သူနှင့် ဖုန်းပြောခွင့်ရကြောင်း လူမှုကွန်ရက်၌ ရေးသားထားသည်။

❤54👍10😁4
Scarlet Heart Thailand ရုပ်သံမှ ဝတ်စားဆင်ယင်မှုမှာ ကုန်းဘောင်ခေတ်နှင့် တူနေ၍ ဖြေရှင်းဖို့ တောင်းဆို
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ထိုင်းနိုင်ငံမှ အနုပညာကုမ္ပဏီ GMMTV မှ လာမည့်နိုဝင်ဘာတွင် ပြသမည့်Scarlet Heart Thailand ဇာတ်လမ်းတွဲပါ ရိုးရာဝတ်စုံများသည် ကုန်းဘောင်ခေတ် နန်းတွင်းသူတို့ ဝတ်စားဆင်ယင်မှုနှင့် တူညီနေသည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ မြင့်တက်နေကာ ရှင်းလင်းချက်ပေးရန် တောင်းဆိုနေကြသည်။
အဆိုပါ အငြင်းပွားမှုမှာ ဇာတ်လမ်းတွဲ နမူနာကြော်ငြာ ဓာတ်ပုံနှင့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် စတင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဇာတ်ကောင်တချို့ ဝတ်ဆင်ထားသော ဝတ်စုံများက မြန်မာ့ကုန်းဘောင်ခေတ်နှောင်းပိုင်း၊ ရတနာပုံခေတ် နန်းတွင်းဝတ်စုံများနှင့် ဆင်တူနေသည်ဟု မြန်မာပရိသတ်များ ထောက်ပြကာ GMMTV ထုတ်လုပ်ရေးအဖွဲ့အနေဖြင့် တရားဝင်ရှင်းလင်းပေးရန် အွန်လိုင်းလက်မှတ်ကောက်ခံမှုများကို အောက်တိုဘာ ၂၀ ရက်မှစတင် ပြုလုပ်နေကြောင်း သိရသည်။
အဓိက တောင်းဆိုချက်များမှာ Scarlet Heart Thailand ဇာတ်လမ်းတွဲထဲမှ အမျိုးသမီးဇာတ်ကောင်များ ဝတ်ဆင်ထားသည့် ထိုင်မသိမ်းဝတ်စုံများ၊ အင်္ကျီလက်ဖောင်းပုံစံနှင့် နန်းတွင်းဝတ်စုံများမှာ မြန်မာ့ယဉ်ကျေးမှုနှင့် ဆင်တူနေသည့်အတွက် ပြန်လည်စစ်ဆေးပြင်ဆင်ပေးရန်၊ ဆီမီးခွက်ကပြသော ဇာတ်ဝင်ခန်းများ အပါအဝင် မြန်မာ့ယဉ်ကျေးမှုအနုပညာများကို ဆက်လက်အသုံးပြုမည်ဆိုပါက မူလယဉ်ကျေးမှုဇစ်မြစ်ကို တိတိကျကျ အသိအမှတ်ပြု ဖော်ပြပေးရန်တို့ ဖြစ်သည်။
ယနေ့အထိ GMMTV ဘက်မှ ဝတ်စုံဒီဇိုင်းအငြင်းပွားမှုအပေါ် ရှင်းလင်းချက်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Scarlet Heart Thailand သည် တရုတ်စာရေးဆရာ Tong Hua ၏ Startling by Each Step ဝတ္ထုကို အခြေခံထားသော ထိုင်းဗားရှင်းဖြစ်ပြီး GMMTV နှင့် Nar-ra-tor တို့က ထုတ်လုပ်ထားခြင်းဖြစ်သည်။

😁39❤9👍9
ကံတလူဂိတ်မှာ အဖမ်းခံရသည့် ဗိုလ်မှူးကြီး ဇော်မျိုးတင့် သေနတ်လုသဖြင့် ပစ်ခတ်လိုက်ကြောင်း PDF ထုတ်ပြန်
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ အရှင်ဖမ်းဆီးရမိထားသော ဗိုလ်မှူးကြီး ဇော်မျိုးတင့် မှာ သေနတ်လု၍ ထွက်ပြေးရန် ကြိုးပမ်း၍ ပစ်ခတ်ဖမ်းဆီးရကာ သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ ယနေ့ သတင်း ထုတ်ပြန်သည်။
အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှရဲဘော်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုသို့ ဖမ်းဆီးရမိပြီးနောက် ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများထံသို့ အဆင့်ဆင့် လွှဲပြောင်းပေးအပ်ရန် ပြင်ဆင်ဆောင်ရွက်နေစဉ် အောက်တိုဘာ ၁၉ ရက်တွင် စစ်တပ်က ကျေးရွာအချို့သို့ ခြေလျင်စစ်ကြောင်းနှင့် ဝေဟင်မှ ပစ်ကူများ ပေးပို့တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ အချိန်တွင် ဗိုလ်မှူးကြီး ဇော်မျိုးတင့်သည် တော်လှန်ရေးရဲဘော်များ ကိုင်ဆောင်ထားသည့် လက်နက်ကို လုယူကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် ရဲဘော်များက ပြန်လည် ပစ်ခတ်ဖမ်းဆီးစဉ် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- ယခုနှစ် ဇန်နဝါရီလက စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်အနီး တပ်စွဲထားသည့် စစ်တပ်စခန်းအား စစ်ကိုင်အခြေစိုက် PDF များ တိုက်ခိုက်နေစဉ်/ SAGAING PDF

❤41👍18😁5😱2
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ စကားပြောခွင့်ရ
အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးထောင်ချတာကို ခံထားရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်ရဲ့အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ရက်ကနေ အောက်တိုဘာ ၂၂ ရက်နေ့မှာ အသိပေးလာပါတယ်။
မတရားဖမ်းဆီးရခံခဲ့ရပြီးနောက် ၅ နှစ်ကျော်အကြာ ဒီနေ့မှာ ပထမဆုံးအကြိမ် စကားပြောခွင့်ရခဲ့တာလို့ ကင်မ်ကဆိုထားပြီး ပြောခွင့်ရတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ပြောထားတာ မရှိပါဘူး။ တကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆက်လက် တောင်းဆိုပေးဖို့ ကင်မ်က ဆိုပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ်နဲ့ ဒီကနေ့အထိ ဖမ်းဆီးထားပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့လည်း ပြောဆိုထားပါတယ်။

❤74👍7😁5
အင်းတော်လမ်းပိုင်း စစ်တပ်ပြန်ရပြီးနောက် ပင်လည်ဘူးကို ထိုးစစ်ဆင်နိုင်
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်မှ အင်းတော်- ဝန်းသို- ကောလင်းလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်သော်လည်း လက်ရှိ အင်းတော်မြို့ တောင်ဘက်ခြမ်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပါ ပေးနေရသည်။
“စစ်ကြောင်းက ဝန်းသိုမြို့နယ်ထဲထိ ရောက်လာတာတွေ့ရတယ်၊ နမ့်ခမ်းရွာအထိ ရောက်ပြီး ရှေ့ဆက်နိုင်တာမျိုးတော့ မတွေ့ရသေးဘူး၊ စစ်တပ်ဘက်ကနေ အရှင်ဖမ်းမိထားတာမျိုးတွေလည်း ရှိတယ်၊ တော်လှန်ရေးတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာမျိုးတွေ ရှိတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
အာဏာသိမ်းအစိုးရထုတ်ပြန်ချက်၌ အင်းတော်- ဝန်းသို- ကောလင်းလမ်းပိုင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်းလမ်း ပိုင်းပေါ်ရှိ လယ်နောင်၊ ကမ်းနီရွာများကို အောက်တိုဘာ ၅ ရက်က ထိန်းချုပ်နိုင်ခဲ့သလို ပင့်သချေ၊ မဲဇာ၊ လယ်ဇင်၊ နန့်သဲ ရွာများကို အောက်တိုဘာ ၉ ရက်က ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အောက်တိုဘာ ၄ ရက်မှ ၁၈ ရက်အထိ တိုက်ပွဲကြီးငယ် ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်၊ ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ သည်ဟု ဖော်ပြသည်။
ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းကို ဝင်လာသည့် စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ အာရက္ခ တပ်တော်(AA)၊ ကျောင်းသားတပ်မတော်(ABSDF)နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းပြီး အောက်တိုဘာ ၁၃ မှ ၁၅ ရက်အထိ ဖြစ်ပွားခဲ့သော ပိန်းအင်းရွာတိုက်ပွဲ၌ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ဖမ်းမိသူများ ရှိကြောင်း၊ နေ့စဉ် နီးပါး လေကြောင်းပစ်ကူ ပေးနေသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိသော ကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက်နေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
လက်ရှိ ဝန်းသိုမြို့နယ် နမ့်ခမ်း၊ ထန်းတပင်ရွာတွင်း စစ်ကြောင်းများတပ်စွဲထားပြီး ဝန်းသို ခမရ ၁၂၀ သို့ ဝင်ရောက်နိုင်သလို ဗန်းမောက်မြို့နယ်တောင်ပိုင်း ရွှေမှော်များသို့လည်း ဝင်ရောက်နိုင်မည့်အခြေအနေရှိနေပြီး ဦးတည်ရာလမ်းကြောင်းကို မသိသေးဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
“အခုထိတော့ နမ့်ခမ်းကနေ ရှေ့ဆက် မတိုးနိုင်သေးဘူး၊ လေယာဉ်ကလည်း ဆက်တိုက်ဝဲပြီး ဗုံးကြဲနေတာ၊ ကျနော်တို့ သိရသ လောက် ဗုံးကြဲလို့ ကလေးငယ်တယောက်နဲ့ အမျိုးသမီးတယောက် ပွဲချင်းပြီးဆုံးထားတယ်၊ တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေဆဲပါပဲ၊ ကသာဘက်ကနေ အင်အားတွေလည်း ဆက်တိုက်ဖြည့်နေတာ တွေ့နေရတယ်၊ ရွာတွေလည်း ပြေးနေရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကြောင်းထိုးမှုကြောင့် အင်းတော်မြို့နယ်တောင်ပိုင်းနှင့် ဝန်းသိုမြို့နယ်အတွင်းရှိ စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ အလယ်ဆိပ်၊ ပင့်သချေ၊ နန်းကင်း၊ ကမ်းနီ၊ သီဘာ၊ နတ်မဟုတ်ကြီး၊ လယ်နောင်၊ သံဘို၊ နောင်မိုး၊ မဲဇာ၊ နန့်သဲ၊ အောက် လယ်ပြင်၊ ပါအော့၊ တပ်လွင်၊ ကျောက်တော၊ ထန်တပင်၊ နမ့်ခမ်း၊ ဂျိုးတောင်၊ ဆင်ကုန်း၊ မအူကုန်း၊ လယ်ပြင်၊ ပိန်းအင်း၊ ဂျုံးဂျုံးဂျ၊ ညောင်ကိုင်းစသည့်ကျေးရွာ ၃၅ ရွာထက်မနည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။
စစ်တပ် CDM ဗိုလ်ကြီး ဇင်ယော်က “အဓိကတော့ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို ပြန်ထိန်းချင်တာလည်းပါတာပေါ့၊ ပြီးရင် ထီးချိုင့်၊ ဗန်းမောက်၊ ကောလင်း ဘက်မှာရှိတဲ့ ရွှေမှော်တွေကိုလည်း နယ်မြေစိုးမိုးမှုရယူချင်တဲ့အနေအထားမျိုး အင်းတော် နယ်ထဲက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းနဲ့ အင်းတော်-ဝန်းသိုလမ်းပိုင်းကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ပြီး ဝန်းသိုမှာ ခြေကုပ် ယူနိုင်ပြီ ဆိုရင် ပင်လည်ဘူးကို မြို့ သိမ်းတိုက်ပွဲဖော်ဆောင်လာမယ့်အနေအထားရှိတယ်လို့ မှန်းဆထားပါတယ်”ဟု သုံးသပ်သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/22/417187.html

အဓိကတော့ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို ပြန်ထိန်းချင်တာလည်းပါတာပေါ့၊ ပြီးရင် ထီးချိုင့်၊ ဗန်းမောက်၊ ကောလင်း ဘက်မှာရှိတဲ့ ရွှေမှော်တွေကိုလည်း နယ်မြေစိုးမိုးမှုရယူချင်တဲ့အနေအထားမျိုး အင်းတော် နယ်ထဲက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းနဲ့ အင်းတော်-ဝန်းသိုလမ်းပိုင်းကို…
❤28👎18👍8😁2
• ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ စကားပြောခွင့်ရ
• တရုတ်ခဲတွင်းရဲ့ အဆိပ်ကြောင့် ကိုယ်ဝန်ပျက်ကျမှုတွေ ရှိနေလို့ SHRF ထုတ်ပြန်
• မြန်မာ့မြေရှား တရုတ်ကို တင်ပို့မှု တလအတွင်း တန် ၂,၀၀၀ ကျော် မြင့်တက်လာ
• မြန်မာတွေ ကြက်ဥ တလုံးစားရဖို့ တနာရီနီးပါးအလုပ်လုပ်နေရ
• လာဘ်ပေးလာဘ်ယူနဲ့ နာမည်ကြီးတဲ့ နယ်လုံတွေ ပြောင်းရွှေ့ခံရ
• အလုပ်လုပ်ဖို့သွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ရုရှား စစ်မြေပြင်မှာသေဆုံး
နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
https://youtu.be/8-I8yhMKoR8

❤46👍28😁6
KIA နဲ့ ဆွေးနွေးတော့မလို ဝါဒဖြန့်အမြတ်ထုတ်နေတယ်လို့ဆို (ရုပ်/သံ)
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) နဲ့ အာဏာသိမ်းစစ်တပ်တို့ မကြာခင် ငြိမ်းချမ်းရေးဆွေးနွေးတော့မယ့်ပုံစံမျိုး စစ်တပ်နဲ့နီးစပ်တဲ့ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေဘက်က ဆက်တိုက်ဆိုသလို ထုတ်ပြန်လာနေတာတွေ့ရပါတယ်။
ဒီလိုမျိုး KIO/KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မလို သတင်းတွေ ထုတ်ပြန်နေတာဟာ ရည်ရွယ်ချက်ရှိရှိ အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်နေတာဖြစ်တယ်လို့ ဒီအခြေအနေကို သိရှိတဲ့ ကချင်နိုင်ငံရေး သုတေသီတဦးက သုံးသပ်ပါတယ်။
https://youtu.be/TWD-m1Q0uW4

👍54😁12❤4
စစ်တပ်အတွက် နည်းပညာထောက်တိုင် ဖြစ်နေတဲ့ နောင်ရိုးကုမ္ပဏီ
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
စစ်ရုံးချုပ်၊ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ အစိုးရဌာနတွေကနေ Safe City စောင့်ကြည့်ရေးစနစ်တွေအထိ နည်းပညာဝန်ဆောင်မှုပေးနေတဲ့ နောင်ရိုးကုမ္ပဏီဟာ အာဏာသိမ်းအစိုးရနဲ့ စစ်တပ်အတွက် အရေးပါတဲ့ နည်းပညာကုမ္ပဏီတခု ဖြစ်နေပါတယ်။
ကုမ္ပဏီရဲ့ အကြီးပိုင်းရာထူးတာဝန်ယူထားသူတွေဟာလည်း အာဏာသိမ်းစစ်တပ်က အရာရှိဟောင်းတွေဖြစ်သလို စစ်အာဏာရှင် ဦးသန်းရွှေ၊ ဦးသိန်းစိန်လက်ထက်နဲ့ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွေအထိ အစိုးရဌာနဆိုင်ရာ နည်းပညာစီမံကိန်းတွေကို လုပ်ကိုင်ခွင့်ရခဲ့တာကို တွေ့ရပါတယ်။
စစ်တပ်ကို စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကူညီပေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်အစိုးရရဲ့ဒဏ်ခတ်ပိတ်ဆို့မှု Entity List ထဲ ထည့်သွင်းခံထားရတဲ့ နောင်ရိုးကုမ္ပဏီဟာ နိုင်ငံတကာကန့်သတ်ချက်တွေကြားကနေပဲ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်တပ်ရဲ့ နည်းပညာလိုအပ်ချက်တွေကို ဆက်လက်ဖြည့်ဆည်းနေဆဲဖြစ်ပါတယ်။
https://youtu.be/VYLo_fvzvRE

👎33❤19😱8😁2
အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
အပြောင်းအလဲတွေရှိခဲ့တဲ့ သမိုင်းထဲက အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် ဘယ်လို သက်ရောက်မှုရှိခဲ့လဲ..။ အခု မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရနဲ့အမေရိကန် ဆက်ဆံနေတာ ဘာကြောင့်လဲ၊ ဘယ်ကို ဦးတည်နေလဲ..စတာတွေကို ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက သုံးသပ်ဆွေးနွေးထားပါတယ်။
https://youtu.be/pVBwpY3SCuU

👍39❤7😁4🤔3