The Irrawaddy - Burmese
✔
75K subscribers
38.7K photos
2.5K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍42❤13😁5
ဂျပန်ထိပ်တန်း အမျိုးသမီးလိဂ်ဘော်လီဘောပြိုင်ပွဲမှာ ကျောင်းသူ မရည်မွန်မြတ် အကောင်းဆုံးကစားသမား ဆုရ


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


ဂျပန်နိုင်ငံ၏ ထိပ်တန်းဘောလီဘောပြိုင်ပွဲတခုဖြစ်သော Daido Life SV.LEAGUE WOMEN ပွဲစဉ်တွင် Denso Airybees အသင်း၌ ပါဝင်ကစားနေသည့် ရခိုင်လူမျိုး အသက် ၁၉ နှစ်အရွယ် ကျောင်းသူ မရည်မွန်မြတ်သည် အကောင်းဆုံးကစားသမား (MVP) ဆု ရရှိခဲ့ကြောင်း သိရသည်။


အရပ်အမြင့် ၁၇၉ စင်တီမီတာရှိပြီး ကျောနံပါတ် ၁၇ ဝတ်ဆင်ကာ "MON" ဟု အင်္ကျီပေါ်တွင် ရေးထိုးထားသော မရည်မွန်မြတ်ကို ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ အကောင်းဆုံးဆုရရှိခဲ့ပြီးနောက် ပို၍ လူကြိုက်များ ရေပန်းစားလျက်ရှိသည်။


၎င်းသည် အောက်တိုဘာ ၁၇၊ ၁၈ ရက်များက ကစားခဲ့သည့် Saitama Ageo Medics အသင်းကို နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် အကောင်းဆုံးကစားသမားဆု (MVP) ရရှိခဲ့ခြင်းဖြစ်သည်။


ဖခင်ဖြစ်သူမှာလည်း မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားဟောင်းဦးမြတ်သူဖြစ်သလို အစ်ကိုဖြစ်သူမှာလည်း J.League ဘောလုံးကလပ် Machida Zelvia အသင်း၏ ဂိုးသမား ဖြစ်သည်။


Denso Airybees အသင်းသည် လာမည့် အောက်တိုဘာ ၂၄၊ ၂၅ တွင် Saga Hisamitsu Springs အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ရာ မြန်မာပရိသတ်များက အဆိုပါပွဲကိုလည်း ဝိုင်းဝန်းအားပေးကြရန် တိုက်တွန်းထားသည်။
👍52❤17😁4👎1
• SNA တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်

• စစ်တွေမြို့ပေါ် တိုက်ခိုက်ခံရမှု သေဆုံးထိခိုက်သူများပြား

• စစ်တွေ ဒကစ ထိုးစစ်ဆင်ခံနေရချိန် စစ်ခေါင်းဆောင်တွေ ပွဲတက်မပျက်

• ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ မိသားစုကိစ္စတွေပြောခဲ့တယ်လို့ ကင်မ်ပြော

• “ဝ” ဒေသမှာ ယာယီပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပြန်ဖွင့်ပေး

• မီးခိုးမြူပြဿနာကြောင့် စင်္ကာပူမှာ ဟင်းသီးဟင်းရွက် ရှားပါးလာ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


https://youtu.be/IJPrjtSFRK0
👍45❤16🤔2👎1😁1
၂၀၂၅ ခုနှစ် ဇွန်လက ဧရာဝတီမှာ ရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/06/18/402375.html
❤54👎1😁1
မြန်မာအပေါ် တရုတ်ရဲ့မူဝါဒနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ချားလ်စ်ဘုရင်ရဲ့ သံတမန်စကား

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆
https://youtu.be/TMgOwnemOcU

#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #တရုတ် #ချားလ်စ်ဘုရင် #EditorialTalk #WhatsHappensInMyanmar
❤43👍7😁1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ ဒဿန စာရေးဆရာကြီး နန္ဒာသိန်းဇံ ရဲ့ အတွေးအခေါ် ဆိုင်ရာ ရသ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/24/417208.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
❤23👍7😁2
Media is too big
VIEW IN TELEGRAM
အရှေ့တောင်အာရှ မီးခိုးမြူပြဿနာ ဘာကြောင့် ဒီလောက်အထိ ဆိုးရွားနေရတာလဲ

အောက်တိုဘာ ၂၄၊ ၂၀၂၆

အင်ဒိုနီးရှားမှာ လပေါင်းများစွာ ဆက်တိုက်ဖြစ်နေတဲ့ တောမီးတွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရုတ်တရက် မြင့်တက်လာပြီး အရှေ့တောင်အာရှ နိုင်ငံအတော်များများကို ဘေးအန္တရာယ်ရှိတဲ့ မီးခိုးမြူတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #အင်ဒိုနီးရှား #တောမီး #smog #SuperElNino #climatechange
👍30❤5😁2
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

Caption - မနိုင်ဝန် ထမ်းသူ
❤46😁6
ထရမ့် သွေးဆောင်နိုင်ခဲ့လျှင်ပင် မေးခွန်းမှာ မင်းအောင်လှိုင်သည် ထရမ့် လိုချင်တာကို ပေးနိုင်ပါ့မလား ဆိုသည်ပင်။ မြန်မာနိုင်ငံ၏ မြေရှားသတ္တုတွင်း အများစုမှာ တရုတ်နယ်စပ်အနီးတွင်ရှိပြီး အများစုကို စစ်တပ်က မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ "" မြေရှားသတ္တုတွင်းတွေနား အမေရိကန် အကပ်ခံဖို့ တရုတ်က ဘာမှမလုပ်ဘဲ ကြည့်နေမှာ မဟုတ်ပါဘူး"" ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ Council on Foreign Relations (CFR) မှ ဂျိုရှူအာ ကားလန့်ဇစ် က ပြောသည်။

ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများထဲမှ တခုအတွက် တာဝန်ရှိသည့် လူမျိုးတုန်းသတ်ဖြတ်သော စစ်တပ်နှင့် ဆွေးနွေးမှုများ စတင်ရန် ထရမ့်၏ ဆုံးဖြတ်ချက်သည် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများအတွက် ကပ်ဘေးတခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့တော်လှန်ရေး ပုဂ္ဂိုလ်များစွာသည် အမေရိကန်၏ အကူအညီကို မျှော်လင့်ထားကြသည်။ ဗိုလိုဒီမီယာ ဇယ်လင်စကီး ကဲ့သို့သော အာဏာရှင်များကို တိုက်ခိုက်နေသည့် အခြားဒီမိုကရက်များကဲ့သို့ပင် ၎င်းတို့သည် စွန့်ပစ်ခြင်း ခံခဲ့ရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/24/417215.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😱22👍11❤10😁7
👍29😁5
ရွှေကုက္ကိုကျားဖြန့်မှ နိုင်ငံခြားသား ၁၁ ဦး ထိုင်းဘက် ထွက်ပြေး

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)နှိမ်နင်းရေးဟု ဆိုကာ အဆောက်အဦများကို စစ်တပ်က ဖြိုချပြနေသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို၌ ကျားဖြန့်တို့ အရှိန်အဟုန်ဖြင့် ဆက်လုပ်နေသလို မတရား ပိတ်လှောင်ခိုင်းစေမှုတို့ကြောင့် နိုင်ငံခြားသားများ မကြာခဏ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေပြီး ယမန်နေ့ကလည်း နိုင်ငံခြားသား ၁၁ ဦး ဖမ်းဆီးရမိခဲ့သည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်သည်။

ထွက်ပြေးလာသူများထဲတွင် တရုတ် ၄ဦး ၊ နိုက်ဂျီးရီးယား ၁ ဦး၊ ပါကစ္စတန် ၁ ဦး၊ တောင်အာဖရိက ၁ ဦး၊ အိန္ဒိယ ၂ ဦး၊ ကင်ညာ ၁ ဦး နှင့် ဗီယက်နမ် ၁ ဦးတို့ပါဝင်ပြီး ၎င်းတို့အား တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲ့ကဆာကျေးရွာအုပ်စု၊ သောင်ရင်းမြစ်ဘေး ကြံစိုက်ခင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့်နိုင်ငံခြားသားများကို ညှဉ်းပန်းနှိပ်စက်မှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၂ နှင့်အညီ အရေးယူခဲ့ပြီး မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံခြားသားများထွက်ပြေးလွတ်မြောက်လာသည့် မဲ့ကဆာကျေးရွာအုပ်စုသည် ကရင်နယ်ခြားစောင့်တပ်(BGF)မှ ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ်အမည်ပြောင်းထားသည့် ဗိုလ်ချုပ်စောချစ်သူ၏ ရွှေကုက္ကိုမြို့သစ်နှင့် သောင်ရင်းမြစ်သာ ခြားသည့် နယ်စပ်နေရာဖြစ်ပြီး ရွှေကုက္ကို၌ ကျားဖြန့်တို့ အများအပြားလုပ်ကိုင်နေရာ နိုင်ငံခြားသားများ မကြာခဏထွက်ပြေးလေ့ရှိသည်ဟု နယ်စပ်သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ရွှေကုက္ကိုမြို့သစ် ကျားဖြန့်ဆိုက်မှ နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသည့် နိုင်ငံခြားသား၂၁ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပြီး ၄ ဦးတွင် နှိပ်စက်ခံထားသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု ထိုင်းသတင်းများ၌ ဖော်ပြသည်။

ဓာတ်ပုံ-Tak Immigration

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍37😁7❤6
👍28😁7
ဝေဖန်ခံနေရသည့် ထိုင်းရုပ်သံစီးရီး မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုတချို့မှီငြမ်းထားကြောင်း ဝန်ခံ

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှု၏ လှပမှုနှင့် ထူးခြားသော ဂုဏ်သတ္တိများကြောင့် ထုတ်လုပ်ရေးအဖွဲ့က လေးစား တန်ဖိုးထားပြီး စိတ်ကူးစိတ်သန်း ရယူခဲ့သည့် အရင်းအမြစ်တခုအဖြစ် ထည့်သွင်းဖော်ပြခဲ့ကြောင်းနှင့် Scarlet Heart Thailand ဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖော်ပြပုံဖော်ထားမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် တောင်းပန်ကြောင်း ထိုင်း အနုပညာကုမ္ပဏီ GMMTV က ယမန်နေ့ညပိုင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၌ လာမည့်နိုဝင်ဘာတွင် ပြသမည့် ထိုဇာတ်လမ်းတွဲပါ ရိုးရာဝတ်စုံများသည် ကုန်းဘောင်ခေတ် နန်းတွင်းသူတို့ ဝတ်စားဆင်ယင်မှုနှင့် တူညီနေသည့်အတွက် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်နေကာ ရှင်းလင်းချက်ပေးရန် တောင်းဆိုမှုများကြောင့် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ဇာတ်လမ်းတွဲအတွက် အထူးဖန်တီးထားသည့် "Ullavee" (ဥလ္လာဝီ) ဆိုသည်မှာ စိတ်ကူးယဉ်မြို့တမြို့ ဖြစ်ပြီး ဝတ်စုံ၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများကို သုတေသနပြုလုပ်ကာ ဇာတ်လမ်း၊ ဇာတ်ကောင်စရိုက်များနှင့် ကိုက်ညီမှုရှိစေရန် ရိုက်ကူးရေးနေရာများ၊ ဝတ်စုံများနှင့် အနုပညာဆိုင်ရာ အစိတ်အပိုင်းများကို ဖန်တီးပုံဖော်ထားခြင်း ဖြစ်ကြောင်း ပြောသည်။

"Scarlet Heart Thailand" ဇာတ်လမ်းတွဲတွင် ပါဝင်သည့် ဝတ်စုံများ၊ ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များနှင့် ပတ်သက်၍ အမြင်သဘောထားများ မျှဝေပေးခဲ့ကြသော ပရိသတ်များအားလုံးကို ကျေးဇူးတင်ရှိပြီး တင်ပြလာသည့် စိုးရိမ်ပူပန်မှုများကို အသိအမှတ်ပြုကာ ယဉ်ကျေးမှုများကို သင့်လျော်သည့်နေရာ၌ လေးစားမှုရှိရှိ ဖော်ပြခြင်းမှာ အလွန်အရေးကြီးသည်ဟု မှတ်ယူထားကြောင်းလည်း GMMTV ဆိုသည်။

ဒီဇိုင်းများသည် လန်းနား(Lanna)၊ ထိုင်းလူမျိုးစုများ၊ တရုတ်နှင့် မြန်မာတို့၏ အနုပညာနှင့် ယဉ်ကျေးမှု အမွေအနှစ်များတွင် ရှိသည့် ကွဲပြားစုံလင်မှုနှင့် လှပမှုတို့မှ စိတ်ကူးစိတ်သန်းများ ရယူထားခြင်းဖြစ်ပြီး "Ullavee" မြို့၏ ထူးခြားသော ပုံရိပ်ကို ဖန်တီးနိုင်ရန်အတွက် လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်မွမ်းမံထားခြင်းဖြစ်ကာ ယဉ်ကျေးမှုတခုချင်းစီ၏ တန်ဖိုးနှင့် မူလဇစ်မြစ်များကို လေးစားတန်ဖိုးထားသည့်အပြင် ဇာတ်လမ်းတွဲထဲ ပါဝင်သော အစိတ်အပိုင်းအားလုံးကို ထိုင်းယဉ်ကျေးမှုဟု ဖော်ပြရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်းလည်း ရှင်းလင်းထားသည်။

စိတ်ကူးယဉ်မြို့ကို ဖန်တီးရခြင်းမှာ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားစုံလင်မှုကို တန်ဖိုးထားခြင်းကြောင့်ဖြစ်ပြီး GMMTV နှင့် ထုတ်လုပ်ရေးအဖွဲ့သည် ယဉ်ကျေးမှု အမွေအနှစ်များနှင့်ပတ်သက်၍ နက်ရှိုင်းသော ဆက်နွယ်မှုကို လေးစား တန်ဖိုးထားသည့်အပြင် ယဉ်ကျေးမှုတိုင်း၏ တန်ဖိုးကို ဂုဏ်ပြုမည့်လက်ရာများ ဖန်တီးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု အသိပေးထားသည်။

ဓာတ်ပုံ-GMMTV

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍38❤12😁7
👎28😁12❤2