တရုတ် ရန်စလို့ ပင်လယ်ရေအောက် ကေဘယ်လ်ကြိုး ကာကွယ်ရေး ဖိလစ်ပိုင် က ထိုင်ဝမ် နဲ့ ပိုမို ပူးပေါင်းမယ်
သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးတွေကို ကာကွယ်ဖို့ ထိုင်ဝမ် နဲ့ ပိုမို နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင် နိုင်ဖို့ ကြိုးစားနေကြောင်း ဖိလစ်ပိုင်က ထုတ်ပြန်လိုက်ပါတယ်။
တရုတ်ရဲ့ ရန်စတဲ့ လုပ်ရပ်တွေကြောင့် အခုလို ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားရခြင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် သံတမန် တဦးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် အစိုးရဟာ ဘေဂျင်းကိုပဲ အသိအမှတ်ပြုတဲ့ One-China Policy ကို လက်ခံထားပေမယ့်လည်း အခုအခြေအနေ အရ ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေတာလို့ သိရပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/25/417239.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
တရုတ် ရန်စလို့ ပင်လယ်ရေအောက် ကေဘယ်လ်ကြိုး ကာကွယ်ရေး ဖိလစ်ပိုင် က ထိုင်ဝမ် နဲ့ ပိုမို ပူးပေါင်းမယ်
တရုတ်ရဲ့ ရန်စတဲ့ လုပ်ရပ်တွေကြောင့် အခုလို ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားရခြင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် သံတမန် တဦးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောဆို…
👍58❤14
၂၀၁၈ ခုနှစ် အောက်တိုဘာလက ဧရာဝတီမှာ ရေးထားတဲ့ သီတင်းကျွတ်လ မီးထွန်းပွဲ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2018/10/24/173167.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2018/10/24/173167.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤32👍9😁2
ပြည်သူ့ရင်ပြင်က မြန်မာ့ရိုးရာဓားပြခန်း ပြခွင့်မပြု
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပနေသည့် သီတင်းကျွတ် ပြည်တွင်းထုတ်ကုန်ပစ္စည်း ပြပွဲ၌ ပါဝင် ပြသရောင်းချနေသော နောင်ပိုအောင် မြန်မာ့ရိုးရာဓားပြခန်းကို အာဏာသိမ်းအစိုးရ၏ ရဲတပ်ဖွဲ့ လာရောက် စစ်ဆေးပြီးနောက် ပိတ်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပြခန်းသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှ ကိုသန့်ဇင်မောင်၏ နောင်ပိုအောင် မြန်မာ့ရိုးရာဓား ပန်းပဲ လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းဖြစ်ပြီး ပွဲစတင်သည့်နေ့ အောက်တိုဘာ ၂၄ ရက်တွင် ပိတ်သိမ်းလိုက်ရကြောင်း ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။
ဆိုင်ပိုင်ရှင်က “ကျနော်တို့ စာရင်းပေးသွင်းကတည်းက ဓာတ်ပုံရော လုပ်ငန်း အကြောင်းအရာ အမည်ပါ တွဲတင်ရပါတယ်။ မျောစာလည်း ရပါတယ်။ သို့သော် ပွဲအတွင်း ဖြစ်လာနိုင်မယ့် အခြေအနေအရ ဆိုတဲ့ သဘောမျိုးပါ” ဟု ပြခန်း ပိတ်သိမ်းရခြင်းအပေါ် ၎င်း၏ လူမှုကွန်ရက်၌ ပြောပြထားသည်။
ထိုသို့ ပိတ်သိမ်းလိုက်ရသည့်အပေါ် ပွဲအတွင်း ရောင်းချရန် ခွင့်ပြုမိန့် တင်စဉ်ကတည်းက စိစစ်မှုများ မပြုလုပ်ဘဲ ရောင်းချသည့် နေ့တွင်မှ ပိတ်ခိုင်းသဖြင့် ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
မြန်မာ့ ပန်းပဲပညာရှင် ကိုသန့်ဇင်မောင်သည် ပုဂံခေတ် နံရံဆေးရေး ပန်းချီများမှ မြန်မာ့ရိုးရာ ဓားပုံစံများကို လေ့လာ မှီငြမ်းကာ ရိုးရာ ပန်းပဲပညာကို ထိန်းသိမ်း လုပ်ကိုင်နေသူ တဦးလည်း ဖြစ်သည်။
ဓာတ်ပုံ- TZM
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁44❤15👎4
အမျိုးသားရေးဝါဒီများက ဝတ်စုံကိစ္စအသုံးချ၍ ဆက်ဆံရေး ထိခိုက်အောင်လုပ်နေဟု ထိုင်းပညာရှင် သတိပေး
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
ထိုင်းဇာတ်လမ်းတွဲ “Scarlet Heart Thailand” တွင် မြန်မာ့နန်းတွင်း ဝတ်စုံများကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုထားသည်ဟူသော ဝေဖန်မှုများနှင့် ပတ်သက်၍ နှစ်နိုင်ငံရှိ အမျိုးသားရေးဝါဒီ အုပ်စုများက အသုံးချနေကြသဖြင့် ထိုင်း-မြန်မာ ပြည်သူအချင်းချင်းဆက်ဆံရေး ထိခိုက်လာနိုင်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ကာဆက်ဆတ် တက္ကသိုလ် (Kasetsart University) မှ လူမှုသိပ္ပံဌာနမှ လက်ထောက် ပါမောက္ခ ဒေါက်တာ လာလီတာ (Dr. Lalita Harnwong) က ထိုင်းသတင်းဌာန Khaosod သို့ ပြောသည်။
အဆိုပါ အငြင်းပွားမှုကို အသုံးချကာ မြန်မာ ရွှေ့ပြောင်းလုပ်သားများက ထိုင်းလူမျိုးများ၏ အလုပ်အကိုင်များကို လုယူနေသည်ဟူသော အမြင်ကို ဖြန့်ဝေနေကြောင်း ဒေါက်တာ လာလီတာက ဆိုသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၆ သန်းမှ ၇ သန်းအထိ ရှိနေပြီး မြန်မာပြည်သူများ အနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အသုံးပြုမှုအပေါ် မကျေနပ်မှု ရှိနိုင်သော်လည်း နှစ်ဖက်စလုံးရှိ အမျိုးသားရေးဝါဒီများ၏ အသုံးချမှုကို သတိထားသင့်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ထိုင်းအနုပညာကုမ္ပဏီ GMMTV အနေဖြင့် မြန်မာ့ရိုးရာ ဝတ်စုံနှင့် ယဉ်ကျေးမှုကို ရယူသုံးစွဲရန် ရည်ရွယ်ချက် မရှိကြောင်း ရှင်းလင်းသည့် ထုတ်ပြန်ချက် ထပ်မံ ထုတ်ပြန်ရန်နှင့် နောင်တွင် သင့်လျော်သော အသိအမှတ်ပြုမှုများ ပေးရန်လည်း ဒေါက်တာ လာလီတာက အကြံပြု တိုက်တွန်းထားသည်။
အငြင်းပွားမှု၏ အဓိက အချက်တခုမှာ ဇာတ်လမ်း အမည်တွင် “Thailand” ဟု ဖော်ပြထားသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် အသိအမှတ်ပြုမှု မပါဝင်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
“Scarlet Heart Thailand” ၏ အထူးပြသပွဲ လက်မှတ်များကို အောက်တိုဘာ ၂၄ ရက်က စတင် ရောင်းချခဲ့ပြီး တနာရီအတွင်း ကုန်စင်ခဲ့ကာ ယင်းပွဲကို နိုဝင်ဘာ ၄ ရက်တွင် ဘန်ကောက်မြို့ရှိ Union Mall ၏ Union Hall ၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဇာတ်လမ်းတွဲ၏ ပထမပိုင်း ပြသမှုအပြင် သရုပ်ဆောင်များနှင့် ဒါရိုက်တာတို့၏ သီးသန့် ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ အနုပညာနှင့် ယဉ်ကျေးမှု၏ လှပမှု၊ ထူးခြားသော ဂုဏ်သတ္တိများကြောင့် ထုတ်လုပ်ရေး အဖွဲ့က လေးစား တန်ဖိုးထားပြီး စိတ်ကူးစိတ်သန်း ရယူခဲ့သည့် အရင်းအမြစ် တခုအဖြစ် ထည့်သွင်း ဖော်ပြခဲ့ကြောင်းနှင့် Scarlet Heart Thailand ဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖော်ပြ ပုံဖော်ထားမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် တောင်းပန်ကြောင်း ထိုင်း အနုပညာကုမ္ပဏီ GMMTV က အောက်တိုဘာ၂၃ ရက် ညပိုင်းက ထုတ်ပြန်ထားသည်။

😁38👍13❤9👎1
စိမ်းပိန်း ဆိုသည့် တရုတ်လော်ဘီစကား ကြံ့ဖွံ့ကိုစော်ကားဟု ဘူးလက်လှဆွေ ပြော
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
တရုတ်လော်ဘီ ဒေါ်စောကြည် (ခ) ကျောက်ကျင်း၏ လူမှုကွန်ရက်၌ အောက်တိုဘာ၂၃ ရက်က “နီပိန်းထက် စိမ်းပိန်းတွေ ပိုများနေတယ်” ဟူသော ပြောဆိုမှုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို စော်ကားခြင်းဖြစ်သည်ဟု ဘူးလက် ဦးလှဆွေက ယနေ့ ပြောသည်။
ဘူးလက်ဦးလှဆွေက “ဟိုတရုတ်မ Miss Zhao Jin ပေါ့။ နီပိန်းက များနေတယ် ထင်တာ စိမ်းပိန်းတွေက ပိုများနေတယ်။ ဒီပြောစကားက ကျနော်တို့ အနိုင်ရပါတီ USDP ကို စော်ကားတာနဲ့ အတူတူပဲ။ တရုတ်အစိုးရ ဘယ်လို တာဝန်ယူမလဲ၊ ဘယ်လို အပြစ်ပေးမလဲ ကျနော် စောင့်ကြည့်မယ်” ဟု ၎င်း၏ TikTok လူမှုကွန်ရက်မှတဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က Eleven Media Group က ရှမ်းမြောက်အရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာ ဆောင်းပါး ရေးသား ဖော်ပြခဲ့ပြီးနောက် ကျောက်ကျင်းက ၎င်း၏ Facebook မှတဆင့် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဝေဖန်ရာတွင် စစ်တပ်လော်ဘီ မီဒီယာများနှင့် ထောက်ခံသူများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို တပ်လော်ဘီ အချို့၏ တရုတ်အရေး ပြောဆိုမှုများကို လှောင်ပြောင်ခဲ့ပြီး “စိမ်းပိန်း” က ပိုများလာကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
တရုတ်လော်ဘီ ကျောက်ကျင်းက “အရင်တုန်းက နီပိန်းတွေ ပိုများတယ်လို့ ယူဆတယ်။ အခုမှ စိမ်းပိန်းတွေ ပိုများတယ်ဆိုတာ သိလာတယ်။ နီးကပ်လာရင် သူတို့ ကြောက်တယ်။ ဝေးသွားရင် သူတို့ မုန်းတယ်။ ဒီအမုန်း ဟိုအမုန်းနဲ့ သူတို့ရဲ့ ဘဝကလည်း စည်ကားတာပဲ” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
တရုတ်လော်ဘီ ကျောက်ကျင်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇွန် ၁၇ ရက်က မြို့တော် ပေကျင်းရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်စဉ် အနီးကပ် လိုက်ပါကာ စကားပြန်အဖြစ် ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်သည်။

😁90❤15👍2👎1