သီတင်းကျွတ်လပြည့် အဖိတ်နေ့ ရေကျော်ပွဲဈေး မြင်ကွင်း
ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ပွဲဈေးကို အောက်တိုဘာ ၂၁ ရက်မှစတင်၍ အောက်တိုဘာ ၂၇ ရက်အထိ ကျင်းပလျက်ရှိပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ရေကျော်ပွဲဈေးကို၂၀၁၉ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ရပ်နားခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်၂၀၂၄ ခုနှစ်မှစကာ ပြန်လည် ကျင်းပလာခြင်း ဖြစ်သည်။
ယခုနှစ် သီတင်းကျွတ် အခါသမယတွင် ရေကျော်ပွဲဈေးကဲ့သို့ ပွဲတော်များကို နေရာအနှံ့ ကျင်းပလာသည်ကို တွေ့ရသည်။
သတင်းနှင့်ဓာတ်ပုံ- ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍18😁9👎8❤6
ဖူးခက်၌ မိုးကြီးပြီး ရပ်ကွက်များထဲ တောင်ကျရေနှင့် ရွံ့နွံများဖုံးလွှမ်း
ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်အပန်းဖြေ ကမ်းခြေမြို့တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေများနှင့်အတူ ရွံ့နွံများ၊ ကျောက်ခဲများပြိုဆင်းလာကာ လမ်းမများနှင့် လူနေရပ်ကွက်များအတွင်း ဖုံးလွှမ်းသွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖူးခက်ဒေသတွင်း သတင်းများ၌ ဖော်ပြသည်။
တောင်ကျရေများကြောင့် အဓိကအားဖြင့် ဖူးခက်၊ ကသူ (Kathu) နှင့် သလန်း (Thalang) ဒေသတို့တွင် ထိခိုက် ပျက်စီးမှုများပြားခဲ့ပြီး ကျောက်တုံးနှင့် ရွံ့နွံများစီးကျလာမှုကြောင့် နေအိမ်များ၊ မော်တော်ကားနှင့် ဆိုင်ကယ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် နေအိမ်အချို့ တောင်ကျရေနှင့်အတူ မျောပါခဲ့သလို ကားနှင့် ဆိုင်ကယ်များလည်း အပျက်အစီးများကြား စုပုံနေကြောင်း Phuket Times က ဖော်ပြထားသည်။
လက်ရှိတွင် ဒေသအာဏာပိုင်များက လမ်းများ ပြန်လည် သွားလာနိုင်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး မိုးရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုအန္တရာယ်များသတိထားကြရန် သတိပေး နှိုးဆော်ထားသည်။
ထိုင်းနိုင်ငံ မိုးလေဝသဌာနက ဘန်ကောက်နှင့် ဖူးခက်အပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၆ ခုတွင် အောက်တိုဘာ ၂၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Phuket Times ,The Phuket Express

👍27❤11👎9😁4
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ၃ သိန်းကျော် စိစစ်ပြီးဟု စစ်အုပ်စုကြေညာ
ဧရာဝတီ၊ အောက်တိုဘာ၂၆၊ ၂၀၂၆
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများ ပြန်လည် လက်ခံရေး စိစစ်လျက်ရှိရာ ရိုဟင်ဂျာဦးရေ ၃ သိန်း ၃ သောင်းကျော်မှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများဖြစ်ကြောင်း အာဏာသိမ်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က ယခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပေးပို့လာသည့် ၈၂၈,၈၂၄ ဦး စာရင်းအနက် လေးသိန်းခွဲနီးပါးအား စိစစ်ပြီးစီးခဲ့ရာ ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးသူ ၃၂၆,၃၇၆ ဦးနှင့် အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်ခဲ့သူ ၄,၂၅၄ ဦး ရှိပြီး စိစစ် အတည်ပြုနိုင်ခြင်းမရှိသူ ၁၁၈,၅၆၃ ဦး ရှိကြောင်း ဖော်ပြထားသည်။
၎င်းတို့၏ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့သည့် ရိုဟင်ဂျာ ၈ သိန်းကျော် စာရင်းထဲမှ လူဦးရေ ၃၈၀,၀၀၀ ခန့်အား မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ ဟုတ်မဟုတ် ဆက်လက် စိစစ်ရန် ကျန်ရှိနေသေးသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကြား နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကတိကဝတ် ပြုထားသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တည်ငြိမ်လုံခြုံမှု ပြန်လည်ရရှိမှသာ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရက ဆိုထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်- မောင်တော အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်တပ် ထိန်းချုပ်ထားသည့် လက်ကျန်မြို့များဖြစ်သော စစ်တွေနှင့် ကျောက်ဖြူတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်တပ်က ရိုဟင်ဂျာများကို စစ်မှုထမ်း စုဆောင်းကာ ပူးပေါင်း တိုက်ခိုက်နေကြောင်း AA ဘက်က ပြောထားသည်။
အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း တတိယကော်မတီ အစည်းအဝေးသို့ တင်သွင်းမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပါ အချက်များကို တုံ့ပြန်ရာတွင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ စိစစ်မှုအခြေအနေကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး မူရင်း ထုတ်ပြန်ချက်တွင် “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို အသိအမှတ် မပြုကြောင်းနှင့် ဘင်္ဂါလီဟုသာ ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်မှ ယခုအထိ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ၆,၂၀၀ ဦး အပါအဝင် မြန်မာနိုင်ငံ တဝန်းလုံးရှိ ဘင်္ဂါလီ ၁၃,၀၀၀ ဦးအား ၁၉၈၂ နိုင်ငံသား စိစစ်ရေး ဥပဒေအရ နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း စစ်အုပ်စုက ယနေ့ ဖော်ပြထားသည်။
ယခင်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသူ ရိုဟင်ဂျာများအား နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံခဲ့ရာတွင် ၁၉၇၈-၁၉၇၉ ခုနှစ်များအတွင်း ၁၈၆,၉၆၈ ဦး၊ ၁၉၉၂-၂၀၀၅ ခုနှစ်များအတွင်း ၂၃၆,၄၉၅ ဦးတို့ကို ပြန်လည် လက်ခံခဲ့ဖူးကြောင်း စစ်အုပ်စုက ဖော်ပြထားသည်။
ပုံစာ- ၂၀၁၇ နိုဝင်ဘာလက မြန်မာနိုင်ငံမှနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ရိုဟင်ဂျာဒုက္ခသည်များ/ AFP

👎33❤15😁10
ပြည်တွင်းမီဒီယာတို့ ထိုင်ဝမ်ခရီးစဉ် တရုတ်ဖိအားကြောင့် ပျက်
ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆
စစ်တပ် လော်ဘီမီဒီယာများအပါအဝင် မီဒီယာသမား ၅ ဦးအား ထိုင်ဝမ် ယဉ်ကျေးမှုနှင့် စီးပွားရေးဌာနက နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်အထိ အခမ်းအနားတက်ရန် ဖိတ်ကြားမှုအပေါ် တရုတ်သံရုံး၏ ဖိအားပေးကန့်ကွက်မှုကြောင့် ခရီးစဉ် ပျက်ပြယ်ခဲ့ကြောင်း NP News တည်ထောင်သူ ဦးကျော်မျိုးမင်းက ၎င်း၏ Telegram ချန်နယ်မှတဆင့် ယမန်နေ့ ညပိုင်းတွင် ပြောဆိုသည်။
ထိုခရီးစဉ် စီစဉ်သူထံသို့ တရုတ်သံရုံးက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ပြီးနောက် လိုအပ်လျှင် မြန်မာ အာဏာသိမ်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဌာနထံကန့်ကွက်မည်ဖြစ်ကြောင်း ဖိအားပေး ပြောဆိုခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။
လွတ်လပ်စွာ သွားလာခွင့် စွက်ဖက်နှောင့်ယှက်မှုနှင့် ပတ်သက်၍ တရုတ်က မြန်မာနိုင်ငံသားများအပေါ် လာရောက် အုပ်ချုပ်နေပြီလားဟုလည်း ၎င်းက မေးခွန်း ထုတ်သည်။
ဦးကျော်မျိုးမင်းက “မြန်မာနိုင်ငံသား အရပ်သားဂျာနယ်လစ်တယောက်က တခြားဒေသတခုကို သွားတာကို တရုတ်နိုင်ငံက နှောင့်ယှက်၊ ကန့်ကွက် (သို့မဟုတ်) တားဆီး (သို့မဟုတ်) မေးမြန်းလို့၊ စုံစမ်းလို့၊ မကြိုက်ကြောင်း ပြောလို့ ကျနော်တို့ မသွားရဘူးဆိုတာ ကျနော်တို့ကိုပါ ဒီလို လာအုပ်ချုပ်နေတာလားလို့ မေးရမလို ဖြစ်တယ်။ တကယ် ဖြစ်သွားတာနော်။ မြန်မာနိုင်ငံသား အရပ်သား တယောက်ရဲ့ မီဒီယာသမားတယောက်ရဲ့ လွတ်လပ်စွာ သွားလာခွင့်ကိုတောင် သူက အပေါ်ကနေပြီး လာပြီး ချုပ်ကိုင်ဖို့ လုပ်တာလားပေါ့၊ မေးခွန်းက ထွက်လာပြီ။ လူက နည်းနည်းတော့ ဒါ မတရားဘူးပဲ ဟလို့ သိလာပြီ၊ ဒါကြီးက တော်တော်ကိုမှ ဆိုးဝါးတဲ့ ကိစ္စ” ဟု မှတ်ချက်ပြု ပြောဆိုထားသည်။
တရုတ်က ထိုင်ဝမ်ကို ၎င်း၏ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ထားပြီး သီးခြား လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်ရေး ကြိုးပမ်းမှုများကို ဆန့်ကျင် ကန့်ကွက်ကာ လိုအပ်ပါက အင်အားသုံး သိမ်းပိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်လေ့ ရှိသည်။
မြန်မာအာဏာသိမ်း စစ်တပ်အနေဖြင့်လည်း ထိုင်ဝမ်အပေါ် တရုတ်၏ သဘောထားကို အစဉ်တစိုက် ထောက်ခံပြီး ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဆန့်ကျင်ကြောင်းနှင့် တရားဝင် ဆက်ဆံရေးမျိုး မည်သည်ကိုမျှပြုလုပ်မည် မဟုတ်ကြောင်း အာဏာသိမ်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က ရုံတင် ပြသရန် စီစဉ်ထားသည့် “Blind Box” မြန်မာ ရုပ်ရှင် ဇာတ်ကားတွင်လည်း တရုတ် Pop Mart ကုမ္ပဏီထုတ် Labubu ဇာတ်ကောင် အရုပ်ကို သရဲတစ္ဆေ အဖြစ် အသုံးပြုထားခြင်းနှင့် အသုံးပြုခွင့် ရယူထားခြင်း မရှိဟုဆိုကာ တရုတ်သံရုံးက ကန့်ကွက်ခဲ့သဖြင့် ရုံတင် ပြသခွင့် ရွှေ့ဆိုင်းခဲ့ရသည်။

😁70❤13👍3😭2👎1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန် အရည်အသွေး၊ ဆန်ကွဲ ပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက်
သယ်ယူပို့ဆောင်မှုအပေါ် မူတည်၍ ဈေးနှုန်းကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့်အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၃၅ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၄၄၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၃၇၅ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါအဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၀ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၄ သိန်း ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၉၉၁ (ဈေးကျနေ)
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

👍30❤5👎1😁1
အထင်ကရထိုင်းတဦး၏ ဓာတ်ပုံကို ပြုပြင်ကာ အွန်လိုင်းတင်သည့် မြန်မာတဦး အလုပ်ထုတ်ခံရ
ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆
ထိုင်းရုပ်သံဇာတ်လမ်းတွဲ "Scarlet Heart Thailand" တွင် ဆင်ယင်ထုံးဖွဲ့မှုနှင့်ပတ်သက်၍ မြန်မာတို့က ဝေဖန်နေချိန် ဘန်ကောက်မြို့ရှိ Second-hand တပတ်ရစ် အဝတ်အထည်ရောင်းသည့် TY Store မှ မြန်မာဝန်ထမ်းတဦးသည် ထိုင်းအထင်ကရပုဂ္ဂိုလ်တဦး၏ ဓာတ်ပုံအား မသင့်တော်သောပုံစံဖြင့်ပြုပြင်ကာ လူမှုကွန်ရက်ပေါ် တင်ခဲ့သဖြင့် အလုပ်မှထုတ်ပယ်လိုက်ကြောင်း ယင်းကုမ္ပဏီက ယနေ့ ကြေညာသည်။
အဆိုပါ ထိုင်းအထင်ကရ ပုဂ္ဂိုလ်မှာ မည်သူမည်ဝါဆိုသည်ကိုမူ ထည့်သွင်း ပြောကြားထားခြင်း မရှိပေ။
ယင်း ဖြစ်စဉ်အပေါ် TY Store က စစ်ဆေးခဲ့ပြီးနောက် မြန်မာဝန်ထမ်းသည် ကုမ္ပဏီ၏ ကျင့်ဝတ်စံနှုန်းများနှင့် လုပ်ငန်းခွင်စည်းမျဉ်းများကို ပြင်းထန်စွာ ဖောက်ဖျက်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ကုမ္ပဏီမူဝါဒများနှင့်အညီ ဝန်ထမ်းအဖြစ်မှ ချက်ချင်းရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့် အကြောင်းရင်းအတွက်လည်း ကုမ္ပဏီအနေဖြင့် အထူးပင် စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြထားသည်။
အဆိုပါ ဖြစ်ရပ်သည် ထိုင်းလူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပြီးနောက် ကုမ္ပဏီဘက်မှ ထိုသို့အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

👍30😁13❤5😭2
• အာဏာသိမ်းစစ်တပ်ကို ဒိန်းမတ်မှာ တရားစွဲ
• လေယာဉ်ဆီကို ဒီဇယ်ဆီလို့ စစ်တပ်က လိမ်ညာတင်သွင်း
• UN အစီရင်ခံစာက အတိုက်အခံတွေရဲ့ အာဘော်လို့ အာဏာသိမ်းအစိုးရ စွပ်စွဲ
• တနိုင်းမှာ လူ ၇ ဦးကို နင်းသတ်ခဲ့တဲ့ ဆင် လွတ်မြောက်နေဆဲ
• ကျည်ကျော်ရင် စစ်ရေးအရ တုံ့ပြန်မယ်လို့ မြန်မာကို ထိုင်း သတိပေး
နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၆၊ ၂၀၂၆
https://youtu.be/wXH4_9LYpP4
#မြန်မာ #ဧရာဝတီ #အာဏာသိမ်း #ဒိန်းမတ် #တရားစွဲ #လေယာဉ်ဆီ #ဒီဇယ်ဆီ #JFM #UN #တနိုင်း #ဆင် #ထိုင်း #စစ်ရေး #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

👍38😁6❤2🤔1
Media is too big
VIEW IN TELEGRAM
ရောမမြို့ရှိ ကမ္ဘာကျော် ကိုလိုဆီယမ်ကွင်း အတွင်းကို ဆန္ဒပြသူတွေ ဝင်ရောက်ခဲ့
ပြီးခဲ့တဲ့ စနေနေ့က အီတလီနိုင်ငံ ရောမမြို့မှာရှိတဲ့ ကမ္ဘာကျော် ကိုလိုဆီယမ်ကွင်းထဲကို ဆန္ဒပြသူရာပေါင်းများစွာဟာ လုံခြုံရေးတားဆီးမှုတွေကြားထဲကပဲ အတင်းအကျပ်၀င်ရောက်ခဲ့ကြပြီး ဂိတ်တံခါးတွေအနီးမှာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပါတယ်။
အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဆန္ဒပြသူတွေဟာ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိတဲ့ သမိုင်း၀င် ကိုလိုဆီယမ်ကွင်းကြီးရဲ့ လုံခြုံရေးဂိတ်တွေကို ဖြတ်ကျော်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ လမ်းလျှောက်လေ့ရှိတဲ့နေရာအထိ ရောက်ရှိသွားခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ လုံခြုံရေး၀န်ထမ်းတွေက ပြန်လည်မောင်းထုတ်နိုင်ခဲ့ပါတယ်။
#ရောမ #ကိုလိုဆီယမ်ကွင်း #အီတလီ #ဆန္ဒပြ #လုံခြုံရေး #ရဲတပ်ဖွဲ့

👍32❤4😱3😁1