The Irrawaddy - Burmese
✔
75.1K subscribers
38.6K photos
2.49K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
အထင်ကရထိုင်းတဦး၏ ဓာတ်ပုံကို ပြုပြင်ကာ အွန်လိုင်းတင်သည့် မြန်မာတဦး အလုပ်ထုတ်ခံရ

ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆

ထိုင်းရုပ်သံဇာတ်လမ်းတွဲ "Scarlet Heart Thailand" တွင် ဆင်ယင်ထုံးဖွဲ့မှုနှင့်ပတ်သက်၍ မြန်မာတို့က ဝေဖန်နေချိန် ဘန်ကောက်မြို့ရှိ Second-hand တပတ်ရစ် အဝတ်အထည်ရောင်းသည့် TY Store မှ မြန်မာဝန်ထမ်းတဦးသည် ထိုင်းအထင်ကရပုဂ္ဂိုလ်တဦး၏ ဓာတ်ပုံအား မသင့်တော်သောပုံစံဖြင့်ပြုပြင်ကာ လူမှုကွန်ရက်ပေါ် တင်ခဲ့သဖြင့် အလုပ်မှထုတ်ပယ်လိုက်ကြောင်း ယင်းကုမ္ပဏီက ယနေ့ ကြေညာသည်။

အဆိုပါ ထိုင်းအထင်ကရ ပုဂ္ဂိုလ်မှာ မည်သူမည်ဝါဆိုသည်ကိုမူ ထည့်သွင်း ပြောကြားထားခြင်း မရှိပေ။

ယင်း ဖြစ်စဉ်အပေါ် TY Store က စစ်ဆေးခဲ့ပြီးနောက် မြန်မာဝန်ထမ်းသည် ကုမ္ပဏီ၏ ကျင့်ဝတ်စံနှုန်းများနှင့် လုပ်ငန်းခွင်စည်းမျဉ်းများကို ပြင်းထန်စွာ ဖောက်ဖျက်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ကုမ္ပဏီမူဝါဒများနှင့်အညီ ဝန်ထမ်းအဖြစ်မှ ချက်ချင်းရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့် အကြောင်းရင်းအတွက်လည်း ကုမ္ပဏီအနေဖြင့် အထူးပင် စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်ရပ်သည် ထိုင်းလူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပြီးနောက် ကုမ္ပဏီဘက်မှ ထိုသို့အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍30😁13❤5😭2
• အာဏာသိမ်းစစ်တပ်ကို ဒိန်းမတ်မှာ တရားစွဲ
• လေယာဉ်ဆီကို ဒီဇယ်ဆီလို့ စစ်တပ်က လိမ်ညာတင်သွင်း
• UN အစီရင်ခံစာက အတိုက်အခံတွေရဲ့ အာဘော်လို့ အာဏာသိမ်းအစိုးရ စွပ်စွဲ
• တနိုင်းမှာ လူ ၇ ဦးကို နင်းသတ်ခဲ့တဲ့ ဆင် လွတ်မြောက်နေဆဲ
• ကျည်ကျော်ရင် စစ်ရေးအရ တုံ့ပြန်မယ်လို့ မြန်မာကို ထိုင်း သတိပေး

နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၆၊ ၂၀၂၆
https://youtu.be/wXH4_9LYpP4

#မြန်မာ #ဧရာဝတီ #အာဏာသိမ်း #ဒိန်းမတ် #တရားစွဲ #လေယာဉ်ဆီ #ဒီဇယ်ဆီ #JFM #UN #တနိုင်း #ဆင် #ထိုင်း #စစ်ရေး #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍38😁6❤2🤔1
Media is too big
VIEW IN TELEGRAM
ရောမမြို့ရှိ ကမ္ဘာကျော် ကိုလိုဆီယမ်ကွင်း အတွင်းကို ဆန္ဒပြသူတွေ ဝင်ရောက်ခဲ့

ပြီးခဲ့တဲ့ စနေနေ့က အီတလီနိုင်ငံ ရောမမြို့မှာရှိတဲ့ ကမ္ဘာကျော် ကိုလိုဆီယမ်ကွင်းထဲကို ဆန္ဒပြသူရာပေါင်းများစွာဟာ လုံခြုံရေးတားဆီးမှုတွေကြားထဲကပဲ အတင်းအကျပ်၀င်ရောက်ခဲ့ကြပြီး ဂိတ်တံခါးတွေအနီးမှာ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဆန္ဒပြသူတွေဟာ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိတဲ့ သမိုင်း၀င် ကိုလိုဆီယမ်ကွင်းကြီးရဲ့ လုံခြုံရေးဂိတ်တွေကို ဖြတ်ကျော်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ လမ်းလျှောက်လေ့ရှိတဲ့နေရာအထိ ရောက်ရှိသွားခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ လုံခြုံရေး၀န်ထမ်းတွေက ပြန်လည်မောင်းထုတ်နိုင်ခဲ့ပါတယ်။

#ရောမ #ကိုလိုဆီယမ်ကွင်း #အီတလီ #ဆန္ဒပြ #လုံခြုံရေး #ရဲတပ်ဖွဲ့
👍32❤4😱3😁1
👍24😁5😭1
လေယာဉ်ဆီကို ဒီဇယ်ဟုလိမ်လည်ကာ စစ်အုပ်စု တင်သွင်းနေကြောင်း JFM ထုတ်ဖော်

ဧရာဝတီ၊ အောက်တိုဘာ၂၆၊ ၂၀၂၆

လေကြောင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာ ပြုလုပ်နေသည့် အာဏာ သိမ်းစစ်အုပ်စုက လေယာဉ်ဆီရရှိရန် ကြားခံကုမ္ပဏီများ၏ သွင်းကုန် လိုင်စင်တွင် ဒီဇယ် (HSD) ဟု လိမ်လည်ထုတ်ပေးကာ တင်သွင်းစေခဲ့ကြောင်း Justice For Myanmar (JFM) က ယနေ့ ထုတ်ပြန်သည်။

ကုန်သွယ်ရေးလိမ်လည်တင်သွင်းမှု စာရွက်စာတမ်း ၆ ကြိမ်အနေဖြင့် ၂၀၂၄ ဒီဇင်ဘာမှ၂၀၂၅ နိုဝင်ဘာအတွင်း အမေရိကန် ဒေါ်လာ ၁၀၉ ဒသမ ၅ သန်း တန်ဖိုးရှိ လောင်စာဆီ စည်ပေါင်း ၈၄၃,၀၀၀ ကျော် ပါဝင်ခဲ့ပြီး စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) နှင့် မိတ်ဖက်ဖြစ်သော Asia Sun Group တို့နှင့် ဆက်စပ်သည့် National Energy Prime Aviation Services Company Limited (NEPAS)၊ Dynamic Wave နှင့် PP Petroleum၊ ထိုင်းကုမ္ပဏီ Tawan-Oil Trading တို့မှတဆင့် ကြားခံ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

လေယာဉ်ဆီအား ဒီဇယ်အဖြစ် လိမ်လည် တင်သွင်းမှုတွင် ငွေပေးချေမှုကို ကမ္ဘောဇဘဏ် (KBZ Bank) နှင့် ထိုင်းဘက်မှ Siam Commercial Bank (SCB) တို့နှင့် ချိတ်ဆက်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း JFM က ဖော်ပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မှတ်တမ်းများအရ လေယာဉ်ဆီများကို ဒီဇယ်အဖြစ် လိမ်လည်တင်သွင်းခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၄၁ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု ၉၈၂ ဦးအထိ မြင့်တက်လာခဲ့ရာ သေဆုံးသူများထဲတွင် ကလေးငယ် ၂၃၂ ဦး အပါအဝင် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအစိုးရများအနေဖြင့် ဒဏ်ခတ် ပိတ်ဆို့မှုများကို ပိုမို ခိုင်မာ အားကောင်းစေကာ ဟာကွက်များကို ပိတ်ပင်ရေး၊ စစ်အုပ်စု၏ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရေးနှင့် ကမ္ဘာ့ဈေးကွက်အတွင်း စစ်အုပ်စု၏ လေယာဉ်ဆီရယူနိုင်စွမ်းကို ပိတ်ဆို့တားမြစ်ရေးတို့ကို မဖြစ်မနေ အရေးတကြီး လုပ်ဆောင်ရမည် ဖြစ်ကြောင်း JFM က ပြောသည်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စုဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေး တိုးချဲ့ဆင်နွှဲဖို့ လေယာဉ်ဆီကို အားထားနေရတာလည်း ဖြစ်ပါတယ်။ လေယာဉ်ဆီက စစ်အုပ်စုအတွက် စာသင်ခန်းထဲက ကလေးငယ်တွေကို သတ်ဖြတ်ဖို့၊ ဆေးရုံ ဆေးခန်းတွေကို ဖျက်ဆီးဖို့နဲ့ လူမှုအသိုင်းအဝိုင်းတွေကို အပြီးအပိုင် ပျက်စီးစေဖို့ အသုံးပြုတဲ့ မရဏလက်နက် ဖြစ်ပါတယ်။ လေယာဉ်ဆီတင်သွင်းဖို့အတွက် ကုန်သွယ်ရေးလိမ်လည်မှု နည်းလမ်းတွေကို အသုံးပြုလာရခြင်းက ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ပြည်သူလူထုရဲ့ ဖိအားတွေက ထိရောက်နေကြောင်း ပြသနေပါတယ်။ ဒါပေမယ့် အစိုးရများအနေနဲ့ ဒီ မရဏကုန်သွယ်မှုကို ရပ်တန့်နိုင်ရေး ဆက်လက် အရှိန်မြှင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတွေက လုံလောက်မှု မရှိဘူးဆိုတာ ရှင်းလင်းနေပါတယ်” ဟု ပြောသည်။

အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့ အနေဖြင့် စစ်အုပ်စု လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တခုလုံးကို ပစ်မှတ်ထား ပေါင်းစပ် ညှိနှိုင်းပြီး ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ရန်နှင့်၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အနေဖြင့်လည်း စစ်အုပ်စု၊ Asia Sun Group နှင့် ၎င်းတို့ မိတ်ဖက်များ၏ အကောက်ခွန်ဆိုင်ရာလိမ်လည်မှုများအပြင် ပြည်တွင်းဥပဒေ ဆက်စပ် ချိုးဖောက်မှုများ ရှိမရှိ အပေါ် စုံစမ်း စစ်ဆေးရန်လည်း JFM က တိုက်တွန်းထားသည်။

ဓာတ်ပုံ- Justice For Myanmar

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍56❤12😁5👎1
ရန်ကုန်မှာ တရားဥပဒေစိုးမိုးမှု လူထုမေးခွန်းထုတ်

ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၆

ရန်ကုန်မြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူမှုတွေအပြင် လမ်းပေါ်လုယက်မှုနဲ့ လူသတ်လုယက်မှုတွေပါ ဒီရက်ပိုင်း ခပ်စိပ်စိပ် ဖြစ်ပွားလာတာကြောင့် ပြည်သူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး တရားဥပဒေစိုးမိုးရေးအပေါ်လည်း မေးခွန်းထုတ်လာကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာ နေအိမ်နဲ့တွဲဖွင့်ထားတဲ့ စတိုးဆိုင်တခုကို လူတစု ဖောက်ထွင်းဝင်ရောက်ပြီး ဓားနဲ့တိုက်ခိုက်ခဲ့ တာကြောင့် အသက် ၂၄ နှစ်အရွယ် လူငယ်တယောက် သေဆုံးခဲ့သလို အဒေါ်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ဒီလို နေအိမ်ဖောက်ထွင်းမှုတွေအပြင် Taxi ယာဉ်မောင်းတွေ ဓားထောက်လုယက်ခံရတာ၊ လမ်းပေါ်နဲ့ ကားတွေပေါ်မှာ ဖုန်း၊ ပိုက်ဆံအိတ် ခိုးယူခံရတာတွေလည်း ရှိနေတာကြောင့် မြို့ခံတွေဟာ နေ့စဉ်သွားလာရာမှာ သတိထားနေရသလို ညပိုင်းမှာ လူပြတ်တဲ့နေရာတွေ ကိုလည်း မသွားရဲကြတော့ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

https://youtu.be/vSAqZuYN4Yc

#မြန်မာ #ဧရာဝတီ #ရန်ကုန် #တရားဥပဒေ #ဖောက်ထွင်းမှု #လုယက်မှု #WhatsHappeningInMyanmar
👍48😁7❤3🤔1
👎20❤12👍5😁4