The Irrawaddy - Burmese
✔
75.2K subscribers
38.5K photos
2.48K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
😁23❤4👍1
👎20❤12👍5😁4
သီတင်းကျွတ်လပြည့်ည ဗိုလ်တထောင်စေတီတော်မြင်ကွင်း


ဧရာဝတီ၊ အောက်တိုဘာ၂၆၊ ၂၀၂၆


သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၌ ဘုရားဖူးလာရောက်ကြသူများ၊ ဆီမီးထွန်းညှိ ပူဇော်ကြသူများကို တွေ့ရစဉ်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎24👍10😁6❤2
မင်းအောင်လှိုင် ဆင်တဲ့ ထောင်ချောက်ထဲ ထရမ့် ဆင်းလာမလား

တော်လှန်ရေး အင်အားစုများသည် အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) မှတဆင့် အဓိပ္ပာယ်ရှိသော ပူးပေါင်းဆောင်ရွက်မှုကို အထမြောက်အောင် ပြုလုပ်နိုင်မလားနှင့် ဝါရှင်တန်အား ယုံကြည်စိတ်ချရပြီး လုပ်ကိုင်ဆောင်ရွက်နိုင်သည့် မိတ်ဖက်အဖြစ် တင်ပြနိုင်မလား ဆိုသည့်အချက်အပေါ်တွင်လည်း များစွာ မူတည်နေသည်။

အမေရိကန် မူဝါဒချမှတ်သူများသည် အရေးပါသော သတ္တုဓာတ်များ၊ နယ်စပ်ဖြတ်ကျော် ငွေလိမ်လည်မှုများနှင့် ဒေသတွင်း လုံခြုံရေး စသည့် ကိစ္စရပ်များတွင် အထောက်အထားပြနိုင်သော ရလဒ်များ ထုတ်ပေးနိုင်သည့် မိတ်ဖက်များကို လိုလားကြမည်ဖြစ်သည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းနှင့် ထိုဦးစားပေးမှုများကို ဖော်ဆောင်ပေးနိုင်ကြောင်း သက်သေပြနိုင်ပါက ဝါရှင်တန်အနေဖြင့် နေပြည်တော်အား ဆက်ဆံရေးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် အကြောင်းပြချက် နည်းပါးသွားနိုင်သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Regime Is Laying a Trap for the US. Will Washington Fall for It? ကို ရုပ်သံအဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

https://youtu.be/xRZhG6ULv74
😁33👍10❤5👎1
👍31😁1
ဘရာဇီး ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သန်းပေါင်းများစွာ စည်းရုံးပြီး လူလာ အနိုင်ရ

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆။

ဘရာဇီး သမ္မတ လူလာ ဒါ ဆေးဗား (Lula da Silva) သည် ဒုတိယအကျော့ ရွေးကောက်ပွဲ၌ နောက်ထပ် မဲဆန္ဒရှင် ၁၀.၄ သန်းကို စည်းရုံးကာ ပြန်လည်အနိုင်ရရှိခဲ့ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ၎င်း၏ စတုတ္ထအကြိမ်မြောက် သမ္မတသက်တမ်းကို စတင်မည် ဖြစ်သည်။ သို့သော် ပြိုင်ဘက် ဆီးနိတ်အမတ် ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) က ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ရန် ကြိုးပမ်းနေသဖြင့် ပထမဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

ဒေါ်နယ်ထရမ့်က ယင်းရွေးကောက်ပွဲ၌ "မသမာမှု ပြုလုပ်ထားသည်" ဟု အထောက်အထားမဲ့ စွပ်စွဲခဲ့သည်။ ဘိုလ်ဆိုနာရိုကလည်း ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ပေးရန် တရားရုံးထံ တောင်းဆိုမည်ဟု ဆိုခဲ့သော်လည်း ယင်းသို့ဖြစ်မြောက်ရန် လူလာ အသာစီးရခဲ့သည့် မဲ ၄.၄ သန်းသည် မသမာမှုဖြစ်ကြောင်း သက်သေပြရမည်ဖြစ်၍ အဟန့်အတား ကြီးမားနေသည်။ ဘရာဇီး အဖွဲ့အစည်းများနှင့် ဒေသတွင်း ခေါင်းဆောင်များ၏ တုံ့ပြန်မှုများအရ ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်းရော နိုင်ငံတကာကပါ လက်ခံလေးစားကြမည်ဟု ညွှန်းဆိုနေသည်။

အောင်ပွဲနောက်ကွယ်မှ ကိန်းဂဏန်းများ

လူလာ အနိုင်ရရှိရေးအတွက် သော့ချက်မှာ ဒုတိယအကျော့သို့ လာရောက်မဲပေးခဲ့သည့် မဲဆန္ဒရှင် ၁၄.၁ သန်းဖြစ်ပြီး ၎င်းတို့အနက် သုံးပုံနှစ်ပုံကျော်မှာ လူလာထံ မဲရောက်ရှိခဲ့သည်။ လွှတ်တော်အမတ် အန်ဒရေး ဂျာနိုးနစ် (André Janones) သည် "Lula’s Army" ဟုခေါ်သော WhatsApp ချန်နယ်မှတဆင့် လူ ၁၁ သန်းနီးပါးကို စုစည်းကာ လူမှုကွန်ရက် မဲဆွယ်ပွဲများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။

ထို့အပြင် လူလာ၏ မဲဆွယ်ရေးအဖွဲ့သည် Meta အပါအဝင် နည်းပညာပလပ်ဖောင်းကြီးများ၏ လက်ယာစွန်းဘက်သို့ ဘက်လိုက်သည့် algorithm များကို ပြန်လည်ထိန်းညှိရန် ဖိအားပေးနိုင်ခဲ့သည်။ မဲပေးသူဦးရေမှာ မြို့ကြီးများတွင် မြင့်တက်ခဲ့သော်လည်း လူလာသည် ၎င်း၏ အခြေခံမဲဆန္ဒနယ်များရှိရာ ဝင်ငွေနည်း မြို့နယ်များ၌ မဲအများဆုံး ရရှိခဲ့သည်။

မဲပေးစနစ်နှင့် ရှုပ်ထွေးမှုများ

ဘရာဇီးသည် ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ လုံခြုံစိတ်ချရသည့် အီလက်ထရွန်နစ် မဲပေးစက်များကို အသုံးပြုခဲ့သည်။ သို့သော် တနင်္ဂနွေနေ့က မဲရုံမပိတ်မီ မိနစ်ပိုင်းအလို၌ တရားလွှတ်တော်ချုပ်က ကိုယ်စားလှယ်လောင်း နှစ်ဦးလုံး၏ တောင်းဆိုချက်အရ တနိုင်ငံလုံး မဲပေးချိန် တိုးမြှင့်ပေးခဲ့သဖြင့် လုပ်ငန်းစဉ်အချို့ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ရွေးကောက်ပွဲရလဒ် ပြတ်သားမှုကြောင့် ဘိုလ်ဆိုနာရိုအတွက် ရလဒ်ပယ်ဖျက်ရန် လမ်းကြောင်း ခက်ခဲနိုင်သော်လည်း၊ လူလာအနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးအရ ကွဲပြားမှု၊ ဘဏ္ဍာရေးအကျပ်အတည်းနှင့် အတိုက်အခံ လက်ယာယိမ်း လွှတ်တော်တို့အပါအဝင် ရှေ့ဆက်ရမည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ကိုးကား။ ။ AP သတင်း Lula mobilized millions to win Brazil’s election, while Bolsonaro contests loss and Trump cries foul

ပုံစာ - ဘရာဇီး သမ္မတ လူလာ ဒါ ဆေးဗား မဲထည့်အပြီး/ AFP
👍32❤4😁2
😁38👍6
စစ်တပ်ထောက်ခံသူတွေ တရုတ်ဆန့်ကျင်ရေးလုပ်လာ

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

၁၀၂၇ စစ်ရေးရှုံးနိမ့်မှုကို ရပ်တန့်စေတာအပြင် အတုအယောင် ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့ကို ဖွဲ့နိုင်တာနဲ့ နိုင်ငံတကာ တရားဝင်မှုရဖို့အထိ အာဏာသိမ်း စစ်တပ်က တရုတ်အစိုးရကို ကျောထောက် နောက်ခံပြု မှီခိုနေရပေမယ့် စစ်တပ်ထောက်ခံသူတွေက တရုတ်အပေါ် ဝေဖန်ဆန့်ကျင်မှုတွေ ခပ်စိတ်စိတ် လုပ်လာနေပါတယ်။

စစ်တပ်ကို စစ်ရေးရှုံးနိမ့်မှု အကြီးအကျယ် ဖြစ်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ အားပေးမှု ကြောင့်ဖြစ်ပေါ်လာတာလို့ အမျိုးသားရေးသမားတွေက ယူဆနေကြသလို စစ်ဆင်ရေးအပြီး လက်လွှတ်လိုက်ရတဲ့မြို့တွေမှာ တရုတ်ဘာသာစကားလွှမ်းမိုးလာမှုတွေနဲ့ လက်ရှိ မြန်မာ့အရေး ကိစ္စ တိုင်းမှာ တရုတ်လွှမ်းမိုးမှုတွေရှိလာနေတဲ့အပေါ် မကျေနပ်မှုတွေရှိလာတာလို့ အမျိုးသားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

တရုတ်အနေနဲ့ မြန်မာ့အရေးမှာ ပါဝင်စွက်ဖက်ပြီး အချုပ်အခြာ အာဏာကို တဖြည်းဖြည်း ထိပါး လာတယ်လို့လည်း အမျိုးသားရေးသမားတွေဘက်က ယူဆချက်တွေရှိသလို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူတွေကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အနေနဲ့ စစ်အာဏာရှင် စနစ်ကို အားပေးပြီး နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စရပ်တွေမှာ အကျိုးအမြတ်ရယူနေတယ်လို့ ယူဆနေ ကြပါတယ်။ ဒါကြောင့်လည်း တရုတ်ဆန့်ကျင်တဲ့ ကိစ္စတွေဟာ နှစ်ဖက်လုံးမှာ ရှိနေကြတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

https://www.youtube.com/watch?v=oltr3umQ94Q

#မြန်မာ #ဧရာဝတီ #တရုတ် #လော်ဘီ #အာဏာသိမ်း #စစ်တပ် #၁၀၂၇ #အမျိုးသားရေး #စစ်အာဏာရှင် #နိုင်ငံရေး #စီးပွားရေး #ဒီမိုကရေစီအရေး #WhatsHappeningInMyanmar
😁49👍13❤8
👍33😁4
အစ္စရေးတွင် ရွေးကောက်ပွဲ ကျင်းပ၊ နေတာညာဟု နိုင်ငံရေး ကံကြမ္မာ အဆုံးအဖြတ်ပေးမည်

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆။

အင်္ဂါနေ့ အစ္စရေး ရွေးကောက်ပွဲတွင် ရာထူးသက်တမ်း ၁၉ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ် ဘင်ဂျမင် နေတာညာဟု (Benjamin Netanyahu) သည် သူ၏ နိုင်ငံရေး ရှင်သန်နိုင်ရေးအတွက် ရင်ဆိုင်နေရသည်။ မဲဆန္ဒရှင်များသည် ၂၀၂၃ ဟားမတ်စ် တိုက်ခိုက်မှု၊ ဂါဇာနှင့် အီရန် စစ်ပွဲများ၊ နိုင်ငံတကာ၏ အထီးကျန်ဆန်မှုများအပေါ် မူတည်၍ သူ၏ ခေါင်းဆောင်မှုကို အကဲဖြတ်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲ စစ်တမ်းများအရ နေတာညာဟု၏ လီကွတ်ပါတီနှင့် စစ်ဦးစီးချုပ်ဟောင်း ဂါဒီ အိုင်ဆင်ကော့တ် (Gadi Eisenkot) ဦးဆောင်သည့် ပြိုင်ဘက် မဟာမိတ်တို့အကြား ရလဒ် ကပ်နေသည်။ နေတာညာဟုသည် စစ်ပွဲကာလ ခေါင်းဆောင်မှုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရင့်၏ ထောက်ခံမှုကို အဓိကထား မဲဆွယ်နေပြီး၊ အိုင်ဆင်ကော့တ်ကမူ နေတာညာဟုသည် ခြိမ်းခြောက် လိမ်ညာမှုများဖြင့် မဲဆွယ်နေသည်ဟု စွပ်စွဲထားသည်။

ပါလီမန် နေရာ ၁၂၀ တွင် မည်သည့်ဘက်ကမျှ အပြတ်အသတ် နိုင်ပွဲရရန် မလွယ်ကူဘဲ ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ပါက နေတာညာဟုသည် လာမည့်နှစ် ရွေးကောက်ပွဲအထိ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူရနိုင်သည်။ နေတာညာဟု၏ ပြိုင်ဘက်များသည် အောက်တိုဘာ ၇ လုံခြုံရေး ပျက်ကွက်မှုအတွက် တာဝန်ယူမှုကို တောင်းဆိုနေကြသော်လည်း သူ၏ ထောက်ခံသူများကမူ စစ်ပွဲကို အကောင်းဆုံး စီမံခဲ့သူအဖြစ် ရှုမြင်ကြသည်။

ကိုးကား။ ။ Reuters သတင်း Netanyahu's political survival on the line as Israel votes

ပုံစာ - ဝန်ကြီးချုပ် ဘင်ဂျမင် နေတာညာဟု မဲဆွယ်နေစဉ်/ AFP
👍34❤7😁4
❤33👍17😁3