The Irrawaddy - Burmese
✔
75.3K subscribers
38.5K photos
2.47K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
Media is too big
VIEW IN TELEGRAM
တောင်ကိုရီးယားနယ်စပ်ဘက်ကို မြောက်ကိုရီးယားမှ အမြောက်တွေနဲ့ ချိန်ရွယ်ထား

အောက်တိုဘာ ၂၈၊ ၂၀၂၆

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ကြားတင်းမာမှုတွေမြင့်တက်လာတာနဲ့အမျှ မြောက်ကိုရီးယားဟာ ကိုရီးယားနှစ်နိုင်ငံကိုပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်အနီးမှာ ၁၂၂ မီလီမီတာ အမြောက်တွေတပ်ဆင်ထားတဲ့သံချပ်ကာယာဉ်တွေ တပ်ဖြန့်ထားပြီး တောင်ကိုရီးယားဘက်ကို ပြောင်း၀တွေချိန်ရွယ်ထားပါတယ်။

#မြန်မာ #ဧရာဝတီ #တောင်ကိုရီးယား #မြောက်ကိုရီးယား
👎35❤10😱6
❤9🤔5😁1
မန္တလေး Sky Villa မြေနေရာ လေလံတင်ပြီး အခန်းပိုင်ရှင်များအား ခွဲပေးမည်ဆို

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား လမ်း ၆၀ ပေါ်ရှိ လူ ၂၀၀ ကျော် သေဆုံးခဲ့ရသော ငလျင်သင့် Sky Villa ကွန်ဒိုအိမ်ရာ မြေနေရာကို လာမည့် နိုဝင်ဘာလတွင် လေလံတင်ရောင်းချ၍ တိုက်ခန်းပိုင်ရှင်များအား ခွဲ ဝေပေးသွားမည်ဟု တိုက်ခန်းပိုင်ရှင်များ၊ Sky Villa ကွန်ဒိုအိမ်ရာနှင့် နီးစပ်သူများထံက သိရသည်။

အကျိုးသက်ဆိုင်ခွင့်ရှိသူများအနေဖြင့် ၇ ရက် အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စများ ဆက်လက်ဆောင်ရွက်မည်ဟု Sky Villa က ယမန်နေ့ သတင်းစာများ၌ ကြေညာထားသည်။

“ပထမက မြေပေါ်မှာ တိုက်ခန်းတွေ ပြန်ဆောက်ပြီး တိုက်ခန်းပိုင်ရှင်တွေကနေ အချိုးကျနဲ့ ထည့်ရမယ်ဆိုပြီး ညှိနှိုင်းခဲ့ကြတာ၊ အဆင်မပြေခဲ့လို့ အခုအစီအစဉ်ဖြစ်လာတာ၊ ကျနော်က မိသားစုဝင်ဆုံးရှံးတာမျိုး မရှိခဲ့ပေမယ့် နေစရာဆုံးရှုံးခဲ့ရတာ၊ အခုလိုမျိုး မြေနေရာကို ရောင်းပြီး အချိုးကျခွဲဝေပေးမယ်ဆိုတော့လည်း ကောင်းပါတယ်၊ ဆုံးရှုံးနစ်နာမှုတွေအတွက် နည်းနည်းတော့ ကာမိသွားစေတာပေါ့”ဟု အခန်းပိုင်ရှင်တဦးက ဧရာဝတီကို ပြောသည်။

Sky Villa ကွန်ဒိုကို မြေအချိုးကျပိုင်ဆိုင်ခွင့်ဖြင့် ရောင်းချခဲ့သဖြင့် မြေပိုင်ဆိုင်သူ ဦးနိုင်ထွန်းလင်း၊ ဇနီး ဒေါ်သက်သက်ခိုင်တို့နှင့် တိုက်ခန်းပိုင်ရှင်များ၏ ညှိနှိုင်းသဘောတူညီချက်အရ ဂရန်မြေကွက်များနှင့် ပိုင်ဆိုင်အကျိုးခံစားခွင့် များကို အချိုးကျ ခွဲဝေမည်ဟု သိရသည်။

၂၀၂၅ မတ်လ ၂၈ ရက်က မန္တလေးအနီး ဗဟိုပြုလှုပ်ခတ်ခဲ့သောပြင်းထန်ငလျင်ကြီးကြောင့် ပြိုကျခဲ့ရာတွင် လူ ၂၀၀ ကျော်သေဆုံးခဲ့ရသဖြင့် တည်ဆောက်ခဲ့သည့် NTL ကုမ္ပဏီ(Sky villa condo) ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ ၃၀၄(က)အရ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ရာ အယူခံနှင့် ပြင်ဆင်မှုများ တက်ခဲ့သော်လည်း အောင်မြေသာစံခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် အစား ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ပြင်ဆင်အမိန့်ချမှတ်ထားသည်။

ငလျင်ကြောင့် ၁၁ ထပ်အမြင့် ရှိသည့် Sky Villa ကွန်ဒိုအိမ်ရာမှ အဆောက်အဦ ၄ လုံးသည် ၄ လွှာခန့် မြေကြီးအတွင်း ကျွံဝင်သွားကာ ကွန်ဒိုဧရိယာ ABCD ရှိသည့်အနက် BCD ဧရိယာ အကုန်ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။

ငလျင်ဘေးသင့် Sky Villa ကွန်ဒိုအိမ်ရာတွင် လူဦးရေ ၄၀၀ ကျော်နေထိုင်သည့်အနက်မှ ၅၂ ဦး အသက်ရှင်လျက် ကယ်ထုတ် နိုင်ခဲ့သလို ရုပ်အလောင်း ၂၀၆ လောင်း တွေ့ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Sky Villa ကွန်ဒိုကို NTL Construction Co,Ltd မှ ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ငလျင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြင့် ဘိုးဘွားပိုင်မြေပေါ် ပိုင်ဆိုင်မှု အခိုင်အမာနှင့် ဆောက်လုပ်ထားသဖြင့် နောင်ရေးအတွက် စိတ်အေးရသည်ဟုဆိုကာ အိမ်ရာ အထူးစျေးရောင်းပွဲတော်များ ပြုလုပ်၍ ကွန်ဒိုအခန်း ၁ ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၃၅၀၀ ဖြင့် ရောင်းချခဲ့ခြင်းဟု သိရသည်။

ပုံစာ-ငလျင်ကြောင့် Sky Villa ကွန်ဒို ပြိုကျမှုမြင်ကွင်း/GNLM

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍28❤10🤔5😁1
Media is too big
VIEW IN TELEGRAM
နေရပ်ပြန်ပို့လိုက်သူတွေကို မြန်မာစစ်တပ်ဖမ်းဆီးထားမှု မလေးရှားမေးခွန်းထုတ်

နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ မိသားစုထံပြန်မရောက်ဘဲ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ပတ်သက်လို့ ရှင်းလင်းချက် တောင်းသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က လွှတ်တော်မှာ ပြောလိုက်ပါတယ်။

မလေးရှားလွှတ်တော်အစည်းအဝေးမှာ အောက်တိုဘာ ၂၆ ရက်နေ့က လွှတ်တော်အမတ် အာမက် တာမီဇီ ဆူလိုင်မန်က မလေးရှားကနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက အယောက် ၃၀၀ လောက်ဟာ ရန်ကုန်မြို့က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတခုမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ အစိုးရရဲ့ တုံ့ပြန်ချက်ကို မေးမြန်းခဲ့တာပါ။

#မြန်မာ #ဧရာဝတီ #မြန်မာစစ်တပ် #ဒုက္ခသည် #မလေးရှား #လွှတ်တော် #နေရပ်ပြန် #WhatsHappeningInMyanmar
😁46👍9❤3
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

မြန်မာမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု တိုးလာ

အောက်တိုဘာ ၂၈၊​ ၂၀၂၆

ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကို မြေရှားတင်ပို့မှု ဆက်လက်မြင့်တက်နေတဲ့ အကြောင်းနဲ့ မင်းအောင်လှိုင်အစိုးရက တရုတ်ကို လယ်ယာထုတ်ကုန်တွေ တိုးမြှင့်တင်ပို့ဖို့ ကြိုးစားနေတဲ့ အကြောင်းအပါအဝင် တရုတ်-မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #မြေရှား #စီးပွားရေး 

https://youtu.be/ZJbI7REWN4Q
👍26😱8👎5❤1😁1
👍44❤4😁4
မြန်မာ့အရေး အချိန်မနှောင်းမီ အရေးယူရန် ကုလအထူးသံတမန် တိုက်တွန်း

ဧရာဝတီ၊ အောက်တိုဘာ၂၈၊ ၂၀၂၆

မြန်မာနိုင်ငံ၏ အကျပ်အတည်းများဖြေရှင်း၍မရနိုင်သည့်အခြေအနေသို့ မရောက်မီ ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မလား ဟု အောက်တိုဘာ၂၇ ရက်က ပြုလုပ်သောကုလသမဂ္ဂအထွေထွေ ညီလာခံ ၈၁ ကြိမ်မြောက်အစည်းအဝေး၊ တတိယကော်မတီတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ က အစီရင်ခံစာတင်ပြရာ၌ ထည့်သွင်း ပြောကြားသည်။

အာဏာသိမ်းအစိုးရသည် လေကြောင်းတိုက်ခိုက်မှုများကို အကြမ်းဖက်အုပ်စု (တော်လှန်ရေးအင်အားစု) များကို ပစ်မှတ်ထားသည်ဟု ပြောဆိုနေသော်လည်း တော်လှန်ရေးအင်အားစုများကမူ အမျိုးသမီးများ၊ ကလေးသူငယ်များအပါ အရပ်သားများကို ပစ်မှတ်ထားနေခြင်းဟု ဆိုကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသည်။

ဂျူလီ ဘစ်ရှော့အနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သလို တိုင်းတာနိုင်သော စံနှုန်းများထားရှိရန်၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန်အတွက်လည်း ထည့်သွင်း တောင်းဆိုခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နှင့် အခြားနေရာများသို့ ဘေးကင်းလုံခြုံမှုရှာဖွေရန် ထွက်ပြေးခဲ့ ကြရကြောင်း၊ အာဏာသိမ်းအစိုးရ အတည်ပြုထားသည့်စာရင်းအရ ရိုဟင်ဂျာ ၃၂၆၀၀၀ ခန့်ကို ပြန်လည်လက်ခံရန် ကတိပြုထားကြောင်း ပြောဆိုသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းကို လက်ခံထားရကြောင်း အစီရင်ခံထားသည်ဟု ဂျူလီဘစ်ရှော့က ဆိုသည်။

အလားတူ အာရက္ခတပ်တော် (AA) က မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး ယင်းမြို့နယ်များတွင် လက်နက်ကိုင်ပဋိပက္ခ၊ မိုင်းအန္တရာယ်နှင့် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများကို ရင်ဆိုင်နေရကြောင်း၊ ဘေးကင်း လုံခြုံမှု၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနှင့် ရေရှည်တည်တံ့မှုရှိသော နေရပ်ပြန်ရေး ပတ်ဝန်းကျင်ကောင်းများ မရှိသေး ဟုလည်း ဒုက္ခသည်များကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ရန် ကြိုးပမ်းမှုများအတွက် သတိပေးပြောဆိုထားသည်။

ယင်းအစည်းအဝေးအတွင်း မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြသလို အာဏာသိမ်းပြီးနောက် ပဋိပက္ခအတွင်း သေဆုံးသူ ၁ သိန်း ကျော်လာပြီဖြစ်ကြောင်းနှင့် စစ်တပ်သည် အရပ်သားများအပေါ် တိုက်ခိုက်မှု ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ် ကွမ်ဂျန် (Nicholas Koumjian) ကလည်း “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ သားကောင်ဖြစ်လာရတဲ့ ပြည်သူအရေအတွက် ပိုမို များပြားလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိုမို ဆိုးရွားလာနေပါတယ်” ဟု သတိပေး ပြောဆိုသွားသည်။

စစ်ကြောရေးစခန်းများအတွင်းက ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဆက်နွယ်နေသည့် တပ်မှူးများနှင့် စစ်ကြောရေး အရာရှိများကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုသွားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤47👍27😁6👎1
အာဆီယံအထူးသံတမန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမလား

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရို၏ နှစ်ရက်ကြာ မြန်မာ ခရီးစဉ် ယနေ့စတင်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရ မရအပေါ် နိုင်ငံရေးလေ့လာသူများက စောင့်ကြည့်လျက် ရှိသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၁၄ ရက်က မစ္စ ထရီဇာ လာဇရို၏ နေပြည်တော်ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ သော်လည်း လက်ရှိအခြေအနေက အာဏာသိမ်းအစိုးရသည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်၊ ဂျပန်နိုင်ငံ၌ နှစ်ကြိမ်တွေ့ဆုံခဲ့သလို လာမည့်နိုဝင်ဘာ မနီလာ၌ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတက်ရောက်ခွင့်ရရေး သံတမန်ရေးရာ ကြိုးပမ်းနေချိန်လည်းဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/28/417278.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁25👍16❤3
Media is too big
VIEW IN TELEGRAM
တရုတ်ဝင်ကယ်ပေမယ့် စစ်တပ်အလုပ်မဖြစ်

အောက်တိုဘာ ၂၈၊ ၂၀၂၆

ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်း အပြည့်အစုံကို Youtube Link ကတဆင့် ကြည့်ရှု  အားပေးနိုင်ပါတယ်။

https://youtu.be/TMgOwnemOcU
👍48😁9❤3😭1
အမျိုးသမီးတွေ စစ်မှုထမ်းရှောင်ဖို့ ငွေပေးနေရပြီလို့ စစ်လော်ဘီထုတ်ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

အာဏာသိမ်းအစိုးရက အမျိုးသမီးစစ်မှုထမ်းအတွက် တရားဝင်ခေါ်ယူခြင်းမရှိသေးဘူးလို့ ငြင်းဆိုထားပေမယ့် မြေပြင်မှာတော့ စစ်မှုထမ်းသက်အကျုံးဝင်တဲ့ အမျိုးသမီးတွေဟာ ခေါ်ယူရာမှာ မပါဖို့အတွက် ငွေပေးနေရပြီလို့ စစ်မှုထမ်းအရေး ကူညီပေးနေသူတွေအပြင် စစ်လော်ဘီတွေကပါ ထုတ်ပြောလာကြပါတယ်။

အမျိုးသမီးစစ်မှုထမ်းနဲ့ပတ်သက်ပြီး အာဏာသိမ်းအစိုးရရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းခေါ်ယူတာ လုံးဝမရှိသေးဘူးလို့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆို ထားပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက် ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကတော့ အာဏာသိမ်းစစ်တပ်ဟာ အမျိုးသမီးအရာရှိ သင်တန်းအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအောက်ကနေ အမျိုးသမီးတွေကို စစ်မှုထမ်းစုဆောင်းတာတွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

https://youtu.be/_vYEMXB53ec

#မြန်မာ #ဧရာဝတီ #အမျိုးသမီး #စစ်မှုထမ်း #အာဏာသိမ်းစစ်တပ် #ပြည်သူ့စစ်မှုထမ်းဥပဒေ #စစ်လော်ဘီ #WhatsHappeningInMyanmar
👍39😁13❤5😱3
အသိမ်းခံရသည့် နောင်ချိုမြို့မဗလီ အယူခံတင်ဖို့ ပြင်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ နောင်ချိုကို သိမ်းစဉ်က ငွေကြေး၊ အစားအစာ နှင့် ပစ္စည်းထောက်ပံ့သည်ဆိုကာ စစ်တပ်က ဗလီတာဝန်ခံ ဦးလှထွေးနှင့် ဦးစိုးသိမ်းတို့ကို ဖမ်းဆီးတရားစွဲထောင်ချရာ မြို့မဗလီကိုပါ ပြည်သူ့ဘဏ္ဍာသိမ်းသဖြင့် အစ္စလာမ်ဘာသာဝင်တို့က အယူခံနှင့် အသနားခံစာတင်မည်ဟု သိရသည်။

၂၀၂၅ ခု ဇူလိုင် ၁၇ ရက်က မြို့မဗလီကို စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာစုံ စစ်ဆေးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် အကြောင်း တစုံတရာ မရှိဘဲ ယာယီ ပိတ်သိမ်းကာ ဩဂုတ်လ၌ ဗလီတာဝန်ခံ ဦးလှထွေးနှင့် ဦးစိုးသိမ်းတို့ ဖမ်းဆီးတရားစွဲရာတွင် ဗလီဓာတ်ပုံကို ရှာဖွေပုံစံဖြင့် သက်သေတင်သွင်းခဲ့ခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/28/417285.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤17👍14😁7😱1😭1
👍30😁4😱2❤1
ထိုင်းသတင်းထောက် လွှတ်တော်သို့ စာတင် လုံခြုံရေးအတွက် အစောင့်ငှားထားရဟု ဆို

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်ရှိ သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းတွင် သတင်းရယူနေစဉ် မြန်မာဘက်မှ အမျိုးသားတဦးက မှတ်ပုံတင်နှင့် ကင်မရာအတွင်းမှ ဓာတ်ပုံများကို စစ်ဆေးကာ ခြိမ်းခြောက်ခံရပြီးနောက် လုံခြုံရေး စိုးရိမ်သဖြင့် ကိုယ်ပိုင် သက်တော်စောင့်တဦးကို ဘတ် သိန်းချီပေး၍ ငှားရမ်းလိုက်ကြောင်း သတင်းထောက် Mr. Nathaphop Sangket က အသိပေးထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအောက်လွှတ်တော်၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဆက်သွယ်ရေးနှင့် ပြည်သူ့ပါဝင်ဆောင်ရွက်ရေး ကော်မတီထံ အရေးယူပေးရန် ယနေ့ တိုင်ကြားခဲ့ပြီး တိုင်ကြားစာကို ကော်မတီ ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့ပါတီလွှတ်တော်အမတ်တို့က လွှတ်တော်အဆောက်အအုံ၌ လက်ခံရယူခဲ့ကြောင်း ဆိုသည်။

Mr. Nathaphop Sangket က အောက်တိုဘာ ၂၁ ရက်တွင် စမွတ်ပရာကန်ရှိ CI စခန်း၌ ရွှေ့ပြောင်းလုပ်သားများ စာရွက်စာတမ်း ပြုလုပ်သည့် လုပ်ငန်းစဉ်များကို သတင်းသွားယူစဉ် သတင်းထောက် လက်ပတ်နှင့် ကင်မရာကို လွယ်ကူစွာ မြင်တွေ့နိုင်အောင် ဝတ်ဆင်ထားခဲ့သော်လည်း အရပ်ဝတ်အမျိုးသားတဦးက နှောင့်ယှက်ခြိမ်းခြောက်ခဲ့ကြောင်း ပြောသည်။

ထို့ပြင် မြန်မာအာဏာသိမ်းအစိုးရအတွက် အလုပ်လုပ်ပေးနေသူ အမျိုးသားတဦးက ၎င်း၏ မှတ်ပုံတင်ကို စစ်ဆေးကာ မှတ်ပုံတင်အား ဓာတ်ပုံရိုက်ယူ၍ အထက်လူကြီးထံ ပို့ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုင်းမြေပေါ်တွင် မြန်မာအာဏာသိမ်းအစိုးရ၏ အရာရှိဆိုသူများအနေဖြင့် မည်သည့် လုပ်ပိုင်ခွင့်ဖြင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို ဟန့်တားနှောင့်ယှက်နေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

လွှတ်တော်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ယင်းလုပ်ရပ်သည် သတင်းထောက်ကို ခြိမ်းခြောက်ရုံသာမက သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကိုပါ ထိပါးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင် တောင်းကြည့်ခြင်း၊ ကိုယ်ရေးအချက်အလက် မေးမြန်းခြင်းနှင့် ကင်မရာအတွင်းမှ ဓာတ်ပုံများ ဖျက်ခိုင်းခြင်းတို့သည် လွန်လွန်ကဲကဲ ပြုလုပ်မှုဖြစ်သဖြင့် ကျူးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့် ဥပဒေအရ ပြုလုပ်သည်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သလို သက်ဆိုင်သူများကို ခေါ်ယူစစ်ဆေးသွားမည်ဟု ဆိုသည်။

သတင်းထောက်က ထိုင်းတနိုင်ငံလုံးရှိ CI စခန်း ၅ ခုတွင် ရွှေ့ပြောင်းလုပ်သားများ၏ စာရွက်စာတမ်း ထုတ်ပေးသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ ဝင်ရောက်သတင်းရယူခွင့် ပိတ်ပင်နှောင့်ယှက်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပေးရန်၊ မြန်မာစစ်တပ်အတွက် လုပ်ကိုင်ပေးနေသူများအနေဖြင့် ထိုင်းနိုင်ငံအတွင်း သတင်းမီဒီယာများ၏ လုပ်ဆောင်ချက်များကို စစ်ဆေးရန် မည်သည့် လုပ်ပိုင်ခွင့် သို့မဟုတ် ရပိုင်ခွင့် ရှိသနည်းဆိုသည်ကို ရှင်းလင်းစွာ အသိပေးရန်၊ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးသည့် လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုနှင့် စစ်ဆေးခံနိုင်မှု ရှိစေရန် အချက် ၃ ချက်ကို တောင်းဆိုခဲ့သည်။

ပြည်သူ့ပါတီ လွှတ်တော်အမတ်ကလည်း ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင်သည့် လုပ်ငန်းစဉ်သည် ကြီးမားသော ပြဿနာဖြစ်နေပြီး၊ တရားဝင်လုပ်သားများ တရားမဝင် ဖြစ်သွားစေသည့် အန္တရာယ်နှင့် လာဘ်ပေးလာဘ်ယူ ပြဿနာများ ရှိနေကြောင်း၊ CI စခန်းများသည် ထိုင်းမြေပေါ်တွင် အခြားနိုင်ငံအား ၎င်းတို့၏ အချုပ်အခြာအာဏာ ကျင့်သုံးခွင့်ပေးထားသကဲ့သို့ ဖြစ်နေ၍ အမြန်ဆုံး ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ဓာတ်ပုံ-The Reporters
👍57❤17😁8👎1😱1
ကုလားတန်မြစ်တွင်း စစ်သင်္ဘော ၃စီး AA ဖျက်ဆီး

သတင်း | လင်းသစ်၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

အာရက္ခတပ်တော် (AA)က စစ်တွေနှင့် ပေါက်တော ငပြီကျွန်းတိုက်ပွဲများ ပြင်းထန်နေချိန် အောက်တိုဘာ ၂၆ ရက်က ကုလားတန်မြစ်ဝ၌ စစ်သင်္ဘော ၃ စီးကို ဖျက်ဆီးလိုက်ရာ တလအတွင်း စုစုပေါင်း ၆ စီး ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

AA ပြောခွင့်ရ ဦးခိုင်သုခက တယ်လီဂရမ်ချန်နယ်တွင်လည်း “စစ်တွေနှင့် ဝီရဌာနီ (ပေါက်တော) ကြား ကုလားတန် မြစ်ဝမှာ တပ်စွဲထားတဲ့ အကြမ်းဖက် မြန်မာ စစ်တပ်ရဲ့ သင်္ဘောတွေ ကို သီတင်းကျွတ် လပြည့်ညမှာ ရေကြောင်း စစ်ဆင် ရေးလုပ်ကာ အာရက္ခတပ်တော်က တိုက်ခိုက် ရှင်းလင်းခဲ့တာ ရှိပါတယ်။ အကြမ်းဖက် မြန်မာရေတပ် သင်္ဘော ၃ စီး ထိမှန် ပျက်စီးခဲ့တာ ရှိပါတယ်။ ၂ စီး နစ်မြုပ်သွားပြီးတော့ ကျန်တဲ့ တစီး ဆိုးဆိုးဝါးဝါး ထိမှန် ပျက်စီးခဲ့ပါတယ်။ ဒီ စစ်ဆင်ရေးကို အောင်မြင်စွာ စွမ်းဆောင်ခဲ့ကြတဲ့ အာရက္ခတပ်တော်က နည်းပညာရှင်တွေနဲ့ အရာရှိ စစ်သည်တွေ အားလုံးကို ဂုဏ်ပြု ချီးကျူးပါတယ်လို့ ပြောလိုပါတယ်” ဟု ပြောထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/28/417291.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍45❤17😁3👎1
😭22😱20😁3
ချင်းတောင်ပိုင်း စစ်ရှောင်တို့ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများ ဖြစ်နေ

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များတွင် စစ်တပ် အင်အားထောင်ချီဖြင့်စစ်ကြောင်းထိုးနေမှုကြောင့် စစ်ရှောင်နေရသည့် ဒေသခံများ အရေပြားရောဂါ၊ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ခံစားနေကြရပြီး ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း စစ်ရှောင် ကူညီနေသူများနှင့် ဒေသခံများထံမှ သိရသည်။

“အခုက ရာသီ အကူးအပြောင်းဆိုတော့ ရာသီတုပ်ကွေးတွေက ပိုပြီး အဖြစ်များတယ်။ ပြီးတော့ သောက်သုံးရေ မသန့်ရှင်းတာတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါ ဖြစ်တာတွေလည်း ရှိတယ်။ လူနာကများ၊ ရှိတာနဲ့ ကုပေးနေရတော့ မမျှတာမျိုးပေါ့။ ဆေးတွေ ပြန်ဝယ်ဖို့ အခက်အခဲလည်း ရှိတော့ ရောဂါသိပေမယ့် ဆေးဝါးမရှိတော့ ကုမပေးနိုင်၊ ဒီအတိုင်း ငုပ်တုတ် ထိုင်ကြည့်နေရတဲ့ အနေအထား ဖြစ်နေတယ်” ဟု စစ်ဘေးရှောင် ကူညီပေးနေသူတဦးက ပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း စေတုတ္တရာမြို့နယ် အစပ် တောတောင်များတွင် စစ်ဘေး ရှောင်နေရသူ ၈၀၀ ကျော်ခန့် ရှိနေပြီး ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေးကိစ္စများကို မြေလတ် လွတ်မြောက်ရေးတပ်တော် ကျန်းမာရေးဌာနက တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေသော်လည်း လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားပါက အခြား ဒေသသို့ သွားရောက် ကုသရန်အတွက်လည်း အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

လက်ရှိအချိန်၌ ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်နှင့် မင်းတပ် မြို့နယ်များသို့ စစ်တပ်က အင်အား ထောင်ချီ အသုံးပြု၍ စစ်ကြောင်းကြီး ၄ ကြောင်းဖြင့် ထိုးစစ်ဆင်နေသဖြင့် ဒေသခံ အရပ်သားများ ဘေးလွတ်ရာ နေရာများနှင့် တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- ယောအလင်းတန်း

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭32❤5😱5😁4👍1
အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲကြောင့် ဘာတွေပြောင်းလဲသွားနိုင်လဲ

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို နို၀င်ဘာ ၃ ရက်နေ့မှာကျင်းပတော့မှာပါ။

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်က ၃၅ နေရာ နဲ့ အောက်လွှတ်တော်အတွက် ၄၃၅ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ပါတီတွေက ဘယ်လို မဲဆွယ်စည်းရုံးနေကြလဲ၊ ဘယ်ပါတီက အသာစီးရနိုင်လဲ၊ ဒီမိုကရက်တစ်ပါတီကသာအသာစီးရသွားမယ်ဆိုရင် ဘာတွေလုပ်ဆောင်လာနိုင်သလဲ၊ မြန်မာ့အရေး ဘာတွေ ပြောင်းလဲလာနိုင်လဲ ဆိုတာတွေနဲ့ ပတ်သက်လို အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါရဂူကျောင်းသား ကိုဘွေပီးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/OkAuNgcOhU4

#မြန်မာ #ဧရာဝတီ #အမေရိကန် #ရွေးကောက်ပွဲ #ကြားဖြတ်ရွေးကောက်ပွဲ #အထက်လွှတ်တော် #အောက်လွှတ်တော် #သမ္မတဒေါ်နယ်ထရမ့် #MidtermElections

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍41❤3😁2🤔1
သေဆုံးပြည်သူ နာမည်တွေ ပုဝါပေါ် ထပ်မတိုးစေချင်

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေ ရေးထိုးထားတဲ့ ပုဝါကို ကုလသမဂ္ဂအစည်းအဝေးမှာ ကိုင်မြှောက်ပြသရင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မျက်ရည်ဝဲကာ “ဒီပုဝါပေါ်မှာ ထပ်တိုးလာမယ့် နာမည်တွေကို ကျနော် မဖတ်ချင်တော့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဒီပုဝါပေါ်မှာ အသက် ၂ လသားကနေ အသက် ၁၀၅ နှစ်အထိ သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေ ပါဝင်ပြီး ပြည်သူတွေ နောက်ထပ် အသက်မဆုံးရှုံးစေဖို့ စစ်အုပ်စုဆီ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးထောက်ပံ့မှုတွေ ဖြတ်တောက်ကာ နိုင်ငံတကာက ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

https://youtu.be/sqgD92_tK8I

#မြန်မာ #ဧရာဝတီ #ကုလသမဂ္ဂ #တရုတ် #ရုရှား #ပုဝါ #နာမည် #ဦးကျော်မိုးထွန်း #လက်နက် #လေယာဉ်ဆီ #ထောက်ပံ့မှု #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍73😁10❤9😭2👎1
• စစ်သင်္ဘော ၃ စီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ AA ပြော
• တရုတ်နဲ့ ရုရှားက UN မှာ မြန်မာစစ်အုပ်စုကို ကာကွယ်
• အာဆီယံအထူးကိုယ်စားလှယ် ရှမ်းပြည်နယ်ကိုသွား
• အဝေးပြေးယာဉ်လိုင်းတွေမှာ ကုန်စည်တင်ဆောင်ခွင့် ပိတ်ပင်ခံရ
• လုပ်ခလစာအငြင်းပွားပြီး ထိုင်းမှာ တရုတ်အလုပ်ရှင် သတ်ဖြတ်ခံရ
• မြန်မာခရီးစဉ်ကို ဖျက်လိုက်တဲ့ မန်ယူဂန္ထ၀င်ကစားသမားနှစ်ဦး

နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၈၊ ၂၀၂၆
https://youtu.be/rdjFPrt51ts

#မြန်မာ #ဧရာဝတီ #စစ်တွေ #စစ်သင်္ဘော #AA #တရုတ် #ရုရှား #ကုလသမဂ္ဂ #အာဆီယံ #ရှမ်းပြည်နယ် #တောင်ကြီး #အဝေးပြေးယာဉ်လိုင်း #ကုန်စည် #လုပ်ခလစာ #မန်ယူ #ခရီးစဉ် #UN #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍45❤13😁3
Media is too big
VIEW IN TELEGRAM
အမေရိကန် ဘာလဲ ဘယ်လဲ

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

အမေရိကန်နဲ့ မြန်မာနိုင်ငံကြားက ဆက်ဆံရေးက သမိုင်းအစဥ်အဆက် ဘယ်လိုတွေရှိခဲ့လဲ။ အမေရိကန်ဟာ ပြည်သူတွေဘက်က ရှိနေသေးလား။ ဒါမှမဟုတ် စစ်အာဏာရှင်တွေနဲ့ ပိုအဆင်ပြေနေပြီလားဆိုတာကို ဆွေးနွေးသုံးသပ်ထားတဲ့ Opinion Talk Episode 39 “အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား” အပြည့်အစုံကို အောက် Link မှာ ကြည့်ရှုနိုင်ပါတယ်။

အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား
https://youtu.be/pVBwpY3SCuU

#မြန်မာ #အမေရိကန် #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ထရမ့် #အောင်ဆန်းစုကြည် #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #AungSanSuuKyi #Trump #military #myanmar #regime #democracy #IRWENG
👍28😁9❤4