သေဆုံးပြည်သူ နာမည်တွေ ပုဝါပေါ် ထပ်မတိုးစေချင်
ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆
စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေ ရေးထိုးထားတဲ့ ပုဝါကို ကုလသမဂ္ဂအစည်းအဝေးမှာ ကိုင်မြှောက်ပြသရင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မျက်ရည်ဝဲကာ “ဒီပုဝါပေါ်မှာ ထပ်တိုးလာမယ့် နာမည်တွေကို ကျနော် မဖတ်ချင်တော့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ဒီပုဝါပေါ်မှာ အသက် ၂ လသားကနေ အသက် ၁၀၅ နှစ်အထိ သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေ ပါဝင်ပြီး ပြည်သူတွေ နောက်ထပ် အသက်မဆုံးရှုံးစေဖို့ စစ်အုပ်စုဆီ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးထောက်ပံ့မှုတွေ ဖြတ်တောက်ကာ နိုင်ငံတကာက ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
https://youtu.be/sqgD92_tK8I
#မြန်မာ #ဧရာဝတီ #ကုလသမဂ္ဂ #တရုတ် #ရုရှား #ပုဝါ #နာမည် #ဦးကျော်မိုးထွန်း #လက်နက် #လေယာဉ်ဆီ #ထောက်ပံ့မှု #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

YouTube
သေဆုံးပြည်သူ နာမည်တွေ ပုဝါပေါ် ထပ်မတိုးစေချင် | The Irrawaddy
စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသူတွေရဲ့ အမည်တွေ ရေးထိုးထားတဲ့ ပုဝါကို ကုလသမဂ္ဂအစည်းအဝေးမှာ ကိုင်မြှောက်ပြသရင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မျက်ရည်ဝဲကာ “ဒီပုဝါပေါ်မှာ ထပ်တိုးလာမယ့် နာမည်တွေကို ကျနော် မဖတ်ချင်တော့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ဒီပုဝါပေါ်မှာ…
ဒီပုဝါပေါ်မှာ…
👍73😁10❤9😭2👎1
• စစ်သင်္ဘော ၃ စီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ AA ပြော
• တရုတ်နဲ့ ရုရှားက UN မှာ မြန်မာစစ်အုပ်စုကို ကာကွယ်
• အာဆီယံအထူးကိုယ်စားလှယ် ရှမ်းပြည်နယ်ကိုသွား
• အဝေးပြေးယာဉ်လိုင်းတွေမှာ ကုန်စည်တင်ဆောင်ခွင့် ပိတ်ပင်ခံရ
• လုပ်ခလစာအငြင်းပွားပြီး ထိုင်းမှာ တရုတ်အလုပ်ရှင် သတ်ဖြတ်ခံရ
• မြန်မာခရီးစဉ်ကို ဖျက်လိုက်တဲ့ မန်ယူဂန္ထ၀င်ကစားသမားနှစ်ဦး
နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၈၊ ၂၀၂၆
https://youtu.be/rdjFPrt51ts
#မြန်မာ #ဧရာဝတီ #စစ်တွေ #စစ်သင်္ဘော #AA #တရုတ် #ရုရှား #ကုလသမဂ္ဂ #အာဆီယံ #ရှမ်းပြည်နယ် #တောင်ကြီး #အဝေးပြေးယာဉ်လိုင်း #ကုန်စည် #လုပ်ခလစာ #မန်ယူ #ခရီးစဉ် #UN #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
• တရုတ်နဲ့ ရုရှားက UN မှာ မြန်မာစစ်အုပ်စုကို ကာကွယ်
• အာဆီယံအထူးကိုယ်စားလှယ် ရှမ်းပြည်နယ်ကိုသွား
• အဝေးပြေးယာဉ်လိုင်းတွေမှာ ကုန်စည်တင်ဆောင်ခွင့် ပိတ်ပင်ခံရ
• လုပ်ခလစာအငြင်းပွားပြီး ထိုင်းမှာ တရုတ်အလုပ်ရှင် သတ်ဖြတ်ခံရ
• မြန်မာခရီးစဉ်ကို ဖျက်လိုက်တဲ့ မန်ယူဂန္ထ၀င်ကစားသမားနှစ်ဦး
နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၈၊ ၂၀၂၆
https://youtu.be/rdjFPrt51ts
#မြန်မာ #ဧရာဝတီ #စစ်တွေ #စစ်သင်္ဘော #AA #တရုတ် #ရုရှား #ကုလသမဂ္ဂ #အာဆီယံ #ရှမ်းပြည်နယ် #တောင်ကြီး #အဝေးပြေးယာဉ်လိုင်း #ကုန်စည် #လုပ်ခလစာ #မန်ယူ #ခရီးစဉ် #UN #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
စစ်သင်္ဘော ၃ စီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ AA ပြော | The Irrawaddy
• တရုတ်နဲ့ ရုရှားက UN မှာ မြန်မာစစ်အုပ်စုကို ကာကွယ်
• အာဆီယံအထူးကိုယ်စားလှယ် ရှမ်းပြည်နယ်ကိုသွား
• အဝေးပြေးယာဉ်လိုင်းတွေမှာ ကုန်စည်တင်ဆောင်ခွင့် ပိတ်ပင်ခံရ
• လုပ်ခလစာအငြင်းပွားပြီး ထိုင်းမှာ တရုတ်အလုပ်ရှင် သတ်ဖြတ်ခံရ
• မြန်မာခရီးစဉ်ကို ဖျက်လိုက်တဲ့ မန်ယူ…

👍45❤13😁3
Media is too big
VIEW IN TELEGRAM
အမေရိကန် ဘာလဲ ဘယ်လဲ
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
အမေရိကန်နဲ့ မြန်မာနိုင်ငံကြားက ဆက်ဆံရေးက သမိုင်းအစဥ်အဆက် ဘယ်လိုတွေရှိခဲ့လဲ။ အမေရိကန်ဟာ ပြည်သူတွေဘက်က ရှိနေသေးလား။ ဒါမှမဟုတ် စစ်အာဏာရှင်တွေနဲ့ ပိုအဆင်ပြေနေပြီလားဆိုတာကို ဆွေးနွေးသုံးသပ်ထားတဲ့ Opinion Talk Episode 39 “အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား” အပြည့်အစုံကို အောက် Link မှာ ကြည့်ရှုနိုင်ပါတယ်။
အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား
https://youtu.be/pVBwpY3SCuU
#မြန်မာ #အမေရိကန် #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ထရမ့် #အောင်ဆန်းစုကြည် #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #AungSanSuuKyi #Trump #military #myanmar #regime #democracy #IRWENG

👍28😁9❤4
Media is too big
VIEW IN TELEGRAM
Rap ဘုရင်မဘ၀ကနေ ထရမ့်ကိုထောက်ခံအားပေးသူဖြစ်လာခဲ့တဲ့ Nicki Minaj
အောက်တိုဘာ ၂၉၊ ၂၀၂၆
အခုတလော လူတွေကြား ထူးထူးခြားခြားမြင်တွေ့ရတဲ့အရာကတော့ တချိန်က Rap လောကရဲ့ ဘုရင်မလို့တောင်တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ အဆိုတော် Nicki Minaj အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ကြီးကြီးမားမားထောက်ခံအားပေးနေတဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #Trump #nickiminaj #rap #အမေရိကန်

😁37👍8
ဘရာဇီး သမ္မတလောင်း ဘိုလ်ဆိုနာရို ရွေးကောက်ပွဲ ရှုံးပြီး အမေရိကန်သို့ ထွက်ပြေး
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီး သမ္မတလောင်း ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) နှင့် မိသားစုသည် အာဂျင်တီးနားနှင့် အီကွေဒေါနိုင်ငံတို့မှတဆင့် အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
၎င်းသည် လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုတို့ဖြင့် ဘရာဇီး တရားလွှတ်တော်ချုပ်၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသူဖြစ်ပြီး နိုင်ငံကူးလက်မှတ် လွှဲပြောင်းပေးရန် အမိန့်ထုတ်ပြန်ခံထားရသူဖြစ်သည်။ မိုင်ယာမီသို့ ရောက်ရှိပြီးနောက် ၎င်းက မိမိသည် မဲမသမာမှုနှင့် နိုင်ငံရေးဖိနှိပ်မှုတို့၏ သားကောင်ဖြစ်ကြောင်း အိပ်စ် (X) လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘရာဇီးသမ္မတ လူလာက ၎င်း၏ ထွက်ပြေးမှုသည် ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ တဖက်တွင်လည်း အာဂျင်တီးနား သမ္မတ ဟားဗီးယား မီလေ (Javier Milei) ၏ အစိုးရက ဘိုလ်ဆိုနာရိုအား ကူညီပေးခဲ့သည့်အတွက် နှစ်နိုင်ငံကြား နယ်စပ်နှင့် သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်လာနိုင်သည်။ ၎င်းသည် နိုင်ငံမှ မထွက်ခွာမီ မိမိကိုယ်ကို အပြစ်မရှိကြောင်း ငြင်းဆိုထားပြီး မဲရလဒ်ကို ဆန့်ကျင်ရန် လွှတ်တော်အမတ်များကို စည်းရုံးရန် ကြိုးပမ်းခဲ့သည်။
ကိုးကား။ ။ AP သတင်း Defeated presidential candidate Flávio Bolsonaro and his family land in Miami after fleeing Brazil
ပုံစာ - မိုင်ယာမီလေဆိပ်သို့ ဆိုက်ရောက်လာသော ဖလာဗီယို ဘိုလ်ဆိုနာရို နှင့် မိသားစု/ AFP

😁32❤7👍4
မော်စီတုန်းကို အမ်ဘာပေ နောက်ပြောင်မှုကြောင့် တရုတ်စပွန်ဆာများ ရုတ်သိမ်း
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆။
တရုတ်နိုင်ငံ၏ ပြည်သူ့နေ့စဉ်သတင်းစာ က နိုင်ငံတကာ ထင်ပေါ်ကျော်ကြားသူများသည် တရုတ် ခံစားချက်များကို မလေးစားပါက စီးပွားရေးအရ ဆွဲဆောင်နိုင်စွမ်း လျော့ပါးသွားနိုင်ကြောင်း သတိပေးလိုက်သည်။ မော်စီတုန်းအား နောက်ပြောင် စော်ကားသည်ဟု ယူဆရသော ပြောကြားချက်များကြောင့် ပြင်သစ်ဘောလုံးကြယ်ပွင့် ခီလီယံ အမ်ဘာပေ (Kylian Mbappé) သည် တရုတ်ပြည်တွင်း၌ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည်။
နောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချခဲ့သည့် ပြင်သစ် ဗီဒီယိုတခုတွင် အမ်ဘာပေက ၎င်း၏မျက်နှာကို မော်စီတုန်း၏ ပုံပေါ်သို့ ပြင်ထည့်ထားသည့် ရယ်စရာ မီမ် (meme) တခုအကြောင်း ပြောဆိုခဲ့သည်။
အမ်ဘာပေက ချက်ချင်း တောင်းပန်ခဲ့သော်လည်း ဝေဖန်မှုများ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။ CCTV က ၎င်း၏ ပွဲစဉ်များကို ပိတ်ပင်လိုက်သလို Mengniu နှင့် Eastroc Beverage အပါအဝင် တရုတ် စားသုံးသူ အမှတ်တံဆိပ်များက စပွန်ဆာ စာချုပ်များကို ဖျက်သိမ်းခဲ့ကြသည်။ ထို့ပြင် Dior နှင့် On Holding တို့ကလည်း ၎င်းနှင့် ပတ်သက်သည့် ပို့စ်များကို လူမှုကွန်ရက်မှ ဖယ်ရှားခဲ့သည်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေက ၎င်း၏ ထုတ်ပြန်ချက်တွင် "မကြာသေးမီက အင်တာဗျူးတခုအတွင်း ကျနော့်ရဲ့ ပုံတစ်ပုံအပေါ် တုံ့ပြန်ပြောဆိုခဲ့မိပါတယ်။ ကျနော့်ရဲ့ မှတ်ချက်ဟာ သေချာ စဉ်းစားဆင်ခြင်ခြင်း မရှိခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ ကမ္ဘာတဝှမ်းက တရုတ်အသိုင်းအဝိုင်းများစွာဆီက လူတွေကို စိတ်ဝမ်းနည်း ထိခိုက်စေခဲ့မှန်း ခုမှ နားလည် သဘောပေါက်ရပါတယ်" ဟု ပြောကြားခဲ့သည်။
အမ်ဘာပေက "ကျနော့်ရဲ့ စကားတွေကြောင့် စိတ်အဆင်မပြေ ဖြစ်ခဲ့ရသူ အားလုံးကို တောင်းပန်ပါတယ်။ ဒါဟာ ကျနော့်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ လုံးဝ မဟုတ်ပါဘူး" ဟု ဆက်လက် ပြောကြားခဲ့သည်။
ဤတုံ့ပြန်ဆန့်ကျင်မှုသည် အမြတ်အစွန်းများသည့် တရုတ်ဈေးကွက်အတွင်း အားကစားသမားများနှင့် အမှတ်တံဆိပ်များအတွက် စွန့်စားရမှုများကို မီးမောင်းထိုးပြနေသည်။ တရုတ်နိုင်ငံတွင် ၁၉၄၉ ခုနှစ်မှ ၁၉၇၆ ခုနှစ် ကွယ်လွန်ချိန်အထိ အုပ်ချုပ်ခဲ့သူ ခေတ်သစ်တရုတ်နိုင်ငံ၏ ပဲ့ကိုင်ရှင် မော်စီတုန်းအား သရော်လှောင်ပြောင်ခြင်းသည် လူမှုအသိုင်းအဝိုင်းအတွင်း ရှောင်ကြဉ်နေဆဲ ဖြစ်သည်။
အတိတ်ကလည်း NBA၊ H&M၊ Nike နှင့် LVMH တို့သည် တရုတ်နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အငြင်းပွားဖွယ်ရာများကြောင့် စီးပွားရေး ထိခိုက်မှုများနှင့် စားသုံးသူများ၏ သပိတ်မှောက်မှုကို ကြုံတွေ့ခဲ့ရဖူးသည်။
စပွန်ဆာ စာချုပ်များကို အမြန် စွန့်လွှတ်လိုက်သည့် တရုတ်ကုမ္ပဏီများအတွက် ရေတို ထိခိုက်နိုင်သော်လည်း၊ ယခုဖြစ်စဉ်က ထင်ပေါ်ကျော်ကြားသူများ ဈေးနှုန်းကြီးမားသည့် စပွန်ဆာများအပေါ် မှီခိုနေခြင်း၏ အန္တရာယ်ကို ထင်ရှားစွာ ပြသနေသည်။
ကိုးကား။ ။ Bloomberg နှင့် Reuters သတင်းများ

👍25😁19❤5
ငွေလိမ်ဂိုဏ်းဆန့်ကျင်ရေး တရုတ်ဘလော့ဂါ အွန်လိုင်းမှ ငှားရမ်းသည့် လူဆိုးများ သတ်ဖြတ်ခံခဲ့ရ
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ ငွေလိမ်ဂိုဏ်း (စကမ်း) စခန်းများအကြောင်း သတင်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်ဘလော့ဂါတဦးသည် ယွမ် ၁ သန်း အကုန်အကျခံကာ ကြံစည်မှုတခုအတွင်း ပြန်ပေးဆွဲ ရိုက်နှက် သတ်ဖြတ်ခံခဲ့ရကြောင်း Jiemian News က အောက်တိုဘာ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အွန်လိုင်းတွင် "Huijian" ဟု လူသိများသည့် ဝူခိုင် (Wu Kai) သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ လူ ၁၄ ဦး ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။
Jiemian သတင်းဌာနက ရရှိခဲ့သည့် အယူခံဆိုင်ရာ တရားရုံးဒီဂရီအရ "Shaoxiao" (ဗိုလ်မှူး ဟု အဓိပ္ပာယ်ရ) ဟု သုံးစွဲသည့် အွန်လိုင်းအကောင့်ပိုင်ရှင်က ဝူ ကို ပြန်ပေးဆွဲရန် Telegram မှတဆင့် ယွမ် ၃၀ဝ,ဝဝ၀ ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ညွှန်ကြားချက်မှာ ဝူ ၏ ငွေလိမ်ဂိုဏ်းဆန့်ကျင်ရေး ပို့စ်များကို မည်သူက ခိုင်းစေထားသနည်းဆိုသည်ကို စုံစမ်းရန်နှင့် ယင်းပို့စ်များကို ဖျက်ပစ်ရန်ဖြစ်သည်။ ကျောင်ဘင်း (Zhao Bing) က ယင်းအလုပ်ကို လက်ခံခဲ့ပြီး အခြားသူများကို စည်းရုံးကာ ကြေးကို ယွမ် ၁ သန်းအထိ တိုးမြှင့်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ထားသော အမျိုးသားများသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ဂွမ်ဒုန်းပြည်နယ်၊ ဟွေ့ကျိုးမြို့၌ ဝူ ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုနေ့တွင်ပင် ကျောင်ဘင်း ၏ ပူးပေါင်းကြံစည်သူ ချင်ကျန်းဟွာ (Chen Jianhua) သည် သဘောတူညီထားသည့် ငွေကြေးကို Shaoxiao စေလွှတ်လိုက်သူထံမှ လက်ငင်းငွေသားဖြင့် လက်ခံရရှိခဲ့သည်။ ယင်းအဖွဲ့သည် ဝူ ကို ပြည်နယ်နယ်နိမိတ်များဖြတ်ကျော်၍ ခေါ်ဆောင်သွားကာ ရိုက်နှက်စစ်ဆေးခြင်း၊ ပို့စ်များကို ဖျက်ပစ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ၎င်း၏ ဖုန်းကို Shaoxiao ထံ လွှဲပြောင်းပေးခဲ့သည်။ နောက်တနေ့တွင် ကျောင်ဘင်းသည် ကျန်ရှီးပြည်နယ်၊ တင့်နန်မြို့ရှိ တောင်ကုန်းများထက်၌ ဝူ ကို သတိလစ်သွားသည်အထိ ကန်ကျောက်ခဲ့ပြီး မှောင်စပျိုးချိန်တွင် စွန့်ပစ်သွားခဲ့သည်။ ရွာသားများသည် နိုဝင်ဘာ ၁၃ ရက်တွင် ၎င်း၏အလောင်းကို တွေ့ရှိခဲ့ကြသည်။
ကျန်းယန်ဖေး (Zhang Yangfei) ဟု အမည်လွှဲဖြင့် ဖော်ပြထားသော ၎င်း၏သူငယ်ချင်းတဦးက Phoenix New Media သို့ ပြောကြားရာတွင် ဝူ သည် ဆက်ကြေးတောင်းမှုဖြင့် ဖမ်းဆီးခံရသည်ဆိုသည့် သတင်းလွှင့်မှုများနှင့်အတူ ပို့စ်များ ပျောက်ကွယ်သွားခဲ့သဖြင့် ဝူ ထောင်ကျနေသည်ဟု ထင်မှတ်ခဲ့မိကြောင်း ပြောဆိုခဲ့သည်။ သတင်းထောက်များက ၎င်းထံ ဆက်သွယ်လာမှသာ ဝူ အသတ်ခံလိုက်ရသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။
Jiemian သတင်းဖော်ပြအရ ဟွေ့ကျိုး ပြည်သူ့တရားရုံးက ဝူ ထိန်းသိမ်းခံထားရစဉ်အတွင်း ကျောင်ဘင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရားရုံးက ကျောင်ဘင်းကို ၂ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ပါ သေဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ နိုင်ငံရေးအခွင့်အရေးများကို တသက်တာ ရုပ်သိမ်းခဲ့သည်။ ကျန်ခံရသူ ၁၃ ဦးကိုမူ တမင်သက်သက် ထိခိုက်ဒဏ်ရာရစေမှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု သို့မဟုတ် ပြစ်မှုကျူးလွန်သူများကို ကူညီမှုတို့ဖြင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
The Beijing News က အယူခံကို ကိုးကား၍ ဖော်ပြရာတွင် ကျောင်ဘင်း သည် ၎င်း၏ မိခင်မှတဆင့် ဝူ ၏မိသားစုထံ လျှော်ကြေးငွေ ယွမ် ၅၀ဝ,ဝဝ၀ ပေးချေခဲ့ကြောင်း ပါရှိသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဝူကျန်းကျဲ (Wu Zhengjie) က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူ ၁၄ ဦးလုံးကို ခွင့်လွှတ်ကြောင်း သဘောတူလက်မှတ်ရေးထိုးပေးခဲ့သည်။
ဝူကျန်းကျဲ က အောက်တိုဘာ ၂၇ ရက်တွင် သတင်းစာသို့ ပြောကြားရာ၌ ၎င်း လက်မှတ်မထိုးမီ မိခင်နှင့် ဖခင်ဖြစ်သူကို လာရောက်ရှာဖွေသည့် အမျိုးသားနှစ်ဦး ၎င်း၏အိမ်သို့ ရောက်ရှိလာခဲ့ကြောင်း ဆိုသည်။ ၎င်းတို့ ရောက်ရှိလာသည့်အကြောင်းကို ကြားသိရပြီးနောက် ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြားခဲ့ရာ ယင်းအမျိုးသားများသည် ပြစ်မှုကျူးလွန်သူများ၏ မိသားစုများနှင့် ဆက်စပ်သူများဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိခဲ့ရသည်ဟု ဆိုသည်။ နောက်ထပ် ပြဿနာများ မဖြစ်ပွားစေရန်အတွက် လက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဂွမ်ဒုန်း အဆင့်မြင့် ပြည်သူ့တရားရုံးက ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ယင်းအမိန့်များကို အတည်ပြုခဲ့သည်။ ငွေလိမ်ဂိုဏ်းဆန့်ကျင်ရေး လှုပ်ရှားသူတဦးကို ပြန်ပေးဆွဲ၍ တိုက်ခိုက်သတ်ဖြတ်မှုသည် လူ့အဖွဲ့အစည်းအပေါ် ကြီးလေးသော ထိခိုက်နစ်နာမှုဖြစ်စေခဲ့ပြီး လျှော်ကြေးပေးမှုနှင့် ခွင့်လွှတ်ကြောင်း သဘောတူစာတို့သည် ပြစ်ဒဏ်လျှော့ပေါ့ရန် ခိုင်လုံသော အကြောင်းအရင်း မဟုတ်ဟု ဆိုသည်။

❤25👍10😁7😭3🤔1
တရုတ်နိုင်ငံ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၃၈ တွင် မတရားဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အကြမ်းဖက်မှုကြောင့် မသန်စွမ်းဖြစ်မှု သို့မဟုတ် သေဆုံးမှု ဖြစ်ပွားပါက တမင်သက်သက် ထိခိုက်ဒဏ်ရာရစေမှု သို့မဟုတ် တမင်သက်သက် လူသတ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကျင့်သုံးရန် တရားရုံးများကို ညွှန်ကြားထားသည်။ ပုဒ်မ ၂၃၄ အရ သေဆုံးမှုဖြစ်စေသည့် တမင်သက်သက် ထိခိုက်ဒဏ်ရာရစေမှုသည် သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည်။
ဝူ စွပ်စွဲခဲ့သူများထဲတွင် ကမ္ဘောဒီးယားနိုင်ငံရှိ အန်းဟွေး ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ လျူရင် (Liu Ren) လည်း ပါဝင်သည်။ လျူ သည် ငွေလိမ်ဂိုဏ်းစခန်းများကို ဦးစီးနေပြီး အခြားပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဝူ က စွပ်စွဲခဲ့သည်။ လျူ က ယင်းစွပ်စွဲချက်များကို အသင်း၏ အမည်ဖြင့် ထုတ်ပြန်ချက်တခုထုတ်ကာ ငြင်းဆိုခဲ့ကြောင်း Jiemian က ဖော်ပြခဲ့သည်။
၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်တွင် ဆင်ဟွာသတင်းဌာနက တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြရာတွင် လျူ ကို ကမ္ဘောဒီးယားမှ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း ပါရှိသည်။ ရဲတပ်ဖွဲ့က ၎င်းအား အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်စခန်းများတွင် ပါဝင်ပတ်သက်နေပြီး မတရားဖမ်းဆီးထိန်းသိမ်းမှု၊ တမင်သက်သက် ထိခိုက်ဒဏ်ရာရစေမှုတို့ဖြင့် သံသယရှိခံရသည့် ချင်ကျီ (Chen Zhi) ၏ ဒုစရိုက်ဂိုဏ်းမှ အဓိကအဖွဲ့ဝင်တဦးအဖြစ် ဖော်ပြခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် လျူ ကို ဝူ အသတ်ခံရမှု သို့မဟုတ် ပြန်ပေးဆွဲရန် ခိုင်းစေခဲ့သူ Shaoxiao တို့နှင့် တိုက်ရိုက်ဆက်စပ်ဖော်ပြထားခြင်း မရှိပေ။
ဝူ ၏ ဆွေမျိုးတဦးက The Beijing News သို့ အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားရာ၌ ၎င်းတို့သိရသလောက် Shaoxiao သည် ပြည်ပတွင် ရှိနေဆဲဖြစ်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
ကိုးကား။ ။ Ruibao သတင်း Chinese anti-scam blogger killed in million-yuan abduction plot
ပုံစာ - ပြန်ပေးဆွဲ ရိုက်နှက် သတ်ဖြတ်ခံခဲ့ရသည့် ဝူခိုင်/ South China Morning Post

👍27😁5😱3
တရားမဝင် နယ်စပ်ကုန်သွယ်ရေး လက်နက်ကိုင်တို့ ဝင်ငွေရ၍ “သူခိုးဓားရိုးကမ်း”နေဟု အာဏာသိမ်းသမ္မတ ပြော
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
တရုတ်က နယ်စပ်၌ ပိတ်ထားသည့်ကုန်စည်များ ပြန်ဖွင့်ပေးလိုက်သည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန် အာဏာသိမ်းသမ္မတက တရားမဝင်ကုန်သွယ်မှုများမှတဆင့် ကုန်စည်သယ်ဆောင်သူများအနေဖြင့် လက်နက်ကိုင်အဖွဲ့များအား ငွေကြေးပေးဆောင်နေခြင်းသည် “သူခိုးဓားရိုးကမ်း” သကဲ့သို့ဖြစ်နေကာ ယင်းငွေကြေးများဖြင့် အင်အား တိုးချဲ့တည်ဆောက်နိုင်သည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဟန့်အတားဖြစ်စေကြောင်း ယမန်နေ့ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအား ပြောသည်။
လက်ရှိ နယ်စပ်ကုန်သွယ်ရေးကို ရာနှုန်းပြည့် အားကိုး၍ မရသည့်အပြင် တရားမဝင် ကုန်သွယ်မှုများကြောင့် ရသင့်ရထိုက်သော အခွန်အခများ မရကြောင်း၊ ပြည်သူများအနေဖြင့်လည်း အရည်အသွေးမပြည့်မီဘဲ အာမခံချက်မရှိ ကုန်ပစ္စည်းများ သုံးစွဲရနိုင်ကြောင်း၊ နယ်စပ်ဒေသတချို့၌ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်နေသဖြင့် တရားမဝင် လမ်းကြောင်းများမှ ကုန်သွယ်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ၎င်းက ဆိုသည်။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကို တားဆီးရန်၊ နယ်စပ်ကုန်သွယ်ရေးကို တရားဝင်လမ်းကြောင်းများမှသာ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာနယ်မြေများအလိုက် တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်တားဆီးရန် ၎င်း၏ လက်အောက်ခံ ဝန်ကြီးများကို တိုက်တွန်းထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁61❤5
အာဆီယံအထူးသံ စစ်ရှောင်များ၏ကြံ့ကြံ့ခံနိုင်စွမ်းကို အသိအမှတ်ပြု၊ အတူရပ်တည်သွားမည် ဟုဆို
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇရို (Theresa Lazaro) ဦးဆောင်သော အဖွဲ့သည် ယမန်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်များနှင့် တွေ့ဆုံခဲ့သလို လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ဖိလစ်ပိုင်သတင်းဌာန Bilyonaryo က ဖော်ပြသည်။
လာဇရိုက “တောင်ကြီးမြို့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ကျမတို့ အသိအမှတ်ပြုပြီး အတူ ရပ်တည်သွားမယ်ဆိုတဲ့ ကျမတို့ရဲ့ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ မိတ်ဖက် နိုင်ငံတွေနဲ့အတူတကွ ပူးပေါင်းပြီး မြန်မာနိုင်ငံအနေနဲ့ အဖြေရှာနိုင်ဖို့၊ အထူးသဖြင့် မြန်မာပြည်သူတွေ ကိုယ်တိုင် ဦးဆောင်ပြီး ကိုယ်တိုင် ပိုင်ဆိုင်တဲ့ ဖြေရှင်းနည်းတခု ဖြစ်လာစေဖို့နဲ့ ဘယ်လူမှုအသိုင်းအဝိုင်းမှ ကျန်ရစ် မနေစေဖို့ ကျမတို့ ဆက်လက် ကြိုးပမ်း ကူညီသွားပါမယ်” ဟု ပြောဆိုခဲ့သည်။
အာဏာသိမ်း စစ်အုပ်စုဘက်ကလည်း အာဆီယံ အထူးသံတမန် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က တောင်ကြီးမြို့ရှိ ဘုရားကျောင်းနှင့် ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း စစ်ဘေးရှောင်များနှင့် ပတ်သက်၍မူ တစုံတရာ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
ခရီးစဉ်တွင် လာဇရိုနှင့်အတူ မြန်မာနိုင်ငံ အခြေစိုက် အာဆီယံနှင့် ဂျပန် သံတမန်များ လိုက်ပါခဲ့ကြပြီး ပြည်တွင်းစစ် ရင်ဆိုင်နေရသော အဆိုပါ ဒေသများရှိ စစ်ဘေးရှောင် မိသားစုပေါင်း ၁၁,၀၀၀ ခန့်ထံ ဆန်အိတ်များ၊ မိသားစုသုံး အထောက်အကူပြု ပစ္စည်းများနှင့် တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သလို ၎င်းတို့၏ နေထိုင်မှု အခြေအနေများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း ဖိလစ်ပိုင် သတင်းတွင် ဖော်ပြသည်။
“ဒီ ကူညီထောက်ပံ့ရေး မစ်ရှင်ဟာ နောက်ထပ် ပြည်သူတွေဆီ ပိုမို ရောက်ရှိ ကူညီနိုင်ဖို့ ကျမတို့ လိုအပ်နေတဲ့ တွန်းအား တခုကို ဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု လာဇရိုက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့အနေဖြင့် ယခင်က ရောက်ရှိကူညီနိုင်ခြင်း မရှိခဲ့သော ဒေသများကို အဓိကထား၍ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ ဒေသခံ လူထုထံ တလတာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ စတင် ပေးအပ်နိုင်ရန် အာဆီယံ အထူးသံတမန် ထရီဆာ လာဇာရိုသည် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Bilyonaryo, MOFA

❤30👍22😁6😭1
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၃ ရက်နေ့က နေပြည်တော်တွင် ICRC ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သလို၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ဗြိတိန်ဘုရင် ချားလ်စ်ထံမှ စာအုပ်များနှင့် သံတမန်ရေးရာ စာလွှာကို လက်ခံရရှိခဲ့သည်။ ထို့အပြင် မတရားဖမ်းဆီးခံထားရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးခံရပြီး ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အငယ်ဆုံးသားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) နှင့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တယ်လီဖုန်း စကားပြောဆိုခွင့် ရရှိခဲ့သည်။
ပြည်တွင်းနှင့် ဒေသတွင်း လေ့လာသူများက စစ်အုပ်စုသည် လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် စတင်အသုံးချနေပြီဖြစ်ကြောင်း သတိပေးကြသည်။
"ဟန်ပြသမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ဓားစာခံ သံတမန်ရေးကို အသုံးပြုပြီး ကမ္ဘာကို လိမ်လည်ဖို့ ကြိုးစားနေပါတယ်" ဟု စင်ပြိုင်အာဆီယံ မြန်မာကွန်ရက် (Altsean-Burma) ၏ တည်ထောင်သူနှင့် ညှိနှိုင်းရေးမှူး ဒက်ဘီ စတောထတ် (Debbie Stothard) က ပြောသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/29/417300.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ပြည်တွင်းနှင့် ဒေသတွင်း လေ့လာသူများက စစ်အုပ်စုသည် လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် စတင်အသုံးချနေပြီဖြစ်ကြောင်း သတိပေးကြသည်။
"ဟန်ပြသမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ဓားစာခံ သံတမန်ရေးကို အသုံးပြုပြီး ကမ္ဘာကို လိမ်လည်ဖို့ ကြိုးစားနေပါတယ်" ဟု စင်ပြိုင်အာဆီယံ မြန်မာကွန်ရက် (Altsean-Burma) ၏ တည်ထောင်သူနှင့် ညှိနှိုင်းရေးမှူး ဒက်ဘီ စတောထတ် (Debbie Stothard) က ပြောသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/29/417300.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အုပ်စုက ဓားစာခံသဖွယ် အသုံးချနေ
စစ်အုပ်စုသည် လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် စတင်အသုံးချနေပြီဖြစ်သည်။
❤27👍17😁7