The Irrawaddy - Burmese
✔
75.3K subscribers
38.5K photos
2.47K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
နယ်စပ်တိုက်ပွဲမှ ကျည်များ ထိုင်းဘက် ထပ်ကျ၊ ၃ ဦး ဒဏ်ရာရ

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာ နယ်စပ်အနီး ဖလူးနှင့် မင်းလက်ပံဒေသတွင် ယနေ့ နံနက်အစောပိုင်း၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်များ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းဒေသခံ ၃ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၅ နာရီခွဲခန့်မှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ့်ကိုကင်းရွာရှိ နေအိမ် ခေါင်မိုးပေါ်သို့ RPG-7 ကျည်တလုံး ကျရောက် ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့်အပြင် အိမ်ရှင်ဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် မဲဆောက် ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်းနှင့် ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ သွားရောက် စစ်ဆေးနေကြောင်း ထိုင်း Channel 3 Plus News တွင် ဖော်ပြသည်။

ထို့ပြင် မဟာဝမ်ရွာအတွင်းသို့လည်း ကျည်အများအပြား ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

မယ့်ကိုကင်းရှိ မြန်မာတဦးက “တိုက်ပွဲ ဖြစ်တာက အကြီးအကျယ်ပဲ။ လက်နက်ကြီး လက်နက်ငယ်အသံ အစုံ ကြားရတယ်။ စစ်ရှောင် မြန်မာတွေရော ထိုင်းတွေရော မနက်အစောကြီး ကသုတ်ရိုက် ထွက်ပြေးကြရတယ်။ ကျည်တွေလည်း အများကြီးကျတော့ ဒဏ်ရာရတာတွေ၊ နေအိမ် ပျက်စီးတာတွေလည်းရှိတယ်” ဟု ပြောသည်။

ယခု ကျည် ကျရောက် ပေါက်ကွဲခဲ့သည့် နေရာသည် ပြီးခဲ့သည့် ရက်ပိုင်းက ဗုံးသီး ကျရောက်ခဲ့သည့်နေရာနှင့် မီတာ ၁၀၀ ခန့်သာ ကွာဝေးပြီး အနီးအနားရှိ နေအိမ်များသို့လည်း အမျိုးအမည် မသိရသေးသော ကျည်များ ထပ်မံ ကျရောက်ခဲ့ကြောင်း ထိုင်း သတင်းများအရ သိရသည်။

မြဝတီမြို့တောင်ဘက် ဖလူးနှင့် မင်းလက်ပံဒေသ တိုက်ပွဲများသည် နှစ်ချီ ကြာမြင့်နေပြီဖြစ်ကာ ထိုင်းဘက်ခြမ်းသို့ မကြာခဏ ကျည် ကျရောက် ပေါက်ကွဲမှုများကြောင့် ထိခိုက် နစ်နာမှုများရှိနေသဖြင့် အောက်တိုဘာ ၂၇ ရက်က ထိုင်းဒေသခံ ၂၀၀ ကျော် စုဝေး ဆန္ဒပြကာ ဘေးကင်း လုံခြုံရေး အကာအကွယ်များဆောင်ရွက်ပေးရန် ထိုင်းအာဏာပိုင်များထံ တောင်းဆိုထားကြသည်။

ဓာတ်ပုံ- Suthiya Dongdee
#WhatsHappeningInMyanmar
#RejectMilitaryCoup
👍36😁11👎1
👍17😁12❤2
ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှု တရားစွဲမည့်ကွန်ရက် ကုလ၌ ဖွဲ့စည်း

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

ပဋိပက္ခဒေသများရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများ ကာကွယ်ရန်နှင့် လိင်ပိုင်းဆိုင်ရာ၊ ကျားမအခြေပြုအကြမ်းဖက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအား ပြင်းထန်စွာ ရှုတ်ချပြီး ယခုနှစ်အတွင်း ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှုများ တရားစွဲဆိုရေးကွန်ရက် ဖွဲ့စည်းမှုကို ကြိုဆိုလိုက်ကြောင်း မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၇၂ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုကွန်ရက်ကို သီးခြားတနိုင်ငံတည်း၌ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ၊ ကုလသမဂ္ဂ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ကာ နိုင်ငံအသီးသီးမှ တရားလိုရှေ့နေများ၊ စုံစမ်းစစ်ဆေးသူများနှင့် တရားသူကြီးများက ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှုများကို ထိထိရောက်ရောက် တရားစွဲဆိုနိုင်ရန်နှင့် အချက်အလက်များ လဲလှယ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျူးလွန်သူများ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အပြီးသတ် ချုပ်ငြိမ်းစေရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက သန္နိဋ္ဌာန်ချမှတ်ထားရှိမှုကို ထပ်လောင်းအတည်ပြုကာ တာဝန်ခံမှုရှိစေရေး အစီအမံများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး လုပ်ဆောင်ချက်များက အရေးကြီးကြောင်းလည်း ဆိုသည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်အားလုံး၌ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် ထည့်သွင်းရေး၊ အကြမ်းဖက်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရန် ရေရှည်တည်တံ့သော ရန်ပုံငွေများ ပံ့ပိုးပေးရန်လည်း တောင်းဆိုထားသည်။

၂၀၂၁ အာဏာသိမ်းချိန်မှစ၍ မြန်မာပြည်အနှံ့အပြား ပဋိပက္ခများတိုးမြင့်လာရာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ နေ့စဉ်ဘဝလုံခြုံရေးမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း၊ မြန်မာစစ်တပ်နှင့် လက်အောက်ခံများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့များက ပဋိပက္ခနယ်မြေဒေသများတွင် မုဒိမ်းမှု၊ အုပ်စုလိုက် မုဒိမ်းမှု၊ မုဒိမ်းကျင့် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသလို သက်ငယ်မုဒိမ်းမှု၊ သွေးရင်းသားရင်းနှင့် ဆွေမျိုးတော်စပ်သူများက ကျုးလွန်သည့် မုဒိမ်းမှု၊ ကာမလိမ်လည်မှု၊ အသက်မပြည့်မီ အတင်းအကျပ်ပေးစားခြင်း၊ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှု၊ လူမှုကွန်ရက်မှတဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ)က ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Permanent Mission of Myanmar to the United Nations, WLB

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍47❤5😁3
Media is too big
VIEW IN TELEGRAM
တရုတ်နဲ့ ရုရှားက UN မှာ မြန်မာစစ်အုပ်စုကို ကာကွယ်

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားသေဆုံးမှုတွေ မြင့်တက်လာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူတွေ တင်ပြမှုအပေါ် တရုတ်နဲ့ ရုရှားနိုင်ငံ ကိုယ်စားလှယ်တွေက ပယ်ချခဲ့ပြီး ဒီကိစ္စရပ်တွေအတွက် နေပြည်တော်ကိုသာ အပြစ်တင်တာကို လက်မခံကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။

ရုရှားကိုယ်စားလှယ်က ကုလသမဂ္ဂရဲ့ သုံးသပ်ချက်တွေဟာ အလွန်အမင်း တစ်ဖက်သတ်ဆန်တယ်လို့ ပြောဆိုပယ်ချခဲ့ပြီး နေပြည်တော်ကိုသာ အပြစ်တင်တာကို လက်မခံဘူးလို့ဆိုခဲ့သလို မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီအစဉ်ထဲမှာ ဆက်လက်ထည့်သွင်းထားတာကိုလည်း ဆန့်ကျင်ခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအတွက် အသုံးချပြီး တခြားနိုင်ငံတွေအပေါ် ဖိအားပေးတာမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #ရုရှား #ကုလသမဂ္ဂ #မြန်မာ့အရေး #လူ့အခွင့်အရေး #နေပြည်တော် #UN #WhatsHappeningInMyanmar
😁36👎29❤5
😭19❤3
လစာမပေး၍ တရုတ်အလုပ်ရှင်ကို သတ်ခဲ့သည့် မြန်မာ ၄ ဦး ထိုင်းရဲ ဖမ်းမိ

ဧရာဝတီ၊ အောက်တိုဘာ၂၉၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ လတ်ကဘန်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ရှင် တရုတ်လူမျိုး၂ ဦးအား ရိုက်နှက်ထိုးကြိတ်ခဲ့ရာ တဦးသေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်ဆက်စပ်၍ မြန်မာလုပ်သား ၄ ဦးကို ယမန်နေ့ ညနေ ၆ နာရီတွင် ချွန်ဘူရီခရိုင်၊ ဖနတ်နိခွမ် မြို့နယ် ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အောက်တိုဘာ၂၇ ရက် ညနေပိုင်း အလုပ်သမား ၆၀ ကျော်အား လုပ်ခလစာပေးနေချိန်၌ တရုတ်လုပ်ငန်းရှင် (သေဆုံးသူ) က မြန်မာလုပ်သား ဇနီးမောင်နှံ၂ တွဲအား အလုပ်လုပ်ရာ၌ အရည်အသွေး ညံ့ဖျင်းသည်ဟု ကြိမ်းမောင်းပြောဆိုရာမှ မြန်မာအလုပ်သမားများက အလုပ် ချက်ချင်း ထွက်မည်ဟု ပြောဆို၍ အချင်းများခဲ့ကြခြင်း ဖြစ်သည်။

အလုပ်မှထွက်မည်ဆိုပါက ကြိုတင်အကြောင်းကြားရမည်ဟူသော သဘောတူညီချက်အတိုင်း မလိုက်နာသည့်အတွက် အလုပ်ရှင်ဘက်က လစာမထုတ်ပေးဟု ဆိုရာမှ တရုတ်၂ ဦးအား သံချောင်းဖြင့် ရိုက်နှက်ခြင်း၊ ဓားဖြင့်ထိုးခဲ့ပြီးနောက် ငွေသား ဘတ် ၅ သောင်းခန့် ယူဆောင် ထွက်ပြေးသွားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာ လုပ်သား ၄ ဦးအား ကြံခင်းအတွင်း ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့ အင်အား ၁၀၀ ကျော်က ၅ နာရီကျော်ကြာ ပိတ်ဆို့ရှာဖွေခဲ့ပြီးနောက် ပုန်းအောင်းရာမှထွက်လာပြီး အဖမ်းခံခဲ့ကြောင်း ယနေ့ Khaosod သတင်းတွင် ရေးသားထားသည်။

လက်ရှိ ထိုင်းတာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်အရ ဖမ်းဆီးရမိသူ မြန်မာလုပ်သား ၄ ဦးသည် မင်ဘူရီ (Min Buri) တရားရုံး ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်းတွေ့ရှိရသဖြင့် တရားဝင် ဖမ်းဝရမ်းကို ဖတ်ပြကာ လုပ်ထုံးလုပ်နည်းအတိုင်းထိန်းသိမ်းခဲ့ပြီး၊ ဥပဒေအရ စစ်ဆေး အရေးယူနိုင်ရန် လတ်ကဘန်နယ်မြေ ရဲစခန်းသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- fm91bkk

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭25👍8❤4
Media is too big
VIEW IN TELEGRAM
မြန်မာခရီးစဉ်ကို ဖျက်လိုက်တဲ့ မန်ယူဂန္ထ၀င်ကစားသမားနှစ်ဦး

ရန်ကုန်မြို့မှာ ပြုလုပ်မယ့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေနဲ့ မြန်မာပရိသတ်တွေ့ဆုံပွဲကို ကန့်ကွက်မှုတွေ မြင့်တက်နေချိန်မှာပဲ မူလက ပါဝင်ဖို့ စီစဉ်ထားတဲ့ ဂန္တဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်နဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့ မလိုက်ပါနိုင်တော့ဘူးလို့ ပွဲစီစဉ်သူတွေက အောက်တိုဘာ ၂၇ ရက်မှာ လူမှုကွန်ရက်ကတဆင့် အသိပေးခဲ့ပါတယ်။

ကစားသမားနှစ်ဦးဟာ အရေးပေါ် မီဒီယာဆိုင်ရာ တာဝန်တွေရှိလာတာကြောင့် မလိုက်ပါနိုင်တော့တာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့နေရာမှာ မန်ယူအသင်းခေါင်းဆောင်ဟောင်း အန်တိုနီယို ဗလန်စီယာနဲ့ နောက်ခံလူဟောင်း ဖာဘီယို ဒါဆေးလ်ဗားတို့ အစားထိုးပါဝင်မယ်လို့လည်း ကြေညာထားပါတယ်။

#မြန်မာ #ဧရာဝတီ #မန်ယူ #မန်ချက်စတာယူနိုက်တက် #ဘာဘာတော့ဗ် #ရိုင်ယန်ဂစ် #ခရီးစဉ် #မြန်မာပရိတ်သတ် #WhatsHappeningInMyanmar
❤41👍15😁2🤔1
👎9❤3👍1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်

ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၃၅ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၄၄၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၃၇၅ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၇၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၆ သိန်း ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၀၂၈
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍29❤12👎2
👎15👍10😁2😭1
SSPP ဒေသ၌ တရုတ်ကုမ္ပဏီ ကျောက်မီးသွေးတူးဖော်မှု ရွာ ၁၀ ရွာ အခက်ကြုံ

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒေသ ကျောက်မဲမြို့နယ် နောင်သျှင်ရွာအုပ်စု တာလုံကျေးရွာအတွင်း တရုတ်ကုမ္ပဏီ ကျောက်မီးသွေးတူးဖော်ထုတ်ယူမှုကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်က ရွာ ၁၀ ကျော် လူမှုဘ၀အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

တာလုံရွာသည် ကျောက်မဲမြို့အရှ့ဘက် မိုင် (၂၀) ကျော်အကွာ၌ရှိပြီး SSPP/SSA ထိန်းချုပ်ထားသော်လည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် နီးစပ်သည့် တရုတ်ကုမ္ပဏီတခုအား ၂၀၂၄ ခုနှစ်ကစ၍ လက်ရှိအချိန်ထိ ၀င်ရောက် တူးဖော်ထုတ်ယူခွင့်ပြုထားသည်။

ထို ကျောက်မီးသွေးများကို ယာဉ်ကြီးများဖြင့် သယ်ယူနေသဖြင့် ပုံဝိုးတိုက်နယ်ရှိ ကျေးရွာအုပ်စု ၉ စုတွင် ရွာချင်းဆက် လမ်းတံတားများ ပျက်စီးခြင်း၊ ဖုန်မှုန့်နှင့် ဆူညံသံများကြောင့် စားသောက်နေထိုင်ရ ခက်ခဲခြင်း၊ စိုက်ပျိုးရေး ထိခိုက်ခြင်းနှင့် ကလေးငယ်များ အသက်ရှူ မဝခြင်း စသည့် ဆိုးကျိုးများ ခံစားနေရသည်။

စီမံကိန်းအကြောင်း သိရှိသူအမျိုးသားတဦးက "ကျောက်မီးသွေးတင်တဲ့ ကားတွေဖြတ်သွားတဲ့လမ်းတွေမှာဆို ကလေးနဲ့ သက်ကြီးရွယ်အိုတွေ မနေနိုင်လို့ နေရာရွှေ့နေရတယ်။ မီးသွေးအမှုန့်တွေရော ဖုန်အမှုန့်တွေရောကြောင့် ရွာမှာ အခက်အခဲ တော်တော် ဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း ရွာခံတွေက သက်ဆိုင်ရာကို မပြောရဲကြဘူး။ SSPP အနေနဲ့ ရွာခံတွေရဲ့ အခက်ခဲတွေကို ပြန်လည် သုံးသပ်ပြီး လိုအပ်တဲ့အကူညီတွေ ပေးသင့်တယ်" ဟု ဧရာ၀တီကို ပြောသည်။

ကျောက်မီးသွေးထွက်ရှိရာ တာလုံကျေးရွာပိုင်တောတောင်များနှင့် အနီးတဝိုက်သို့ SSPP/SSAမှ လုံခြုံရေးယူကာ ဝင်ရောက်သွားလာခွင့် ကန့်သတ် ပိတ်ပင်ထားသောကြောင့် ဒေသခံများမှာ အမဲလိုက်ခြင်း၊ မှိုရှာခြင်းနှင့် မျှစ်ချိုးခြင်းတို့ မပြုလုပ်ရတော့ကြောင်း ၎င်းက ဆက်ပြောသည်။

တာလုံမှထွက်သည့် ကျောက်မီးသွေးများအား နောင်ချိုမြို့ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ လောက်ဖန်းကျေးရွာအနီးရှိ သရဖူဘိလပ်မြေစက်ရုံသို့ ပို့ဆောင်ပြီး ကျောက်မီးသွေးမှ ဘိလပ်မြေအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချနေကြောင်း သိရသည်။

ကျောက်မီးသွေး သယ်ယူပို့ဆောင်မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာအတွင်း လမ်းပိုင်းများ၊ ကျေးရွာအချင်းချင်း ချိတ်ဆက်ထားသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးရန် ကျေးရွာ (၁၀) ကျော်ရှိ ဒေသခံ စုစုပေါင်း ၅၀ ဦးခန့်မှ ပုံဝိုးတိုက် နယ်တွင်တွေ့ဆုံမှုပြုလုပ်ကာ SSPP/ SSAထံ တောင်းဆိုမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တစုံတရာ ပြုပြင်ပေးခြင်း မရှိသေးပေ။

ဒေသခံများမှ လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် SSPP/SSA ထံ လမ်းပိုင်းဆိုင်ရာပြုပြင်ရေး၊ တင်ဆောင်လာသည့် ကျောက်မီးသွေးများ လုံခြုံစွာ မိုးကာဖုံးအုပ်ရေးနှင့် ထွက်ရှိလာသည့် ကျောက်မီးသွေးအမှုန့်၏ ဘေးထွက်ဆိုးကျိုးများအား တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုနေပြီး ထိုအခြေနေအား လျစ်လျှူရှုထားပါက နှစ်အနည်းငယ်တွင် ဒေသခံများ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် စိုက်ပျိုးမြေပျက်စီးမှုများ ကြုံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ရှမ်းမြောက်တွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ လုပ်ဆောင်နေသည့် သတ္တုလုပ်ကွက် ၃၁ ခုထက်မနည်း ရှိနေပြီး ယင်းကွင်းဆက်တလျောက်ရှိ ဒေသခံများမှာ မြေယာဆုံးရှုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဆက်တိုက်ရင်ဆိုင်နေရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) ၏ အစီရင်ခံစာအရ သိရသည်။

ပုံစာ- ရှမ်းမြောက်၌ ကျောက်မီးသွေးတင်ဆောင်နေကြသည့် ယာဉ်များ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎24❤15👍5😭2
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

တရုတ်အကူအညီနဲ့ လေယာဉ်ဆီထုတ်မယ့် သန်လျင်ရေနံချက်စက်ရုံ

ဒီတပတ် China Briefing မှာတော့ လေယာဥ်ဆီ ချက်လုပ်နိုင်မယ့် သန်လျင်ရေနံချက်စက်ရုံမှာ လေယာဉ်ဆီထုတ်မယ်ဆိုတဲ့ သတင်း၊ တရုတ်နိုင်ငံကို မြန်မာ့သစ်တင်ပို့မှု မြင့်တက်လာတဲ့ အကြောင်းအပါအဝင် တရုတ် နဲ့ မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/4-nG--LkoCU
#မြန်မာ #ဧရာဝတီ #သန်လျင် #ရေနံ #လေယာဉ်ဆီ #တရုတ် #သစ်
👎22❤4👍4😁1
Media is too big
VIEW IN TELEGRAM
သီတင်းကျွတ်ညမှာ ပေါ်ထွက်လေ့ရှိတဲ့ မဲခေါင်မြစ်က ဆန်းကြယ်သော "နဂါးမီးလုံးများ"

အောက်တိုဘာ ၂၉၊ ၂၀၂၆

သီတင်းကျွတ်လပြည့် ဆိုတာ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားတော်ကို သုံးလလုံးလုံး ဟောကြားပြီး လူ့ပြည်ကို ပြန်ကြွလာတဲ့ နေ့ထူးနေ့မြတ်ပါ။ အဲဒီအချိန်မှာ လူတွေရော နတ်တွေ၊ ဗြဟ္မာတွေပါ ဘုရားရှင် ပြန်ကြွလာတာကို ကြိုဆိုတဲ့အနေနဲ့ လမ်းဘေးဝဲယာမှာ ဆီမီးတွေ၊ မီးရှူးမီးတိုင်တွေ ထွန်းညှိ ပူဇော်ခဲ့ကြတာတယ်လို့ ဆိုပါတယ်။။ အဲဒီကနေမှ စပြီး သီတင်းကျွတ် မီးထွန်းပွဲတော် ရိုးရာဆိုတာ ဖြစ်လာတာပေါ့။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မဲခေါင်မြစ်ဘေးမှာတော့ သီတင်းကျွတ်လပြည့်ညမှာ ဘုရားရှင် တာဝတိံသာကနေ ပြန်ကြွလာတာကို မြစ်စောင့် နဂါးမင်းနဲ့ အပေါင်းအပါတွေက မီးလုံးတွေ လွှတ်တင်ပြီး ပူဇော်ကြတယ်လို့ ဒေသခံတွေက ယုံကြည်ထားကြတယ်။

#မြန်မာ #ဧရာဝတီ #နဂါး #မီးလုံး #မဲခေါင်မြစ် #သီတင်းကျွတ်
👍36❤12🤔3😁2
ရေတပ်ကို ခြိမ်းခြောက်လိုက်တဲ့ AA ရဲ့တိုက်ခိုက်မှု

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ ပင်လယ်ပြင်သုံး တိုက်ခိုက်ရေး စစ်သင်္ဘောတွေကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ဖျက်ဆီးလာနိုင်တာဟာ စစ်အုပ်စုအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ရေတပ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ အရာရှိတွေက သုံးသပ်ကြပါတယ်။

စစ်တွေနဲ့ ပေါက်တောမြို့နယ်ကြား၊ ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ စစ်သင်္ဘောအုပ်စုကို အောက်တိုဘာလ ၂၆ ရက်နေ့တုန်းမှာ AA က ရေကြောင်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့လို့ ၂ စင်း နစ်မြုပ်ပြီး တစင်းပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

AA က တိုက်ခိုက်ခဲ့တဲ့ စစ်သင်္ဘောတွေထဲမှာ မြန်မာစစ်တပ်ရဲ့ ပင်လယ်ပြင်သုံး စစ်ဆင်ရေးတွေမှာ အရေးပါတဲ့ ဖရီးဂိတ် (Frigate) အမျိုးအစား အဆင့်မြင့် စစ်သင်္ဘောတစင်းလည်း ပါဝင်ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပေမယ့် သိသာထင်ရှားတဲ့အထောက်အထားတွေတော့ ထွက်လာတာ မတွေ့ရသေးပါဘူး။

https://youtu.be/3GkO7z2aKmc

#မြန်မာ #ဧရာဝတီ #စစ်သင်္ဘော #AA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤44👍15😁6👎1
• မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရဖြစ်အောင် ကြိုးပမ်းဖို့ မင်းအောင်လှိုင်ကြုံးဝါး
• မြန်မာနယ်စပ်တိုက်ပွဲက ကျည်ကျော်လို့ ထိုင်းက ပြန်ပစ်
• တရုတ်အလုပ်ရှင်ကို သတ်မှုနဲ့ မြန်မာ ၄ ဦးအဖမ်းခံရ
• လူ ၇ ဦးကို နင်းသတ်ခဲ့တဲ့ဆင်ကို ပစ်ခတ်သတ်ဖြတ်
• အီရတ်မှာ သေဆုံးတဲ့ မြန်မာအိမ်အကူအမှု ရဲကစုံစမ်းနေ
• စားနပ်ရိက္ခာ ကြိုစုထားဖို့ နိုင်ငံပေါင်း ၃၀ ကျော်ထုတ်ပြန်ထား

နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
https://youtu.be/cJjH03tXOTo

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #နယ်စပ်တိုက်ပွဲ #ထိုင်းစစ်တပ် #တရုတ် #ရွှေ့ပြောင်းအလုပ်သမား #ဆင် #မုန်ယို #အီရတ် #အိမ်အကူ #စားနပ်ရိက္ခာ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍41😁18❤2👎1