The Irrawaddy - Burmese
✔
75.4K subscribers
38.5K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
တရုတ်ပုံဖော်တာ ခံနေရတဲ့ မြန်မာ့နိုင်ငံရေး

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆

မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုဟာ အာဏာသိမ်းစစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်ပါ သိသာထင်ရှားလာနေပြီး၊ လက်ရှိအပြောင်းအလဲတွေကိုပါ ပုံဖော်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

အာဏာသိမ်း စစ်တပ်ကို သမိုင်းဝင်အောင်ရှုံးနိမ့်စေခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်က ဖိအားပေးရပ်တန့်စေခဲ့တာနဲ့ စစ်တပ်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲအစီအစဉ်ကို ပံ့ပိုးပေးခဲ့တာတွေက ထင်ရှားတဲ့ သာဓကတွေဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းရဲ့ တိုင်းရင်းသားတွေအနေနဲ့ "အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံ" ရှာဖွေဖို့ တိုက်တွန်းပြောကြားချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နေတယ် ဆိုပြီး စစ်တပ်ထောက်ခံသူတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

အိမ်နီးချင်းလည်းဖြစ်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်ရဲ့ ဘက်စုံဩဇာလွှမ်းမိုးမှုဟာ စိုးရိမ်စရာထက် ပိုပြီး သတိထားကိုင်တွယ်ရမယ့် အခြေအနေတခုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

https://youtu.be/VVfv8quy_Js

#မြန်မာ #ဧရာဝတီ #တရုတ် #NCA #China #WhatsHappensInMyanmar
👍33❤10🤔3😭3😁2
၂၀၂၄ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ မြန်မာက ဗုံးကြဲသတ်ဖြတ်မှု အိန္ဒိယ၊ တရုတ်၊ အာဆီယံ ကြံရာပါ ဖြစ်ကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2024/09/09/390247.html
👍43😁4❤1
မြန်မာပြည် တည်ငြိမ်ရေး ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးတယ်


ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆


https://youtu.be/VVNeB953pfo


#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #EditorialTalk #WhatsHappensInMyanmar


ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။


စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍48❤6😁3
ဂန္ထဝင် ရသ ကာတွန်းများ


ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆


ကာတွန်းဆရာကြီး ငွေကြည် ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
😁39👍14❤3
၂၀၂၄ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ မြန်မာက ဗုံးကြဲသတ်ဖြတ်မှု အိန္ဒိယ၊ တရုတ်၊ အာဆီယံ ကြံရာပါ ဖြစ်ကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2024/09/09/390247.html
👍28❤3😁2👎1
Media is too big
VIEW IN TELEGRAM
မြန်မာကို အမေရိကန် တောင်းဆိုတဲ့ ၅ ချက်

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆

အမေရိကန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အချက် ၅ ချက် တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ယနေ့ခေတ် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးက ဘယ်လိုဖြစ်သွားပြီလဲ။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရနဲ့အမေရိကန် ဆက်ဆံနေရတာရောဘာကြောင့်လဲ.. အပြည့်အစုံကို အောက် Link ပါ Opinion Talk “အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား” မှာ ကြည့်ရှုနိုင်ပါတယ်။

အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား
https://youtu.be/pVBwpY3SCuU

#မြန်မာ #အမေရိကန် #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ထရမ့် #အောင်ဆန်းစုကြည် #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #AungSanSuuKyi #Trump #military #myanmar #regime #democracy #IRWENG
👍33❤10😁4👎1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး စာရေးဆရာကြီး အောင်သင်း ရဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်ထားပါတယ်။

Website တွင် ဖတ်ရှုရန် https://burma.irrawaddy.com/article/2026/11/01/417360.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍24❤5😁2
😭43👎4❤2😁2
လွိုင်ကော်အရှေ့ခြမ်း စာသင်ကျောင်းကို ဗုံးကြဲ၊ ကလေး ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆

ကရင်နီပြည် (ကယား)၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်း ဝမ်ငေါ့ကျေးရွာရှိ စာသင်ကျောင်း၌ ယမန်နေ့က ကျောင်းပိတ်ရက် အာဟာရကျွေးမွေးနေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၃ ဦး သေဆုံးကာ ၈ ဦးခန့်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်ကျင်အချိန်တွင် ဂျက်ဖိုက်တာ နှစ်စီး၊ Y12 လေယာဉ်တစ်စီးတို့ဖြင့် ဗုံးအလုံးရေ ၂၀ ခန့် ကြဲချခဲ့ခြင်းဖြစ်ပြီး ၅တန်းနှင့် ၇ တန်းကျောင်းသူ ၂ ဦး၊ ၃ တန်းကျောင်းသား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ တခြား ကျောင်းသားကျောင်းသူများ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

“ဒဏ်ရာရတဲ့အထဲ ကလေးတယောက်ကလည်း စိုးရိမ်ရတယ်” ဟု အခြေအနေကို သိရှိသည့် ဒေသခံတဦးက ပြောသည်။

ကရင်နီ ကြားကာလအုပ်ချုပ်ရေး ကောင်စီ အထွေထွေအတွင်းရေးမှူး၂ ဦးဗညားခွန်အောင်က ကလေးများ စာသင်ကြားနေသည့် ကျောင်းကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

လွိုင်ကော်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်း တိုက်ခိုက်မှုများခပ်စိပ်စိပ်ပြုလုပ်နေပြီး၊ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီခန့်တွင်လည်း စစ်ရှောင်စခန်းတခုအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် တဲအိမ်၂ လုံး ပျက်စီးခဲ့သည်။

ထို့ပြင် အောက်တိုဘာ၂၂ ရက် နံနက်ပိုင်းကလည်း လွိုင်ကော် အရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတခုကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင် ၂ ဦး ဒဏ်ရာ ရရှိခဲ့သေးသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭40❤6👍4👎4
👍32😁8👎1
ရွေးကောက်ပွဲအရာရှိများအား ခြိမ်းခြောက်မှုကို ရပ်တန့်ရန် ထရမ့်အစိုးရအား တရားသူကြီး အမိန့်ထုတ်

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆။

ဖက်ဒရယ် တရားသူကြီးတဦးသည် ရွေးကောက်ပွဲ မဲလက်မှတ်များကို စီမံဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြည်နယ်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ အရာရှိများအား ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ခြိမ်းခြောက်နေခြင်းကို ရပ်တန့်ရန် ထရမ့်အစိုးရအား အမိန့်ပေးလိုက်သည်။

နိုင်ငံသားမဟုတ်သူများထံမှ လာသည်ဟု ထရမ့်အစိုးရအဖွဲ့မှ စွပ်စွဲထားသည့် မဲလက်မှတ်အချို့ကို ဖယ်ရှားထားရန် သို့မဟုတ် စီမံဆောင်ရွက်ခြင်း မပြုရန် ပြည်နယ်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ အရာရှိများအား တရားရေးဝန်ကြီးဌာန (DoJ) က တောင်းဆိုနေခြင်းကို ရပ်တန့်ရမည်ဟု ကယ်လီဖိုးနီးယား တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။

ဤဆုံးဖြတ်ချက်သည် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်အတွက် အမေရိကန် လွှတ်တော်ကို မည်သည့်နိုင်ငံရေးပါတီက ထိန်းချုပ်မလဲဆိုသည်ကို ဆုံးဖြတ်ပေးမည့် သက်တမ်းလယ် ရွေးကောက်ပွဲများ မတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်က စနေနေ့တွင် ဤဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ပြီး "ရွေးကောက်ပွဲ မသမာမှုကို ပြုပြင်တာကို သူတို့က ဘာလို့ ငြင်းပယ်တာလဲ" ဟု ရေးသားခဲ့သည်။

တရားရုံး မှတ်တမ်းများအရ ယခုလအစောပိုင်းတွင် ကယ်လီဖိုးနီးယား၌ ပြည်နယ်အတွင်းရေးမှူးနှင့် လော့စ်အိန်ဂျလိစ်ခရိုင် မှတ်ပုံတင်အရာရှိထံသို့ ထရမ့်အစိုးရအဖွဲ့က နိုင်ငံသားမဟုတ်သူများ "ဖြစ်နိုင်ခြေရှိသည်" ဟု "ယုံကြည်ထားသည့်" မှတ်ပုံတင်မဲဆန္ဒရှင် ၂၀,၀၀၀ ၏ မဲလက်မှတ်များကို သီးခြားဖယ်ရှားထားရန် တောင်းဆိုစာများ ပေးပို့ခဲ့သည်။

တပတ်ခန့်အကြာတွင် ပြည်ထဲရေးလုံခြုံရေးဌာနမှ လက်နက်ကိုင်အရာရှိများသည် ကယ်လီဖိုးနီးယားတဝှမ်းရှိ ခရိုင်အရာရှိများနှင့် ဝန်ထမ်းများထံ ထိုမဲလက်မှတ်များကို သီးခြားခွဲမထားပါက ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်သည့် စာများကို ပေးပို့ခဲ့သည်။

သို့သော် အဖွဲ့အစည်းများက သူတို့အနေဖြင့် ပြည်နယ်နှင့် ဖက်ဒရယ်ဥပဒေတို့မှ ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်သောကြောင့် ထိုတောင်းဆိုချက်များကို မလိုက်နာနိုင်ကြောင်း ပြောကြားခဲ့သည်။ တရားသူကြီးတဦးက ဝင်ရောက်စွက်ဖက်ကာ ထိုတောင်းဆိုချက်သည် ရွေးကောက်ပွဲတွင် "ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေလိမ့်မည်" ဟု ရေးသား၍ ပယ်ချခဲ့သည်။

ထိုအချိန်ဝန်းကျင်၌ပင် တရားရေးဌာနသည် ခရိုင်ရွေးကောက်ပွဲ အရာရှိများအပေါ် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတခုကို စတင်ခဲ့ပြီး ဖက်ဒရယ် ဂျူရီလူကြီးများ၏ ဆင့်စာများကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ ဝန်ထမ်းများကို ကိုယ်စားပြုသော သမဂ္ဂများသည် ရွေးကောက်ပွဲ စီမံခန့်ခွဲသည့် ၎င်းတို့၏ တာဝန်ကို တရားရေးဌာနက ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲကာ ဥပဒေကြောင်းအရ တိုင်ကြားခဲ့ကြသည်။ တရားသူကြီး ထရီနာ သွန်ပဆန် (Trina Thompson) က အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။

"အစိုးရအဖွဲ့ က ၎င်းတို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံသားမဟုတ်သူများ၏ မတရားမဲပေးမှုကို တားဆီးရန်အတွက် ရည်ရွယ်သည်ဟု အခိုင်အမာဆိုသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ရွေးကောက်ပွဲ စီမံခန့်ခွဲမှုကို ဝင်ရောက်စွက်ဖက်ရာ ရောက်ပြီး ဥပဒေကြောင်းအရ နည်းလမ်းကျသော မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေမည့် သက်ရောက်မှုများ ရှိနိုင်သည်" ဟု တရားသူကြီး သွန်ပဆန် က ရေးသားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် မဲပေးသည်ဟု စွပ်စွဲခံရသော နိုင်ငံသားမဟုတ်သူများနှင့် ပတ်သက်၍ အလားတူစာတစောင်ကို ဝါရှင်တန်ပြည်နယ်သို့လည်း ပေးပို့ခဲ့ပြီး ထိုပြည်နယ်အတွင်းရေးမှူးအား မဲလက်မှတ်များ စီမံဆောင်ရွက်နေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြောင်း သွန်ပဆန်၏ အမိန့်အရ သိရသည်။

ဤလုပ်ဆောင်ချက်များသည် ရွေးကောက်ပွဲ မသမာမှုများ အလွန်ရှားပါးကြောင်း သုတေသနများက ဖော်ပြနေသော်လည်း၊ ၎င်းတို့ဘာသာ အကဲဖြတ်ထားသော ကျယ်ပြန့်သည့် မဲပေးမှု မသမာမှုများ တိုက်ဖျက်ရန် ထရမ့်နှင့် သူ၏အစိုးရအဖွဲ့က နှစ်ရှည်လများ လုပ်ဆောင်လာသည့် ကမ်ပိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည်။

နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သမ္မတက စာတိုက်မှတဆင့် မဲပေးခြင်းနှင့် နိုင်ငံသားမဟုတ်သူများ မဲပေးခြင်းတို့ဖြင့် မသမာမှုများ "သောင်းကျန်းနေသည်" ဟု စွပ်စွဲကာ မဲလုံခြုံရေးအပေါ် သံသယဖြစ်စေခဲ့သည်။ သမ္မတသည် အမေရိကန်တွင် ပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ရှိစေမည့် မဲပေးမှု မသမာမှု အမှုများကို သတင်းပို့သူများအား ဒေါ်လာ ၁ သန်း (ပေါင် ၇၅၀,၀၀၀) ဆုကြေး ပေးအပ်မည်ဟုလည်း ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း လေ့လာမှုများအရ လက်တွေ့အမှုများမှာ အလွန်ပင် ရှားပါးကြောင်း ဖော်ပြနေသည်။ Heritage Foundation ၏ ဒေတာဘေ့စ်တွင် ၂၀၀၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံသားမဟုတ်သူများ မဲပေးမှုဖြင့် ပြစ်ဒဏ်စီရင်ခံရသည့် အမှု ၂၄ မှုသာ ရှိကြောင်း BBC Verify က ဖော်ပြခဲ့သည်။
👍36❤15😁4🤔1
ကိုးကား။ ။ BBC သတင်း Judge orders Trump administration to stop threatening US election officials

ပုံစာ - အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တောင်ကယ်လိုရိုနာပြည်နယ်ရှိ သက်တမ်းလယ် ရွေးကောက်ပွဲ ကမ်ပိန်း မဲဆွယ်ပွဲတခုတွင် မိန့်ခွန်းပြောကြားနေစဉ် / AFP
😁19🤔2
😁29❤5🤔3
ရုရှား LNG မြန်မာသို့ သွင်းပြီး ထိုင်းနှင့် မျှဝေသုံးရန် ဆွေးနွေး

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆

ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာနိုင်ငံသို့ တင်သွင်းကာ ထိုင်းနိုင်ငံနှင့် မျှဝေသုံးစွဲခြင်းဖြင့် နှစ်နိုင်ငံစွမ်းအင်အခက်အခဲကို ဖြေရှင်းနိုင်မည့်အခြေအနေများအား ယမန်နေ့က ထိုင်းနိုင်ငံ၌ ကျင်းပသည့် မြန်မာ- ထိုင်း- ရုရှား ၃ နိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စွမ်းအင်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ အောက်တိုဘာ ၃၁ ရက်တွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး မစ္စတာ အာခါနတ် ပရွမ်ဖန်၊ ရုရှားနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ မက်ဆင် ရီရှက်နီကော့ဗ် တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုများတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းများသည် ဒေသတွင်း နိုင်ငံများနှင့် ကုန်စည် ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသည့် နေရာတခုဖြစ်လာမည့် အခြေအနေများ၊ ၃ နိုင်ငံစလုံး အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်၍ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံး စွမ်းအင်လိုအပ်ချက်မြင့်တက်နေသဖြင့် ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အထူးသဖြင့် ရုရှားမှ LNG ကို မြန်မာနိုင်ငံသို့ တင်သွင်းကာ ထိုင်းနိုင်ငံနှင့်ပါ မျှဝေ သုံးစွဲနိုင်ရေး၊ ထားဝယ်ဒေသမှတဆင့် မြန်မာနှင့် ထိုင်းနိုင်ငံအတွင်းသို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းထားပြီးဖြစ်၍ ယင်းအခြေခံ အဆောက်အအုံများကို အသုံးချကာ ထားဝယ်တွင် LNG Terminal တည်ဆောက်နိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိ မြန်မာနှင့် ရုရှားကြား LNG အပါအဝင် လောင်စာဆီတင်သွင်းရေး နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးထားပြီး ဖြစ်သလို မြန်မာနှင့် ထိုင်းတို့သည်လည်း မကြာမီကာလအတွင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး MOU ရေးထိုးနိုင်တော့မည်ဖြစ်ရာ ၃ နိုင်ငံ ပူးပေါင်း၍ စွမ်းအင် ကုန်သွယ်မှုစတင်ရန်နှင့် ထားဝယ်ဒေသတွင် ပူးပေါင်း ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း လုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း အိန္ဒိယသမုဒ္ဒရာသို့ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည် စိတ်ဝင်စားလာကြောင်း Nikkei Asia သတင်း၌ ရေးသားထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁35👍9❤8👎4🤔1
😁27👍6🤔1😱1