လူနေမှုစရိတ် မြင့်မားမှုနှင့် စစ်မှုထမ်းဥပဒေကို ဂျာမနီလူငယ်များ ဆန္ဒပြ၊ ဖရန့်ဖတ်တွင် စတိုးဆိုင်များ လုယက်ခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆။
ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့၌ စနေနေ့တွင် ဆန္ဒပြပွဲများအတွင်း စတိုးဆိုင်များ လုယက်ခံရပြီး အတားအဆီးများ မီးရှို့ခံခဲ့ရသည်။ လူနေမှုစရိတ် လျှော့ချရေးနှင့် ပညာရေး ကဏ္ဍမြှင့်တင်ရေးအတွက် ဘာလင်နှင့် ဖရန့်ဖတ် အပါအဝင် မြို့ပေါင်း ၃၀ ကျော်တွင် လူပေါင်း သောင်းချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
Gen Z Regelt အဖွဲ့မှ ဦးဆောင်သည့် ဤဆန္ဒပြပွဲတွင် လူငယ်များက ကျောင်းများ၊ ရာသီဥတု နှင့် အိမ်ရာများအတွက် အသုံးစရိတ် ပိုမိုသုံးစွဲရန် တောင်းဆိုကြပြီး မဖြစ်မနေ စစ်မှုထမ်းရမည့် အစီအစဉ်ကို ဆန့်ကျင်ကြသည်။ အများအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း အချို့နေရာများတွင် ရဲတပ်ဖွဲ့ကို မိုလိုတော့ဗ် (Molotov) လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ ဆိုင်ပြတင်းပေါက်များ ခွဲခြင်းနှင့် မီးရှို့ခြင်းတို့ကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
ပြင်သစ်၊ အီတလီ၊ ဆားဘီးယား၊ စပိန်နှင့် ပေါ်တူဂီ စသည့် ဥရောပနိုင်ငံများတွင်လည်း လူနေမှုစရိတ် မြင့်မားမှုနှင့် အခြားလူမှုရေးပြဿနာများအတွက် ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိသည်။
ပြင်သစ်တွင် ဆန္ဒပြသူ ၃၂၀,၀၀၀ ခန့် လမ်းပေါ်ထွက်ခဲ့ပြီး အချို့မြို့များတွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ အီတလီတွင် ဆိုင်များ လုယက်ခံရပြီးနောက် မီလန်မြို့၌ စစ်တပ်အင်အား ၅၀၀ အသုံးပြု၍ လုံခြုံရေး တိုးမြှင့်ခဲ့ရသည်။ ဆားဘီးယားတွင် ကျောင်းသားများ၏ ဆန္ဒပြမှုကြောင့် နိုင်ငံ၏ ရေရှည်ခေါင်းဆောင် ရာထူးမှ ဆင်းပေးခဲ့ရသည်။
ပညာရှင်များ၏ အဆိုအရ ဥရောပတဝန်း ဆန္ဒပြပွဲများသည် တချိန်တည်း ဖြစ်ပွားနေသော်လည်း တနိုင်ငံနှင့်တနိုင်ငံ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အတိုင်းအတာ မတူညီကြကြောင်း သုံးသပ်ထားကြသည်။
ကိုးကား။ ။ NBC သတင်း Rioters loot stores in Frankfurt as European youths protest living costs and military service

👍35❤3👎2😭2😁1
ဒီမိုကရက် နိုင်ရင် ဒီမိုကရေစီ နိုဂုံးချုပ်မည်ဟု အီလွန်မတ်စ် ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆။
သက်တမ်းလယ် ရွေးကောက်ပွဲ မတိုင်မီ အမေရိကန် သန်းကြွယ်သူဌေး အီလွန်မတ်စ် (Elon Musk) က ၂၀၂၈ ခုနှစ်တွင် ဒီမိုကရက်များအနေဖြင့် လွှတ်တော်နှစ်ရပ်လုံးနှင့် သမ္မတနေရာကို သိမ်းပိုက်နိုင်ခဲ့ပါက "ဒီမိုကရေစီနိဂုံးချုပ်" သွားနိုင်ကြောင်း X (Twitter) မှတဆင့် သတိပေးခဲ့သည်။
ဒီမိုကရက်များ အနိုင်ရပါက (၁) ဒီစီနှင့် ပွာတိုရီကို တို့ကို ပြည်နယ်အဖြစ် သတ်မှတ်ခြင်း၊ (၂) တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဥပဒေကြောင်းအရ အသိအမှတ်ပြု၍ မဲဆန္ဒနယ် အသာစီးရယူခြင်း၊ (၃) တရားလွှတ်တော်ချုပ် တရားသူကြီး အရေအတွက်ကို တိုးမြှင့်ခြင်းတို့ ပြုလုပ်ကာ တပါတီစနစ် ဖန်တီးမည်ဟု မတ်စ်က စွပ်စွဲထားသည်။ ထို့ကြောင့် ရီပတ်ဘလီကန် အမတ်များကို မဲပေးကြရန် တိုက်တွန်းခဲ့သည်။
ဒီမိုကရက်ဘက်မှ တရားလွှတ်တော်ချုပ် ပြုပြင်ပြောင်းလဲရေးနှင့် ဒီစီ/ပွာတိုရီကိုတို့ကို ပြည်နယ်အဆင့် သတ်မှတ်ရေး လှုပ်ရှားမှုအချို့ ရှိခဲ့ဖူးသော်လည်း၊ နယ်စပ်ကို အကန့်အသတ်မရှိ ဖွင့်ပေးမည်ဆိုသည်ကိုမူ နိုင်ငံရေးလေ့လာသူများက ငြင်းဆိုထားသည်။
မတ်စ်သည် ရီပတ်ဘလီကန် အမတ်လောင်းများနှင့် အဖွဲ့အစည်းများအတွက် ဒေါ်လာ ၄ဝဝ သန်းကျော်အထိ သုံးစွဲကူညီထားသော်လည်း လက်ရှိ သမ္မတထရမ့်၏ ထောက်ခံမှုနှုန်း ကျဆင်းနေခြင်းနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် ဒီမိုကရက်များအနေဖြင့် လွှတ်တော်ကို ပြန်လည်စိုးမိုးနိုင်ခြေ ရှိနေသည်။
ကိုးကား။ ။ Newsweek သတင်း Elon Musk Warns 2028 Democratic Sweep Could Mean ‘End of Democracy’

😁46❤11👍4😭1
စစ်တပ်ဟာ မထင်မှတ်တဲ့ ဖဲတခုကို အဟုတ်မှတ်ပြီး ချိုးလိုက်တယ်။ အမေရိကန်အစိုးရကိုယ်စားလှယ်များနဲ့ တိတ်တဆိတ်တွေ့ဆုံဆွေးနွေးခြင်း။ ဘာတွေဆွေးနွေးကြတယ်ဆိုတာ မသိနိုင်ပေမယ့် တရုတ်က ဒီလိုတွေ့ဆုံမှုကို ဘယ်လိုနည်းနဲ့မှ လျစ်လျူရှုထားမှာတော့မဟုတ်။ ဝမ်ယီ ပြောခဲ့တဲ့ စည်းသုံးစည်းထဲမှာ မြန်မာ့အရေးမှာ ပြည်ပအင်အားစုတွေ ဝင်ရောက်မစွက်ဖက်ဖို့ ပါဝင်တယ်။ မြန်မာပြည်ဇာတ်လမ်းထဲ အမေရိကန်ဇာတ်ကောင်တကောင် ဝင်ပါလာတာကို တရုတ်ကြီးက ဘယ်နည်းနဲ့မှ ကြည်ဖြူနိုင်စရာ အကြောင်းမရှိ။
တကယ်တော့ အာဏာသိမ်းစစ်အုပ်စုနဲ့ အမေရိကန်ရဲ့ အခြေခံမူဝါဒဟာ ပြဒါးတလမ်း၊ သံတလမ်းပါ။ သို့သော်လည်းပဲ ဒေါ်နယ်ထရမ့်အစိုးရက ကျင့်ဝတ်စောင့်စည်းတဲ့ အစိုးရမျိုးမဟုတ်။ အမေရိကန်နဲ့ ထရမ့် အလိုချင်ဆုံးအရာက "မြေရှားသတ္တု" ပါ။ မြန်မာနဲ့ စကားပြောခြင်းဟာ အခြားအကြောင်းအရာထက် မြေရှားက ရှေ့ဆုံးက ပါနိုင်ဖွယ်ရှိတယ်။ တရုတ်က လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာပြည်ထဲက မြေရှားကို အမေရိကန်ယူနိုင်မလား။ ထင်သလောက် မလွယ်ကူပါ။
သေချာတာတခုကတော့ တရုတ်ကြီး စိတ်ကွက်သွားပြီလားဆိုတာပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမေရိကန်ဆီက အချစ်ရဖို့ မသေချာပေမယ့် တရုတ်ကြီးရဲ့ အမုန်းကတော့ သေချာပေါက် ရတော့မှာပါ။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/11/02/417373.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
သူ့အတွေး သူ့အမြင် | မာနထောင်လွှားလာတဲ့ တရုတ်နဲ့ ထွက်ပေါက်မဲ့လာတဲ့ မင်းအောင်လှိုင်
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမေရိကန်ဆီက အချစ်ရဖို့ မသေချာပေမယ့် တရုတ်ကြီးရဲ့ အမုန်းကတော့ သေချာပေါက် ရတော့မှာပါ။
👍33😁14❤4
ရခိုင် မြို့နယ် ၄ ခုကို ဗုံးကြဲ၊ မွေးကင်းစတဦးအပါ ၁၂ ဦး သေဆုံး
ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆
ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် ဝီရဌာနေ (ပေါက်တော) မြို့နယ် ၄ ခုကို စစ်တပ်က ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မွေးကင်းစကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ထုတ်ပြန်သည်။
စစ်တပ်သည် ယမန်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် ပန်းဖဲချောင်းရွာတို့ကို ဆက်သွယ်ထားသည့် တံတားအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် လမ်းသွားလမ်းလာ ၇ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် ယမန်နေ့ညနေပိုင်းမှာပင် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ် ရပ်ကွက်၊ ငွေတောင်ပေါက်အနီးရှိ ဒေသခံပြည်သူများကို ဆေးကုသပေးနေသည့် ယာယီ ဆေးကုခန်း၊ သားဖွားဆောင်နှင့် ပတ်ဝန်းကျင်တို့ကို တိုက်လေ ယာဉ် ၂ စီးဖြင့် ပဒေသာဗုံး (Cluster Bomb) ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် မွေးကင်းစ ကလေးငယ်တဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဗုံးကြဲမှုများကြောင့် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့ရှိ ပြည်သူပိုင် တံတား၊ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ၊ ဆေးခန်း အဆောင်များနှင့် အနီးဝန်းကျင်ရှိ နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ရသည်။
အလားတူ ကျောက်ဖြူမြို့နယ်၊ စနဲ မင်းပြင်ရွာကိုလည်း နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီ ဝန်းကျင်တွင် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အဦများ ပျက်စီးခဲ့သည်။
ထို့အတူ ညနေ ၃ နာရီ ၅၈ မိနစ်တွင်လည်း ဝီရဌာနေ မြို့ပေါ်နှင့် ရွာချောင်းကြီး ကျေးရွာတို့ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၃ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- AA
#WhatsHappeningInMyanmar
#RejectMilitaryCoup

😭45👎13❤3😁3👍2
ကာတွန်းများက ပြောသော အမေရိကန် ရွေးကောက်ပွဲ
အမေရိကန် သက်တမ်းလယ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများသည် ရွေးကောက်ပွဲနေ့ဖြစ်သော အင်္ဂါနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ထို့နောက်တွင် အမေရိကန်ပြည်သူများသည် ၎င်းတို့၏ ရွေးချယ်မှုများက နိုင်ငံအတွက် မည်သို့သော အလားအလာများ ဆောင်ကြဉ်းလာမည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။ ခန့်မှန်းထားသည့်အတိုင်း "ဒီမိုကရက်တစ်လှိုင်း" (Blue Wave) အမှန်တကယ် ပေါ်ပေါက်လာမည်လော။ ရီပတ်ဘလစ်ကန်များအနေဖြင့် အထက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထားနိုင်မည်လော။ ထို့ပြင် ထရမ့်အစိုးရ၏ မဲပေးမှုဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးက သက်ရောက်မှုရှိလာမည်လော။ သတင်းမီဒီယာများတွင် ဖော်ပြနေသော နိုင်ငံရေးကာတွန်းအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။
#USElections #Midterms #politicalcartoons

👍35❤15😁4