The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
အမှန်တရား ရှင်သန်နိုင်ရေးအတွက် ဧရာဝတီနှင့်အတူ ရပ်တည်ပါ

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ အဘက်ဘက်က ဖိနှိပ်တိုက်ခိုက်ခံနေရပေမယ့်ဧရာဝတီကတော့ သတင်းကျင့်ဝတ်နဲ့အညီ မကြောက်မရွံ့ မျက်မှောက်သမိုင်းကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်နေပါတယ်။

ဒီနေ့အထိ ဧရာဝတီ ကြံ့ကြံ့ခံ ရပ်တည်နိုင်တာဟာ ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့ အားပေးဝန်းရံမှုကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာအဖြစ် ရပ်တည်သွားနိုင်ဖို့ ပရိသတ်တွေရဲ့ ဆက်လက်ပံ့ပိုးမှုဟာ အရေးကြီးပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ရုန်းကန်တိုက်ပွဲဝင်နေတဲ့ ခရီးမှာ ကျနော်တို့နဲ့အတူ လက်တွဲပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ အမှန်တရား မပျောက်ကွယ်သွားဖို့ ဧရာဝတီကို ဝိုင်းဝန်းကူညီပေးကြပါ။

https://www.irrawaddy.com/donation
❤36👍11😁6👎1
😁8😭5👎2
😁18👍2👎2😭1
"ဝ" မှာ ဘာသာရေးအဖွဲ့ တရားမဝင်ဖွဲ့သည်ဆိုကာ အမျိုးသမီး ၄ ဦးကို ထောင်ချ


ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆
ဒေသတွင်း နိုင်ငံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကမောက်ကမဖြစ်စေမည့် စည်းရုံးလှုံ့ဆော်မှုနှင့် တရားမဝင် ဘာသာရေးအဖွဲ့အစည်း “ယေရှု တရုတ်မဂိုဏ်းဝင်” အမျိုးသမီး ၄ ဦးကို နိုဝင်ဘာ ၄ ရက်က ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း "ဝ" ပြည်နယ် တရားစီရင်ရေးဌာနက သတင်း ထုတ်ပြန်သည်။


အဆိုပါ အမျိုးသမီး ၄ ဦးသည် ဟွမ်ရှောက်ရှန်း၊ ယေ့ချင်း၊ ယေ့ရုန်းနှင့် အိုမင်တို့ဖြစ်ပြီး၊ တရားခံများထဲမှ ဟွမ်ရှောက်ရှန်းကို တရားမဝင် ဘာသာရေးဖွဲ့စည်းမှုဖြင့် ထောင်ဒဏ် ၇ နှစ်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကမောက်ကမ ဖြစ်စေသော စည်းရုံးလှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၆ နှစ်၊ ကျန် ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်မှ ဩဂုတ်၂၀ ရက်အထိ အဆိုပါ ဂိုဏ်းဝင်ဟု သံသယရှိသူ ၄၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၎င်းတို့ထံမှ ဖုန်း ၃၈ လုံး၊ လက်ပ်တော့ ၁ လုံး သိမ်းဆည်းရမိခဲ့ကာ အမှုနှင့် သက်ဆိုင်ခြင်းမရှိသူ ၃၈ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။


UWSA ၏ တရားရေးကော်မတီအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားမဝင် အဖွဲ့အစည်းနှင့်အစိုးရ လုံခြုံရေးကို ထိခိုက်စေသော ပြစ်မှုများကို ထိရောက်စွာဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။


"ဝ" တပ် - UWSA သည် တရားမဝင် ဘာသာရေးအဖွဲ့အစည်း ဒေသအခေါ် ယေရှုတရုတ်မဂိုဏ်းအဖွဲ့များ ဝင်ရောက် လှုပ်ရှားလာသည့် အခြေအနေကြောင့် ပြီးခဲ့သော သြဂုတ်လ ဒုတိယပတ်မှစတင်၍ နေရာ ၄ ခုရှိ ခရစ်ယာန်ဘုရား ကျောင်းများကို ယာယီပိတ်သိမ်းခဲ့ကာ ၂ လအကြာတွင် ပြန်လည် ဖွင့်ပေးခဲ့သည်။


ဓာတ်ပုံ- UWSA
#WhatsHappeningInMyanmar
#RejectMilitaryCoup
😁25❤7😭2
👍5😁1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်
ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးပြီး ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၅၄၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၅၉၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၅၁၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၈၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၈၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၄ သိန်း ဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၆ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၂၈
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
❤17👍10👎2😁1
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

တရုတ်အကူအညီမရလို့ စစ်အစိုးရ ဘတ်ဂျက်လိုငွေပြ

ဒီတပတ် China Briefing မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရုတ်က ​နေပြည်​တော် စစ်အစိုးရကို ကာကွယ်​ပေးတဲ့အ​​ကြောင်းနဲ့၊ တရုတ်အကူအညီ ​​မျှော်မှန်းထားသ​လောက် မရတာ​ကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ စစ်အစိုးရ ဘတ်ဂျက်လို​ငွေပြခဲ့တဲ့ အကြောင်းအပါအဝင် တရုတ်-မြန်မာ ထူးခြားတဲ့သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/dYlijHvrCus

#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #စစ်အစိုးရ #ဘတ်ဂျက်
😁24👍5❤1😭1
သူတို့ နိုင်ငံရေးဘောင် ချဲ့ထွင်နိုင်ခဲ့ကြသလား


ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆


အာဏာသိမ်းစစ်တပ်က စိတ်ကြိုက်စီမံ ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို ပြည်သူတွေနဲ့ အတိုက်အခံ အင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပေမဲ့၊ နိုင်ငံရေးပါတီတချို့ကတော့ ဒါဟာ စစ်တပ်လက်ထဲက အာဏာကို ပြန်ဖဲ့ယူနိုင်မယ့် နိုင်ငံရေးထွက်ပေါက်တခုအဖြစ် ပြောဆိုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။


ဒါပေမဲ့ လက်တွေ့မှာတော့ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကပဲ အပြတ်အသတ် အနိုင်ရသွားခဲ့တာကြောင့်၊ အဲဒီပါတီတွေ မျှော်လင့်ခဲ့သလို ထွက်ပေါက်တခု ဖြစ်မလာခဲ့ဘဲ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ရေးအတွက် လမ်းခင်းပေးလိုက်တာသာ ဖြစ်တယ်လို့ ရွေးကောက်ပွဲဝင် ပါတီတချို့နဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြဝေဖန်နေကြပါတယ်။


၂၀၂၅ ရွေးကောက်ပွဲနဲ့ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေဟာလည်း တိုင်းပြည်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ကုန်ဈေးနှုန်း၊ စစ်ရေးပဋိပက္ခ ပြဿနာတွေထက်စာရင် ဒေသန္တရဖွံ့ဖြိုးရေး ကိစ္စတွေကိုပဲ ဦးစားပေးလုပ်ကိုင်နေတဲ့အခြေအနေကို တွေ့ရတယ်လို့ အနိုင်မရတဲ့နိုင်ငံရေး ပါတီတချို့က ဝေဖန်ကြပါတယ်။


တဖက်မှာလည်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အဆိုတင်သွင်းဖို့အတွက်ဆိုရင် သီးခြားသတ်မှတ်ကန့် သတ်ထားတာမျိုး မရှိပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ၊ အစိုးရရဲ့သဘောထား၊ တပ်ရဲ့အခြေအနေနဲ့ ကိုယ်တိုင်လုံခြုံရေး စတာတွေကို အဖက်ဖက်ကချင့် ချိန်စဉ်းစားနေကြရတဲ့ အခြေအနေကိုရင်ဆိုင်နေကြရ တယ်လို့ ဆိုကြပါတယ်။


https://youtu.be/IyRWsqKCGwk
#မြန်မာ #ဧရာဝတီ #နိုင်ငံရေး #ဦးကိုကိုကြီး #WhatsHappensInMyanmar
👍24❤4👎3😁2
😭18👎7😁2
ကောလင်း ဆေးရုံ စစ်တပ် ဗုံးကြဲ၊ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများ ဒဏ်ရာရ သေဆုံး


ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော လျှော်ဖြူကုန်းရွာရှိ ဆေးရုံတခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၄ ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်းများ သေဆုံးခဲ့သလို လူနာများလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအဖွဲ့များထံမှ သိရသည်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါက်တာ ဇာနည်ထွန်း (ခ) ပွကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၅ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် ပြည်သူများလည်း ထိခိုက် ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများက ဆိုသည်။


ဗုံးကြဲ တိုက်ခိုက်ခံရသည့် လျှော်ဖြူကုန်းရွာသည် ကောလင်းမြို့နယ် အရှေ့ခြမ်း၊ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ လမ်းမကြီး အနီးတွင် တည်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသလည်း ဖြစ်သည်။


ထို့ပြင် ရွှေဘို-မြစ်ကြီးနား ဗျူဟာ လမ်းမကြီးပေါ်ရှိ ကောလင်းမြို့နယ် အတွင်းမှ ဒိုးပင်တောင်ရိုး ရှုခင်းသာ နေရာ၌ ကျောင်းကုန်းရွာမှ စစ်ရှောင်လာသော အသက် ၄၀ အရွယ် ဒေါ်သင်းသင်းလှ၊ ထီးချိုင့်မြို့နယ် စစ်ရှောင်လာသည့် အသက် ၃၀ အရွယ် ကိုကြက်ရိုးတို့ အပါအဝင် အမည်မသိ အမျိုးသား တဦး စုစုပေါင်း အရပ်သား ၃ ဦးကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကျောင်းကုန်းရွာဘက်မှ ကောလင်းနယ်ဘက်သို့ အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကြောင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Kawlin Revolution-KR အဖွဲ့ထံက သိရသည်။


သတ်ဖြတ်ခံရသူများအနက် ဒေါ်သင်းသင်းလှ၏ အမျိုးသား ဖြစ်သူ ဦးစက်ကြည်မှာ လက်မောင်း၌ သေနတ်ဒဏ်ရာ ရရှိခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့ပြီး၊ လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် ဒိုးပင်နှင့် ကျွန်းတော ကျေးရွာများအတွင်း တပ်စွဲထားကြောင်း သိရသည်။


ပုံစာ- စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရွေ့လျားဆေးခန်းအဖွဲ့များ ကန့်ဘလူမြို့နယ်ရှိ ပြည်သူများအား ဆေးကုသပေးနေစဉ်/NUG


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎31😭8❤6😁4
👍18😁2😭2👎1
မော်လူးမြို့အနီး တိုက်ပွဲပြင်းထန်၍ အမြန်ဆုံးရွှေ့ပြောင်းရန် တော်လှန်ရေးအင်အားစုများ သတိပေး


ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့နှင့် အနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဆက်တိုက်တိုက်ခိုက်နေ၍ ဒေသခံများ အမြန်ဆုံး ရွှေ့ပြောင်းကြရန် အင်းတော်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတိပေးထားသည်။


တိုက်ပွဲပြင်းထန်လာခြင်းကြောင့် မော်လူးမြို့အနီး ပိတ်မိနေသည့် ခရီးသွား ပြည်သူများ၊ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များအနေဖြင့် နဘားရွာဘက် အမြန်ဆုံး ထွက်ခွာကြရန်လည်း ၎င်းတို့က ပြောသည်။


ဒေသခံတဦးက “မော်လူးမြို့နားမှာ တိုက်ပွဲ ဖြစ်နေတာ။ စစ်တပ်ဘက်က မြို့အနီး ပတ်ဝန်းကျင်နေရာတွေကို လက်နက်ကြီးတွေ ပစ်တယ်။ ဒရုန်းတွေနဲ့ ဗုံးကြဲတယ်။ လေကြောင်းကနေလည်း တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတယ်။ အခု ဒေသခံတွေ၊ ခရီးသွားလာသူတွေ နေရာရွှေ့နေကြပြီ” ဟု ဧရာဝတီကို ပြောသည်။


မော်လူးမြို့၌ ယနေ့ နံနက်ပိုင်းက ခရီးသည်တင်ယာဉ်များ ယာဉ်တန်းလိုက် ရပ်နားနေစဉ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ခရီးသည်တင် မော်တော်ယာဉ်တစီး မီးလောင် ပျက်စီးသွားခဲ့သော်လည်း အရပ်သား ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။


မော်လူးမြို့အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် အဆိုပါ လမ်းပိုင်းအသုံးပြု သွားလာကြမည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများ၏ နောက်ဆုံး အသိပေးချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်လိုက်နာရန် လိုအပ်ကြောင်း ဆိုထားသည်။


မော်လူးမြို့နှင့် အင်းတော်မြို့နယ်တဝိုက်ရှိ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် အောက်တိုဘာ ၄ ရက် ကတည်းက စစ်တပ် စစ်ကြောင်းထိုးလာခဲ့ရာမှ တိုက်ပွဲများ အရှိန် မြင့်လာခဲ့ခြင်း ဖြစ်သည်။


သတင်း- ​မောင်လူ​အေး


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍40❤6😁2🤔1😭1
Media is too big
VIEW IN TELEGRAM
လုပ်ခလစာတိုးဖို့ ဆန္ဒပြနေတဲ့ ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်လုပ်သားတွေ ရဲတွေနဲ့ ထပ်တိုက်တွေ့

နိုဝင်ဘာ ၅၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြပွဲတွေအတွင်း အထည်ချုပ်အလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့ပြီး အထည်ချုပ်စက်ရုံတွေကိုလည်းပိတ်ထားရပါတယ်။

#မြန်မာ #ဧရာဝတီ #ဘင်္ဂလားဒေ့ရှ် #အထည်ချုပ် #ဆန္ဒပြ
👍36👎2😁2
• မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ် ၁၀ ဦးကို တရားစွဲဆိုရန် အယူခံလွှာ ဖိလစ်ပိုင်တရားရုံး လက်ခံ

• မြန်မာ့သနပ်ခါး ယူနက်စကို အမွေအနှစ် ကနဦးစာရင်းဝင်

• ကောလင်းမှာ ဆေးခန်းဗုံးကြဲခံရလို့ CDM ဆရာဝန် သေဆုံး

• မိုးမိတ်မှာ စစ်တပ်က အရပ်သားတွေကို ဘန်ကာနဲ့ ကတုတ်ကျင်း တူးခိုင်း

• စမ်းချောင်း ဂွဈေးအနီး လူငယ်တဦးကို အရပ်ဝတ်လူတစု အတင်းအဓမ္မ ဖမ်းဆီး

• ထိုင်းပရဟိတမင်းသမီးရဲ့ အမှုမှာ ပါဝင်သူတွေကို ဖမ်းဖို့ ရဲတွေပြင်ဆင်

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၅၊ ၂၀၂၆

https://youtu.be/ulPrcV9FDd8
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ဖိလစ်ပိုင် #တရားရုံး #စစ်ရာဇဝတ်မှု #သနပ်ခါး #ယူနက်စကို #ကောလင်း #ဆေးခန်း #CDM #ဆရာဝန် #မိုးမိတ် #ကတုတ်ကျင်း #ဘန်ကာ #စမ်းချောင်း #ဂွဈေး #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
❤41👍24😁4
👍15😁6😭1
အမေရိကန် စစ်ဝန်ကြီး ပြုတ်စော်နံလာနေ


ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၆


ကာကွယ်ရေးဝန်ကြီး ပိဟဂ်ဆက် Pete Hegseth က ၎င်းအား ရာထူးမှဖြုတ်ချရန် စွပ်စွဲပြစ်တင်ရေး (impeachment) ခြိမ်းခြောက်မှုများကို ကြာသပတေးနေ့တွင် ပြန်လည်တုံ့ပြန် ပယ်ချလိုက်သည်။


ကြာသပတေးနေ့ မွန်းလွဲပိုင်းက X လူမှုကွန်ရက်ပလက်ဖောင်း တွင် တင်ခဲ့သည့် ဗီဒီယိုတခု၌ ပိဟဂ်ဆက် က ကန်တပ်ကီပြည်နယ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် သောမတ် မက်စီ Thomas Massie ကို ရည်ညွှန်းလျက် “မကျေမနပ်ဖြစ်ပြီး ရှုံးနိမ့်သွားတဲ့ လွှတ်တော်အမတ်တယောက်ဟာ သူ့ရဲ့ ဒီမိုကရက်မဟာမိတ်တွေ အားလုံးနဲ့အတူ ကျနော့်အပေါ် လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲပြစ်တင်မှု အဆိုကြမ်းကို တင်သွင်းလာခဲ့တယ်” ဟု ပြောကြားခဲ့သည်။


၎င်းက ဆက်လက်ပြီး “သမ္မတ ထရမ့်ကို နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြသလိုပါပဲ။ ခင်ဗျားတို့ မြင်ကြတဲ့အတိုင်းပဲ၊ သူတို့ရဲ့ မူဝါဒတွေက အလုပ်မဖြစ်တဲ့အခါ အာဏာနိုင်ငံရေးအပေါ် စွဲလမ်းမှုက သူတို့ရဲ့ ပြိုင်ဘက်တွေကို ဖျက်ဆီးပစ်ဖို့ တွန်းအားပေးနေတာပါ။ ဒါဟာ တဖက်သားကို ပုဂ္ဂိုလ်ရေးအရ ဖျက်ဆီးပစ်တဲ့ နိုင်ငံရေးသက်သက်ပါပဲ။ သမ္မတ ထရမ့်အပေါ်မှာတုန်းကလည်း အလုပ်မဖြစ်ခဲ့သလို ကျနော့်အပေါ် မှာလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကို ခင်ဗျားတို့ အပြည့်အဝ ယုံကြည်စိတ်ချထားလို့ ရပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။


ကြာသပတေးနေ့ နံနက်ပိုင်းတွင်မူ သောမတ် မက်စီက ကာကွယ်ရေးဝန်ကြီးအား ရာထူးမှဖြုတ်ချရန် ၎င်း၏ တွန်းအားပေးမှုသည် ယခုသီတင်းပတ်အတွင်း ပြန်လည်အနိုင်ရရှိခဲ့သည့် ဒီမိုကရက်များ ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်ချိန်တွင် ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေများနှင့် နှိုင်းယှဉ်ပါက “ပိုပျော့ပျောင်းသော ပုံစံတခုမျှသာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။


ကန်တပ်ကီပြည်နယ် ရီပတ်ဘလစ်ကန်အမတ်က ပိဟဂ်ဆက် အား ရာထူးမှဖြုတ်ချရန် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုသွားမည်ဟု စီစဉ်ထားကြောင်း CNN သတင်းအရ သိရသည်။ ၎င်းက ဗုဒ္ဓဟူးနေ့တွင် X ပလက်ဖောင်းပေါ်၌ ရေးသားခဲ့ရာတွင်လည်း “စွပ်စွဲပြစ်တင်ရေး အဆိုကြမ်းကို ကျနော် ထပ်မတင်ဘဲနေမယ့် အခြေအနေတရပ်တော့ ရှိတယ်၊ အဲဒါကတော့ ဟဂ်ဆက် ရာထူးကနေ နုတ်ထွက်သွားတာပဲ” ဟု ဖော်ပြခဲ့သည်။


ထို့နောက် မက်စီက ကြာသပတေးနေ့တွင် X ပေါ်၌ ဆက်လက်ရေးသားခဲ့ရာတွင် “ဟဂ်ဆက်ကို စွပ်စွဲပြစ်တင်ဖို့ ကျနော့် ဆုံးဖြတ်ချက်အဆိုဟာ ဒီမိုကရက်တွေ ကွန်ဂရက်ကို ထိန်းချုပ်လာချိန်မှာ ဖြစ်လာမယ့်အရာတွေနဲ့ယှဉ်ရင် အများကြီး ပိုပျော့ပျောင်းတဲ့ ပုံစံပါ။ သူတို့ကတော့ ကြားနာစစ်ဆေးမှုတွေနဲ့ ရုံးတင်စစ်ဆေးမှုတွေပါ ပြုလုပ်ကြတော့မှာပါ” ဟု ဖော်ပြခဲ့သည်။


ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီးနောက် ဒီမိုကရက် လွှတ်တော်အမတ် အများအပြားကလည်း ဟဂ်ဆက်အား ရာထူးမှ ဖယ်ရှားရန် အရိပ်အယောင်များ ပြသလာခဲ့ကြသည်။


နောင်လာမည့် အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖွယ်ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည့် အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာ့ကင်းမ် ဂျက်ဖရီးစ် Hakeem Jeffries (ဒီမိုကရက်၊ နယူးယောက်) က ကြာသပတေးနေ့တွင် X ၌ “ ပိဟဂ်ဆက် ဘာကြောင့် အခုထိ ရှိနေသေးတာလဲ” ဟု ရေးသားဖော်ပြခဲ့သည်။


၎င်း၏ အနာဂတ်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသော်လည်း သမ္မတ ထရမ့်က ဟဂ်ဆက်ဘက်မှ ရပ်တည်ခဲ့သည်။


ကြာသပတေးနေ့က ပင်တဂွန်စစ်ဌာနချုပ် ဝန်ထမ်းအပြောင်းအလဲ ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းစဉ် အိမ်ဖြူတော် ရုံးခန်း၌ သတင်းထောက်များအား ထရမ့်က “ ပိဟဂ်ဆက် ဟာ အလွန်ကောင်းမွန်တဲ့ လုပ်ငန်းဆောင်ရွက်မှုကို ပြုလုပ်ခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။


ကိုးကား။ ။ The Hill သတင်း Hegseth amid impeachment threats: ‘Didn’t work against’ Trump, ‘won’t work with me’


ပုံစာ - အမေရိကန် စစ်ဝန်ကြီး ပိဟဂ်ဆက်အား ရာထူးမှ ဖယ်ရှားရန် အရိပ်အယောင်များ ပြသလာနေပြီ/AFP
❤23👍15😁4😭1
😭10😁4❤1
အမေရိကန် တရားရေးဌာန လက်ထောက်ရှေ့နေချုပ် ရာထူးမှ နုတ်ထွက်


ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၆


အမေရိကန် တရားရေးဌာန၏ နိုင်ငံသားအခွင့်အရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဟားမိ ကေ ဒေလွန် Harmeet K. Dhillon သည် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်သည်။ သက်တမ်းလယ် ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အပြတ်အသတ် အနိုင်ရရှိပြီးနောက်ပိုင်း ဒေလွန်သည် အစိုးရအဖွဲ့မှ ပထမဆုံး နုတ်ထွက်သည့် အဆင့်မြင့်အရာရှိ ဖြစ်လာခဲ့သည်။


ပြီးခဲ့သည့် ၁၉ လတာ ကာလအတွင်း ပြင်းထန်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို အသုံးချကာ အမေရိကန်ကောလိပ်ပေါင်း ၃၀၀ ကျော်ရှိ မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှု (DEI) အစီအစဉ်များကို ဖျက်သိမ်းစေခဲ့သည်။ ယခုအခါ ၎င်းသည် ရာထူးတိုး မရရှိသည့်အတွက် နုတ်ထွက်ရကြောင်း ဆိုသော်လည်း ၎င်း၏ နိုင်ငံရေးအနာဂတ် မရေရာမှုများလည်း သက်ဆိုင်နိုင်သည်။


ဒေလွန် သည် အခွင့်အရေးချိုးဖောက်ခံရသော လူနည်းစုများကို ကာကွယ်ရမည့် နိုင်ငံသားအခွင့်အရေးဌာနခွဲကို တက္ကသိုလ်များအား ဥပဒေကြောင်းအရ ဖိအားပေးတိုက်ခိုက်သည့် လက်နက်အဖြစ် အသုံးချခဲ့သည်။ သူမလက်ထက်တွင် လူမျိုးရေးနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှု စုံစမ်းစစ်ဆေးမှုများကို ရပ်တန့်ခဲ့သလို၊ ပါလက်စတိုင်းလိုလားသည့် လှုပ်ရှားမှုများနှင့် လူမျိုးကို အခြေပြုသော ကျောင်းဝင်ခွင့်မူဝါဒများကြောင့် ကောလိပ်များကို ခွဲခြားဆက်ဆံမှု၊ ဂျူးဆန့်ကျင်မှုတို့ဖြင့် စွပ်စွဲကာ အမှုဖွင့်စစ်ဆေးမှုပေါင်း ၁၀၀ ကျော် ပြုလုပ်ခဲ့သည်။ ဟားဗတ်တက္ကသိုလ်ကိုလည်း နှစ်ကြိမ်တိုင် တရားစွဲခဲ့သော်လည်း ဖက်ဒရယ်တရားသူကြီးများက ထိုအမှုများကို ပယ်ချခဲ့သည်။


ဝေဖန်သူများကမူ ဒေလွန်၏ လုပ်ရပ်များသည် ဆယ်စုနှစ်များစွာ ကြိုးပမ်းတည်ဆောက်ခဲ့ရသည့် နိုင်ငံသားအခွင့်အရေး တိုးတက်မှုများကို နောက်ပြန်ဆုတ်သွားစေခဲ့သည်ဟု ထောက်ပြကြသည်။


ကိုးကား။ ။ Mother Jones သတင်း The DOJ Official Who Spent 19 Months Terrorizing Colleges Is Resigning


ပုံစာ - ရှေ့နေချုပ်ဟောင်း ပန်းဘွန်ဒီက အက်ပ်စတိန်းဆိုင်ရာ ဖိုင်တွဲများနှင့် ပတ်သက်၍ အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် အစိုးရပြုပြင်ပြောင်းလဲရေး ကော်မတီရှေ့မှောက်တွင် ထွက်ဆိုချက်ပေးခဲ့ပြီးနောက် ဟားမိ ကေ ဒေလွန် က သတင်းထောက်များနှင့် တွေ့ဆုံစကားပြောကြားစဉ်/Mother Jones
👍42❤7😁4😭1