The Irrawaddy - Burmese
✔
75.3K subscribers
38.5K photos
2.47K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
Media is too big
VIEW IN TELEGRAM
ယူကေနဲ့ အိုင်ယာလန် Box Office မှာ နံပါတ် ၁ နေရာချိတ်သွားတဲ့ ရာမာယန ရုပ်ရှင်


ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆


အသစ်ထွက်ရှိလာခဲ့တဲ့ Bollywood ရဲ့ ဒဏ္ဍာရီလာ စွန့်စားခန်းရုပ်ရှင်ဖြစ်တဲ့ Ramayana: Rise of a Legend ဟာ ကမ္ဘာတဝှမ်းမှာ စိတ်၀င်စားမှုအခံရဆုံးရုပ်ရှင်တွေထဲကတခုဖြစ်လာခဲ့ပြီး ယူကေနဲ့အိုင်ယာလန် box office မှာ နံပါတ် ၁ နေရာချိတ်တဲ့ ပထမဆုံး အိန္ဒိယရုပ်ရှင်အဖြစ်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။


Ramayana ရုပ်ရှင်ဟာ လက်ရှိမှာ ယူကေနဲ့ အိုင်ယာလန်တို့မှာ ဒေါ်လာ ၂.၈ သန်း၀င်ငွေရရှိထားပြီး နိုင်ငံတကာဈေးကွက်မှာတော့ ဒေါ်လာ သန်း ၇၀ ခန့်အထိ ၀င်ငွေရရှိထားတာဖြစ်ပါတယ်။


#Ramayana #Bollywood #RiseOfALegend #BoxOffice #ဧရာဝတီ
👍44❤3😁1
👍32😱2❤1😁1
စပိန် အိမ်ရာအကျပ်အတည်းကြောင့် အထွေထွေသပိတ်မှောက်မှုနှင့် ညပိုင်းဆန္ဒပြပွဲကြီးများ ဖြစ်ပွား

ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆။

စပိန်နိုင်ငံတွင် အိမ်ရာရှားပါးမှုနှင့် အိမ်ငှားခ အဆမတန်မြင့်တက်မှုတို့ကြောင့် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် အထွေထွေသပိတ်မှောက်မှု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် လူသိန်းနှင့်ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ မြို့တော်မက်ဒရစ်တွင် လူပေါင်း ၁၂၀,၀၀၀ ခန့် ဆန္ဒပြခဲ့ကြပြီး ဘာစီလိုနာမြို့တွင် လူပေါင်း ၅၅,၀၀၀ မှ ၄၀၀,၀၀၀ ကြား ပါဝင်ချီတက်ခဲ့ကြသည်။ ဆန္ဒပြပွဲအများစုမှာ ငြိမ်းချမ်းသော်လည်း ဘာစီလိုနာတွင် ဆိုင်မှန်များရိုက်ခွဲခြင်း၊ အမှိုက်ပုံးများ မီးရှို့ခြင်းနှင့် ရဲတပ်ဖွဲ့ကို မီးရှူးမီးပန်းများဖြင့် ပစ်ခတ်ခြင်းများ ဖြစ်ပွားခဲ့သလို မက်ဒရစ်တွင်လည်း ရဲတပ်ဖွဲ့က ငရုတ်ကောင်းစပရေးဖြင့် ပက်ဖျန်းခဲ့မှုကြောင့် လူ ၁၃ ဦး ဆေးကုသမှု ခံယူခဲ့ရသည်။ ထို့အပြင် လေယာဉ်ခရီးစဉ်အချို့လည်း အနှောင့်အယှက် ဖြစ်ခဲ့သည်။

ဗဟိုဘဏ်၏ ခန့်မှန်းချက်အရ စပိန်တွင် အိမ်ရာအလုံးရေ ၇၅၀,၀၀၀ ခန့် လိုအပ်ချက်ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် တသန်းကျော်အထိ မြင့်တက်လာနိုင်သည်။ ပျမ်းမျှအိမ်ငှားခမှာ ယူရို ၁,၁၇၆ ရှိနေရာ လူငယ်တဦး၏ ပျမ်းမျှလစာ ၉၉ ရာခိုင်နှုန်းခန့်နှင့် ညီမျှနေသည်။

အိမ်ငှားများအား အကာအကွယ်ပေးမည့် ဥပဒေကြမ်းကို အတိုက်အခံပါတီများက လွှတ်တော်တွင် ပိတ်ဆို့ခဲ့ပြီးနောက် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က နိုဝင်ဘာ ၂၉ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ခေါ်ယူထားသည်။ လက်ရှိအစိုးရက ယခုသပိတ်ကို ထောက်ခံအားပေးနေသော်လည်း အတိုက်အခံခေါင်းဆောင်နှင့် ပြည်သူအချို့ကမူ ရွေးကောက်ပွဲအတွက် အစိုးရဘက်က နိုင်ငံရေးအမြတ်ထုတ်ရန် လုပ်ဆောင်သည့်သပိတ်အဖြစ် ဝေဖန်လျက်ရှိသည်။

ကိုးကား။ ။ DW သတင်း Spain: Housing crisis prompts general strike, mass nighttime protests
👍37❤5😁1😱1😭1
👍14😱2❤1😁1
ဂျန်ဆန်ဟွမ်းကို ရာထူးမှ ဖယ်ရှားရန် Nvidia ပြင်ဆင်နေကြောင်း သတင်းထွက်၊ စတော့ရှယ်ယာများ ထိုးကျ

ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆။

Nvidia ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သည် အမှုဆောင်အရာရှိချုပ် (CEO) ဂျန်ဆန်ဟွမ်းကို ရာထူးမှ ဖယ်ရှားရန် ပြင်ဆင်နေကြောင်း The Wall Street Journal (WSJ) က ဖော်ပြခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ ပုံမှန်ဈေးကွက်ပိတ်ချိန်နောက်ပိုင်း အရောင်းအဝယ်တွင် Nvidia ၏ ရှယ်ယာတန်ဖိုးများ ၉ ရာခိုင်နှုန်းကျော် ထိုးကျသွားခဲ့သည်။

ဂျန်ဆန်ဟွမ်းသည် ကုမ္ပဏီအတွင်းရှိ အခြားအမှုဆောင်အရာရှိတဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်မှု ရှိခဲ့ကြောင်း The New York Times သတင်းစာက ဖော်ပြပြီး မိနစ်ပိုင်းအကြာမှာပင် ဤသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ WSJ ၏ အဆိုအရ Nvidia ၏ ဒါရိုက်တာအဖွဲ့သည် ကုမ္ပဏီတွင် ဂျန်ဆန်ဟွမ်း၏ အနာဂတ်ကို ဆုံးဖြတ်ရန် ဗုဒ္ဓဟူးနေ့မှာပင် အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်နေသည်။

The New York Times (NYT) ၏ အစီရင်ခံစာအရ အဆိုပါ လူမှုရေးဖောက်ပြန်မှုသည် Nvidia ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ကင်မ်ဘာလီ ပိုဝဲလ် Kimberly Powell နှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Nvidia ဝက်ဘ်ဆိုက်ပါ ပိုဝဲလ် ၏ ကိုယ်ရေးအကျဉ်းတွင် သူမသည် “ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ခြင်း၊ သက်ရှိသိပ္ပံ၊ ဆေးဝါးရှာဖွေဖော်ထုတ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု နယ်ပယ်များကို အထောက်အကူပြုသည့် accelerated computing၊ AI နှင့် visualization ဆိုင်ရာ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ ပလက်ဖောင်းများ အပါအဝင် ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် တာဝန်ရှိသူ” ဖြစ်ကြောင်း ဖော်ပြထားသည်။

NYT သတင်းစာ၏ အဆိုအရ ဟွမ်းနှင့် ပိုဝဲလ် တို့သည် မတ်လအတွင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ San Jose မြို့ရှိ ဟိုတယ်တခုတွင် ချစ်ခင်ရင်းနှီးစွာ နေထိုင်နေကြသည်ကို ကင်မရာမှတ်တမ်းများတွင် ရိုက်ကူးမိခဲ့သည်ဟု သိရသည်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့က တရုတ်သူလျှိုဟု ယူဆထားသည့် အမျိုးသမီးတဦးနှင့် ဖောက်ပြန်ခဲ့ကြောင်း ဟွမ်းက ဝန်ခံပြီး ရက်ပိုင်းအကြာမှာပင် ယခုသတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ The Financial Times (FT) ၏ ဖော်ပြချက်အရ ဂျန်ဆန်ဟွမ်းသည် အဲလစ်ဟွမ်းနှင့် အချစ်ရေးပတ်သက်မှု ရှိခဲ့ပြီး၊ သူမသည် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ သူလျှိုတဦးဖြစ်သည်ဟု အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူများက ယုံကြည်ကြောင်း NYT က ဖော်ပြခဲ့သည်။

Nvidia ၏ ဒါရိုက်တာအဖွဲ့သည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုတခုကို စတင်လိုက်ပြီဖြစ်ပြီး သူလျှိုလုပ်မှု စွပ်စွဲချက်များကို စစ်ဆေးရန် ဥပဒေအကျိုးဆောင်ကုမ္ပဏီ Wachtell, Lipton, Rosen & Katz ကို ငှားရမ်းထားသည်။

ဂျန်ဆန်ဟွမ်း ပိုင်ဆိုင်သော Nvidia ရှယ်ယာအများစုကို ၎င်း၏ဇနီး လိုရီဟွမ်း Lori Huang နှင့် ပူးတွဲပိုင်ဆိုင်ထားပြီး ယုံကြည်အပ်နှံမှု ရန်ပုံငွေများ (Trusts) တွင် ထည့်သွင်းထားသည်။ အဆိုပါ ရန်ပုံငွေများတွင် ရှယ်ယာပေါင်း သန်း ၈၀၀ ခန့် ရှိသည်။ ဂျန်ဆန်ဟွမ်း သည် ကိုယ်ပိုင်အနေဖြင့် ရှယ်ယာ သန်း ၇၀ ခန့်သာ ပိုင်ဆိုင်ထားပြီး ကုမ္ပဏီအပေါ် စီးပွားရေးဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း အကန့်အသတ်သာ ရှိသည်။

ကိစ္စရပ်၏ အရေးကြီးမှုကြောင့် အမည်မဖော်လိုသူ ဝန်ထမ်းဟောင်းတဦး၏ ပြောကြားချက်အရ ပိုဝဲလ် တွင် ကျန်းမာရေး သို့မဟုတ် သိပ္ပံပညာဆိုင်ရာ နောက်ခံအတွေ့အကြုံ မရှိခြင်းကြောင့်လည်း ဟွမ်း နှင့် ပိုဝဲလ် တို့အကြား အချစ်ရေးပတ်သက်မှုရှိနေသည်ဟူသော ကောလာဟလများမှာ နှစ်ပေါင်းများစွာကတည်းက ပျံ့နှံ့နေခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် Nvidia တွင် သေးငယ်သော လုပ်ငန်းကဏ္ဍတခုသာ ဖြစ်သည်။ ကုမ္ပဏီသည် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများနှင့် MRI စက်များအတွက် ချစ်ပ်ပြားများကို ထုတ်လုပ်ပေးသော်လည်း ၎င်း၏ အဆင့်မြင့် AI စနစ်များနှင့် ဂရပ်ဖစ်ပရိုဆက်ဆာယူနစ် (GPUs) များမှ ရရှိသော ဝင်ငွေနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာ ရှိသည်။

Nvidia ၏ စတော့ရှယ်ယာသည် ဗုဒ္ဓဟူးနေ့ ဈေးကွက်ပိတ်ချိန်နောက်ပိုင်း ထိုးကျမှုမတိုင်မီ ယခုသီတင်းပတ်အတွင်း ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၆ ပတ်ဆက်တိုက် ကျဆင်းမည့် အခြေအနေသို့ ရောက်ရှိနေကာ ယင်းမှာ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံ တည်ဆောက်မှု၏ ရေရှည်တည်တံ့နိုင်စွမ်းအပေါ် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုများကို ထင်ဟပ်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော midterm ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်စလုံး၌ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဒေတာစင်တာများ တည်ဆောက်ရန် ပိုမိုခက်ခဲစေနိုင်သည့် ဆန္ဒမဲပေးဆုံးဖြတ်ချက် ဒါဇင်ပေါင်းများစွာ အတည်ဖြစ်သွားခဲ့ပြီးနောက် AI အခြေခံအဆောက်အအုံဆိုင်ရာ ရှယ်ယာဈေးကွက်မှာ အထူးသဖြင့် အထိနာခဲ့သည်။

ကိုးကား။ ။ CNBC သတင်း Nvidia prepares to oust Jensen Huang, WSJ reports — stock sinks

ပုံစာ - တရုတ်သူလျှိုဟု ယူဆထားသည့် အမျိုးသမီးတဦးနှင့် ဖောက်ပြန်ခဲ့ကြောင်း ဂျန်ဆန်ဟွမ်း (ဝဲ) က ဝန်ခံပြီး ရက်ပိုင်းအကြာမှာပင် ကင်မ်ဘာလီ ပိုဝဲလ် (ယာ) နှင့် သတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်
👍35❤11😁2😱2
👍34😁1
ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသား လဲလှယ်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆။

ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့သည့် အဘူဒါဘီမြို့မှ နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းရေးမှူးများသည် အကြီးစား အကျဉ်းသားလဲလှယ်မှုတခု ပြုလုပ်ရန် မူအားဖြင့် သဘောတူညီခဲ့ကြသော်လည်း နယ်မြေပိုင်ဆိုင်မှုအပါအဝင် အဓိကအရေးကိစ္စများတွင် သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း အမေရိကန် ကြားဝင်စေ့စပ်ပေးသူများက ပြောကြားခဲ့သည်။

အမေရိကန် သံတမန် ဂျရတ်ကွတ်ရှ်နာက ယခုအစီအစဉ်သည် ၄ နှစ်ခွဲကြာ စစ်ပွဲအတွင်း အကြီးမားဆုံး အကျဉ်းသားလွှတ်ပေးမှု ဖြစ်လာမည်ဟု ဆိုပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကလည်း ကြီးမားကျယ်ပြန့်သည့် အတိုင်းအတာဖြစ်မည်ဟု ပြောသည်။ သို့သော် ရုရှားဘက်မှ တောင်းဆိုထားသည့် ဒွန်ဘတ်စ်ဒေသတခုလုံး လက်လွှတ်ပေးရန် ကိစ္စကို ကိယက်ဗ်အစိုးရက ပြတ်ပြတ်သားသား ပယ်ချထားသဖြင့် နယ်မြေဆိုင်ရာ အငြင်းပွားမှုများမှာ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။

ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြပြီး ကွတ်ရှ်နာနှင့် အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်တို့သည် ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် မော်စကိုမြို့သို့ သွားရောက်မည်ဖြစ်ကာ ထိုမှတဆင့် အိုင်ယာလန်နိုင်ငံတွင် ဇယ်လန်စကီးနှင့် ထပ်မံတွေ့ဆုံမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများ ပါဝင်လာစေရန် အမေရိကန်နှင့် ယူကရိန်းတို့က လိုလားနေသော်လည်း ရုရှားကိုယ်စားလှယ်အဖွဲ့က ဥရောပတာဝန်ရှိသူများနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

တချိန်တည်းမှာပင် နှစ်ဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ယူကရိန်းအလယ်ပိုင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ၆ ခုနှင့် အိုဒက်ဆာဒေသရှိ ဈေးတခုကို ရုရှားက တိုက်ခိုက်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့သလို၊ ရုရှားနိုင်ငံ ဘဲလ်ဂိုရော့ဒ်ဒေသတွင်လည်း ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား။ ။ Reuters သတင်း Russia, Ukraine reach deal on prisoner swap as US says lack of trust holds back talks

ဓာတ်ပုံ - ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ယူကရိန်းနိုင်ငံမြောက်ပိုင်း ခါကိဗ်မြို့တွင် လက်ထိတ်ခတ်ထားသည့် ရုရှားစစ်သားတဦးကို ယူကရိန်းစစ်သားတဦးက ခေါ်ဆောင်လာစဉ်/ AFP
👍42❤6😁1
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်သည် စဉ်ဆက်မပြတ် မြင့်တက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရ လက်ထက် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်မှာ ငွေကျပ် ၃ ဒသမ ၄ ထရီလီယံသာ ရှိခဲ့သည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်မူ ငွေကျပ် ၅ ဒသမ ၆ ထရီလီယံကျော်အထိ တိုးမြင့်လာခဲ့သည်။ ကျန်ရှိသည့် နှစ်များအတွက် ကာကွယ်ရေးအသုံးစရိတ်များကို တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း လက်ရှိဘတ်ဂျက် ကိန်းဂဏန်းများအရ ၂၀၂၃-၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အသုံးစရိတ်မှာ နှစ်ဆနီးပါး မြင့်တက်လာသည်ကို တွေ့ရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/12/417577.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎35❤4😭2
ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းချိန်တွင် ရေတပ်က နှုတ်ထွက်ခွင့်တင်ပြထားသူများ၊ ပြစ်မှုရှိသူများ၊ စစ်မှုထမ်းသက် ဖြတ်တောက်ခံရသူများ (ဆားဗစ်ကတ်) နှင့် သတိပေးဆုံးမခံထားရသူများ စသည့် အပြစ်အနာအဆာရှိသူ အရာရှိ၊ စစ်သည်များကို ချောင်အတွင်း ထိုးထည့်သကဲ့သို့ စုဖွဲ့ပေးလိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ရေတပ်က ကမ်းခြေစောင့်တပ်ထံသို့ လူအင်အား ပြောင်းရွှေ့ဖွဲ့စည်းမှုကိုသာ ထိုကဲ့သို့ သုံးမရသူအများစုကို ပို့ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ရေတပ်တွင် သင်္ဘောအဟောင်းအစုတ်များ၊ မောင်းနှင်၍ မရသည့် သင်္ဘောများ၊ ဖျက်သိမ်းရတော့မည့် အိုဟောင်းစုတ်ပြတ်နေသည့် သင်္ဘောများကိုလည်း ကမ်းခြေစောင့်တပ်သို့ ပေးပို့စွန့်ပစ်ခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/12/417581.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁24❤2🤔2
😁35❤3
ကြားဖြတ်ရွေးကောက်ပွဲ အမတ်လောင်းစာရင်း ဒီဇင်ဘာ၂၁ ရက် နောက်ဆုံးတင်သွင်းရန်ထုတ်ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆

အာဏာသိမ်းအစိုးရကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ် တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဒီဇင်ဘာ ၇ ရက်မှ ၂၁ ရက်အထိ တင်သွင်းနိုင်ပြီး ပြန်လည် ရုပ်သိမ်းလိုပါက ဒီဇင်ဘာ၂၅ ရက် နောက်ဆုံးထားလုပ်ဆောင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

တင်သွင်းလာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ၂၆ ရက်မှ ၂၀၂၇ ဇန်နဝါရီ ၉ ရက်အထိ စိစစ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို၂၀၂၇ ဧပြီ ၄ ရက်တွင် ကျင်းပရန် သတ်မှတ်ထားပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၄ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၅ ခုနှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၆ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၅၅ နယ်အတွက် မြို့နယ်ပေါင်း ၅၀ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပါဝင်မဲပေးနိုင်မည့် မြို့နယ် ၅၀ မှာ တွန်းဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ မြိတ်၊ ညောင်လေးပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ချောက်၊ မင်းဘူး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်၊ ကျိုက်မရော၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ တာမွေ၊ ကိုကိုးကျွန်း၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ကျောက်မဲ၊ မိုင်းဖြတ်၊ မိုင်းပန်၊ မအူပင်၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဝိုင်းမော်၊ ကဝ၊ ပဲခူး၊ သနပ်ပင်၊ ဝေါ၊ ပြည်၊ ရွှေတောင်၊ ရွှေဘို၊ သဲကုန်း၊ ဇီးကုန်း၊ ရေကြည်၊ တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားမြို့နယ်တို့ ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁44❤5👍1👎1
👍25👎3😁2😭2
မိုးကုတ်၌ ဂူဆီးနှင့်အဖွဲ့ ပေါ်တာဆွဲ အင်အားစုဆောင်းမှုကို ရှုတ်ချဟု လီဆူအရပ်ဘက်အဖွဲ့များ ထုတ်ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆

မိုးကုတ်မြို့တွင် အာဏာသိမ်းစစ်တပ်ထံ လက်နက်ချခဲ့သည့် ဂူဆီး ဦးဆောင်သောအဖွဲ့မှာ လီဆူပြည်သူလူထုကို ကိုယ်စားမပြုကြောင်းနှင့် လီဆူလူမျိုးများအား ဖမ်းဆီးပေါ်တာဆွဲကာ တပ်အင်အားစုဆောင်းနေမှုကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း လီဆူအရပ်ဘက် အဖွဲ့အစည်းများက ယမန်နေ့ ရက်စွဲဖြင့် ပူးတွဲထုတ်ပြန်လိုက်သည်။

ဂူဆီး အဖွဲ့အား လက်မခံကြောင်းကြေညာချက်ကို လီဆူ လူငယ်အစည်းအရုံး (LYC)၊ လီဆူ အမျိုးသမီးများ အဖွဲ့ (LSWO) နှင့် ယခင် ရှမ်းပြည်နယ်အစိုးရ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်ခင်ဆန်းမြင့်တို့က ပူးတွဲ ထုတ်ပြန်ခြင်းဖြစ်ပြီး လီဆူလူထုအနေဖြင့် အာဏာသိမ်းအစိုးရ၏ လူမျိုးရေး သွေးခွဲ သပ်လျှိုမှုများကို သတိကြီးစွာ ထားကြရန်လည်း သတိပေးထားသည်။

ထို့ပြင် လူနည်းစုလူမျိုးစုများ အပါအဝင် တိုင်းရင်းသား လူမျိုးစုများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးကို အပြည့်အဝအာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တော်လှန်ရေး အင်အားစုများနှင့်အတူ ဆက်လက် ပူးပေါင်း ပါဝင်ကြရန်လည်း ၎င်းတို့က တိုက်တွန်းထားသည်။

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်ဟောင်း ဂူဆီးနှင့် နောက်လိုက် အင်အား ၅၀ ကျော်မှာ ပြီးခဲ့သည့်လအတွင်းက လက်နက်များနှင့် အတူ အာဏာသိမ်းတပ်ထံ လက်နက်ချခဲ့ပြီး မိုးကုတ်မြို့ လုံခြုံရေးအတွက် စစ်တပ်နှင့် ပူးပေါင်း ကာကွယ်သွားမည်ဖြစ်ကြောင်း ဂူဆီးက ပြောဆိုထားသည်။

၎င်းတို့၏ လက်နက်ချပွဲ အခမ်းအနားကို မိုးကုတ်မြို့၌ နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး TNLA အဖွဲ့မှ ဗျူဟာမှူးအဆင့်ရှိသူ ဂူဆီး အပါအဝင် အမျိုးသား ၁၇၈ ဦးနှင့် အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၂၀၀ ဦးမှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားသည်။

၎င်းတို့ထံမှ ရိုင်ဖယ် သေနတ် ၇၈ လက်၊ ပစ္စတို ၃ လက်၊ လက်လုပ် သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၈၄ ခုနှင့် ကျည်မျိုးစုံ ၁,၄၇၂ တောင့်တို့ကို လက်ခံ ရယူခဲ့ကြောင်းလည်း ဖော်ပြထားသည်။

လက်နက်များနှင့်အတူ စစ်တပ်ထံ ဘက်ပြောင်းသွားသည့် ဂူဆီးအဖွဲ့ကို ကတိသစ္စာ ဖောက်ဖျက်သူများဟု ဆိုကာ TNLA တပ်ဖွဲ့နှင့် ကင်းကွာပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ပြည်သူများ အပေါ် ဖိနှိပ်စော်ကားမှုများ ပြုလုပ်ပါက အရေးယူသွားမည် ဖြစ်ကြောင်း TNLA က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍38❤4😁4😭1
Media is too big
VIEW IN TELEGRAM
ပြည်သူကို ဗုံးကြဲနေတဲ့ စစ်တပ်ရဲ့ အသုံးစရိတ် အမြင့်ဆုံးစံချိန်ဖြစ်နေ

တနိုင်ငံလုံးနီးပါး စစ်မီးတွေ ဖြစ်ပွားစေပြီး ပြည်သူကို လေကြောင်းအသုံးပြု ဗုံးကြဲသတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အသုံးစရိတ်ကို ခွင့်ပြုချက်ထက် ထပ်တိုးသုံးစွဲဖို့ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလာပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို မူလခွင့်ပြုထားတဲ့ ကျပ်ဘီလီယံ ၇၉၀၀ ကျော် အပြင် နောက်ထပ် ဘီလီယံ ၂၅၀၀ ကျော် ထပ်တိုးတောင်းခံခဲ့တာလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က တင်ပြခဲ့တဲ့ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာအရ သိရပါတယ်။

ဒါကြောင့် အခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော်ရှိလာပြီး ဒီပမာဏဟာ အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ စစ်အသုံးစရိတ်ထဲမှာ စံချိန်တင် အမြင့်ဆုံး ပမာဏဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #စစ်အသုံးစရိတ် #ပြည်ထောင်စုလွှတ်တော် #ကာကွယ်ရေးစရိတ် #ငွေကြေး #အစီရင်ခံစာ #WhatsHappeningInMyanmar
👎27😱8❤4👍4😭3
😁16👎2😱1