မြန်မာ၊ တရုတ်၊ ထိုင်း မြစ်ရေ ညစ်ညမ်းမှု ဆွေးနွေးမည်
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများအတွင်း အဆိပ်အတောက်များဖြင့် ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန် တရုတ်နှင့် မြန်မာနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် အမျိုးသား ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ပါးသက်သာစေရေး ကွပ်ကဲမှုအဖွဲ့ အစည်းအဝေးအပြီး ဒု ဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီး ယော့ချာနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) က ကြေညာသည်။
ထိုင်းနိုင်ငံအနေဖြင့် တရုတ်နှင့် မြန်မာ (အာဏာသိမ်းအစိုးရ) တို့ကို ဆက်သွယ်ထားပြီးဖြစ်ကာ လာမည့် နိုဝင်ဘာ ၂၄ ရက်တွင် ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် နှစ်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးအဆင့်ဆွေးနွေးပွဲလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ၂၅ ရက်မှ ၂၆ ရက်အထိ ဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးပြုလုပ်မည့်အပေါ် တရုတ် သမ္မတ ရှီကျင့်ဖျင်ကလည်း ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုကို သိရှိကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖြေကြားထားသည်။
ထို့ပြင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းနှင့် ထိုင်းနိုင်ငံကို ဖြတ်သန်း သယ်ယူခြင်းများကို ကန့်သတ်ရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိကြောင်းဆိုသည်။
နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အတွင်း ချင်းရိုင်ဒေသသို့ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ကာ ဒီဇင်ဘာ ၁၅ ရက် မတိုင်မီ ညစ်ညမ်းမှု အန္တရာယ်ကို စိမ်း၊ ဝါ၊ နီ အဆင့် ခွဲခြားထားသည့် မြေပုံ တခု ရေးဆွဲသွားမည် ဖြစ်သလို၊ လတ်တလော စိုက်ပျိုးသီးနှံများနှင့် သောက်သုံးရေများကို အာဆင်းနစ်ဓာတ်ပါဝင်မှု ရှိမရှိ စစ်ဆေးလျက် ရှိရာ စပါးများတွင် စိုးရိမ်စရာ ညစ်ညမ်းမှု မတွေ့ရှိရသေးသော်လည်း တောင်သူများအတွက် အကူအညီနှင့် လျော်ကြေးပေးရေး အစီအစဉ်များကိုပါ ပြင်ဆင်ထားကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁30👍8❤7😭1
ပေါက်တောမြို့နယ်ကို ဗုံးထပ်ကြဲ၊ လသားကလေးအပါ ၅ ဦး သေဆုံး
ဧရာဝတီ၊ နိုဝင်ဘာ၂၂၊ ၂၀၂၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် (ဝီရဌာနီ) နန်းတက်ကျွန်းရွာကို စစ်တပ်က ယနေ့ နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ အသက် ၅ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၈ နာရီ ၃၂ မိနစ်ခန့်တွင် နန်းတက်ကျွန်းရွာအတွင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံတဦး က “ဈေးထွက်ချိန်ကို ဗုံးနှစ်လုံး ချတာပါ။ ရွာဈေးကို ကျတာ။ ထိခိုက်မှုများတယ်။ မနေ့ကလည်း သဝင်ချောင်းရွာကို ဗုံးကြဲသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သူများမှာ အသက် ၅ လ အရွယ် မောင်ရန်နိုင်စိုး၊ အသက် ၁၆ နှစ် အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အရွယ် မောင်ကျော်မင်းဌေးနှင့် အသက် ၄၃ နှစ် အရွယ် ဒေါ်နုချေတို့အပြင် ဒဏ်ရာပြင်းထန်သူတဦးထပ်မံ သေဆုံးသွားခြင်းဖြစ်သည်။
ထို့ပြင် အသက် ၁ နှစ်မှ ၇၅ နှစ် အတွင်းရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နန်းတက်ကျွန်းရွာ လေကြောင်း တိုက်ခိုက်ခံရမှု မတိုင်မီ တရက်အလို နိုဝင်ဘာ ၂၁ ရက်ကလည်း ဝီရဌာနီမြို့နယ်အတွင်းရှိ သဝင်ချောင်းရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

😭31👎13😁4❤1
အာဆီယံ ခွဲခြားဆက်ဆံနေလျှင် အခြေခံမူများ လိုက်နာဖို့ ခက်မည်ဟု အာဏာသိမ်းအစိုးရ တုံ့ပြန်
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ကျင်းပခဲ့သည့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း အခြေခံမူများအား လေးစားလိုက်နာရန် အခက်အခဲ ရှိမည်ဟု အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် တုံ့ပြန်လိုက်သည်။
အာဆီယံထိပ်သီးအစည်းအဝေးများသို့ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံကသာ အာဆီယံ ပဋိညာဉ်စာတမ်းပါ အခန်း (၄)၊ အပိုဒ် (၇) နှင့် အညီ ဆုံးဖြတ် တက်ရောက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ရရှိမည့် တန်းတူအခွင့်အရေးများနှင့် အပြည့်အဝ ကိုယ်စားပြုခွင့်များကို ငြင်းပယ်၍ ခွဲခြား ဆက်ဆံနေခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသည့်အပြင် အစဉ်အလာလည်း မရှိခဲ့ကြောင်း ဖော်ပြထားသည်။
အာဆီယံသည် ပဋိညာဉ်စာတမ်းပါ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု လေးစားရေး၊ တန်းတူညီမျှမှု ရှိရေး၊ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေးနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ရေး စသည့် မူလ အခြေခံမူများကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်ဟု ရိုးသားစွာ ယုံကြည် မျှော်လင့်ကြောင်း၊ သို့ရာတွင် အာဆီယံဘက်က အဆိုပါ အခြေခံမူများကို လိုက်နာရန် ဆက်လက် ပျက်ကွက်နေမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းမူများ လေးစား လိုက်နာရန် အခက်အခဲရှိမည်ဖြစ်ကြောင်း အသိပေး ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်များမှာ ကျိုးကြောင်းဆီလျော်မှု မရှိဟု နိုဝင်ဘာ ၁၈ ရက်က ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ တတိယ ပုံမှန်အစည်းအဝေး၌ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က ပြစ်တင် ပြောဆိုခဲ့သေးသည်။
၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပထမနေ့၌ မြန်မာ့အရေး ဆွေးနွေးကြရာတွင် ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရာ၌ အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုမရှိသေးသဖြင့် အာဆီယံ အစည်းအဝေးနှင့်ယန္တရားများအတွင်း နိုင်ငံရေး ကိုယ်စားမပြုသူများကိုသာ ဆက်လက် တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ကြောင်း အာဆီယံက ထုတ်ပြန်ထားသည်။
ပုံစာ- ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အာဆီယံခေါင်းဆောင်များ တက်ရောက်စဉ်

😁55❤10😭1
အမျိုးသမီး သူလျှိုများကို (Female Spies) အသုံးချပြီး ပြုလုပ်တဲ့ မာယာထောင်ချောက် (Honey Trap) မစ်ရှင်တွေဟာ ပစ်မှတ်ထားသူတွေ ဆီက နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဆိုင်ရာ အရေးကြီး လျှို့ဝှက်ချက်တွေကို ရယူဖို့ ထောင်ချောက် ဆင်တဲ့ သူလျှိုနည်းဗျူဟာ တခု ဖြစ်…
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/22/417810.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
မာယာ ထောင်ချောက်
ရုပ်ရည်လှပမှု တခုတည်းသာ မက ဉာဏ်ရည် ထက်မြက်မှု၊ စိတ်ပညာ ကျွမ်းကျင်မှုနဲ့ ဆက်ဆံရေး ကောင်းမွန်မှု တို့ကိုပါ အသုံးပြု…
👍29❤1😁1
ရှမ်းအမျိုးသမီးငယ်ကို သတ်ဖြတ် အလောင်းစွန့်ပစ်သည့် ထိုင်း တဦးဖမ်းဆီးခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်၌ အသက် ၁၈ နှစ်အရွယ် ရှမ်းအမျိုးသမီးတဦးအား သတ်ဖြတ်၍ အလောင်းစွန့်ပစ်ခဲ့သည့် အသက် ၄၇ နှစ် အရွယ် ထိုင်းအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
သေဆုံးသူ မအေး (အမည်လွှဲ) ၏ ရုပ်အလောင်းကို နန်းရုန်းခရိုင်၊ နောင်ထွာပဲက်ကျေးရွာ မျက်နှာချင်းဆိုင် အမှတ် ၂၄ အမျိုးသား အဝေးပြေးလမ်းမကြီးဘေးရှိ မြက်တောအတွင်း နိုဝင်ဘာ၂၀ ရက် နံနက် ၁ နာရီခန့်တွင် ဒေသခံများတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရှမ်းအမျိုးသမီးသည် ချင်းရိုင်ခရိုင်မှတဆင့် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့သူဖြစ်ပြီး အိမ်အကူ အလုပ်ရမည်ဟု မက်လုံးပေးကာ ဘူရီရမ်သို့ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက သုံးသပ် ပြောကြားသည်။
သေဆုံးသူ၏ချစ်သူထံ မျှဝေထားသည့် နောက်ဆုံး တည်နေရာမှ တဆင့် စုံစမ်းရာ နန်းရုန်းခရိုင်ရှိ ခေါက်ဆွဲဆိုင်တခုတွင် အဆိုပါ အမျိုးသမီးသည် မသင်္ကာသူ အမျိုးသားနှင့်အတူ ရှိနေခဲ့ပြီး ရုပ်အလောင်းတွေ့ရှိသည့် နေရာနှင့် ကီလိုမီတာ ၄၀ ခန့် ကွာဝေးသော အခန်းတခုသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ကြောင်း ဆိုထားသည်။
ထို့နောက် ယမန်နေ့ နံနက် ၁ နာရီခန့်တွင် နခွန်ပထုန်ပြည်နယ်၌ ထင်နာဖတ် (Thinnaphat) အမည်ရှိ အသက် ၄၇ နှစ် အရွယ် မသင်္ကာသူ အမျိုးသားကို ဘန်ကောက် လိုင်စင် ပစ်ကပ်ကားတစီးနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသား၏ မုဒိမ်းကျင့်ရန် ကြံစည်မှုကို အမျိုးသမီးက ရုန်းကန် ငြင်းဆန်ခဲ့သဖြင့် ဒေါသထွက်ကာ ရိုက်နှက်ပြီး လက်ဖြင့် လည်ပင်းညှစ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ကနဦး ဝန်ခံထားသည်။
ထို့နောက် ရုပ်အလောင်း၏ ခေါင်းနှင့် ခြေထောက်တို့တွင် ပလတ်စတစ် အိတ်များ စွပ်ကာ ပစ်ကပ်ကားပေါ် တင်၍ ကီလိုမီတာ ၃၀ မှ ၄၀ ခန့် ဝေးသည့် လမ်းဘေး၌ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းအား လူသတ်မှု၊ အလောင်း ဖျောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုထားပြီး အခြားသူများ ပါဝင်ပတ်သက်မှု ရှိမရှိကိုလည်း ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

👍35😭3👎2😱2😁1
ICJ စီရင်ချက် သမိုင်းဝင် မှတ်တိုင်တရပ်အဖြစ်ရှုမြင် ဟု SCEF ကြေညာ
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ အပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်သည် နိုင်ငံတကာ တရားစီရင်ရေးတွင် သမိုင်းဝင် မှတ်တိုင် တရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ယနေ့ ထုတ်ပြန်သည်။
နိုင်ငံတကာ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက် ကျူးလွန်သူများသည် မည်သည့် အဖွဲ့အစည်းနှင့် ဆက်နွယ်မှု ရှိသည်ဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် တောင်းဆိုကြောင်းနှင့် အရပ်သား ပြည်သူများ အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၊ အတင်း အကျပ် စစ်မှုထမ်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများအပါအဝင် အမုန်းစကား ဖြန့်ဝေခြင်းတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း SCEF က ဖော်ပြထားသည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ယနေ့တိုင် ဆက်လက် ကျူးလွန်နေသည့် မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်း အပါအဝင် အဓိက တာဝန်ရှိသူများကို အကာအကွယ်ပေးခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းများ မပြုဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ထိရောက်သော လက်တွေ့ အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
SCEF အဖွဲ့ဝင် အဖွဲ့အစည်းများ စိုးမိုး ထိန်းချုပ်ထားသော ဒေသများတွင် အရပ်သား အကာအကွယ်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ရရှိရေး၊ အားလုံး ပါဝင်သော အုပ်ချုပ်ရေး စနစ် ဖော်ဆောင်ရေး၊ အမုန်းစကား တားဆီးရေးနှင့် ချိုးဖောက်မှု စွပ်စွဲချက်များ အပေါ် ယုံကြည် စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေးတို့ အတွက် မိမိတို့၏ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသွားရန် ကတိပြုကြောင်း ဆိုသည်။
ထို့ပြင် တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ရေးကို မြှင့်တင်နိုင်ရန် ICJ ၏ တွေ့ရှိချက်များနှင့် နောက်ဆက်တွဲ အမိန့်များကို ဆက်လက် လေ့လာ သုံးသပ်သွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လက်ရှိ အဓိက အာဏာပိုင် အဖြစ် ရပ်တည်နေသော အာရက္ခတပ်တော် (ULA/AA) အပါအဝင် သက်ဆိုင်သူ အားလုံး၊ နိုင်ငံတကာ အသိုက်အဝန်းတို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ကာ အဖြေရှာရေး လုပ်ငန်းစဉ်များကို အတူတကွ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း SCEF က ကြေညာထားသည်။

👍38❤8😁7👎4
မြေရေညစ်ညမ်းမှုပြဿနာကြောင့် ဓာတုပစ္စည်း သယ်ယူမှု ကန့်သတ်ရန် ထိုင်းအစိုးရ စီစဉ်
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
မြန်မာနိုင်ငံအတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်နေသည့် မြစ်ချောင်း ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရန် သတ္တုတူးဖော်ရာတွင် သုံးသည့် ဓာတုပစ္စည်းများ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့ကို ဆိုင်းငံ့ ပိတ်ပင်မည့် ပြတ်သားသောအစီအမံများ အသုံးပြုရန် ထိုင်းဝန်ကြီးချုပ် စဉ်းစားနေကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ချိုင်းပရွတ် ဒွမ်ပရာဖတ် (Gen. Chaipruek Duangpraphat) က ယနေ့ ပြောကြားသည်။
ယနေ့တွင် ချင်းရိုင်ခရိုင် မယ့်ဖာလုံရှိ ဘန်မုန့်ခေါင်လန် (Ban Mong Kao Lang) ရွာသို့ ကွင်းဆင်းစဉ် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ရှိ မယ်ကြုတ်ရွာအနီးတဝိုက် ရွှေသတ္တုတွင်းများကြောင့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြေကို စစ်ဆေးရင်း ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ထိုင်း NSC ရုံးအနေဖြင့် ဓာတုကုန်ကြမ်းများ ကုန်သွယ်မှုအပေါ်ထိန်းချုပ်ရန် သို့မဟုတ် တင်ပို့ခွင့် ပိတ်ပင်ရန်လိုအပ်သည့် ဓာတုပစ္စည်းစာရင်း ပြုစုလျက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနထံ တင်ပြကာ လာမည့် တနင်္လာနေ့တွင် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး အဒွန် ဘွန်ထမ်ချရွန်က အစည်းအဝေး ခေါ်ယူ ဆွေးနွေးသွားမည် ဖြစ်သည်။
ထို့ပြင် ရေတိုအစီအမံအဖြစ် တရားမဝင် စက်ရုံနှင့် သတ္တုတွင်းများထံ ဓာတုပစ္စည်းများ ခိုးသွင်း ပို့ဆောင်ခြင်းကို ဟန့်တားနိုင်ရန် နယ်စပ် ဂိတ်များနှင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းအသီးသီးအား အရေးပေါ် စစ်ဆေး တားဆီးသွားမည်ဖြစ်သလို အခြားနိုင်ငံမှ ထိုင်းနိုင်ငံကို ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ သယ်ယူမည့် ဓာတုကုန်စည် (Transit goods) များ ထိန်းချုပ်ရန်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သုံးသပ်လျက် ရှိကြောင်း သိရသည်။
မြန်မာဘက်ခြမ်းရှိ သတ္တုတွင်း အများစုကို တရုတ် ကုမ္ပဏီများက လုပ်ပိုင်ခွင့် ရယူလုပ်ကိုင်နေကြပြီး နောက်ဆက်တွဲ ဆိုးကျိုးများအား ထိုင်းပြည်သူလူထုက ခံစားနေရသဖြင့် မူလ အရင်းအမြစ်နေရာမှ ဖြေရှင်းနိုင်ရန် ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာဘက်နှင့် ဆွေးနွေးထားသကဲ့သို့ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ချိုင်းပရွတ်က ရှင်းပြသည်။
ဆက်လက်၍ ထိုင်းအစိုးရအနေဖြင့် တရားဝင် သတ္တုတွင်းများ သာမက အာဏာသိမ်းအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ အခြား လက်နက်ကိုင် အဖွဲ့အသီးသီး ထိန်းချုပ် နယ်မြေတွင် ရှိနေသည့် တရားမဝင် သတ္တုတွင်းများကိုပါ တည်နေရာနှင့် အမျိုးအစားအလိုက် ခွဲခြား သုံးသပ်၍ မတူညီသည့် နည်းလမ်းများဖြင့် ကိုင်တွယ် ဖြေရှင်းသွားမည် ဖြစ်ပြီး သတ္တုတွင်း ဧရိယာများ နယ်စပ်မျဉ်းအနီးသို့ ထပ်မံ တိုးချဲ့ မလာစေရေး ကာကွယ်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။
ပုံစာ- ရှမ်းပြည်နယ် မယ်ကြုတ်ရွာအနီး သတ္တုလုပ်ကွက်များအား ရိုက်ယူထားစဉ်/ Thaipbs

👍34😁6❤4
ထရမ့်က ဆက်သွယ်နေသော်လည်း ကင်မ်ဂျုံအွန်းက ခေါက်ထား
ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် သမ္မတ ဒေါ်နယ်ထရမ့်ကို လျစ်လျူရှု အဆက်အသွယ်ဖြတ် ထားပုံရသည်။
ပြီးခဲ့သည့်နှစ်က ထရမ့်သည် ကင်မ်ထံ ဖုန်းနှင့် “ဆက်သွယ်ရေးလမ်းကြောင်းများ” မှတဆင့် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်း၏ခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ The Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။
ထို့နောက် ထရမ့်သည် စာပေးပို့ရန် ကြိုးပမ်းခဲ့သည်။ အမေရိကန် အရာရှိများသည် နယူးယောက်မြို့ရှိ မြောက်ကိုရီးယား သံတမန်တဦးထံ စာတစောင် ပေးအပ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါသံတမန်က စာကို ဖောက်ဖတ်ခြင်းမရှိဘဲ အမေရိကန် ကိုယ်စားလှယ်ထံ ပြန်လည်ပေးအပ်ခဲ့သည်။
ထရမ့်က “မိတ်ဆွေ” ဟု ခေါ်ဆိုခဲ့ဖူးသည့် အာဏာရှင် ကင်မ်သည် သမ္မတနှင့် စကားပြောဆိုရန် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိတော့ကြောင်း ဤသို့ ငြင်းပယ်ခံရမှုများက ညွှန်ပြနေသည်။ ယင်းမှာ ၎င်းတို့နှစ်ဦး စာများအပြန်အလှန် ပေးပို့ခဲ့ကြပြီး လူချင်းတွေ့ဆုံခဲ့ကြသည့် ထရမ့်၏ ပထမသက်တမ်းကာလနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ထရမ့်အတွက်မူ ၎င်း၏ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည့် သက်တမ်းဝက် ရွေးကောက်ပွဲများအပြီး သမိုင်းတွင်ကျန်ရစ်မည့် နိုင်ငံခြားရေးမူဝါဒ အောင်ပွဲတခုကို ရှာဖွေနေချိန်တွင် ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်သည်။ ကာလရှည်ကြာ အဓိက အငြင်းပွားဖွယ်ရာ ဖြစ်နေသည့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စ ရှိနေသော မြောက်ကိုရီးယားနှင့် အောင်မြင်မှုတခု ရရှိပါက ၎င်းလိုချင်သည့် အောင်ပွဲကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။
ဆယ်စုနှစ်များစွာကြာအောင် အမေရိကန် အရာရှိများသည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်ကို ရပ်တန့်ရန် သို့မဟုတ် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့သော အဆိုပါနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် ၎င်း၏ ပထမဆုံး နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။
ယခုအခါ မြောက်ကိုရီးယားတွင် နျူကလီးယား ထိပ်ဖူးပေါင်း ခန့်မှန်းခြေ ၆၀ ခန့် ပိုင်ဆိုင်ထားပြီး (၂၀၁၉ ခုနှစ်မှစ၍ ၂၀၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခြင်းဖြစ်သည်) အမေရိကန် ပြည်မကြီးသို့ ရောက်ရှိနိုင်စွမ်းရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များလည်း ရှိနေသည်။
ကင်မ်သည် ရုရှား၊ တရုတ်တို့နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ခြင်းနှင့် ခရစ်ပတိုငွေကြေး (cryptocurrency) ခိုးယူမှုများမှ ရရှိသည့် ဝင်ငွေများမှတဆင့် အမေရိကန်၏ ဖိအားများကို ကြံ့ကြံ့ခံနိုင်စွမ်းအား မြှင့်တင်ထားသည်။ မြောက်ကိုရီးယားကို နျူကလီးယား အင်အားကြီးနိုင်ငံအဖြစ် အမေရိကန်က အသိအမှတ်ပြုရန် ၎င်းက လိုလားနေပြီး ယင်းသို့အသိအမှတ်ပြုခြင်းသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လမ်းဖွင့်ပေးနိုင်လိမ့်မည်ဟု အကြောင်းပြထားသည်။ သို့သော် အိမ်ဖြူတော်ကမူ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအပေါ် ဆက်လက်သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း Journal သတင်းစာသို့ ပြောကြားခဲ့သည်။
ကင်မ်ထံ ဆက်သွယ်ရန် ထရမ့်၏ နောက်ဆုံးကြိုးပမ်းမှုမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၎င်း၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်တွင် တွေ့ဆုံပွဲတခု ဖြစ်နိုင်ခြေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့်အပြင် တွေ့ဆုံပွဲ စီစဉ်ပေးရန် လက်ထောက်များကို ဖိအားပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ခရီးစဉ်မတိုင်မီက အမေရိကန် အရာရှိများသည် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် အခြေခံအုတ်မြစ်ချရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ယင်းတွင် မြောက်ကိုရီးယားကို နျူကလီးယား အင်အားကြီးနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း မပြုသော်လည်း ၎င်း၏ နျူကလီးယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းရန် ကာလရှည်ကြာ တောင်းဆိုထားသည့် အမေရိကန်၏ တောင်းဆိုချက်ကို ချန်လှပ်ထားမည့် ကြေညာချက်တခု ထုတ်ပြန်ရန်လည်း ပါဝင်သည်။
အပြန်အလှန်အားဖြင့် အမေရိကန် အရာရှိများသည် ပိုမိုနီးကပ်သော သံတမန်ဆက်ဆံရေးကို တည်ဆောက်ရင်း နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများအပေါ် ကန့်သတ်ချက်များ ထားရှိရန် တောင်းဆိုမည်ဖြစ်သည်။
သို့သော်လည်း ထရမ့်-ကင်မ် တွေ့ဆုံပွဲမှာ အမှန်တကယ် ဖြစ်မြောက်လာခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် အောက်တိုဘာလက ထရမ့်သည် Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား မြောက်ကိုရီးယားနှင့် ဆက်သွယ်ရခက်ခဲပုံကို ပြောကြားရာ၌ “သူတို့ဆီမှာ နျူကလီးယားလက်နက်တွေ အများကြီးရှိပေမဲ့ တယ်လီဖုန်းဝန်ဆောင်မှုကတော့ သိပ်မရှိဘူး” ဟု ဆိုခဲ့သည်။
ထရမ့်၏ ပထမသက်တမ်းအတွင်းက ၎င်းတို့နှစ်ဦးသည် အပြန်အလှန် စော်ကားပြောဆိုရာမှ (ထရမ့်က ကင်မ်ကို “ဒုံးပျံလူသားလေး” ဟု ခေါ်ဆိုခဲ့ပြီး ကင်မ်က ထရမ့်ကို “အသက်ကြီး၍ အသိဉာဏ်ချို့ယွင်းနေသူ” ဟု ခေါ်ဆိုခဲ့သည်) ထရမ့်က ၎င်းတို့ “ချစ်ကျွမ်းဝင်သွားကြပြီ” ဟု ကြေညာရသည်အထိ မြှောက်ပင့်ရေးသားထားသော စာများ အပြန်အလှန် ပေးပို့ခဲ့ကြသည်။

❤5🤔1
၎င်းတို့သည် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြပြီး ၂၀၁၉ ခုနှစ်တွင် ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံနယ်စပ်သို့ ရောက်လာသည့် ပထမဆုံး လက်ရှိတာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ ဖြစ်လာခဲ့သော်လည်း ၎င်းတို့၏ သံတမန်ရေးရာ ကြိုးပမ်းမှုများသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအပေါ် ကြီးမားသော အောင်မြင်မှု တစုံတရာ မရရှိခဲ့ပေ။
ယခုလအစောပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က မြောက်ကိုရီးယားသည် ၎င်း၏ မူလ ယူရေနီယံ သန့်စင်ရေး စက်ရုံကို တိုးချဲ့နေကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းမှာ ၎င်း၏ နျူကလီးယားလက်နက် အစီအစဉ်ကို အားကောင်းစေရန် ကတိပြုထားသည့်အတိုင်း လုပ်ဆောင်နေကြောင်း နောက်ထပ် သက်သေတခုပင် ဖြစ်သည်။
ကိုးကား။ ။ The Independent သတင်း Trump keeps trying to connect with Kim Jong Un, but the North Korean leader has ghosted him: report
ပုံစာ - ၂၀၁၉ ခုနှစ်တွင် ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံနယ်စပ်သို့ ရောက်လာသည့် ပထမဆုံး လက်ရှိတာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်/ AFP

👍2❤1
အီရန်စစ်ပွဲကြောင့် ရေနေတိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုကို သတိပြုမိစေရန် ရေကူးသမားတဦး ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကူး
ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။
ကုလသမဂ္ဂ၏ သမုဒ္ဒရာဆိုင်ရာ နာယက (United Nations Patron of the Oceans) တဦးဖြစ်သူ ဗြိတိန် ရေကူးသမား လူးဝစ်ပျူးသည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲက ဒေသတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၏ နေထိုင်ကျက်စားရာ နေရာများနှင့် သဘာဝတောရိုင်းတိရစ္ဆာန်များကို မည်သို့ခြိမ်းခြောက်နေကြောင်း မီးမောင်းထိုးပြရန် ပြီးခဲ့သည့်သီတင်းပတ်အတွင်း သုံးရက်ကြာ အဆိုပါ အန္တရာယ်များသော ဟော်မုဇ်ရေလက်ကြား၏ အစိတ်အပိုင်းများကို ဖြတ်ကူးခဲ့သည်။
ရေကူးဘောင်းဘီတို၊ ရေကူးမျက်မှန်နှင့် ကုလသမဂ္ဂတံဆိပ်ပါ ရေကူးဦးထုပ်တို့ကိုသာ ဝတ်ဆင်ထားသည့် အဆိုပါ အားကစားသမားသည် ရေလက်ကြား၏ တောင်ဘက်အစွန်ဆုံးရှိ မူဆန်ဒမ်ကျွန်းဆွယ် (Musandam Peninsula) မှ စတင်ကူးခတ်ခဲ့ပြီး ဟော်မုဇ်အငူ (Cape of Hormuz) ကို ပတ်ကာ စုစုပေါင်း ၉.၃ မိုင်ခန့် ကူးခတ်ပြီးစီးခဲ့သည်။ စစ်ပွဲစတင်ချိန်မှစ၍ ထိုနေရာတွင် တာဝေးရေကူးခြင်းကို လုပ်ဆောင်သည့် ပထမဆုံးပုဂ္ဂိုလ်မှာ ပျူးဖြစ်မည်ဟု ယူဆရသည်။
တနင်္လာနေ့က ရေထဲသို့ဆင်းပြီး မိနစ်ပိုင်းအကြာတွင် ပင်လယ်ပြင်ကိုပင် တုန်ခါသွားစေသည့် ပြင်းထန်သော ပေါက်ကွဲသံကြီး နှစ်ချက်ကို ကြားလိုက်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ကျနော် မော့ကြည့်လိုက်တော့ လေးကီလိုမီတာလောက် အကွာမှာရှိတဲ့ ရေနံတင်သင်္ဘောတစင်း ထိမှန်သွားတာကို တွေ့လိုက်ရတယ်" ဟု လန်ဒန်သို့ ပြန်လည်ရောက်ရှိပြီးနောက် The Associated Press သတင်းဌာနသို့ ၎င်းက ပြောပြသည်။ "ပေါက်ကွဲသံက တအားကျယ်တယ်၊ ဝုန်းခနဲ နှစ်ချက်မြည်သွားပြီး တိုက်လေယာဉ်တွေ ဝင်လာတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားရမယ်ဆိုတာ သဘောပေါက်လိုက်တယ်"
အသက် ၅၆ နှစ်အရွယ် ပျူးသည် တိုက်ခိုက်ခံရပြီးနောက် ကောင်းကင်ယံသို့ မီးလုံးကြီးများ တက်သွားသည့် အခြားသင်္ဘောတစင်းကို ဖြတ်ကျော်ခဲ့ရခြင်း အပါအဝင် အကြိမ်ကြိမ် ရပ်နားလိုက်၊ ပြန်ကူးလိုက်ဖြင့် ၎င်း၏ စွမ်းဆောင်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
"လူအများစုက ဟော်မုဇ်ရေလက်ကြားအကြောင်း တွေးလိုက်ရင် သင်္ဘောသွားလာရာ လမ်းကြောင်းတခုလို့ပဲ မြင်ကြတယ်" ဟု ၎င်းက ဆိုသည်။ "ဒါပေမဲ့ ဒီနေရာဟာ ကျနော် ရောက်ဖူးသမျှထဲမှာ အလှပဆုံး နေရာတွေထဲက တခုဖြစ်သလို… သဘာဝလောကကြီးရဲ့ ရတနာသိုက်ကြီးတွေထဲက တခုလည်း ဖြစ်ပါတယ်"
"ဒီသင်္ဘောတွေအားလုံး နစ်မြုပ်ကုန်တာနဲ့အမျှ ဒီဒေသဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအောက်ကို ရောက်နေပါပြီ" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ "ဒီဒေသ ပြန်လည်နာလန်ထူဖို့ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရပါလိမ့်မယ်"
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က စစ်ပွဲစတင်ခဲ့ခြင်းမပြုမီက ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတပုံ ဖြတ်သန်းသွားလာခဲ့သည့် အဆိုပါ အရေးပါသော ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် အီရန်သည် ရေလက်ကြားအတွင်း ခွင့်ပြုချက်မရှိသော လမ်းကြောင်းများမှ သွားလာသည်ဟု ၎င်းတို့စွပ်စွဲထားသည့် သင်္ဘောများအပေါ် မကြာသေးမီ သီတင်းပတ်များအတွင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ရေနံတင်သင်္ဘော အများအပြားသည်လည်း တီဟီရန်က ထောင်ထားသည့် ရေမြှုပ်မိုင်းများနှင့် တိုက်မိခဲ့ပြီး အချို့မှာ ပေါက်ကွဲမီးလောင်ခဲ့ရာ ယင်းတို့အနက် ပြီးခဲ့သည့်လက ရေနံစည်ပေါင်း ၂ သန်းကျော် တင်ဆောင်လာသည့် သင်္ဘောတစင်းလည်း ပါဝင်သည်။
ဖေဖော်ဝါရီလမှစ၍ ပျက်စီးခဲ့သော ရေနံတင်သင်္ဘော ဒါဇင်ပေါင်းများစွာမှ ယိုစိမ့်ထွက်လာသည့် ရေနံများသည် ဒေသတွင်းရှိ တိရစ္ဆာန်များအပြင် ကမ်းရိုးတန်းများ၊ သန္တာကျောက်တန်းများနှင့် ဒီရေတောများအတွက်ပါ ရေရှည်ပြဿနာများ ဖန်တီးနိုင်ကြောင်း ပျူးက သတိပေးခဲ့သည်။
၎င်းရွက်လွှင့်ဝင်ရောက်လာစဉ် လှေနောက်သို့ လိုက်ပါလာသည့် လင်းပိုင်အုပ်ကြီးများအပြင် ပင်လယ်လိပ်များနှင့် ဝန်လက်ငှက် (ospreys) များကို တွေ့မြင်ခဲ့ရပုံကို ၎င်းက ပြန်လည်ပြောပြသည်။ ထို့အပြင် စစ်ပွဲမတိုင်မီက အိုမန်ကမ်းရိုးတန်းတစ်လျှောက် ရေကူးစဉ် တွေ့မြင်ခဲ့ရသည့် ပင်လယ်လိပ် ရာပေါင်းများစွာကိုလည်း အံ့ဩချီးမွမ်းခဲ့သည်။
"အဲဒီနေရာထဲကို ရေနံတွေ ရောက်သွားပြီဆိုရင်၊ ဓာတုညစ်ညမ်းမှုတွေ ဝင်သွားပြီဆိုရင် အဲဒီလို အညစ်အကြေးမျိုးကို သန့်ရှင်းဖို့ဆိုတာ အရမ်းကို ခက်ခဲသွားပါပြီ" ဟု ၎င်းက ဆိုသည်။ "ဒါဟာ မျိုးဆက်ပေါင်းများစွာအထိ ကျန်ရစ်နေမှာပါ"
ပျူးသည် ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့မှ အဏ္ဏဝါပတ်ဝန်းကျင်များကို ကာကွယ်ရန် ပိုမိုလုပ်ဆောင်ကြရေး တိုက်တွန်းရန် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အန္တာတိကတိုက်မှသည် ပင်လယ်နီနှင့် အင်္ဂလိပ်ရေလက်ကြားအထိ နေရာအနှံ့အပြားတွင် အချိန်အတော်များများ ရေကူးခဲ့သူဖြစ်သည်။

👍5
၎င်းသည် မြောက်ဝင်ရိုးစွန်းကို ဖြတ်ကူးသည့် ပထမဆုံး အားကစားသမားဖြစ်ပြီး ကမ္ဘာ့သမုဒ္ဒရာတိုင်းတွင် တာဝေးရေကူးခြင်းကို ပြီးမြောက်အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် သန့်ရှင်းသော မြစ်ချောင်းများ၏ အရေးပါပုံကို မီးမောင်းထိုးပြရန် ဟဒ်ဆန်မြစ် (Hudson River) ၏ မိုင်ပေါင်း ၃၁၅ မိုင်လုံးကို ကူးခတ်ခဲ့သည်။
၎င်း၏ ကြိုးပမ်းချက်များသည် ထိခိုက်လွယ်သော သမုဒ္ဒရာဧရိယာ စတုရန်းမိုင်ပေါင်း ၁.၃၅ သန်းကျော်ကို ကာကွယ်ရန် တရားဝင် သဘောတူညီချက်များ ရရှိစေရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားသည်။
အချို့က ပျူး၏ ခမ်းနားသော ရေကူးစွမ်းရည်နှင့် နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်မှု ပေါင်းစပ်ထားခြင်းကို "ရေကူးဘောင်းဘီတို သံတမန်ရေးရာ (Speedo diplomacy)" ဟု တင်စားခေါ်ဝေါ်ကြသည်။
"ကျနော့်ရဲ့ သတင်းစကားက အရမ်းရိုးရှင်းပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ "ကျနော်တို့ စစ်ပွဲကို ရပ်တန့်ရမယ်။ ရေလက်ကြားကို ပြန်ဖွင့်ရမယ်၊ ပြီးတော့ ညစ်ညမ်းမှုတွေကို သန့်ရှင်းပစ်ရပါမယ်"
ကိုးကား။ ။ AP သတင်း Athlete swims Strait of Hormuz to raise awareness of Iran war's toll on wildlife

👍4