The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍29❤3👎3
စီးပွားရေးဆန်သည်ဟု ဝေဖန်နေကြသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

ရိုးရာ အစဉ်အလာမပြတ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲကို နိုဝင်ဘာ ၁၆မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်နေပြီး ယနေ့ ဆုပေးပွဲ ကျင်းပမည်ဖြစ်ကာ မီးပုံးပျံပွဲ၌ လွှတ်တင်သော မီးပုံးမျိုးစုံကို မြင်ကွင်းကောင်းကောင်းဖြင့် မြင်ရသော အထပ်မြင့် Bar များတွင် စားပွဲများကို Package အလိုက် ရောင်းချနေရာ လူဦးရေ ၅ ဦးအတွက် ဝိုင်းတဝိုင်းလျှင် ကျပ် ၅ သိန်း၊ လူ ၈ ဦးမှ ၁၀ ဦးစာ ဝိုင်းအတွက် ၁၄ သိန်းမှ ၁၈ သိန်းအထိ ကျသင့်ကြောင်း၊ Package တခုတွင် လူတဦးချင်း ဝင်ကြေး၊ ဘီယာ တာဝါ ၁ လုံးနှင့် အမြည်းအချို့ပါဝင်ကြောင်း သိရသည်။

“ ဒီလို Table တွေဝယ်ကြည့်ရတာက မနှစ်ကမှ စတာ၊ အရင်တုန်းက အဲဒီလို မရှိဘူး။ မနှစ်ကလည်း ဒီလောက် ဈေးမများဘူး။ ဒီနှစ်မှ ဈေးက ၅သိန်း ၊ ၆ သိန်းတွေ စကြားရတာ။ ရန်ကုန်နဲ့ တခြားက ဧည့်သည်တွေလောက်ပဲ ဝယ်ကြည့်ကြတာ၊ ဒေသခံတွေက ကွင်းထဲမှာ ဖျာနဲ့ ကြည့်ကြတာ“ ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

ဓာတ်ပုံ-ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍31❤10👎7😭2😁1
👍17😁1😭1
👍17😁2😭2
မလေးရှားပိုင် နာမည်ကြီး Manhattan FISH MARKET မြန်မာဆိုင်ခွဲအားလုံး အပြီး ပိတ်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

မလေးရှားပိုင် နာမည်ကျော် ပင်လယ်စာစားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET Myanmar ၏ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဆိုင်ခွဲအားလုံးကို အပြီးပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ယနေ့ တရားဝင်ကြေညာသည်။

အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရှိ Myanmar Plaza ဆိုင်ခွဲကို မနက်ဖြန်မှစ၍ အပြီးပိတ်သိမ်းမည်ဖြစ်ပြီး ကျန် ဆိုင်ခွဲအားလုံးကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

The Manhattan FISH MARKET သည် မလေးရှားနိုင်ငံအခြေစိုက် စားသောက်ဆိုင်လုပ်ငန်းစုဖြစ်သည့် Revenue Valley Sdn Bhd ကုမ္ပဏီက စတင်တည်ထောင်ခဲ့သည့် အမေရိကန်စတိုင် ပင်လယ်စာစားသောက်ဆိုင်ဖြစ်ပြီး မီးတောက်ဖြင့် ကင်သည့် ပင်လယ်စာဟင်းလျာများ ၊ ငါးနှင့် အာလူးကြော် (Fish 'n Chips) နှင့် ပင်လယ်စာဟင်းပွဲကြီးများကြောင့် လူသိများကာ အာရှနိုင်ငံအများအပြားတွင် ဆိုင်ခွဲများ ဖွင့်လှစ်ထားသည့် နာမည်ကျော် စားသောက်ဆိုင်လုပ်ငန်းတခုလည်း ဖြစ်သည်။

၂၀၁၄ ဧပြီလ ၅ ရက်တွင် ရန်ကုန်မြို့ရှိ MMG Tower ၌ ပထမဆုံးဆိုင်ခွဲကို စတင်ဖွင့်လှစ်ကာ မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာခဲ့ပြီး ထိုအချိန်မှစ၍ ရန်ကုန်မြို့ Myanmar Plaza အပါအဝင် ဆိုင်ခွဲ ၂ ခုနှင့် မန္တလေးမြို့တွင် ဆိုင်ခွဲ ၁ ခု၊ စုစုပေါင်း ဆိုင်ခွဲ ၃ ခုအထိ တိုးချဲ့ဖွင့်လှစ်လုပ်ကိုင်ခဲ့ရာ သက်တမ်း ၁၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍40😁4❤3🤔1😭1
👍11😁2
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာလ ၂၅၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်

ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးဖြစ်ပြီး ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကာ ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၇၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၃,၈၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၃,၈၈၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၁၅၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၀၄၀ ကျပ်
ယင်းဈေးမှာ အာဏာသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၅,၃၀၀ ကျပ်ကျော်တွင်ရှိနေ (ဈေးတက်နေ)
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၅၃၅
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၆,၉၅၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍30❤9👎2😁1
👎30😁5😭1
CLMV အစည်းအဝေးတက်ဖို့ မင်းအောင်လှိုင် ဗီယက်နမ် သွားမည်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ခံထားရသော အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (CLMV) တက်ရောက်ရန် ယခုရက်ပိုင်းအတွင်း ဗီယက်နမ်သို့ သွားရောက်မည်ဟု VietNamNet Global သတင်းတွင် ဖော်ပြသည်။

၂၀၂၆ ခုနှစ်အတွက် CLMV ပူးပေါင်းဆောင်ရွက်ရေးယန္တရား ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဗီယက်နမ်သည် နိုဝင်ဘာ၂၈ ရက်တွင် ဟနွိုင်းမြို့၌ ၁၂ ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေး လက်ခံကျင်းပမည်ဖြစ်ပြီး ၁၁ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံနှင့် အတူ ပူးတွဲကျင်းပမည် ဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟုန်၊ မြန်မာ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်၊ လာအိုဝန်ကြီးချုပ် ဆလမ်ဆိုင်း ကွမ်မာဆစ်၊ ထိုင်း ဝန်ကြီးချုပ် အနုတင်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်တို့အပြင် ဒေသတွင်း မိတ်ဖက်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။

CLMV ကို ၂၀၀၄ ခုနှစ်တွင် မဲခေါင်းမြစ်ဝှမ်းနိုင်ငံများဖြင့် စတင်ထူထောင်ခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ၊ ပို့ဆောင်ရေး၊ ခရီးသွားလာရေးနှင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ ဦးစားပေး နယ်ပယ် ၈ ခုအပေါ် အဓိကထား ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ၄ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ရန်၊ ချိတ်ဆက်မှုကို အားကောင်းစေရန်နှင့် အာဆီယံအတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို ကျဉ်းမြောင်းစေရန်အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ဖော်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎36😁13❤8👍1😭1
👎23❤2😁1😱1
👎23❤5😁1😱1
ထိုင်းဘုရင့်လေတပ် နှစ်၉၀ပြည့် လေကြောင်းပြပွဲ မြန်မာလေတပ်မှ Su-30 တိုက်လေယာဉ် ပါဝင်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

ထိုင်းဘုရင့်လေတပ်မတော် နှစ် ၉ဝမြောက် အထိမ်းအမှတ် လေကြောင်းပြပွဲကို လာမည့်ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ရာ မြန်မာနှင့် လာအိုလေတပ်မှ တိုက်လေယာဉ်များ ပထမဆုံးအကြိမ် ပါဝင်ပြသမည်ဖြစ်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်သာက အမျိုးသားလေတပ်နှင့် လေကြောင်းပြတိုက်၌ ယနေ့ ပြောသည်။

လေတပ်ဦးစီးချုပ်က မြန်မာလေတပ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် လေပိုင်နက် ကျူးကျော်ဝင်ရောက်မှုများ ထပ်မံဖြစ်ပွားခြင်း မရှိတော့သလို ၎င်းတို့အချင်းချင်း ပုံမှန်အဆက်အသွယ်ရှိနေပြီး တဖက်နှင့်တဖက် ခြိမ်းခြောက်မှုများ မဖြစ်ပေါ်စေရန် ကတိကဝတ်ပြုထားကြောင်း ဆိုသည်။

၂၀၂၇ ဇန်နဝါရီလ ၂၂ မှ ၂၄ ရက်အထိ ကျင်းပမည့် ထိုင်းလေတပ်၏ နှစ် (၉၀) ပြည့် လေကြောင်းပြပွဲတွင် မြန်မာနိုင်ငံက Su-30 တိုက်လေယာဉ် တစင်းကို ခင်းကျင်းပြသရန် စေလွှတ်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေးပြဿနာများကို ကိုယ်တိုင်ဖြေရှင်းရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံအပေါ် သက်ရောက်လာသည့် မည်သည့်ကူးစက်ရိုက်ခတ်မှုကိုမဆို နှစ်ဖက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ် ပြည်သူများအပေါ် သက်ရောက်မှု ရှိနေနိုင်သေးသဖြင့် နှစ်ဖက်စလုံးအနေဖြင့် သတိထားဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း ၎င်းက ပြောသည်။

လေတပ်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုမှတဆင့် ဖြေရှင်းရန် တိုက်တွန်းသည့် ထိုင်းအစိုးရ၏ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်နေခြင်းဖြစ်ကာ အချို့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောသွားသည်။
👎47❤15😁6👍1😱1
• ICJ ဆုံးဖြတ်ချက်အပေါ် အာဆီယံဥက္ကဋ္ဌနိုင်ငံ သဘောထားထုတ်ပြော

• မြန်မာဒုက္ခသည်ဝန်ထုပ်ဝန်ပိုးကို ဆက်ထမ်းမထားနိုင်တော့ဘူးလို့ မလေးရှားပြော

• တန်ဆောင်မုန်းလပြည့်နေ့ ဗုံးကြဲခံရလို့ ကလေးငယ်နဲ့ အရပ်သားတွေသေဆုံး

• မြေမြှုပ်မိုင်းကြောင့် သေဆုံးထိခိုက်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာ ၃ နှစ်ဆက်တိုက်ရှိနေ

• Huawei ကို အပြစ်ရှိကြောင်း အမေရိကန် တရားရုံး ဆုံးဖြတ်

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆


https://youtu.be/iv9lQyr-_ZM
👍36❤4😁3
စစ်အုပ်စုက စင်ကာပူဥက္ကဋ္ဌသက်တမ်းမှာ သူတို့ပူးပေါင်းဆောင်ရွက်ချင်မှ ဆောင်ရွက်လိမ့်မယ်လို့ ထုတ်ပြောထားတာမျိုး သတိပြုမိတယ်၊ ကျနော်တို့ကတော့ ဒီလိုမျိုး စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို အာဆီယံက ဆက်ပြီး နေရာမပေးသင့်တော့ဘူးဆိုတဲ့ ရှုထောင့်ကနေ ရပ်ပြီး ထပ် တိုက်တွန်းခဲ့တယ် ...

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/25/417862.html
👍42😁4❤2😭1
"ဒေါ်လာဈေး မတည်ငြိမ်လို့ လုပ်ငန်းရှင်တွေ ဘယ်ဈေးနဲ့ ရောင်းရမယ်မသိဖြစ်နေပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုတယ်။ မဟုတ်ရင် ပြည်တွင်းစားသုံးမှုအတွက်ပါ အခက်အခဲ ရှိလာနိုင်တယ်။ ဒေါ်လာဈေးတက်လာတာနဲ့အမျှ ပို့ကုန်လုပ်ငန်းရှင်တွေလည်း ထိခိုက်မှု ရှိလာတယ်။ ပို့ကုန်ရငွေ ၈၅ ရာခိုင်နှုန်းကို ပြင်ပဈေးနဲ့ ရောင်းခွင့်ရှိတယ်ဆိုပေမယ့် ဘဏ်တွေက လက်ရှိ ပေါက်ဈေးအတိုင်းပေးချေနိုင်ခြင်းမရှိတဲ့အတွက် ရသင့်ရထိုက်တဲ့ ငွေတန်ဖိုးမရတော့ဘဲ လုပ်ငန်း မကိုက်လို့ ပြည်ပတင်ပို့မှုတွေ ရပ်နားလာကြတယ်”


Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/25/417869.html
👍40😁4❤3🤔3😭1
ဆီမီးရောင်နဲ့ မီးပုံးတွေ လွှမ်းခြုံထားတဲ့ ထိုင်းရိုးရာပွဲတော်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလထဲမှာပဲ ရိုးရာ လွိုင်ကထုန်ပွဲတော်နဲ့ လန်နာလူမျိုးတွေရဲ့ ယီပင်းမီးပုံးပွဲတော်တို့ကို ကျင်းပနေတာ ဖြစ်ပါတယ်။ လွိုင်ကထုန်ပွဲတော်ကတော့ နိုဝင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ဖြစ်ပါတယ်။

လွိုင်ကထုန်ပွဲတော်ဟာ ရေနတ်သမီးကို ကျေးဇူးတင်ပူဇော်ပြီး အမှားအယွင်းတွေကို တောင်းပန်ကာ ကံကောင်းခြင်းအသစ်တွေ ရရှိဖို့အတွက် ငှက်ပျောအူ၊ ငှက်ပျောရွက်၊ ပန်းနဲ့ ဖယောင်းတိုင်တွေနဲ့ အလှဆင်ထားတဲ့ မီးဖောင်ငယ်တွေကို ရေပေါ်မျှောလွှတ် ဆုတောင်းကြတဲ့ပွဲတော် ဖြစ်ပါတယ်။

ယီပင်းပွဲတော်ကတော့ စက္ကူမီးပုံးတွေ ချိတ်ဆွဲအလှဆင်ပြီး မကောင်းမှုနဲ့ ကံဆိုးမှုတွေ ကင်းဝေးကာ ကံကောင်းခြင်းတွေ ရောက်ရှိလာစေဖို့ “ခိုမ် လွိုင်” လို့ခေါ်တဲ့ မီးပုံးပျံတွေကို ကောင်းကင်ပေါ် လွှတ်တင်ဆုတောင်းကြတဲ့ ရိုးရာပွဲတော်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တန်ဆောင်တိုင်ပွဲတော်၊ မွန်ပြည်နယ်က ဆွမ်းအိုးမျှောပွဲတို့နဲ့ ဆင်တူတဲ့ ဒီပွဲတော်နှစ်ခုဟာ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးယုံကြည်မှုတွေကို ထင်ဟပ်စေတဲ့ ချင်းမိုင်မြို့ရဲ့ အထင်ကရ ပွဲတော်တွေလည်း ဖြစ်ပါတယ်။


https://youtu.be/Jabi04H_lTY
👍28❤8👎1😁1