The Irrawaddy - Burmese
✔
74.9K subscribers
38.9K photos
2.52K videos
3 files
18.3K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ငွေလဲသမားတချို့ အဖမ်းခံရ ဒေါ်လာဈေး အနည်းငယ်ပြန်ကျ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

ရန်ကုန်မြို့တွင် တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်မှုဖြင့် ငွေလဲလုပ်ကိုင်သူတချို့ကို အာဏာသိမ်းအစိုးရက ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ယမန်နေ့က တဒေါ်လာ ၅,၅၀၀ ကျော်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၅,၄၀၀ ကျပ်သို့ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အလားတူ ယမန်နေ့က ထိုင်းတဘတ်လျှင် ၁၆၇ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၁၅၇ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ပြီး တရုတ်တယွမ်လျှင် ၈၃၀ ကျပ်ဝန်းကျင်မှ ၈၀၀ ဝန်းကျင်သို့ ကျဆင်းလာခဲ့သည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ကုန်ဈေးနှုန်းနှင့် ငွေလဲနှုန်းမြင့်တက်မှုများမှာ နိုင်ငံခြားငွေကိုင်ဆောင်ထားသူများ၏ ဈေးကစားမှုကြောင့် ဖြစ်ကြောင်း အပြစ်တင် ပြောဆိုခဲ့သည်။

ယင်းနောက် ဗဟိုဘဏ်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေရောင်းဝယ်သည်ဟုဆိုကာ ရန်ကုန်မြို့ ဆူးလေဘုရား လူကူးခုံးကျော်တံတားအနီးတွင် နိုဝင်ဘာ ၂၁ ရက်က ရာဂျာ (ခ) အောင်ချိုထွန်းနှင့် ပန်းပဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် နိုဝင်ဘာ ၂၂ ရက်က မိုဟာမက်ယူနုစ် (ခ) မောင်မောင်လွင်တို့ကို နိုင်ငံခြားငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁40❤8👍3😱1
အာဏာသိမ်းအစိုးရ၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ တနင်္သာရီတိုင်း၌ ကရင်အမျိုးသား အစည်းအရုံး (KNU)က မူလရှိနေသည့် တပ်မဟာ ၄အပြင် အထူးလှုပ်ရှားနယ်မြေ အဖြစ်သတ်မှတ်ကာ တပ်မဟာ ၉ ကို အသစ်ထပ်မံ ဖွဲ့စည်းလိုက်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/27/417902.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍30❤7😁4
မြဝတီမြို့ သောင်ရင်းမြစ်ကမ်းက ကျားဖြန့်ရုံများ စစ်တပ်ဝင်စီး တရုတ်ရာချီ ထွက်ပြေး

ဧရာဝတီ၊ နိုဝင်ဘာ ၂၇ ၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် သောင်ရင်းမြစ်ကမ်းနားရှိ ကျားဖြန့်ရုံများကို ယနေ့ နေ့လယ်ပိုင်း၌ စစ်တပ်က ဝင်ရောက်စီးနင်းသောကြောင့် တရုတ်နိုင်ငံသားများအပါအဝင် ကျားဖြန့်လုပ်သား ရာချီ ထွက်ပြေးကြကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က ဝင်စီးသည့်နေရာများသည် ထိုင်း-မြန်မာ ၁၃ ဂိတ်အနီး သောင်ရင်းမြစ်တဖက်ကမ်းရှိ ဟိုတယ်အဆောက်အဦနေရာများဖြစ်သည့် ဟိတ်စိန့် ကာစီနိုနှင့် ကျားဖြန့် အဆောက်အအုံဝင်းများဖြစ်ပြီး နေ့လယ် ၁ နာရီခန့် အချိန်၌ ကျားဖြန့်များ ရာချီထွက်ပြေးနေကြသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတဦးက '' ဟိတ်စိန့် ကျားဖြန့်ကို စစ်တပ်က အခုပဲဝင်စီးတာ ။ ကျားဖြန့် တရုတ်တွေ သောင်ရင်းမြစ်တွေထဲပါ ခုန်ချထွက်ပြေးကြတယ် ။ ဟိတ်စိန့် ရော ဂရန်းမြဝတီ (Grand Myawaddy)ရော စစ်တပ်ဝင်စီးတာ '' ဟု ပြောသည် ။

မြဝတီမြို့ရှိ ကျားဖြန့်များဆိုက်တချို့ကို စစ်တပ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စီးနင်းမှုများပြုလုပ်ခဲ့သော်လည်း ယခုနှစ်စပိုင်းမှစ၍ မြဝတီ၌ ကျားဖြန့်များ ပြန်လုပ်ကိုင်နေရာ ယခုတဖန် ထပ်မံစီးနင်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။

အမေရိကန်ပြည်သူများ နှစ်စဉ်ဒေါ်လာဘီလီယံနှင့်ချီ ဆုံးရှုံးနေရသော မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့် ) စင်တာများကို ဖြိုခွင်းသွားမည်ဟု မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမေရိကန်၏ ၄ နှစ်တာ မဟာဗျူဟာ ကြေညာခဲ့ပြီးနောက် မြဝတီမြို့၌ ကျားဖြန့်များ ပြန်လည်ခေါင်မထောင်လာစေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က မြန်မာအာဏာသိမ်းအစိုးရ တာဝန်ရှိသူများကို ယခုလဆန်းပိုင်းတွင် အထူးသတိပေးထားသည် ။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁50❤8👍5🤔1
အမှန်တရား ရှင်သန်နိုင်ရေးအတွက် ဧရာဝတီနှင့်အတူ ရပ်တည်ပါ

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ အဘက်ဘက်က ဖိနှိပ်တိုက်ခိုက်ခံနေရပေမယ့်ဧရာဝတီကတော့ သတင်းကျင့်ဝတ်နဲ့အညီ မကြောက်မရွံ့ မျက်မှောက်သမိုင်းကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်နေပါတယ်။

ဒီနေ့အထိ ဧရာဝတီ ကြံ့ကြံ့ခံ ရပ်တည်နိုင်တာဟာ ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့ အားပေးဝန်းရံမှုကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာအဖြစ် ရပ်တည်သွားနိုင်ဖို့ ပရိသတ်တွေရဲ့ ဆက်လက်ပံ့ပိုးမှုဟာ အရေးကြီးပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ရုန်းကန်တိုက်ပွဲဝင်နေတဲ့ ခရီးမှာ ကျနော်တို့နဲ့အတူ လက်တွဲပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ အမှန်တရား မပျောက်ကွယ်သွားဖို့ ဧရာဝတီကို ဝိုင်းဝန်းကူညီပေးကြပါ။

https://www.irrawaddy.com/donation
👍40❤7😁5👎1
👎25😁13❤4😭1
မန္တလေးတွင် ဦးဝီရသူနှင့် ပါတီများ ဦးဆောင်၍ ICJ စီရင်ချက် ရှုတ်ချပွဲ လုပ်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချပွဲကို လာမည့် ဒီဇင်ဘာ ၄ ရက် မန္တလေးမြို့တွင် ပြုလုပ်သွားမည်ဟု မဘသ (အမျိုးဘာသာသာသနာ ထောက်ခံသူများ) အသိုင်းအဝိုင်းက သိရသည်။

ဒီဇင်ဘာ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ အမျိုးသားနေ့ဖြစ်ပြီး နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ နန်းမြို့ရိုး ကျုံးအရှေ့ဘက် ၆၆ လမ်းနှင့် ၁၄ လမ်းထောင့်မှ ၆၆ လမ်းအတိုင်း ၁၂ လမ်းအထိ ချီတက်ကာ ၁၂ လမ်းရောက်ရှိချိန်၌ ၆၆ လမ်းအတိုင်း ၂၆ လမ်းအထိ လမ်းလျှောက်ကြမည်ဟု သိရသည်။

“ပါတီဘက်ကတော့ ကျားဖြူပါတီက ဦးဆောင်တယ်လို့ သိရတယ်ဗျ၊ အမျိုးသားရေးအင်အားစုတွေကိုတော့ ဆရာတော် ဦးဝီရသူ ဦးဆောင်မယ်၊ ကျုံးအရှေ့ဘက်ခြမ်းမှာ ချီတက်လမ်းလျှောက်ကြမယ်၊ ၂၆ လမ်းမှာ ဟောပြောတွေ လုပ်မယ်ပေါ့ နော် အဲဒီလိုတော့ သိရတယ်၊ ခွင့်ပြုချက်ရထားပြီးလို့လည်း သိရတယ်၊ ကျနော်တို့ပါတီကတော့ မပါပါဘူး”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို လူဦးရေ ၁ သောင်းအထိပါဝင်မည်ဟု သိရပြီး ICJ ၏ မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းအပါအဝင် မှန်ကန်မှုမရှိသော စီရင်ချက်များအပေါ် ရဟန်းရှင်လူ ပြည်သူတရပ်လုံးက မခံမရပ်နိုင် ဖြစ်ခဲ့ရ ကြောင်း၊ ထိုသို့ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွက်ကြောင်း ပြသရန် ဆန္ဒထုတ်ဖော် ကန့်ကွက်ရှုတ်ချ သွားမည်ဖြစ်၍ ပူးပေါင်းကြရန် ကြံ့ဖွံ့ပါတီအပါအဝင် စစ်တပ်လော်ဘီများနှင့် မဘသတို့က တိုက်တွန်းနေကြသည်။

အမျိုးသားရေးဆရာတော်အဖြစ် လူသိများသော ဦးဝီရသူ၊ မဘသအဖွဲ့များ၊ နိုင်ငံရေးပါတီများဖြစ်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မျိုးဆက်သစ် ဝံသာနုပါတီ ဒီမိုကရက်တစ် အင်အားစုလေဘာပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-နေပြည်တော်၌ ကျင်းပမည့် ICJ ကန့်ကွက်ပွဲအတွက် သံဃာများနှင့် မဘသများ တိုင်ပင်နေပုံ

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁63❤7👍5👎3😭1
👎36❤3😭1
ပြင်ဦးလွင်ကော်ဖီခြံများ အမှန်တကယ်မစိုက်၍ ပြန်သိမ်းမည်ဟု ဆို

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

အာဏာသိမ်းသမ္မတမင်းအောင်လှိုင်က ပြင်ဦးလွင်ကို ကော်ဖီမြို့တော်ဖြစ်အောင်လုပ်မည်ဟုဆိုသော်လည်း ယခုအခါ မြေ ဧရိယာအပြည့်မစိုက်ဘဲ တစိတ်တပိုင်းသာ စိုက်သူ ၁၁ ဦးနှင့် ဖြစ်ထွန်းမှု အားနည်းသည့် စိုက်ခင်းရှင် ၆၅ ဦးကို လုပ်ကိုင် ခွင့်ရုပ်သိမ်းမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်ခေါ် ၍ ပြော သည်။

“မြေယူပြီး စိုက်တဲ့သူလည်း ရှိတယ်၊ မစိုက်တဲ့သူတွေလည်း ရှိတယ်၊ မစိုက်တဲ့သူတွေက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဒီအတိုင်း ပစ်ထားတာ၊ ကော်ဖီ တကယ်စိုက်မယ်ဆိုရင် အရင်းအနှီးကြီးတယ်၊ နှစ်ရှည်စီမံကိန်းဖြစ်တယ်၊ ချက်ချင်းပိုက်ဆံမဝင်ဘူး၊ အဲဒါကြောင့် မြေယူထားပေမယ့် တကယ်မစိုက်ကြတာမျိုးပေါ့၊ အခုက တကယ်မလုပ်တဲ့သူက များနေတာ”ဟု ပြင်ဦးလွင်မြို့ခံ လုပ်ငန်းရှင်တဦးက ပြောသည်။

သားဖြစ်သူ၏ ရတနာပုံဆိုက်ဘာစီးတီးရှိရာ ပြင်ဦးလွင်ကို ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်ရမည်ဆိုသည် က စစ်ခေါင်းဆောင်ဘဝကတည်းက မင်းအောင်လှိုင်၏ အိပ်မက်တခုဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ ပြင်ဦးလွင်မြို့နယ်တွင် ကော်ဖီစိုက်ဧက ၂ သောင်း ခန့်ထိရှိသည်ဟု ပြထားပြီး နည်းပညာ၊ မျိုးစေ့၊ ပျိုးပင်လိုအပ်ချက်နှင့် ကျန်အခက်အခဲများရှိက စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ဆိုသော်လည်း မြေပြင်၌ ထိရောက်သည့်ကူညီပံ့ ပိုးကူညီမျိုး မရ၊ ထို့အတွက် အမှန်တကယ် စိုက်ပျိုးဖြစ်ထွန်းသည်က ဧက ၅ထောင်ခန့်သာရှိကြောင်း သိရသည်။

ကော်ဖီဈေးကွက်အခိုင်အမာရှိသဖြင့် အမှန်တကယ်စိုက်ပျိုးလိုသူများက သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများသို့ သတ် မှတ်ချက်များနှင့်အညီ လျှောက်ထားခဲ့ကြသော်လည်း စစ်တပ်နှင့် နီးစပ်သူများ၊ ဌာနဆိုင်ရာ အကြီးအကဲများကိုသာ ချထားပေးကြောင်း၊ ကော်ဖီစိုက်ပျိုးရန်အတွက် အနည်းဆုံး မြေဧက ၅ ဧကခန့်မှ စတင်ချပေးပြီး မြေလွတ်မြေရိုင်းများ ဖြစ်သောကြောင့် ကိုယ့်အစီအစဉ်ဖြင့် ခုတ်ထွင်ရှင်းလင်းရကြောင်း သိရသည်။

“သူတို့နဲ့ နီးစပ်ရာသူတွေပဲ ရကြပြီး တကယ်စိုက်ချင်တဲ့သူတွေက မရကြဘူးလေ၊ ကော်ဖီမစိုက်ရင် ပြန်သိမ်းမှာကိုတော့ သဘောကျတယ်၊ ပြီးရင် အမှန်တကယ်လုပ်ချင်သူတွေ ရှိနေတာမို့ သူတို့လက်ထဲကို ပြန်ပေးတာမျိုး လုပ်သင့်တယ်၊ ကျနော် ဆိုရင် ကော်ဖီစိုက်ချင်လို့ လျှောက်တာ မရဘူး၊ ချ မပေးဘူး”ဟု ကော်ဖီစိုက်ပျိုးမြေလျှောက်ထားခဲ့ဖူးသူတဦးက ပြောသည်။

၂၀၂၂- ၂၄ ခုအတွင်း အကွက်ချစဉ် မူလရည်ရွယ်ချက်ဖြစ်သည့် ကော်ဖီပင်များကို သတ်မှတ်ရာခိုင်နှုန်း ပြည့်အောင် မစိုက်ခြင်း၊ စိုက်ပျိုးမြေကို အကွက်ရိုက်ပြန်ရောင်းခြင်း၊ ကော်ဖီစီမံကိန်းဧရိယာများတွင်း ခွင့်ပြုချက်မဲ့ဟိုတယ်၊ အပန်းဖြေစခန်းနှင့် လူနေအိမ်များကို ဖျက်သိမ်းရှင်းလင်းခြင်း၊ မစိုက်သည့် မြေလွတ်များကို ပြန်သိမ်းရန် ကွင်းဆင်းစစ်ဆေးမှုများ ဆက်တိုက် လုပ်နေရာ ကော်ဖီပင်များဖြစ်ထွန်း အောင်မြင်အောင် ထိန်းသိမ်းပြုစုခြင်း မရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့် ရုပ်သိမ်းဆောင်ရွက်သွားမည်ဟု သိရသည်။

ပုံစာ-၂၀၂၃ ဒီဇင်ဘာက ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်/ MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎26❤18😭1
😁9👍6👎1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာလ ၂၇၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၂,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀၀,၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၄၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်

ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးဖြစ်ပြီး ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကာ ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၈၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ (ယခင်တပတ်ထက် ဓာတ်ဆီ ၉၂ တလီတာ ၂၅၀ ကျပ်၊ ၉၅ တလီတာ ၂၄၀ ကျပ်၊ ဒီဇယ်တလီတာ ၂၃၅ ကျပ်နှင့် ပရီမီယံဒီဇယ်တလီတာ ၂၉၀ ကျပ် ဈေးကျလာကြောင်း တွေ့ရသည်။)

ဓာတ်ဆီ ၉၂ တလီတာလျှင် ၃,၅၆၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၃,၆၄၀ ကျပ်
ဒီဇယ်တလီတာလျှင် ၃,၉၂၀ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၄,၇၅၀ ကျပ်
ယင်းဈေးမှာ အာဏာသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၅,၃၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၂ သိန်း ဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၆ သိန်း ဝန်းကျင်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၆၃၇
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၆,၉၀၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍29❤5👎3😁1
❤40👍10😁3
ICJ ၌ ဒေါ်အောင်ဆန်းစုကြည်ခုခံမှု မြန်မာ့ဒီမိုကရေစီကို ထိန်းသိမ်းဖို့ဟု ကင်မ်အဲရစ် ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ရင်ဆိုင်ချေပခဲ့ခြင်းမှာ နိုင်ငံ၏ ထိရှလွယ်သော ဒီမိုကရေစီကို အကာကွယ်ပေးရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က Euro News သတင်းဌာနသို့ ပြောသည်။

“စစ်တပ်ကို ကာကွယ်ဖို့အတွက် သည်ဟိဂ်ကို သွားခဲ့တာလို့ လူတွေက ပြောကြပါတယ်။ ဒါဟာ လုံးဝ မဟုတ်ပါဘူး။ စစ်တပ်က အချိန်မရွေး ဖြိုဖျက်ပစ်နိုင်တဲ့၊ အခုလည်း တကယ်ဖြိုဖျက်လိုက်ပြီဖြစ်တဲ့ အလွန်ထိရှလွယ်တဲ့ ဒီမိုကရေစီစနစ် ပြိုကွဲမသွားအောင် ထိန်းသိမ်းဖို့ ကြိုးစားနေခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ယင်းပြဿနာအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှု ကျယ်ကျယ်ပြန့်ပြန့် မရှိသေးမီ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန် ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ကြောင်း ဆိုသည်။

ထို့ပြင် မိခင်ဖြစ်သူအနေဖြင့် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး၌ အခန်းကဏ္ဍတခုမှ ဆက်လက်ပါဝင်နိုင်သေးသည်ဟု ယုံကြည်ကြောင်းလည်း ပြောသည်။

“နောက်ထပ် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ သိဖို့ အရမ်းခက်ပါတယ်။ ပြည်တွင်းစစ် ပြီးဆုံးသွားပြီး ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာဖို့ မျှော်လင့်ပါတယ်၊ ပြီးတော့ ကျနော့်အမေဟာ တနည်းမဟုတ် တနည်းနဲ့ အမြဲတမ်း ပါဝင်ပတ်သက်နေဦးမယ်ဆိုတာ သိပေမယ့် သူမအနေနဲ့ နောက်တလှမ်းဆုတ်ပြီး ကိုယ့်ကျန်းမာရေးကိုယ် ပိုဂရုစိုက်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်အနေဖြင့် အရပ်သားများအပေါ် ဗုံးကြဲတိုက်ခိုက်နေမှုများကို ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်၊ထိုလုပ်ဆောင်ချက်များမရှိဘဲ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ရနိုင်မည်မဟုတ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြန်လည်ထိတွေ့ဆက်ဆံခြင်းထက် ဖိအားများ ဆက်လက်ပေးအပ်ရန်လည်း ကင်မ် က တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ICJသည် ၂၀၁၇ ခုနှစ် စစ်တပ်၏ နှိမ်နင်းဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နစ်နာကြေးပေးရန်၊ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် တာဝန်ရှိသူများကို တရားစွဲဆို အရေးယူရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤43👍16😁5
😭13👍3😁2😱2❤1
ငလျင်သင့် Sky Villa ကွန်ဒိုနေရာ ဒီဇင်ဘာ ၁ ရက်နေ့ လေလံတင်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား လမ်း ၆၀ ပေါ်ရှိ လူ ၂၀၀ ကျော်အထိ သေဆုံးခဲ့ရသော ငလျင်ဘေးသင့် Sky Villa ကွန်ဒိုအိမ်ရာ မြေနေရာအား ဒီဇင်ဘာ ၁ ရက်နေ့တွင် လေလံတင်ရောင်းချ၍ ကုမ္ပဏီပိုင်ရှင်မှ ၄၀ ရာခိုင်နှုန်း၊ အခန်းပိုင်ရှင်များအား ၆၀ ရာခိုင်နှုန်း ခွဲဝေယူမည်ဟု လေလံကော်မတီထံမှ သိရသည်။

အဆောက်အဦပြန်လည်တည်ဆောက်ရန်နှင့် လျော်ကြေးပေးရန် ကုမ္ပဏီ၏ အခက်အခဲနှင့် အခန်းရှင်များ၏ ငွေကြေး လိုအပ်ချက်အရ မြေနေရာ လေလံတင်ရောင်းချရေးနှင့် ခွဲဝေရေးအစီအစဉ်အတွက် NTLကုမ္ပဏီနှင့် အခန်းပိုင်ရှင်များ လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၁၅ရက်က အောင်မြေသာစံမြို့နယ် ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ ၂၆ လမ်းပေါ်ရှိ အောင်မြင်ခြင်းဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

" ကုမ္ပဏီ ၄၀ ရာခိုင်နှုန်း၊ အခန်းပိုင်ရှင်တွေ ၆၀ ရာခိုင်နှုန်းဆိုတာ အားလုံးရဲ့သဘောတူညီမှုနဲ့ ဆုံးဖြတ်ခဲ့ကြတာပါ၊ အမှန်တကယ်ဆိုရင် ကုမ္ပဏီပိုင်ဆိုင်မှုက ၇၀ ရာခိုင်နှုန်းလောက်ထိ ရှိတာကို နစ်နာခဲ့ရတဲ့ အခန်းပိုင်ရှင်တွေကို လူသားခြင်းစာနာပြီး ၄၀ ရာခိုင်နှုန်းပဲ ယူတာ၊ ပေါက်စျေးက သိန်းပေါင်း ၆ သိန်းလောက် ရှိတာကို သိန်း ၄ သိန်းနဲ့ ကြမ်းခင်းဈေးသတ်မှတ်ခဲ့တာပါ” ဟု လေလံကော်မတီအဖွဲ့ဝင်တဦးက ပြောသည်။

Sky Villa ကွန်ဒိုအိမ်ရာ တည်ဆောက်ခဲ့သည့် ဦးနိုင်ထွန်းလင်း အမည်ပေါက်ပိုင်ဆိုင်သော အနှိပ်တော်ရပ်ကွက်၊ ကွင်းအမှတ် (၄၁၇)၊ ဦးပိုင်အမှတ် (၈၈ ဍ၊ ၈၈ ဎ+၈၉ ဌ) အမည်တွင်သည့် ဧရိယာ (ဝ ဒသမ ၄၀၊ ၀ ဒသမ ၂၀+၀ ဒသမ ၀၈) ဧက ပေ (၁ဝဝ x ၄ဝဝ) အကျယ်အဝန်းရှိ ဂရန်မြေကွက်များကို လေလံကြမ်းခင်းဈေး သိန်း ၄ သိန်း သတ်မှတ်ထားပြီး အခန်းပိုင်ရှင်များအား တဦးချင်းပိုင်ဆိုင်မှု အခန်းအကျယ်စတုရန်းပေဖြင့် တွက်ချက်၍ အချိုးကျခွဲဝေပေးမည်ဟု သိရသည်။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြီးတွင် ၁၁ ထပ်အမြင့် ရှိသည့် Sky Villa ကွန်ဒိုအိမ်ရာမှ အဆောက်အဦ ၄ လုံးသည် ၄ လွှာခန့် မြေကြီးအတွင်း ကျွံဝင်သွားကာ ကွန်ဒိုဧရိယာ ABCD ရှိသည့်အနက် BCD ဧရိယာက အကုန်ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။

Sky Villa ကွန်ဒိုအိမ်ရာ ငလျင်ကြီးကြောင့် ပြိုကျခဲ့ရာတွင် လူ ၂၀၀ ကျော်ထိသေဆုံးခဲ့ရသဖြင့် တည်ဆောက်ခဲ့သည့် NTL ကုမ္ပဏီ(Sky villa condo) ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ ၃၀၄(က)အရ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ရာ အယူခံနှင့် ပြင်ဆင်မှုများ တက်ခဲ့သော်လည်း အောင်မြေသာစံခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် အစား ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ပြင်ဆင်အမိန့်ချထားသည်။

ပုံစာ-ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်နေကြစဉ်/ GNLM

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍33❤7😁2🤔1😭1