ထရမ့် "မိတ်ဆွေ" ပူတင်အား ဟစ်တလာနှင့် ဇယ်လန်းစကီး ခိုင်းနှိုင်း
ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်အား "ကျနော့် မိတ်ဆွေ" ဟု ခေါ်ဝေါ်ခဲ့ခြင်းမှာ ထူးဆန်းပြီး ဒုတိယကမ္ဘာစစ်အတွင်း အဒေါ့ဖ်ဟစ်တလာအပေါ် ထိုသို့မှတ်ချက်ပေးခြင်းနှင့် အလားတူပင်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က သောကြာနေ့ BBC နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
"သူဟာ ကျူးကျော်သူ... ပြီးတော့ လူသတ်သမားပါ။ သူဟာ မိတ်ဆွေ မဖြစ်နိုင်ပါဘူး" ဟု ၎င်းက အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။ "ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာကို မိတ်ဆွေကောင်းတယောက်ပါလို့ တယောက်ယောက်က ပြောနေတာနဲ့ အတူတူပါပဲ။ မဟုတ်ပါဘူး၊ သူဟာ မိတ်ဆွေမဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတခု၌ ထရမ့်က ပူတင်အား "မိတ်ဆွေ" အဖြစ် ဖက်လဲတကင်း ကြိုဆိုခဲ့ပြီး တပတ်အကြာတွင် ဇယ်လန်စကီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးအပြီး ရက်အနည်းငယ်အကြာတွင် ထရမ့်သည် ၎င်းတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံကို ၎င်း၏ Truth Social လူမှုကွန်ရက်ပလက်ဖောင်းပေါ်တွင် တင်ခဲ့ပြီး "ကျနော့် မိတ်ဆွေ" ဟု ခေါင်းစဉ်တပ်ခဲ့သည်။
ထရမ့်နှင့် ဇယ်လန်းစကီးတို့၏ ဆက်ဆံရေးသည် ကာလကြာရှည်စွာ အဆင်မပြေဖြစ်နေခဲ့ပြီး အမှတ်တရအဖြစ်ဆုံးမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အိမ်ဖြူတော် ရုံးခန်း၌ အမေရိကန်သမ္မတက ၎င်းအား ပြစ်တင်ဝေဖန်ခဲ့ချိန်တွင် လူသိရှင်ကြား ပြိုကွဲပျက်စီးခဲ့ခြင်းဖြစ်သည်။
မကြာသေးမီကလည်း စွမ်းအင်စရိတ်များ မြင့်တက်လာရခြင်းမှာ ရုရှားရေနံချက်စက်ရုံများကို ယူကရိန်းက တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထရမ့်က အပြစ်တင်ခဲ့ပြီး ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့များ ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သလို ဇယ်လန်းစကီးကလည်း ထရမ့်၏ ရပ်တည်ချက်သည် ယူကရိန်းအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် အားပေးရာရောက်နေကြောင်း ပြောကြားခဲ့သဖြင့် ၎င်းတို့နှစ်ဦးအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အခြေအနေနှင့်ပတ်သက်၍ BBC အင်တာဗျူးတွင် မေးမြန်းရာ၌ ဝါရှင်တန်အနေဖြင့် ပိုမိုခိုင်မာပြတ်သားသော ရပ်တည်ချက်ထားရှိရန် လိုအပ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"အမေရိကန်ရဲ့ ရပ်တည်ချက်ဟာ အမေရိကန်ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်ပဲ ဖြစ်ဖို့ လိုအပ်ပါတယ်" ဟု ဇယ်လန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။ "ရုရှားဆီက ရနိုင်တာမျိုးတွေကို အမေရိကန်ပြည်ထောင်စုဆီကနေ ကျနော်တို့ မလိုချင်ပါဘူး"
တချိန်တည်းမှာပင် ရုရှား၏ ပဲ့ထိန်းဒုံးကျည်များကို ဟန့်တားနိုင်မည့် ငွေပေးချေထားပြီးသား Patriot ဒုံးကျည်များကို ပင်တဂွန်စစ်ဌာနချုပ်က ယူကရိန်းသို့ ပေးပို့ခြင်းမရှိကြောင်းနှင့် ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးနှင့် ဆက်သွယ်ရေးတို့၏ ကျောရိုးဖြစ်သော SpaceX ၏ စစ်ဘက်ဆိုင်ရာ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုမှာလည်း ကောင်းစွာအလုပ်မလုပ်ကြောင်း ဇယ်လန်းစကီးက ညည်းညူပြောဆိုခဲ့သည်။
ရုရှား၏ ကျူးကျော်မှုကို တွန်းလှန်ရာတွင် ယူကရိန်းအား ဆက်လက်ကူညီသွားမည်ဟု ဥရောပက ယခင်က ကတိပြုခဲ့သည်။ သို့သော် လာမည့်နှစ်အတွက် ယူကရိန်း၏ စီးပွားရေးနှင့် စစ်ရေးလိုအပ်ချက်များအတွက် ချေးငွေအသစ် ဒေါ်လာ ၄၉ ဘီလီယံ ပေးအပ်ရေးနှင့်ပတ်သက်၍ တင်းမာသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များသည် ကြာသပတေးနေ့တွင် သဘောတူညီချက် မရရှိခဲ့ပေ။
လာမည့် ၁၂ လအတွင်း ကျင်းပမည့် EU ရွေးကောက်ပွဲများသည် ယူကရိန်းသို့ ငွေကြေးထပ်မံပေးပို့ရန် တွန့်ဆုတ်နေသည့် ပါတီများ၏ ဩဇာလွှမ်းမိုးမှုကို မြင့်တက်စေနိုင်ပြီး ဥရောပတိုက်၏ ထောက်ခံမှုကို အားနည်းသွားစေနိုင်သည်။
ကိုးကား။ ။ BBC သတင်း Zelensky tells BBC US too focused on Middle East and not pushing Russia hard enough
ပုံစာ - ၂၀၂၅ မတ်လ ဒူဆယ်ဒေါ့ဖ်မြို့တွင် ကျင်းပသည့် Rose Monday (Rosenmontag) ပွဲတော်စီတန်းလှည့်လည်ပွဲအတွင်း ယူကရိန်းကို ချေမှုန်းရန် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကို လှောင်ပြောင်သရုပ်ဖော်ထားပုံ/ AFP

👍34❤11😁2
ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေအား ပေးထားသည့် ဘွဲ့ များ ရုပ်သိမ်းခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆
ရာထူးမှ ဖယ်ရှားခံထားရသည့် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေကို ချီးမြှင့်ထားသည့် စည်သူဘွဲ့၊ သီရိပျံချီဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့တို့ကို အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် နိုင်ဝင်ဘာလ ၁၃ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါဘွဲ့များကို အောက်တိုဘာ ၁၆ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၃၄/၂၀၂၆) ဖြင့် ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ် ၆၇ (င) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၅၊ ပုဒ်မခွဲ (ခ) တို့အရ ပြန်လည်ရုပ်သိမ်းကြောင်းသာ ဖော်ပြထားသော်လည်း ရုပ်သိမ်းရသည့်အကြောင်းရင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
ဒေါ်သန်းသန်းဆွေသည် အာဏာမသိမ်းခင် ဗဟိုဘဏ် ညွှန်ချုပ်ဘဝမှ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌရာထူးကိုရရှိခဲ့သည်။
၂၀၂၂ ၊ ဧပြီလတွင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်ရှေ့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသော်လည်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည်ဆိုသော သတင်းများထွက်ပေါ်ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ဗဟိုဘဏ် ဥက္ကဋ္ဌရာထူး ရရှိခဲ့သည်။
ယခုနှစ် ဧပြီလ အာဏာသိမ်းအစိုးရအသစ်ဖွဲ့ပြီးနောက် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ၎င်း၏နေရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးကို အစားထိုးခန့်အပ်ခဲ့သည်။
ထို့ပြင် ယခုအောက်တိုဘာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာရဲမြင့်၊ ဗဟိုဘဏ်၊ ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရတို့ သုံးဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းလည်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
ပုံစာ- ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က MMQR ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ် စတင်ပွဲတွင် တွေ့ရသည့် မင်းအောင်လှိုင်နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ / CINCDS
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁47❤6😭2
ပြင်သစ်သတင်းအေဂျင်စီ AFP ဆိုက်ဘာတိုက်ခိုက်ခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆။
ပြင်သစ်သတင်းအေဂျင်စီ (Agence France-Presse - AFP) သည် ဆိုက်ဘာတိုက်ခိုက်မှုတခု ခံခဲ့ရသောကြောင့် ၎င်း၏ သတင်းအချက်အလက် ပလက်ဖောင်းဖြစ်သည့် AFP Forum ကို အော့ဖ်လိုင်း (offline) ချထားခဲ့ရသည်။
ပြင်သစ်အခြေစိုက် နိုင်ငံတကာသတင်းအေဂျင်စီ၏ စီမံခန့်ခွဲမှုအဖွဲ့က မည်သူမည်ဝါ လက်ချက်ဖြစ်သည် အပါအဝင် ဆိုက်ဘာတိုက်ခိုက်ခံရမှု အခြေအနေများကို လက်ရှိတွင် စုံစမ်းစစ်ဆေးနေကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။
"AFP ဟာ ညတွင်းချင်း ပါရီစံတော်ချိန် မနက် ၁ နာရီခွဲ (00:30 GMT) ကစပြီး ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရပါတယ်။ ပစ်မှတ်ထားခံရတာကတော့ ကျနော်တို့ရဲ့ သုံးစွဲသူတွေ သတင်းအချက်အလက်တွေကို ရှာဖွေကြည့်ရှုဖို့နဲ့ ဒေါင်းလုဒ်ဆွဲဖို့ အသုံးပြုတဲ့ ပလက်ဖောင်းတွေထဲက တခုဖြစ်တဲ့ AFP Forum ဖြစ်ပါတယ်" ဟု AFP စီမံခန့်ခွဲမှုအဖွဲ့၏ ဌာနတွင်း အီးမေးလ်တစောင်တွင် ဖော်ပြထားသည်။
"ကျူးကျော်ဝင်ရောက်မှုကို တွေ့ရှိတာနဲ့ တပြိုင်နက် ကျနော်တို့ရဲ့ အဖွဲ့တွေဟာ ကျူးကျော်မှုကို ထိန်းချုပ်ဖို့ ချက်ချင်းလုပ်ဆောင်ခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ AFP Forum ကို အော့ဖ်လိုင်း ချထားလိုက်ပါတယ်။ AFP Forum ကို နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း အသုံးပြုလို့ ရဦးမှာ မဟုတ်ပါဘူး" ဟု ဆိုသည်။
ပေါ်တယ် (portal) ကို ပိတ်ထားစဉ်အတွင်း AFP သည် ၎င်း၏ သတင်းရယူသုံးစွဲသူများ (subscribers) အတွက် အရန်ဖြေရှင်းချက် နည်းလမ်းများကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး အကြီးအကဲ ဗင်းဆင့် စထရူးဘဲလ်က နိုင်ငံအနေဖြင့် မကြုံစဖူးသော ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှု အဆင့်တခုနှင့် ရင်ဆိုင်နေရကြောင်း ကြာသပတေးနေ့က သတိပေးခဲ့ပြီး တိုက်ခိုက်မှုများကို ခုခံကာကွယ်မှုများ အားကောင်းလာစေရန် စုပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့သည်။
"ကျနော်တို့ဟာ အရင်က တခါမှ မကြုံဖူးတဲ့ ပြင်းထန်မှုမျိုးနဲ့ မကြုံစဖူး ခြိမ်းခြောက်မှု အဆင့်တခုကို ရင်ဆိုင်နေရပါတယ်" ဟု စထရူးဘဲလ်က France Inter ရေဒီယိုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် ဥရောပနိုင်ငံများတဝန်း ဆက်တိုက်ဖြစ်ပွားနေသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အနှောင့်အယှက်များထဲမှ နောက်ဆုံးဖြစ်ရပ်တခု ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့အခြေစိုက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ၎င်းတို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခံရသည့် ဆိုက်ဘာတိုက်ခိုက်မှု၏ သားကောင်ဖြစ်ခဲ့ရကြောင်း ကြာသပတေးနေ့က Al Jazeera သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။
အောက်တိုဘာလအတွင်းကလည်း ပြင်သစ်စူပါမားကတ် အများအပြားသည် ရေခဲသေတ္တာများနှင့် အအေးခန်းသေတ္တာများ၏ အပူချိန်ကို ၅၀ ဒီဂရီဆဲလ်စီးယပ်စ် (၁၂၂ ဖာရင်ဟိုက်) အထိ မြင့်တက်သွားစေသည့် "မကြုံစဖူး" ဆိုက်ဘာတိုက်ခိုက်မှုတခု ခံခဲ့ရသည်။
နိုဝင်ဘာလ အစောပိုင်းတွင်လည်း ဗြိတိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ဆွီဒင်တို့ အပါအဝင် အခြားဥရောပ ၁၀ နိုင်ငံရှိ စတိုးဆိုင်များတွင် အပူချိန် ရုတ်တရက် မြင့်တက်မှုများ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
ပြင်သစ်နိုင်ငံက အောက်တိုဘာလ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် အီရန် ရှိနေသည်ဟု စွပ်စွဲခဲ့ပြီး "အလွန်ပြင်းထန်သော ကန့်ကွက်မှု ပြုလုပ်ရန်" ပါရီမြို့ရှိ အီရန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။
အီရန်နိုင်ငံကမူ ပါရီ၏ စွပ်စွဲချက်များကို "အခြေအမြစ်မရှိ" ဟု တုံ့ပြန်ခဲ့ပြီး "အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် စွပ်စွဲချက်များ တင်သည့် ရိုးအီနေပြီဖြစ်သော မူဝါဒ" ကို ရှုတ်ချခဲ့သည်။
ကိုးကား။ ။ Al Jazeera သတင်း Global news agency AFP reports cyberattack, shuts down content platform

👎22❤5😱4😁2
မန္တလေးက ICJ စီရင်ချက် ရှုတ်ချပွဲ လူမှုရေးအသင်းများပါ ဆင့်ခေါ်ခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆
လာမည့် ဒီဇင်ဘာ ၄ ရက် “အမျိုးသားနေ့”တွင် လုပ်မည့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆုံးဖြတ်ချက်ကန့်ကွက်ရှုတ်ချပွဲကို ၁၉ ရပ်ကွက်ရှိသည့် အောင်မြေသာစံမြို့နယ်မှ တရပ်ကွက် လူ ၃၀၀ တက်ရန်အပြင် လူမှုရေးအသင်းများအားလုံးလည်း မဖြစ်မနေ ပါဝင်ရန် နိုဝင်ဘာ ၂၆ ရက်က ခရိုင်ထွေအုပ်ရုံး အစည်းအဝေးက ဆုံးဖြတ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြောင်းလဲဖွဲ့စည်းထားသော ခရိုင်များအရ ယခင်မြို့နယ် ၇ ခုပါ မန္တလေးခရိုင်အစား မန္တလေးမြို့အတွင်းပါရှိသည့် အောင်မြေသာစံ၊ ပုသိမ်ကြီး၊ မတ္တရာမြို့နယ်များဖြင့် အောင်မြေသာစံခရိုင်၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့နယ်များဖြင့် မဟာအောင်မြေခရိုင်၊ အမရပူရမြို့နယ်တခုတည်းဖြင့် အမရပူရခရိုင်အဖြစ် ပြင်ဆင်ဖွဲ့ထားသည်။
“အောင်မြေသာစံမှာ ပထဆုံးလုပ်မှာမို့ ရပ်ကွက်အကုန်လုံးပါသလို လူမှုရေးအသင်းတွေတင် မဟုတ်ဘူး၊ မြို့နယ်မှာရှိတဲ့ အဖွဲ့အစည်းအကုန် ပါတီတွေရော ပါတယ်၊ ကိုယ်ဆန္ဒမဟုတ်ပေမယ့် By Name နဲ့ဆိုတော့ ဘာမှပြောလို့မရ၊ မတက်ရင် Action ရှိမယ်လို့လည်း ပြောတယ်”ဟု အောင်မြေသာစံခရိုင်ထွေအုပ်ရုံး၌ အစည်းအဝေးတက်ခဲ့ရသူတဦးက ပြောသည်။
ICJ စီရင်ချက် ရှုတ်ချပွဲကို အမျိုးသားရေးဆရာတော်အဖြစ် လူသိများသော ဦးဝီရသူ၊ မဘသအဖွဲ့များ၊ နိုင်ငံရေးပါတီများ ဖြစ်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မျိုးဆက်သစ် ဝံသာနုပါတီ ဒီမိုကရက်တစ်အင်အားစုလေဘာ ပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေ့ နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ မန္တလေး နန်းမြို့ရိုး ကျုံးအရှေ့ဘက် ၆၆ လမ်းနှင့် ၁၄ လမ်းထောင့်မှ ၆၆ လမ်းအတိုင်း ၁၂ လမ်းအထိ ချီတက်ကာ ၁၂ လမ်းရောက်ရှိချိန်၌ ၆၆ လမ်းအတိုင်း ၂၆ လမ်းအထိ လမ်းလျှောက်ကြမည်ဟု သိရသည်။
“သူတို့အချိန်အခါဆိုတော့ မဆိုင်မှန်းသိပေမယ့်လည်း ဘာတတ်နိုင်မှာလဲ၊ အုပ်ချုပ်ရေးပိုင်းဆိုတာကလည်း စစ်တပ်လက် အောက်မှာဆိုတော့ အမိန့်က ထွေအုပ်ကို ရောက်မယ်၊ ထွေအုပ်ကနေ ရပ်ကွက်ရုံး ရောက်တယ်၊ အဲဒီတော့ ရပ်ကွက်ရုံးကနေ အသင်းတွေ ကို ခေါ်တာ၊ ကျနော်တို့ အစ္စလာမ်သာ/ကူအသင်းတွေရောပါနေတာဆိုတော့ မလိုက်ပြန်ရင်လည်း ဘာသာရေး မှိုင်း ပြဿနာကို စိုးရိမ်နေရပြန်ရော၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ စစ်တပ်က စီစဉ်ညွှန်ကြားနေတာ”ဟု အောင်မြေသာစံ မြို့နယ်မှ အစ္စလာမ်လူမှုကူညီရေးအသင်းဝင်တဦးက ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲကို လူဦးရေ ၁ သောင်းအထိပါဝင်မည်ဟု သိရပြီး ICJ ၏ မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန် ခဲ့ကြောင်းအပါအဝင် မှန်ကန်မှုမရှိသော စီရင်ချက်များအပေါ် ရဟန်းရှင်လူ ပြည်သူတရပ်လုံးက မခံမရပ်နိုင် ဖြစ်ရကြောင်း၊ ထိုသို့ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွက်ကြောင်း ပြသရန် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်၍ ပူးပေါင်းကြရန် ကြံ့ဖွံ့ပါတီအပါအဝင် စစ်တပ်လော်ဘီများနှင့် မဘသတို့က တိုက်တွန်းနေကြသည်။
ပုံစာ-မဘသတို့ ဆန္ဒပြပွဲ (ပုံဟောင်း)

😁53❤10👎2😭1
Media is too big
VIEW IN TELEGRAM
အာကာသထဲ ဒေသာစင်တာပေါင်း ၁ သန်း တည်ဆောက်ဖို့ အီလွန်မက်စ်ရဲ့ SpaceX ခွင့်ပြုချက်ရ
နိုဝင်ဘာ ၂၈၊ ၂၀၂၆
အမေရိကန် ဖယ်ဒရယ် ဆက်သွယ်ရေးကော်မရှင် (FCC) ဟာ အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီကို အာကာသထဲမှာ ဒေတာစင်တာတွေအဖြစ် စွမ်းဆောင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဂြိုဟ်တုအစင်းရေ ၁ သန်းအထိ လွှတ်တင်အသုံးပြုခွင့်ပေးလိုက်ပါပြီ။
#မြန်မာ #ဧရာဝတီ #elonmusk #spacex #DataCenter

👍41❤8😁1
ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ပြန်ဝင်လာသည့် ထိုင်း ၄၁ ဦးနှင့် မြန်မာ ၃ ဦး အဖမ်းခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဘက်မှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်လမ်းကြောင်းမှ ပြန် ဝင်လာသူ ထိုင်းနိုင်ငံသား ၄၁ ဦးနှင့် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူထိုင်းနိုင်ငံသားများမှာ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ Grand Myawaddy ကာစီနိုလောင်းကစားရုံကို မြန်မာအာဏာပိုင်များက ဝင်ရောက်စစ်ဆေးစဉ် ထိုင်းနိုင်ငံဘက်သို့ ဖြထွက်ပြေးလာသူများဖြစ်ပြီး ယမန်နေ့က ထိုင်းစစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့နှင့် မဲဆောက်ခရိုင် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း AEC သတင်းတွင် ဖော်ပြသည်။
လက်ရှိတွင် ၎င်းတို့အားလုံးကို ထိန်းသိမ်းထားကာ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ရတ်တနာကွန် ဆန်ခါဆီလာ (ခေါ်) ပေါ်အော့ဒ် ဦးဆောင်သည့် အဖွဲ့ကလည်း ယမန်နေ့က သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အရေးယူနိုင်ရန် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။
ပုံစာ- ယမန်နေ့က မြဝတီရှိ ကျားဖြန့်ရုံကို စစ်တပ်က ဝင်စီးသဖြင့် ထွက်ပြေးကြစဉ် ထိုင်းဘက်ပြန်ဝင်လာသူ ထိုင်းတချို့နှင့် လှေဖြင့် တရားမဝင်ကူးလာသော မြန်မာ ၃ ဦး/ ဧရာဝတီ , AEC News

👍27❤5😭5😁3🤔1
Media is too big
VIEW IN TELEGRAM
ကမ္ဘာ့ AI ပြိုင်ပွဲကြီးမှာ အမေရိကန်တွေ တရုတ်ကို ရှုံးသွားနိုင်လား
နိုဝင်ဘာ ၂၈၊ ၂၀၂၆
ဂျန်ဆန်ဟွမ်းရဲ့ အရှုပ်တော်ပုံ၊ သက်တမ်းလယ်ရွေးကောက်ပွဲ အနိုင်ရ ဒီမိုကရက်တွေရဲ့ အေအိုင်ကုမ္ပဏီတွေအပေါ် ထိန်းချုပ်ကန့်သတ်လာနိုင်မှုတွေက ကမ္ဘာ့အေအိုင်ပြိုင်ပွဲကြီးမှာ အမေရိကန်တွေ တရုတ်ကို ရှုံးသွားစေနိုင်လားဆိုတာနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီအခြေစိုက် သတင်းစာဆရာ ငြိမ်းချမ်းအေးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးချက် အစအဆုံးကို အောက်ကလင့်တွေမှာ နားဆင်ပါ။
အသံသီးသန့် နားဆင်လိုရင် ဒီလင့်တွေကို နှိပ်ပါ။
Buzzsprout : https://bit.ly/4jnhy6V
Apple Podcasts : https://bit.ly/3Vf5Y5V
Spotify : https://bit.ly/4Ct3H7U
ရုပ်သံအင်တာဗျူးကို ကြည့်ချင်ရင် ဒီလင့်တွေကို နှိပ်ပါ။
https://www.youtube.com/watch?v=bAeR0mLjpfA&t=48s
https://www.youtube.com/watch?v=NFEJhmqrHPk

👍30😁5❤4
တဖက်က တရုတ်ကို မှီခိုအားထားနေပြီး တဖက်ကလည်း သံသယဝင်နေသည့် မြန်မာစစ်တပ်၏ နှစ်ဖက်ခွ စိတ်ဓာတ်သည် လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အနက်ရှိုင်းဆုံး အက်ကြောင်းကြီး ဖြစ်နေသည်ဟု တရုတ်ဆောင်းပါး က သုံးသပ်သည်။
တရုတ်နှင့်ပတ်သက်၍ တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်သည့် စကားများကို ယခင် စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လော်ဘီများ ပြောလာခဲ့ရာမှ ယခုအခါ စစ်အုပ်စုထိပ်သီးခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က ပြည်ထောင်စုလွှတ်တော်ကဲ့သို့ နေရာမျိုးတွင် ရုပ်သံမှ live လွှင့်ပြီး တိုင်းပြည်ကို ပြောဆိုလာသည့်အချိန်တွင် တရုတ်ဆောင်းပါး ပေါ်ထွက်လာခြင်းဖြစ်သည်။ တရုတ်နှင့်ပတ်သက်သည့် မင်းအောင်လှိုင်၏ ပြောဆိုချက်ကို နောက်တနေ့ထုတ် သတင်းစာများတွင် ဖြတ်တောက်ထားပြီး ဖော်ပြခြင်းမပြုသော်လည်း ရုပ်မြင်သံကြားထုတ်လွှင့်မှု မှတ်တမ်းများကို ပယ်ဖျက်၍မရတော့ပေ။
ယခင် တရုတ်ဆန့်ကျင်ရေးလုပ်နေသူ စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လော်ဘီများကို တရုတ်လော်ဘီများကသာ စိမ်းပိန်းများဟု ပြစ်တင်ရှုတ်ချတိုက်ခိုက်ပြီး အရေးယူရန်အထိ ပြောဆိုရာမှ ယခုစစ်တပ်၏ ထိပ်သီးကိုယ်တိုင်က တရုတ်ဆန့်ကျင်ရေး လူသိရှင်ကြားပြောလာသည်ကို ကြုံလာရ၍ လော်ဘီအဆင့်နှင့် မပြီးတော့ဟု တရုတ်တို့ယူဆလာပုံရသည်။
Website တွင် ဆက်လက်ဖတ်ရှုပါ https://burma.irrawaddy.com/article/2026/11/28/417934.html

ဧရာဝတီ
တရုတ်နှင့် မြန်မာစစ်တပ်ကြား "အနက်ရှိုင်းဆုံး အက်ကြောင်းကြီး"
တဖက်က တရုတ်ကို မှီခိုအားထားနေပြီး တဖက်ကလည်း သံသယဝင်နေသည့် မြန်မာစစ်တပ်၏ နှစ်ဖက်ခွ စိတ်ဓာတ်သည် လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အနက်ရှိုင်းဆုံး အက်ကြောင်းကြီး ဖြစ်နေသည်ဟု တရုတ်ဆောင်းပါး က သုံးသပ်သည်။
👍21❤19😁4🤔4😭1
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး ကွယ်လွန်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် ကာလတလျှောက် စားဖိုမှူးတာဝန်ယူခဲ့သူ ဖိုးလေး ခေါ် ဦးမြင့်စိုး ဟာ ရန်ကုန်မြို့က ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီအချိန် ဦးနှောက်သွေးခဲရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ရန်ကုန်နာရေးကူညီမှုအသင်းက နိုဝင်ဘာ ၂၇ ရက်နေ့မှာပဲ မီးသဂြိုလ်ပေးခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလအတွင်း လျှို့ဝှက်စွာ မပျက်မကွက် ဟင်းတွေ ချက်ပို့ခဲ့ရပြီး ၁၅ နှစ်တာအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်တဲ့ ၂၀၀၈ ခုနှစ် မေလ ၃ ရက်နေ့ တရက်ပဲ ပျက်ကွက်ခဲ့တယ်လို့ ဦးမြင့်စိုးက ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #စားဖိုမှူး #နေအိမ်အကျယ်ချုပ် #ဦးမြင့်စိုး #ဖိုးလေး #WhatsHappeningInMyanmar

😭53❤5😁4🤔1
မြန်မာနှင့် ဆက်စပ်သည့် ငွေကြေးလွှဲပြောင်းမှုများကို ကနေဒါက ပိုမိုစိစစ်သွားမည်
ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆
မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ငွေကြေးလွှဲပြောင်းမှုများအပေါ် ပိုမိုတင်းကျပ်စွာ စိစစ်အတည်ပြုရန် ကနေဒါ ငွေကြေးလွှဲပြောင်းမှုနှင့် အစီရင်ခံဆိုင်ရာ စိစစ်ရေးဌာန (FINTRAC) က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
FINTRAC ထုတ်ပြန်ချက်တွင် နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ၏ အောက်တိုဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား၊ အီရန်နှင့် မြန်မာနိုင်ငံတို့ကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာ အန္တရာယ်များကြောင့် ပိုမိုတင်းကျပ်စွာ စိစစ်ရန် သတ်မှတ်လိုက်ကြောင်း ဆိုသည်။
FATF ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု အမည်ပျက်စာရင်း ဆက်သွင်းထားကာ ငွေကြေးလွှဲပြောင်းမှုများ အပေါ် ပိုမိုတင်းကျပ်စွာ စိစစ်အတည်ပြုရန်နှင့် ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်းများ)မှတဆင့် ဖြစ်ပေါ်လာနိုင်သည့် တရားမဝင် ငွေကြေးစီးဆင်းမှုများကို ထိရောက်စွာ ကိုင်တွယ်ရန် တိုက်တွန်းထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ငွေကြေးဆိုင်ရာများတွင် စေ့စပ်စွာဖြင့် စစ်ဆေးလေ့လာသည့်နည်းလမ်းများ ဆက်လက်ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံမှ စတင်သော သို့မဟုတ် မြန်မာနိုင်ငံသို့ ဦးတည်သည့် ငွေကြေးလွှဲပြောင်းမှုများ၌ သံသယဖြစ်ဖွယ် အခြေအနေများရှိပါက သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှု အစီရင်ခံစာ (STR) တင်သွင်းရန်လည်း FINTRAC က ညွှန်ကြားထားသည်။
ထို့ပြင် ပိတ်ဆို့အရေးယူခံထားရသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်သည့် သက်ဆိုင်ရာ ပိုင်ဆိုင်မှုများ၊ ကုန်ပစ္စည်း တင်ပို့/တင်သွင်းမှုများနှင့် အခြားလုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်း၊ သတင်းပေးပို့ခြင်းတို့နှင့် စပ်လျဉ်း၍ ကနေဒါနိုင်ငံ၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေများနှင့် ဆက်စပ်စည်းမျဉ်းစည်းကမ်းများအရ လုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။
ပုံစာ- ၂၀၂၆ အောက်တိုဘာလကုန်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့၌ FATF ၏ စုံညီအစည်းအဝေး ကျင်းပနေစဉ်/FATF

👍36😁5❤4