The La Pyae
28.9K subscribers
1.75K photos
444 videos
5 files
919 links
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
Download Telegram
နေ့စဉ်ဘဝမှာ မနာလိုမှု မရှိ
လောဘမရှိ ဒေါသမရှိ နောင်တမရှိတဲ့

တစ်နေ့တာကို ဖြတ်သန်းနေရပြီဆိုရင်
သင်လျှောက်နေတာဟာ မှန်တဲ့ဘက်ကို
ဦးတည်ပြီးသွားနေတယ်လို့ပြောလို့ရတယ်

@thelapyae
❤170💯18👍14🔥4
အလွယ်ဆုံး ကျန်းမာရေး
ထိန်းသိမ်းနည်းတွေထဲမှာ နေ့စဉ်

လမ်းလျှောက်တာ ပါပါတယ်

( read more in comment )

@thelapyae
❤72💯11
ကောင်းတာတွေကိုချက်ချင်းလုပ်ပြီး
မကောင်းတာတွေကိုနောက်မှလုပ်မယ်လို့

စိတ်ထားတတ်ပြီဆိုရင်
၈၀% သူတွေထက် ရှေ့ပိုရောက်နိုင်ပြီ

၈၀% သောသူတွေက မကောင်းတာတွေကို
ချက်ချင်းလုပ်ပြီး ကောင်းတာဆိုနောက်မှ
လုပ်မယ်ဆိုပြီး လုပ်တာကများတယ်

@thelapyae
❤130👍15🔥11🥰2
စိတ်ချမ်းသာ ကိုယ်ကျန်းမာနေတဲ့သူ
အဆင်ပြေနေတဲ့သူတွေက

ဘယ်သူ့ကိုမှ တကူးတက
စိတ်အနှောက်အယှက်ဖြစ်အောင်
ဒုက္ခလိုက်မပေးဘူး

ဒါကိုနားလည်သွားရင် ရန်သူကိုတောင်
ဂရုဏာတရားထားရတာလွယ်သွားတယ်

@thelapyae
❤115💯13👍10🥰3
တစ်ခုခုကို Yes လို့ပြောလိုက်တာက
တစ်ခုခုကို အလိုလို No ပြောလိုက်တာပဲ

ဒီ သဘောကိုနားလည်သွားထဲက
boundary ထားရတာအရမ်းအဆင်ပြေသွားတယ်

လုပ်နိုင်တာတွေကို YES ပြောလိုက်တာက
မလုပ်နိုင်တာတွေကို အလိုလို No ပြောတာပဲ

မလုပ်ချင်တာတွေကို No ပြောလိုက်တာက
လုပ်ချင်တာတွေကို YES လို့ပြောတာပဲ

Boundary ထားတတ်သူက စိတ်ချမ်းသာတယ်
မဟုတ်ရင် သူများအပူတွေယူပြီး
စိတ်ညစ်နေရဦးမှာဗျ

@thelapyae

( From today MoonBase Topic )
❤139💯15🥰7🔥1
Logical thinking အားကောင်းလာရင်
Emotional သိပ်မဖြစ်တော့ဘူး

တော်တဲ့သူတွေက
သွေးအေးတယ်ထင်ရတယ်

ဒါပေမယ့်သွေးအေးတာမဟုတ်ဘူး
ဦးနှောက်ရဲ့ emotion တွေလုပ်တဲ့အပိုင်းထက်
Logical လုပ်တဲ့အပိုင်းက အားပိုကောင်းသွားတာ

ခံစားတာများရင် မစဉ်းစားတတ်ဘူး
မစဉ်းစားပဲလုပ်ရင် အမှားများတယ်

ဒါကြောင့် thinking pattern တွေ
အားကောင်းလာအောင်

လေ့လာသင်ယူမှုတွေလုပ်ဖို့လိုတယ်

@thelapyae
❤158👍13💯8🥰6
သေချာလုပ်နေရင်းတောင်
မသေချာတာတွေဖြစ်လာတတ်တဲ့ဘဝကြီးမှာ

ဘာလုပ်ချင်မှန်းသေချာမသိတာက
မရေမရာဘဝကိုသာ ခေါ်ဆောင်သွားလိမ့်မယ်

ကပ်မယ့် ကမ်းမသိရင် လမ်းပျောက်နေတဲ့
ရွက်လှေလိုပဲ လေသယ်ရာလွင့်မြောနေမယ်

ဘာလုပ်ချင်လဲရှာလို့လုံးဝမရရင်
ကိုယ်ဟာဘာမှ ဝါသနာမပါသူလို့ခံယူလိုက်

ဝါသနာမရှိသူဖြစ်တဲ့အတွက်
သူများထက်တော့ အပင်ပန်းခံပြီး
သင်ယူမှုကိုလုပ်ရလိမ့်မယ်

ပင်ပင်ပန်းပန်း သင်ယူမှုက
ပင်ပင်ပန်းပန်းအလုပ်တွေကထွက်နိုင်အောင်
ကူညီပေးသွားပါလိမ့်မယ်

@thelapyae
❤132💯24❤‍🔥6🥰5
သီတင်းကျွတ်လပြည့်နေ့
ဆီမီးအလှူတော်

နတ်လူသာဓုခေါ်စေသော်

@thelapyae
❤235🙏54🥰7❤‍🔥3
ကိုယ့်ဘဝကိုယ်အရမ်းကြီးလဲ
ဇာတ်မနာပြနဲ့ဗျ

တစ်ဖက်က တွေးကြည့်ရင်
ကိုယ့်မိဘအသုံးမကျတာ
လူတိုင်းသိကုန်မယ် 😁

@thelapyae
❤83😁9👍6🔥3
မှတ်ဉာဏ်ကောင်းတာ
တစ်ခုတည်းကိုကြည့်ပြီး

တော်တယ်လို့သတ်မှတ်လို့မရဘူး

မှတ်နိုင်ပြီး မစဉ်းစားတတ်
မတွေးခေါ်တတ်သူတွေမှ အများကြီး

Problem solve မလုပ်နိုင်သူ
Creative thinking မရှိသူတွေမှ
အများကြီး

မှတ်ဉာဏ်ကောင်းသူတွေက
မှတ်ဉာဏ်ကို စစ်တဲ့စာမေးပွဲတွေမှာ
နေရာရနိုင်ပြီး

ဘဝမှာတော့ တီထွင်ကြံဆ
စဉ်းစားတွေခေါ် ဖြေရှင်းမှုတွေ
လုပ်နိုင်သူတွေကနေရာပိုရတယ်

@thelapyae
❤140💯9👍7🔥4
တစ်ခုမဟုတ်တစ်ခုတော့
လိုက်စားနေမှ လူဆိုတာမပျင်းတာ

တချို့က ပညာရေးလိုက်စားတယ်
တချို့က အနုပညာလိုက်စားတယ်
တချို့က အားကစားလိုက်စားတယ်
တချို့က အပျော်အပါးလိုက်စားတယ်
တချို့က ကောင်းတဲ့ဆိုင်တွေလိုက်စားတယ်

ဝါသနာအရဘာလိုက်စားလဲပေါ်မူတည်ပြီး
လူတွေကကွာသွားတော့တာပါပဲ 😋

@thelapyae
❤139😁22💯12🥰8
အမြဲအချောင်ရနေရင် skill ကျတယ်

အလွယ်ရနေရင် တန်ဖိုးမဲ့တယ်
အချောင်လိုချင်ရင် စိတ်မောရတယ်

သူများတွေတောင်
ရအောင်လုပ်နိုင်သေးရင်

ငါဘာလို့မလုပ်နိုင်ရမှာလဲဆိုတဲ့
စိတ်လေးသာမွေး

အချိန်ပေးပြီးကြိုးစား
ဒါဆိုမျှော်နေစရာမလိုတော့ဘူးဗျ

@thelapyae
❤179👍14❤‍🔥12💯7
၆ လဆိုတဲ့ အချိန်ရဟာ
ပြောင်းလဲမှုတစ်ခုကိုမြင်ရဖို့

လုံလောက်တဲ့ အချိန်ပမာဏဖြစ်တယ်
၆ လကြာအောင်
သေသေချာချာပြုလုပ်ခဲ့တဲ့

သင်ယူမှု
နေ့စဉ်အကျင့်
လေ့ကျင့်မှု
လေ့လာမှု
တွေက အမြဲ သိသိသာသာ
ပြန်လည်အကျိုးပေးတယ်

@thelapyae
❤231💯31👍11🥰5
EPC နဲ့ ရာသီဥတုကလဲ
လက်မောင်းကြီးလာဖို့
အထောက်အကူတော့ဖြစ်သားဗျ

မြန်မာမှာနေမှရတဲ့
Privilege တစ်ခုပေါ့ 😁

@thelapyae
😁61❤9💯4🫡4
စားတဲ့ အစားသောက်ချင်းတူရင်တောင်

ကိုယ်တိုင် အလုပ်လုပ်လို့ရတဲ့
ပိုက်ဆံနဲ့စားရတာ ပိုအရသာရှိတယ်

ပိုက်ဆံသုံးရတာချင်းတူရင်တောင်

ကိုယ်တိုင် အလုပ်လုပ်လို့ရတဲ့
ပိုက်ဆံနဲ့သုံးရတာ ပိုအရသာရှိတယ်

ခရီးသွားတာချင်းတူရင်တောင်

ကိုယ်တိုင် အလုပ်လုပ်လို့ရတဲ့
ပိုက်ဆံနဲ့သွားရတာ ပိုအရသာရှိတယ်

@thelapyae
❤126💯29❤‍🔥5🔥4
စာအုပ်ဆိုတာ လူတွေရဲ့
အတွေးအခေါ်နဲ့ အတွေ့အကြုံတွေကို
စာရွက်ပေါ်ချရေးထားတာပါပဲ

စာရွက်ပေါ်ချမရေးထားတဲ့ စာအုပ်တွေလဲ
ကမ္ဘာပေါ်မှာအများကြီး

အတွေးအခေါ်ကောင်းသူတွေ
ကြီိးမားတဲ့အောင်မြင်မှုနဲ့
အတွေ့အကြုံရှိသူတွေနဲ့
စကားပြောခြင်းကလဲ
စာအုပ်ဖတ်သလိုပါပဲ

စာအုပ်ရေးတိုင်းလဲ
ဆရာကြီးမဟုတ်သလို

စာအုပ်မရေးတိုင်းလဲ
ဆရာကြီးမဟုတ်ဘူးပြောလို့မရဘူး

မရေးထားတဲ့စာအုပ်ကောင်းတွေ
ဖတ်ခွင့်ရတာလဲ ကံကောင်းခြင်းတစ်မျိုးပါပဲ

@thelapyae
❤109💯22👍7🫡4
ခုလက်ရှိရောက်နေတဲ့ အခြေအနေတွေလဲ
ရောက်နေရတဲ့ အကြောင်းရှိသလို

ရောက်ချင်တဲ့ အခြေအနေတွေလဲ
မရောက်သေးတဲ့ အကြောင်းရှိတယ်

အားလုံးက ကိုယ်လုပ်ခဲ့တာတွေ
မလုပ်ခဲ့တာတွေရဲ့ ပေါင်းခြင်းရလဒ်ပဲ

@thelapyae
❤121💯24🔥12🥰1