The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌အင်းတော်မှာ စစ်တပ် စစ်ကြောင်းထိုးမီးရှို့၊ လုယက်မှုများကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာတွေမှာ ပအဖ ကူညီထောက်ပံ့

၁၉ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ လုယက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာ ၆ ရွာမှ ပြည်သူတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဦးဆောင်ပြီး အရေးပေါ်ကူညီထောက်ပံ့မှုတွေလုပ်ဆောင်ခဲ့သလို ရေရှည်အစီအစဉ်တွေလည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မဲဇာဒေသဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်မှာ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် ပစ္စည်းတွေ အတင်းအဓမ္မယူဆောင်သွားတာနဲ့ မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒုက္ခရောက်နေကြတဲ့ ပိန်းအင်း၊ လယ်ပြင်၊ မအူကုန်း၊ ဂျုံးဂျ၊ အိုက်မ နဲ့ ကျောင်းကုန်း စတဲ့ကျေးရွာတွေမှ ပြည်သူတွေကို အင်းတော် ပအဖ တာဝန်ခံ ဦးညိုရဲ့ ဦးဆောင်မှုနဲ့ ပအဖ အဖွဲ့ဝင်တွေ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေ့က သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့တယ်လို့ မြို့နယ် ပအဖ က ဓာတ်ပုံမှတ်တမ်းနဲ့တကွ နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် လတ်တလော အခက်အခဲတွေအတွက် လိုအပ်လျက်ရှိတဲ့ မိုးကာတွေ ထောက်ပံ့ပေးခဲ့ပြီး ရေရှည်အတွက် အစီအစဉ်တွေကိုလည်း ချမှတ် စီမံခဲ့တယ်လို့ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က အသိပေးထားတာ တွေ့ရပါတယ်။

Photo | အင်းတော် ပအဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤28🥰7👍2
‎◼️‌စစ်တပ်ထံမှ ၂ ပတ်အတွင်း စစ်သုံ့ပန်း ၄၆ ဦး တော်လှန်းရေးတပ်များ အရှင်မိ၊ ၇ ဦး အလင်းဝင်
‎
‎၂၀ နိုဝင်ဘာ | နွေဦးအသံ |
‎
‎နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း စစ်သုံ့ပန်း ၄၆ ဦး ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ နိုဝင်ဘာ ၁၉ ရက် ဖော်ပြချက်အရ သိရပါတယ်။
‎
‎စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီထံမှ ၄၆ ဦး အရှင်ဖမ်းမိခဲ့ရာ ကချင်ပြည်နယ်မှာ စစ်သား ၃၆ ဦးနဲဲ့ ပြည်သူ့စစ် ၃ ဦး၊ စစ်ကိုင်းတိုင်းမှာ စစ်သား ၃ ဦးနဲ့ ရဲ ၁ ဦး၊ ကရင်ပြည်နယ် စစ်သား ၁ ဦး၊ မွန်ပြည်နယ်မှာ စစ်သား ၁ ဦး၊ မကွေးတိုင်းမှာ ပြည်သူ့စစ် ၁ ဦး တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
‎
‎ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးရှိခဲ့ရာ ကရင်ပြည်နယ်မှာ စစ်သား ၁ ဦး၊ စစ်ကိုင်းတိုင်းမှာ စစ်သား ၁ ဦး၊ မန္တလေးမှာ ရဲ ၂ ဦးနဲ့ ပြည်သူ့စစ် ၁ ဦး၊ ချင်းပြည်နယ်မှာ ရဲ ၁ ဦး၊ ကချင်ပြည်နယ်မှာ ပြည်သူ့စစ် ၁ ဦးတို့ ဖြစ်ကြပြီး စစ်မှုထမ်းတပ်သား(ပစ) ၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
‎
‎အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ၄၁၆၃ ဦးထိရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍28❤4👏4🥰2
◼️မုံရွာမြို့နယ်တွင်း အဓိကလမ်းပိုင်းတွေမှာ ယာဉ်များမှန်ချမောင်းနှင်ပေးကြဖို့ ပကဖ တောင်းဆို

၂၁ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု အဓိကအသုံးပြုတဲ့ လမ်းပိုင်းတွေမှာ ယာဉ်တွေကို မှန်ချမောင်းနှင်ကြဖို့ ပြည်သူလူထုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၂၁ ရက်မှာ အသိပေးတောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက တော်လှန်ရေးနယ်မြေတွေထဲသို့ နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နိုင်ဖို့ ကြိုးစားလျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ မြို့နယ်အတွင်းရှိ အဓိကလမ်းပိုင်းတွေမှာ ယာဉ်တွေမှန်ချမောင်းနှင်ပေးပြီး ပူးပေါင်းပါဝင်ပေးကြဖို့ အထူးလိုအပ်ကြောင်း မုံရွာမြို့နယ် (ပကဖ)က တောင်းဆိုထားတာပါ။

စစ်အုပ်စုယာဉ်တန်းတွေ အဓိကအသုံးပြုနေတဲ့ မုံရွာ-မန္တလေးလမ်း၊ မုံရွာ-သာစည်လမ်း၊ မုံရွာ-ကျောက္ကာလမ်း၊ မုံရွာ-အမြင့်လမ်းနဲ့ မြေနဲ-မိုးညှင်း-ဗောဓိ လမ်းပိုင်းတွေမှာ သွားလာနေကြတဲ့ ပြည်သူတွေကို ကားမှန်တွေတင်ပြီး မမောင်းကြဖို့ မုံရွာမြို့နယ်(ပကဖ)က မေတ္တာရပ်ခံပန်ကြားထားပါတယ်။

တော်လှန်ရေးစိုးမိုးနယ်မြေတွေထဲ စစ်အုပ်စုစိမ့်ဝင်လာမှုကို တားဆီး ကာကွယ်နိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | လမ်းပိုင်းလုံခြုံရေးစစ်ဆေးနေသည့် PDF တပ်ဖွဲ့ဝင်များ - လူမှုကွန်ယက် (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍21🥰5❤4
◼️ရေးမြို့နယ်မှာ စစ်အုပ်စုယာဉ်ကို မွန်တော်လှန်ရေးတပ် MSRF တိုက်ခိုက်၊ တပ်ရေးဗိုလ်ကြီးအပါ စစ်အုပ်စု ၅ ဦးသေဆုံး

၂၁ နိုဝင်ဘာ | နွေဦးအသံ |

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စု ယာဉ်ကို မွန်ပြည်တော်လှန်ရေးတပ် MSRF က နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ တပ်ရေးဗိုလ်ကြီး အပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့မှ ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်း - ခလရ ၃၁ သို့လာတဲ့ စစ်အုပ်စုကို ရင်းရယ်ကျေးရွာနဲ့ မဟယ်ကျေးရွာကြားမှာ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင် အပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အသိပေးထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း MA3 (၁) လက်၊ MA ကျည်ဘောက် (၃) ခု၊ MA ကျည် (၁၀၀) တောင့်ဝန်းကျင်၊ MA5 ပစ္စတို (၁) လက်နဲ့ ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | MSRF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍21👏7❤4🥰1