◼️ရခိုင်နဲ့ ပလက်ဝမှာ စစ်တပ် ၄ ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်နဲ့ ကလေးအပါ ပြည်သူ ၁၄ ဦးသေဆုံး
၁၈ နိုဝင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ သံတွဲ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ၄ ရက်ဆက်တိုက် လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊ ကိုယ်ဝန်သည် အပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ အရင် GTI ကျောင်းနဲ့ အနီးဝန်းကျင်ကို နိုဝင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် GTI ကျောင်းဆောင်တွေနဲ့ လူနေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။
ကျောက်တော်မြို့ရှိ အရင် စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်ကိုလည်း နိုဝင်ဘာ ၁၆ ရက်၊ ည ၁၁ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး စိုက်သိပ္ပံကျောင်းဆောင်အချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ ပတ်ဝန်းကျင်ကို နိုဝင်ဘာ ၁၆ ရက်၊ မနက် ၁ နာရီခန့်မှာ ဂျက်တိုက်လေယာဉ် ၅ စီးနဲ့ Y-12 လေယာဉ် ၁ စီး အသုံးပြုပြီး တနာရီခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကိုလည်း နိုဝင်ဘာ ၁၄ ရက်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေပေါ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီခန့်မှာ ဒရုန်းတွေနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာ အနီးတဝိုက်ကို နိုဝင်ဘာ ၁၄ ရက်မှာ ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ Y-12 လေယာဉ် ၁ စီးတို့နဲ့ ည ၈ နာရီခန့်မှ ၉ နာရီ ၁၅ မိနစ်အထိ ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ပေါင် ၂၀၀ ဗုံးတွေအပြင် Rocket နဲ့ Drop Bomb တွေ အပါအဝင် ဗုံးအလုံးရေ ၅၀ နီးပါးကို တနာရီကျော်ကြာ မရပ်မနား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ကိုယ်ဝန် ၅ လရှိ စစ်ဘေးရှောင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ပြီး နေ့စဉ်ရက်ဆက် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬38❤4😢2
◼️စစ်အုပ်စုဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် လိုက်ပါတဲ့ယာဉ်တန်းကို အတွဲလိုက်မိုင်းနဲ့ PDF Zoland ဖောက်ခွဲတိုက်ခိုက်
၁၈ နိုဝင်ဘာ ||| နွေဦးအသံ |||
ချင်းပြည်နယ်၊ ဖလမ်း-တီးတိန်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ခန့် ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် လိုက်ပါလာတဲ့ စစ်အုပ်စုယာဥ်တန်းကို PDF Zoland က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု သေဆုံးထိခိုက်မှုများနိုင်တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်အသိပေးချက်အရ သိရပါတယ်။
စစ်အုပ်စု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် အပါအဝင် ၂၅ ဦးခန့် လိုက်ပါလာတဲ့ အိမ်စီးကား ၇ စီး၊ Skat ၁ စီး ယာဥ်တန်းကို ဖလမ်း - တီးတိန် လမ်းပိုင်းမှာ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF Zoland က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြထားတာပါ။
ယာဉ်တန်းကို အတွဲလိုက်မိုင်းတွေနဲ့ ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကို ရုပ်သံမှတ်တမ်းမှာတွေ့ရသလို တိုက်ခိုက်မှုအတွင်း စစ်အုပ်စု သေဆုံးထိခိုက်မှုများနိုင်ပြီး အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ဖို့တော့ စုံစမ်းဆဲဖြစ်တယ်လို့ PDF Zoland က အသိပေးထားတာ တွေ့ရပါတယ်။
Video | PDF Zoland

👏32❤16