◼️ရေးမြို့နယ်မှာ စစ်တပ် လေကြောင်းမှဗုံးထပ်ကြဲ၊ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
၁၈ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၁၆ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရွာသား ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ ရေးချောင်းဖျားရှိ ချဲ့ဒိုက်ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ် အများအပြားလည်း ပျက်စီးခဲ့ရပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်မှုနဲ့ ပျက်စီးမှု အသေးစိတ် အခြေအနေတွေကို ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ ရာမညမွန်တပ်တော် (RMA) က အသိပေးထားတာ တွေ့ရပါတယ်။
Photo | RMA
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬24😢4❤1
◼️ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းကို စစ်ဆင်ရေးဆောင်ရွက်ရန်ရှိသဖြင့် PDF ယာယီပိတ်
၁၈ နိုဝင်ဘာ| နွေဦးအသံ |
မကွေးဒေသ၊ စလင်းမြို့နယ်ရှိ လမ်းပိုင်းအချို့မှာ စစ်ဆင်ရေးဖော်ဆောင်မှာဖြစ်တာကြောင့် ပြည်သူတွေ အသုံးမပြုကြဖို့နဲ့ နိုဝင်ဘာ ၁၇ ရက်မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မင်းဘူးခရိုင် စစ်ဌာန၊ အမှတ် ၁ တပ်ရင်းက ယာယီပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းရဲ့ စစ်ရေး လှုပ်ရှားရာ နယ်မြေဖြစ်တဲ့ ဆင်ဖြူကျွန်း - တညောင် လမ်းပိုင်းမှာ စစ်ဆင်ရေးအရ အရေးပေါ်ဆောင်ရွက်မှုတွေ ပြုလုပ်မှာဖြစ်တာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ ယာယီ ပိတ်ပင်လိုက်ကြောင်း အဆိုပါ PDF တပ်ရင်းက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။
လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပြုကြောင်း တပ်ရင်းက တရားဝင် ထုတ်ပြန်မှသာ အသုံးပြုကြဖို့နဲ့ အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာပါက မင်းဘူးခရိုင် အမှတ်- ၁ တပ်ရင်းထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့ ပိတ်ပင်ထားတဲ့ အဆိုပါ လမ်းပိုင်းကို အသုံးပြုပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်အတွက် လုံးဝ တာဝန်ယူမှာ မဟုတ်ကြောင်းကိုလည်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။
Photo | မင်းဘူးခရိုင် တပ်ရင်း ၁ တပ်ဖွဲ့ဝင်များ(ပုံဟောင်း)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၈ နိုဝင်ဘာ

🥰21❤5👍2🔥1