The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မင်းတပ်နဲ့ ဟားခါးမြို့တွေကို စစ်ကောင်စီလေတပ် ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်၊ လူအများအပြားသေဆုံး

၃၀ အောက်တိုဘာ ||| နွေဦးအသံ |||

ချင်းပြည်နယ်အတွင်းရှိ မြို့တွေကို အကြမ်းဖက် စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၂၈ နဲ့ ၂၉ ရက်တို့မှာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူအများအပြားသေဆုံးထိခိုက်မှုတွေ ရှိခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ပေါ်ရှိ လူနေရပ်ကွက်ကို အောက်တိုဘာ ၂၉ ရက်၊ ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီတပ်ရဲ့ တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ည ၇ နာရီခန့်မှာလည်း တခြားရပ်ကွက် ၁ ခုကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် လူနေ အဆောက်အအုံ ၁၁ လုံး ပျက်စီးခဲ့ပြီး လူ ထိခိုက် သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးကြောင်း ဒေသတွင်းရှိ သတင်းရင်းမြစ်တွေက အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြထားကြတာပါ။

အလားတူ ဟားခါးမြို့နယ်ရှိ ချင်းဒေသ ကာကွယ်ရေးတပ် (CDF - Hakha) ရဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးထိန်းသိမ်းထားရာ စစ်သုံ့ပန်းစခန်းကို အောက်တိုဘာ ၂၈ ရက်၊ ည ၉ နာရီခန့်မှာ ဂျက်ဖိုက်တာ ၅ စီးနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးခဲ့သလို နောက်ထပ် ၅ ဦးလည်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | The Chinland Post ၊ Ĥkl Mindat

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬31👍4❤1🔥1