The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မြေအသုံးပြုခွင့်ပေးခဲ့တဲ့အပြင် သွန်သင်ဆုံးမလေ့ရှိတဲ့ အဘိုးကို PDF ရဲဘော်များ ဂါရဝပြုကန်တော့

🔹အကြမ်းဖက်စစ်အုပ်စုမရှိမှ တိုင်းပြည်အေးချမ်းမှာဖြစ်တဲ့အတွက် အနိုင်တိုက်ရန်တိုက်တွန်း

၂၈ အောက်တိုဘာ ||| နွေဦးအသံ |||

နွေဦးတော်လှန်ရေးအစကတည်းက မြေနေရာအသုံးပြုခွင့်ပေးခဲ့တဲ့အပြင် ရဲဘော်တွေကို သွန်သင်ဆုံးမလေ့ရှိတဲ့အဘိုးကို အရာတော်မြို့နယ် (ပကဖ) ရဲဘော်တွေက အောက်တိုဘာ ၂၆ ရက်၊ သီတင်းကျွတ်လပြည့်နေ့မှာ သွားရောက်ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။

တော်လှန်ရေးအတွက် မြေနေရာအသုံးပြုခွင့်ပေးခဲ့သလို ရဲဘော်တွေကိုလည်း သွန်သင်ဆုံးမလေ့ရှိတဲ့ အဘိုးကို ရဲဘော်တွေက သွားရောက်ဂါရဝပြုကန်တော့ခဲ့ကြရာ အကြမ်းဖက်စစ်တပ်ကို နိုင်အောင်တိုက်ခိုက်ကြဖို့ အဘိုးက တိုက်တွန်းပြောကြားခဲ့တယ်လို့ ပကဖ အသံက အောက်တိုဘာ ၂၇ ရက်မှာ ဖော်ပြထားတာပါ။

အဘိုးက "ငါပိုင်တဲ့မြေ ငါပိုင်တဲ့အရာအားလုံး မင်းတို့ကြိုက်ရာလုပ်ကြ၊ စစ်ခွေးတွေကိုတော့ နိုင်အောင်တိုက်၊ ဒီကောင်တွေမရှိမှ တိုင်းပြည်အေးချမ်းမှာ"လို့ အမြဲပြောလေ့ရှိတယ်လို့ ပကဖ အသံက ဆိုထားပါတယ်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တိုက်ခိုက်ရေးရဲဘော်တွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေကို တွန်းလှန်တိုက်ခိုက်နေသလို ပြည်သူ့ရေးရာအဖွဲ့ ရဲဘော်တွေကလည်း လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤54👍11🥰1
◼️‌စစ်ကိုင်း သံချပ်ကာ ဒုတပ်မမှူး သေဆုံးခဲ့ပြီးနောက် စစ်တပ်က ဗုံးကြဲ စစ်ကြောင်းထိုး၊ ရွာလုံးကျွတ်မီးရှို့

🔹တအိမ်တက်ဆင်း ဆက်ကြေးကောက် ပစ္စည်းခိုးပြီး ဝတ်ထားတဲ့ နားကပ်များပါ အဓမ္မချွတ်ယူ

၂၈ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းမှာ သံချပ်ကာတပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး အရှင်ဖမ်းခံရပြီးနောက် အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဗုံးကြဲ၊ စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ်မီးရှို့တဲ့အပြင် ဆက်ကြေးကောက်၊ တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူရုံတင်မက ဝတ်ဆင်ထားတဲ့ နားကပ်တွေကိုပါ ချွတ်ယူတဲ့အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အုန်းတောရွာ အခြေစိုက် အမှတ် ၇၂ သံချပ်ကာတပ်မှ ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး / ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို လက်နက်နဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်မှာ စစ်တပ်အတွင်းမှသတင်းပေးခဲ့တာကြောင့် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အရှင်ဖမ်းဆီးခဲ့ပါတယ်။

ဒါ့ကြောင့် စစ်တပ်က ငါးထပ်ကြီးဘုရားနဲ့ ရွာသစ်ကြီးမြို့ အနောက်ဘက်ကျေးရွာတွေကို အောက်တိုဘာ ၁၉ ရက်မှ ၂၈ ရက်အထိ စစ်ကြောင်းထိုးပြီး နေအိမ်တွေမှ လက်ဝတ်ရတနာ၊ ပိုက်ဆံနဲ့ ဖုန်းတွေကို အဓမ္မလုယူရုံတင်မက ဝတ်ဆင်ထားတဲ့ နားကပ်တွေကိုပါ ချွတ်ယူသွားခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ငါးထပ်ကြီးဘုရား အနောက်ဘက် ကျေးရွာတွေကို အောက်တိုဘာ ၁၉ နဲ့ ၂၀ ရက်မှာ လေကြောင်းမှလည်း ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး နွားအချို့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စစ်တပ်စစ်ကြောင်းက အနောက်တာကျေးရွာဘက်ရှိ နေအိမ်တွေမှာ အိမ်ထောင်စု တစုကို ၃၀၀၀၀ ကျပ်နှုန်းနဲ့ အဓမ္မ ဆက်ကြေးကောက်ယူလျက်ရှိတဲ့အပြင် ရွာသစ်ကြီး အ‌နောက်ဘက်ခြမ်းရှိ ကျေးရွာ ၁ ရွာကိုလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | အရှင်ဖမ်းမိတဲ့ စစ်တပ် ဗိုလ်မှူးကြီးနှင့် ခင်ဦးမြို့နယ် ကျေးရွာတရွာ စစ်တပ်မီးရှို့မှု(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬41❤3👍3🔥2
◼️စစ်တွေစစ်မျက်နှာမှာ အရေးနိမ့်လာတဲ့စစ်တပ်က ရှုံးမဲမဲပြီး ဒေသခံငါးဖမ်းသမားတွေကိုပါ စက်သေနတ်နဲ့ပစ်သတ်

၂၉ အောက်တိုဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဒေသခံ ငါးဖမ်းသမားတွေကို စစ်ရေးရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၄ ရက်၊ ညနေပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ပြီး ငါးဖမ်း စက်လှေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ကုလားတန်မြစ်ဝ အလယ်မှာ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းမှ စက်လှေနဲ့ ငါးဖမ်းဖို့ ထွက်လာတဲ့ ဒေသခံ ၄ ဦးကို ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီရေတပ်ရဲ့ Speed boat တစီးက စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။

စက်လှေပေါ်ပါလာတဲ့ ငါးဖမ်းသမားတွေကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး တချို့က ရေထဲ ခုန်ဆင်း ထွက်ပြေးခဲ့ကြပေမယ့် အလွတ်မပေးဘဲ တယောက်မကျန် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပြင် စက်လှေကိုလည်း စစ်တွေမြို့ဘက်ကို ယူဆောင် ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေး မပြင်းထန်သေးတဲ့ ကာလတွေမှာ စစ်တပ်က ငါးဖမ်းသမားတွေထံမှ ငွေကြေးရယူပြီး စက်လှေတွေကို ငါးဖမ်းခွင့်ပြုထားသော်လည်း စစ်ရေးပြင်းထန်ပြီး အဘက်ဘက်မှ ရှုံးနိမ့်နေတဲ့ လက်ရှိအချိန်မှာတော့ သူတို့ခွင့်ပြုထားတဲ့ ငါးဖမ်းစက်လှေတွေကို သူတို့ကိုယ်တိုင် စက်သေနတ်တွေနဲ့ လိုက်လံပစ်ခတ်သတ်ဖြတ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Video | Narinjara

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬39🔥4❤3👍1
◼️တိုင်းရင်းသားနယ်မြေ ရှေ့တန်းရဲဘော်များကို ဂန့်ဂေါခရိုင်စစ်ဌာနက ၂ နှစ်အတွင်း ကျပ်သိန်း ၄၀၀ ခန့်ဂုဏ်ပြုထောက်ပံ့

၂၉ အောက်တိုဘာ ||| နွေဦးအသံ |||

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နယ်မြေ၊ ရှေ့တန်းစစ်မျက်နှာမှာ နှစ်နဲ့ချီတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို PDF ဂန့်ဂေါခရိုင်စစ်ဌာနက ၂ နှစ်နီးပါး ကာလအတွင်း ကျပ် သိန်း ၄၀၀ နီးပါး ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါခရိုင်စစ်ဌာနရဲ့ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်း‌ဆောင်နေတဲ့ ရဲဘော်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ လက်ရှိအချိန်ထိ ကျပ်သိန်း ၄၀၀ နီးပါး ဂုဏ်ပြုထောက်ပံ့ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဂန့်ဂေါခရိုင်စစ်ဌာနက အောက်တိုဘာ ၂၈ ရက်၊ ညပိုင်မှာ ထုတ်ပြန်ထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှု အဆင့်ဆင့်ကို လိုက်နာပြီး တိုင်းရင်းသားနယ်မြေတွေမှာ နှစ်နဲ့ချီ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ဂုဏ်ပြုထောက်ပံ့ပေးလျက်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနကအသိပေးထားတာ တွေ့ရပါတယ်။

Photo | ဂန့်ဂေါခရိုင်စစ်ဌာန

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31🥰7❤4👏1
◼️နတ်ရေကန်ဗျူဟာသို့ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်၊ စကစအများအပြားသေဆုံး

၂၉ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ငဖဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် AA က အောက်တိုဘာ ၂၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး အရှင်ဖမ်းမိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အမ်း-ပဒါန်းလမ်းမှာ ပိတ်မိနေတဲ့ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာသို့ စစ်ကူပေးဖို့ ပဇီကျေးရွာနဲ့ ဂုတ်ကြီးကျေးရွာကြားမှ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို အာရက္ခတပ်တော် AA က အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်တို့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကုန်းတွေကြားကနေ လမ်းကြောင်းအသစ် ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကြောင်းကို အောက်တိုဘာ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးထက်မနည်း အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားတာပါ။

အဆိုပါတိုက်ပွဲဟာ ပိုမိုပြင်းထန်ခဲ့သလို စစ်တပ်က ဂျက်ဖိုက်တာနဲ့ပါ လေကြောင်းမှ ပစ်ကူပေးခဲ့ပြီး အထိနာသွားတဲ့ စစ်အုပ်စုဟာ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း အာရက္ခတပ်တော် AA က လိုက်လံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)၊ နတ်ရေကန်ဗျူဟာစခန်းကို Google maps မှာ တွေ့ရစဉ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31👍17👏4🥰2