The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မြောင်မြို့မဈေးအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းအားလုံးလွတ်မြောက်ရေး တောင်းဆိုတဲ့လှုပ်ရှားမှုပြုလုပ်

၁ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မြောင်မြို့ပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုကို မြောင်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ လူငယ်တွေက အောက်တိုဘာ ၃၀ ရက်မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မြောင်မြို့ပေါ်ရှိ လူစည်ကားရာ မြို့မဈေးအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

" Free Her " ၊ " Free all Political Prisoners " စာသားတွေပါတဲ့ ဘန်နာ၊ စတစ်ကာတွေကို ဈေးအနှံ့ လိုက်လံကပ်ပြီး တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုကို မြောင်မြို့နယ် လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီနဲ့ လူငယ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍28❤9🥰2👏1
◼️မုံရွာ-မန္တလေးလမ်းမှာ စစ်တပ်ယာဉ်တန်းကို PDF ပကဖ မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၇ ဦးပြင်းထန်ဒဏ်ရာရ

၁ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၁ ရက်၊ မနက် ၁၁ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်းကို မုံရွာ-မန္တလေး လမ်းပိုင်းတနေရာမှာ တဖက်ပွင့်ပြောင်း မိုင်း ၃ ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက နိုဝင်ဘာ ၁ ရက်မှာ ‌ဖော်ပြထားတာပါ။

အဆိုပါတိုက်ခိုက်မှုကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ စစ်ကိုင်းခရိုင် အမှတ် ၅ တပ်ရင်းနဲ့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပကဖ အနေနဲ့ PDF နဲ့လက်တွဲတိုက်ပွဲဝင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Video | ပကဖ အသံ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30👏2
◼️ကျိုက်မရော၊ ကျွန်းရွာရှိ စစ်တပ်စခန်းကို RMA တိုက်ခိုက်၊ အရာရှိအပါ စကစ ၅ ဦးသေဆုံး

၁ နိုဝင်ဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်စခန်းကို ရာမညမွန်တပ်တော် RMA က အောက်တိုဘာ ၃၁ ရက်၊ မနက် ၅ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ RMA ထံမှ သိရပါတယ်။

ကျွန်းရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မုဒုံမြို့နယ်အတွင်း စစ်ရေး လှုပ်ရှားနေတဲ့ ရာမညမွန်တပ်တော် RMA ရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ RMA က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားတာပါ။

စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့တဲ့ အဆိုပါတိုက်ပွဲမှာ ရာမညမွန်တပ်တော် RMA မှ ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ RMA က အသိပေးထားတာ တွေ့ရပါတယ်။

Photo | RMA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍27😢3❤2🥰2