The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ပုလောမှာ ကျေးရွာ မူကြိုကျောင်း၊ နေအိမ်တွေကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ မသန်စွမ်းတဦးအပါ ပြည်သူ ၃ ဦးသေဆုံး

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ပုလောမြို့နယ်အတွင်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာရှိ မူကြိုကျောင်း၊ နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၆ ရက်၊ မနက် ၁၀ နာရီခန့်မှာ လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ မသန်စွမ်း တဦးနဲ့ အမျိုးသမီး တဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဇောကျေးရွာအတွင်းသို့ စစ်တပ်က ဂျက်ဖိုက်တာ(K8W Jet fighter) လေယာဉ်(၁)စီး၊ အပေါ့စားရဟတ်ယာဉ် Gyrocopter ၃ စီးတို့နဲ့ တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က မှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် မသန်စွမ်းသူ တဦး၊ အမျိုးသမီး တဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့တဲ့အပြင် အသက် ၁၀ နှစ်ကျော် ကလေးတဦးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မဇောကျေးရွာအတွင်းရှိ မူကြိုစာသင်‌ကျောင်း ၁ လုံး၊ လူနေအိမ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ နေထိုင်ဖြတ်သန်းနေရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က အသိပေးထားတာ တွေ့ရပါတယ်။

Photo | KNU

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
😢19🤬10❤2
‎◼️‌နိုင်ငံတဝှမ်း စစ်အုပ်စုထံမှ အောက်တိုဘာလအတွင်း စစ်သုံ့ပန်း ၆၁ ဦး အရှင်မိပြီး ၁၂ ဦး အလင်းဝင်
‎
‎၇ နိုဝင်ဘာ | နွေဦးအသံ |
‎
‎နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်အုပ်စုထံမှ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလအတွင်း စစ်သုံပန်း ၆၁ ဦး အရှင်ဖမ်းမိခဲ့တဲ့အပြင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ရှိခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်၊ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
‎
‎စစ်ကောင်စီထံမှ တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်း ၆၁ ဦး ရှိခဲ့ရာ မကွေးတိုင်းမှာ စစ်သား ၁ ဦးနဲ့ ပြည်သူ့စစ် ၄ ဦး၊ ရခိုင်ပြည်နယ် ၃၈ ဦး၊ ချင်းပြည်နယ် ၁၇ ဦး၊ မန္တလေး ပြည်သူ့စစ် ၁ ဦး တို့ဖြစ်ကြပြီး စစ်မှုထမ်းတပ်သားသစ် (ပစ) ၁၆ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
‎
‎ဒါ့အပြင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ရှိခဲ့ရာ ရခိုင်ပြည်နယ် ၂ ဦး၊ နေပြည်တော် ၁ ဦး၊ စစ်ကိုင်းတိုင်း ၆ ဦး၊ မကွေးတိုင်း ၂ ဦးနဲ့ ရန်ကုန်တိုင်းမှ ရဲ ၁ ဦး တို့ဖြစ်ကြပြီးစစ်မှုထမ်းတပ်သားသစ် (ပစ) ၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
‎
‎အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ၄၁၁၀ ဦးထိရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍29❤5👏1
◼️‌မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ ရဲတပ်ရင်းမှ ရဲ ၂ ဦးက တောင်သာ PDF ထံ လက်နက်များနဲ့ အလင်းဝင်

၇ နိုဝင်ဘာ ||| နွေဦးအသံ |||

ရန်ကုန်၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၅ မှ ရဲ ၂ ဦးက လက်နက်များနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ နိုဝင်ဘာ ၆ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၅ (မှော်ဘီ)မှ အပတ်စဥ် ၃၇၉ သင်တန်းဆင်း ရဲ ၂ ဦးက သေနတ် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ တောင်သာမြို့နယ် (ပကဖ) က ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။

အခုလို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုလက်ခံခဲ့သလို ဘေးကင်းလုံခြုံရာသို့လည်း ပို့ဆောင်ပေးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ TTA-PDF က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍17👏2