The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️တောင်တွင်းကြီးမှာ ပေါ်တာဆွဲနေတဲ့စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ စကစရဲ ၂ ဦး သေဆုံးပြီး သေနတ် သိမ်းဆည်းရရှိ

၅ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ တောင်တွင်းကြီးမြို့နယ်မှာ ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF နဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်၊ ညနေ ၅ နာရီခန့်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရဲ ၂ ဦး သေဆုံးခဲ့ပြီး သေနတ် ၁ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဆတ်သွားကျေးရွာ အနီးပတ်ဝန်းကျင်မှာ ကင်းလှည့် ပေါ်တာဆွဲတာတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဆတ်သွား-လယ်ဝေး လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ - နတ်မောက် PDF က နိုဝင်ဘာ ၄ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီ ရဲ ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့အပြင် MA-13 ၁ လက်၊ ၅.၅၆ ကျည် ၉ တောင့်နဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်မောက် PDF က ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့နဲ့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-ပုဏ္ဏဝတီ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အသိပေးထားပါတယ်။

ရိုးမဖိုက်တာ စစ်ကြောင်းဟာ အမှတ် ၁ စစ်ဒေသ လက်အောက်ရှိ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ နေပြည်တော်တိုင်း စစ်ဌာန၊ ဗျူဟာ ၁၇ လက်အောက်ရှိ နေပြည်တော် တပ်ရင်း (၉၀၂)၊ နေပြည်တော် တပ်ရင်း (၈၀၄) တို့နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ကင်းလှည့်တာ၊ စစ်ဆေးရေးဂိတ်ချတာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတဲ့ စစ်အုပ်စုကို အရှိန်မြှင့်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ အနီးမှာ သွားလာနေထိုင်တာ မပြုလုပ်ကြဖို့ကိုလည်း အဆိုပါတပ်က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Video | Natmauk PDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍28❤8👏3🥰1
◼️ဝက်လက်မှာ စစ်ရှောင်တွေထံမှ ရိက္ခာလုယက်ဖို့လာတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက်ရာ စကစ တဦးသေဆုံး

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဝက်လက်မြို့နယ်မှာ စစ်ဘေးရှောင်တွေထံမှ ရိက္ခာလုယက်ဖို့ ထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက နိုဝင်ဘာ ၄ ရက်၊ ည ၈ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဟံလင်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းမှ စစ်အုပ်စုက စစ်ဘေးရှောင်တဲတွေမှာ ရိက္ခာရှာ လုယက်ဖို့ထွက်လာစဉ် PDF ရဲဘော်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှ တဦးသေဆုံးခဲ့တဲ့အပြင် MA3 တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၂ ရွှေဘိုခရိုင်စစ်ဌာန၊ တပ်ရင်း ၂ က ထုတ်ပြန်ထားတာပါ။

အဲဒီ စစ်တပ်အထိုင်စခန်း အနီးပတ်ဝန်ကျင်ရှိ ဒေသခံပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု အလိုကျ အားပေးအားမြောက်မပြုလုပ်ကြဖို့အပြင် စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကိုလည်း သတိပြုနေထိုင်ကြဖို့ PDF တပ်ရင်းက သတိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | ‌ရွှေဘိုခရိုင် တပ်ရင်း ၂

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏24❤10🥰1
◼️‌အင်းတော်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်အုပ်စုအသေအပျောက်များ

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်မှာ လူ၊ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်တို့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စု အသေအပျောက်များပြီး စစ်ကားတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှ မြစ်ကြီးနားသို့ မိသားစုတွေ အပါအဝင် စစ်တပ်အင်အားတွေ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေနဲ့အတူ တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို နိုဝင်ဘာ ၃ ရက်၊ ညနေပိုင်းမှာ ကသာမြို့အဝင်တနေရာမှာ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မော်လူးမြို့၊ စီပိန်းရွာအဝင်နားမှာလည်း တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၄ ရက်၊ မနက်နဲ့ နေ့လယ်ပိုင်းမှာ ဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၂ စီး မီးလောင်ပျက်စီးခဲ့တဲ့အပြင် စစ်အုပ်စု အသေအပျောက်များပြီး အထိနာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားတာပါ။

အဲဒီလို စစ်ယာဉ်တန်း အထိနာနေတဲ့အတွက် စစ်တပ်က လမ်းတလျှောက် ကျေးရွာတွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တော်လှန်ရေးရဲဘော်အချို့အပါအဝင် ဒေသခံပြည်သူတွေ ထိခိုက်မှုတွေရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | Screenshot (လူမှုကွန်ယက်)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍26❤5👏2🔥1🥰1
◼️‌ကန့်ဘလူရှိ ရေဘေးသင့်ပြည်သူတွေကို ယူနစ်အစိုးရက ငွေကြေးထောက်ပံ့ပြီး တံတား ၂ စင်း ဆောက်လုပ်ပေး

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်ရှိ ရေဘေးသင့် ပြည်သူတွေကို စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက အရေးပေါ် ငွေကြေးတွေ ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ဆက်သွယ် သွားလာရေးအဆင်ပြေစေဖို့ တံတား ၂ စင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာတရွာမှာ တအိမ်ထောင် ၁၄၀၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၄၂ စုကို အရေးပေါ် ကူညီထောက်ပံ့မှုအဖြစ် ၅၈၈၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားမှုနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ကျေးရွာချင်းဆက် တံတား ၂ စင်း ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတွေနဲ့ မြို့နယ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံတို့က ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍24❤2🥰2👏1
◼️‌စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တာကြောင့် လမ်းပိုင်းအချို့ အသုံးမပြုရန် PDF သတိပေး

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ထီးချိုင့် - ကသာ - မော်လူး လမ်းပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ယာဉ်တန်းကိုလည်း တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ယာဉ်တန်းနဲ့ ကပ်မလိုက်ဖို့နဲ့ လမ်းပိုင်းအချို့ကို အသုံးမပြုကြဖို့ PDF ကသာခရိုင် အမှတ် ၁ တပ်ရင်းက သတိပေးလိုက်ပါတယ်။

ကသာ-ထီးချိုင့် အမှတ် ၃ ကားလမ်းနဲ့ ကသာ-မော်လူး ကားလမ်းတို့မှာ စစ်အုပ်စုနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး ခရီးသွား ပြည်သူတွေအနေနဲ့ လုံးဝ အသုံးမပြုသင့်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါ။

အဆိုပါ လမ်းပိုင်းတွေမှာ စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် စစ်အုပ်စု ယာဉ်တန်းတွေနဲ့ နီးကပ်စွာ သွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ ခရီးသွားပြည်သူတွေ ထိခိုက်မှု မရှိစေရေး ရည်ရွယ်ပြီး အထူးသတိပေးရခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သတိပေးချက် ထုတ်ပြန်တဲ့ နေ့မှစပြီး အဆိုပါ လမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာတာ ပြုလုပ်ပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို လုံးဝ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းနဲ့ ဖြတ်သန်းသွားလာခွင့်ပြုမှသာ အသုံးပြုကြဖို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။

Photo | PDF (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍34❤4🥰2👏2