The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ ရဲတပ်ရင်းမှ ရဲ ၂ ဦးက တောင်သာ PDF ထံ လက်နက်များနဲ့ အလင်းဝင်

၇ နိုဝင်ဘာ ||| နွေဦးအသံ |||

ရန်ကုန်၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၅ မှ ရဲ ၂ ဦးက လက်နက်များနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ နိုဝင်ဘာ ၆ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၅ (မှော်ဘီ)မှ အပတ်စဥ် ၃၇၉ သင်တန်းဆင်း ရဲ ၂ ဦးက သေနတ် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ တောင်သာမြို့နယ် (ပကဖ) က ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။

အခုလို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုလက်ခံခဲ့သလို ဘေးကင်းလုံခြုံရာသို့လည်း ပို့ဆောင်ပေးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ TTA-PDF က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍19👏2