◼️ကန့်ဘလူရှိ ရေဘေးသင့်ပြည်သူတွေကို ယူနစ်အစိုးရက ငွေကြေးထောက်ပံ့ပြီး တံတား ၂ စင်း ဆောက်လုပ်ပေး
၆ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်ရှိ ရေဘေးသင့် ပြည်သူတွေကို စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက အရေးပေါ် ငွေကြေးတွေ ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ဆက်သွယ် သွားလာရေးအဆင်ပြေစေဖို့ တံတား ၂ စင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာတရွာမှာ တအိမ်ထောင် ၁၄၀၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၄၂ စုကို အရေးပေါ် ကူညီထောက်ပံ့မှုအဖြစ် ၅၈၈၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားမှုနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ကျေးရွာချင်းဆက် တံတား ၂ စင်း ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတွေနဲ့ မြို့နယ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံတို့က ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍24❤2🥰2👏1
◼️စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တာကြောင့် လမ်းပိုင်းအချို့ အသုံးမပြုရန် PDF သတိပေး
၆ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ထီးချိုင့် - ကသာ - မော်လူး လမ်းပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ယာဉ်တန်းကိုလည်း တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ယာဉ်တန်းနဲ့ ကပ်မလိုက်ဖို့နဲ့ လမ်းပိုင်းအချို့ကို အသုံးမပြုကြဖို့ PDF ကသာခရိုင် အမှတ် ၁ တပ်ရင်းက သတိပေးလိုက်ပါတယ်။
ကသာ-ထီးချိုင့် အမှတ် ၃ ကားလမ်းနဲ့ ကသာ-မော်လူး ကားလမ်းတို့မှာ စစ်အုပ်စုနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး ခရီးသွား ပြည်သူတွေအနေနဲ့ လုံးဝ အသုံးမပြုသင့်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါ။
အဆိုပါ လမ်းပိုင်းတွေမှာ စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် စစ်အုပ်စု ယာဉ်တန်းတွေနဲ့ နီးကပ်စွာ သွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ ခရီးသွားပြည်သူတွေ ထိခိုက်မှု မရှိစေရေး ရည်ရွယ်ပြီး အထူးသတိပေးရခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
သတိပေးချက် ထုတ်ပြန်တဲ့ နေ့မှစပြီး အဆိုပါ လမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာတာ ပြုလုပ်ပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို လုံးဝ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းနဲ့ ဖြတ်သန်းသွားလာခွင့်ပြုမှသာ အသုံးပြုကြဖို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။
Photo | PDF (Screenshot)

👍34❤4🥰2👏2
◼️ပုလောမှာ ကျေးရွာ မူကြိုကျောင်း၊ နေအိမ်တွေကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ မသန်စွမ်းတဦးအပါ ပြည်သူ ၃ ဦးသေဆုံး
၆ နိုဝင်ဘာ ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ ပုလောမြို့နယ်အတွင်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာရှိ မူကြိုကျောင်း၊ နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၆ ရက်၊ မနက် ၁၀ နာရီခန့်မှာ လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ မသန်စွမ်း တဦးနဲ့ အမျိုးသမီး တဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မဇောကျေးရွာအတွင်းသို့ စစ်တပ်က ဂျက်ဖိုက်တာ(K8W Jet fighter) လေယာဉ်(၁)စီး၊ အပေါ့စားရဟတ်ယာဉ် Gyrocopter ၃ စီးတို့နဲ့ တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က မှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် မသန်စွမ်းသူ တဦး၊ အမျိုးသမီး တဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့တဲ့အပြင် အသက် ၁၀ နှစ်ကျော် ကလေးတဦးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မဇောကျေးရွာအတွင်းရှိ မူကြိုစာသင်ကျောင်း ၁ လုံး၊ လူနေအိမ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ နေထိုင်ဖြတ်သန်းနေရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က အသိပေးထားတာ တွေ့ရပါတယ်။
Photo | KNU

😢19🤬10❤2
◼️နိုင်ငံတဝှမ်း စစ်အုပ်စုထံမှ အောက်တိုဘာလအတွင်း စစ်သုံ့ပန်း ၆၁ ဦး အရှင်မိပြီး ၁၂ ဦး အလင်းဝင်
၇ နိုဝင်ဘာ| နွေဦးအသံ |
နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်အုပ်စုထံမှ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလအတွင်း စစ်သုံပန်း ၆၁ ဦး အရှင်ဖမ်းမိခဲ့တဲ့အပြင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ရှိခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်၊ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီထံမှ တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်း ၆၁ ဦး ရှိခဲ့ရာ မကွေးတိုင်းမှာ စစ်သား ၁ ဦးနဲ့ ပြည်သူ့စစ် ၄ ဦး၊ ရခိုင်ပြည်နယ် ၃၈ ဦး၊ ချင်းပြည်နယ် ၁၇ ဦး၊ မန္တလေး ပြည်သူ့စစ် ၁ ဦး တို့ဖြစ်ကြပြီး စစ်မှုထမ်းတပ်သားသစ် (ပစ) ၁၆ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ရှိခဲ့ရာ ရခိုင်ပြည်နယ် ၂ ဦး၊ နေပြည်တော် ၁ ဦး၊ စစ်ကိုင်းတိုင်း ၆ ဦး၊ မကွေးတိုင်း ၂ ဦးနဲ့ ရန်ကုန်တိုင်းမှ ရဲ ၁ ဦး တို့ဖြစ်ကြပြီးစစ်မှုထမ်းတပ်သားသစ် (ပစ) ၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ၄၁၁၀ ဦးထိရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၇ နိုဝင်ဘာ

👍27❤5👏1