The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️တိုက်လေယာဉ်များကို တိကျစွာတိုက်ခိုက်ခဲ့ပြီး ဗျူဟာမှူးဗိုလ်မှူးကြီးအပါ ၅ ဦးသေဆုံးဟု PDF ကြေညာ

၁၁ စက်တင်ဘာ ||| နွေဦးအသံ |||

မန္တလေး၊ တံတားဦးမြို့နယ်ရှိ အကြမ်းဖက်လေတပ်ရှိ YAK-130 တိုက်လေယာဉ်တွေကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၀ ရက်မှာ ဒရုန်းနဲ့ တိကျစွာတိုက်ခိုက်နိုင်ခဲ့ပြီး မြေပြင်တိုက်ပွဲမှာလည်း ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စကစ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူကို ဗုံးကြဲသတ်ဖြတ်ရာမှာ အဓိကသုံးနေတဲ့ စစ်တပ်ရဲ့ စစ်ဘက်သုံး လေတပ်စခန်း (တံတားဦး)ကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ပြီး အောင်မြင်စွာတိုက်ခိုက်ချေမှုန်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ဆင်ရေးအတွင်း YAK-130 တိုက်လေယာဉ်တွေရပ်နားထားတဲ့ နေရာတွေသို့ တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့ပြီး ဆက်စပ် မြေပြင်ထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ဝန်ခံခြင်းမရှိဘဲ လေတပ်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ အရပ်ဘက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက်ရှိတယ်လို့ ထောက်ပြထားပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့အညီ လေတပ်စခန်းဌာနချုပ်တွေအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ အဓိကကျောရိုး စစ်ဘက်ဗဟိုချက်မတွေကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကို မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ပြီး မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၃၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ ၄၊ တံတားဦးမြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ STF နဲ့

အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာနတွေမှ ပူးပေါင်းအင်အားတွေက ဟန်ချက်ညီညီ ဖော်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထားတာ တွေ့ရပါတယ်။

Photo | PDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍43❤12👏7🥰1
◼️တံတားဦးလေတပ်အထူးစစ်ဆင်ရေးမှာ PDF အမျိုးသမီးရဲဘော်များ ရှေ့တန်းမှဒရုန်းမောင်းနှင်တိုက်ပွဲဝင်

🔹ဂျက်ဖိုက်တာ ၄ စီးထိမှန် ၂ စီးပျက်စီး၊ လေကြောင်းရန်ကာကွယ်ရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးလှိုင်ဦးသေဆုံး

၁၁ စက်တင်ဘာ ||| နွေဦးအသံ |||

တံတားဦးလေတပ်ကို အမျိုးသမီးရဲဘော်များပါဝင်တဲ့ PDF ၊ ပကဖ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့ အထူးစစ်ဆင်ရေးအတွင်း ဂျက်ဖိုက်တာ ၄ စီးထိမှန်ခဲ့ရာ ၂ စီးပျက်စီးခဲ့တဲ့အပြင် လှည့်ကင်းစစ်အုပ်စုကို တိုက်ခိုက်မှုမှာလည်း ဗိုလ်မှူးကြီး မျိုးလှိုင်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့အသက်အိုးအိမ်စည်းစိမ်၊ အဆောက်အဦးတွေကို အများဆုံး တိုက်ခိုက်သတ်ဖြတ်နေတဲ့ တံတားဦးလေတပ်ကို အထူးစစ်ဆင်ရေးအဖြစ် FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ jet Fighter ၄ စီး ထိမှန်ခဲ့ပြီး ၂ စီးမှာ ပျက်စီးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၁၈၄၈)ဒရုန်းတပ်ဖွဲ့ MDDS က ရုပ်သံနဲ့တကွ ထုတ်ပြန်ထားတာပါ။

ထူးခြားတာက ရုပ်သံမှတ်တမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမျိုးသမီး ရဲဘော်တွေဟာ ဒရုန်းတွေကို ကိုယ်တိုင်မောင်းနှင်ပြီး ရှေ့တန်းနယ်မြေအတွင်းထိ ရဲရင့်စွာ ပါဝင်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

ဒရုန်းများနဲ့ တိုက်ခိုက်နေစဉ်အတွင်း အလယ်ကျေးရွာအနီး လှည့်ကင်းထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်အုပ်စုကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ လေကြောင်းရန်ကာကွယ်ရေးတပ် လစခ ၇ မှ ယာယီနည်းဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးလှိုင်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်၁၈၄၈ ဒရုန်း တပ်ဖွဲ့ (MDDS)နဲ့အတူ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ အမှတ် (၁၀)တပ်ရင်း၊ ရွှေဘိုခရိုင်ကွပ်ကဲရေး (၁) ၊ (၂) မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြေပြင်တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ အမှတ် (၁၀)တပ်ရင်းတို့နဲ့အတူ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်း၊အမှတ်(၄)တပ်ရင်း ၊ တံတားဦးမြို့နယ် (ပကဖ) ၊ စဥ့်ကိုင်မြို့နယ် (ပကဖ) ၊ ငါန်းဇွန်မြို့နယ် (ပကဖ) ၊ STF တပ်ဖွဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး စစ်တပ်က ဘူးရောက်ကျေးရွာနဲ့ အလယ်ကျေးရွာကြားသို့ Mi-35 (တိုက်ခိုက်ရေးရဟတ်ယာဥ်)နဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာလည်း Gyrocopter (၃)စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားက ညနေ ၄ နာရီခွဲခန့်မှာ "အထူးစစ်ဆင်ရေး" ကို ဖော်ဆောင်ခဲ့ကြတဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်၁၈၄၈ ဒရုန်း တပ်ဖွဲ့ (MDDS)က အသိပေးထားတာ တွေ့ရပါတယ်။

Photo | MDDS

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤56👏8👍3🥰3
◼️ထီးလင်းမြို့နယ်ရှိ CSR လုပ်ငန်းတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရ ကွင်းဆင်းစစ်ဆေး

၁၂ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ထီးလင်းမြို့နယ်အတွင်း အတည်ပြုထားတဲ့ CSR (Corporate Social Responsibility) လုပ်ငန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့အတူ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့က စက်တင်ဘာ ၁၁ ရက်မှာ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကွင်းဆင်းစစ်ဆေးရာမှာ အတည်ပြုထားတဲ့ CSR လုပ်ငန်းတွေကို မြေပြင်အခြေအနေအရ စစ်ဆေးခဲ့ကြပြီး လုပ်ငန်းစဉ်အတွင်း လိုအပ်တဲ့ကိစ္စရပ်တွေ၊ ဆောင်ရွက်ရန်ကိစ္စရပ်တွေကို သက်ဆိုင်ရာ ကော်မတီတွေကို စနစ်တကျလုပ်ဆောင်ဖို့ မှာကြားခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ထုတ်ပြန်ထားတာပါ။

မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ရဲ့ စီမံဘဏ္ဍာရေးဝန်ကြီး ဦးယောလေး၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ကျော်ထွန်းတို့နဲ့အတူ NUG အစိုးရ၊ CSR ဒုတိယဥက္ကဋ္ဌ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်စောဖူးတို့က ကွင်းဆင်းစစ်ဆေးခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာလည်း ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့က တော်လှန်ပြည်သူ စေတနာရှင်တွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေကို Free Burma Rangers (FBR) က လှူဒါန်းတဲ့ ဆန်အိတ်တွေနဲ့ မိုးကာတွေကို ပေးအပ်ခဲ့သလို ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဆွေးနွေးအားပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | IMFUG

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤32👍9🥰3❤‍🔥1😱1