◼️နတ်မောက်မှာ စစ်တပ်နဲ့အတူ သားအဖ ၂ ဦး မီးရှို့သတ်ဖြတ်ခဲ့တဲ့ပျူကို ပကဖ အရှင်ဖမ်းမိ
၁၂ စက်တင်ဘာ| နွေဦးအသံ |
မကွေးဒေသ၊ နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့အတူ လိုက်ပါပြီး သားအဖ ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် ပစ္စည်းခိုးယူလုယက်ရာမှာ ပါဝင်ခဲ့တဲ့ လက်ပါးစေပျူစောထီးတဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
သရက်ချဉ်ကျေးရွာနေ စစ်တပ်လက်ပါးစေ ပျူစောထီး ကရေ(ခ)စောခိုင်လေးထူး ကို အရှင်ဖမ်းမိခဲ့ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအားလုံး ဖော်ထုတ်နိုင်ခဲ့တယ်လို့ စစ်ဆေးမေးမြန်ထားတဲ့ ရုပ်သံမှတ်တမ်းနဲ့ တကွ နတ်မောက် (ပကဖ)က စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားတာပါ။
နတ်မောက်အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ တော်လှန်ရေးတပ်တွေရဲ့ သတင်းကို ပုံစံမျိုးစုံနဲ့ အသွင်ယူ စုံစမ်းပြီး စစ်တပ်စစ်ကြောင်းတွေနဲ့အတူ လိုက်ပါခဲ့တဲ့အပြင် အနောက်ခြမ်းရှိ စမ်းကုန်းကျေးရွာနေ ဦးစံမောင်တို့ သားအဖကို မီးရှို့သတ်ဖြတ်ရာမှာ ပါဝင်ခဲ့ကြောင်း အဆိုပါ ပျူစောထီးက ထွက်ဆိုထားပါတယ်။
"သူတို့က ရှို့ ရှို့ဆိုလို့ ဝိုင်းရှို့ကြတာ၊ စစ်ဗိုလ်တွေက ရှို့ရှို့ဆိုလို့၊ သားအဖနှစ်ယောက်ကို မီးရှို့တာ ဟုတ်ပါတယ်၊ သတ်ပစ်တာရှိပါတယ်၊ စစ်ကြောင်းမှူး နာမည်တော့ မသိဘူး သူတို့ခိုင်းတာပဲလုပ်ရတာ" လို့ စစ်တပ်လက်ပါးစေ ပျူစောထီးက ဖွင့်ချထားပါတယ်။
ဒါ့အပြင် ပွင့်ဖြူမြို့နယ်ဘက်မှာလည်း စစ်တပ်စစ်ကြောင်းနဲ့အတူလိုက်ပါပြီး ပြည်သူတွေထံမှ ရွှေငွေပစ္စည်းတွေကို ရသမျှ ခိုးယူ၊ လုယက်ပြီးနောက် ရသမျှခွဲဝေယူတဲ့စနစ်မှာလည်း ပါဝင်လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားပါတယ်။
စစ်တပ်လက်ပါးစေ ပျူကို နတ်မောက် ပကဖ နဲ့ အမှတ် ၉၀၃ တပ်ရင်း ဂဠုန် PDF တို့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | နတ်မောက် ပကဖ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၂ စက်တင်ဘာ

🤬33👍12❤4
◼️တိုက်ခိုက်ရေး မဟုတ်ဘဲ အခြားကဏ္ဍတွေမှာ ပါဝင်နိုင်သလို ပြည်ပ ထွက်လိုပါကလည်း ကူညီပေးဖို့ နှိုးဆော်ထား
၁၃ စက်တင်ဘာ | နွေဦးအသံ |
အရွယ်ရောက်ပြီးသား လူငယ်တွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ပြည်သူ့စစ် အဓမ္မစုဆောင်းခြင်း ဘေးအန္တရာယ်ကို ရှောင်တိမ်းလိုပါက တော်လှန်ရေးနယ်မြေတွေသို့ လာရောက်နိုင်ကြောင်း၊ တိုက်ခိုက်ရေး မဟုတ်ဘဲ အခြားကဏ္ဍတွေမှာ ပါဝင်နိုင်သလို ပြည်ပထွက်ချင်ပါကလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က စက်တင်ဘာ ၁၂ ရက်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
"အဓမ္မစစ်သားစုဆောင်းခံရဖို့ အန္တရာယ်ရှိနေတယ်ဆိုရင် လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကိုလာကြမလား၊ ကျနော်တို့ ဖိတ်ခေါ်ထားတာ ရှိတယ်၊ ဒါတော်လှန်ရေးနယ်မြေရောက်ရင်လဲ တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ချင်တယ်ဆိုရင်တော့ PDF သို့မဟုတ် ပကဖ မှာ ဝင်နိုင်အောင် ကျနော်တို့ စီစဉ်မှာပေ့ါ၊
တိုက်ခိုက်ရေး တာဝန် မဟုတ်ဘူး၊ အခြား တာဝန်ထမ်းဆောင်ချင်တယ်၊ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်တဲ့ကိစ္စ၊ လူထုဝန်ဆောင်မှု၊ ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်ငန်းတွေ ဒါမျိုးတွေမှာ ပါဝင်ချင်သလား၊ အဆင်ပြေအောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်" လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။
တော်လှန်ရေးနယ်မြေတွေဆီ ခိုလှုံလာပါက လူငယ်တွေအနေနဲ့ အသက်အန္တရာယ်ကို အတိုင်းအတာ တခုထိ ကာကွယ်နိုင်မှာ ဖြစ်ပြီး နိုင်ငံရပ်ခြားထွက်လိုပါကလည်း ပြည်ပရောက် မြန်မာလူမှုအသိုင်းအဝိုင်းတွေက တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆက်လက်ပြောဆိုပါတယ်။
"တော်လှန်ရေးနယ်မြေကို ရောက်ပြီဆိုရင်တော့ တော်လှန်ပြည်သူတွေနဲ့ အတူနေရမှာပေါ့ဗျာ၊ တော်လှန်ရေးရဲဘော်တွေနဲ့လည်း အတူတော့ ရုန်းကန်ရမယ်၊ ဒါပေမဲ့ ဂုဏ်သိက္ခာရှိရှိ ဘဝကို ရှင်သန်ရပ်တည်လို့ ရမယ်၊ ကိုယ့်ရဲ့ အသက်အန္တရာယ်အတွက်လည်း အတိုင်းအတာ တခုအထိ လုံခြုံမှု ရမယ်၊ ဒီလိုတော့ ကျနော်တို့ ပြောနိုင်ပါတယ်၊ တကယ်လို့ နိုင်ငံရပ်ခြားဘက် ထွက်ချင်တယ်ဆိုရင်လည်း ပြည်ပရောက် မြန်မာလူမှုအသိုင်းအဝိုင်းတွေကလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးဖို့ ဒါကိုလည်း တိုက်တွန်းနှိုးဆော်ထားတာ ရှိပါတယ်"
"အောင်စိတ်နဲ့ နင်းတဲ့မြေဟာ အောင်မြေ ဖြစ်တယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်လွှင့်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ နှစ်ဦးရဲ့ မျက်မှောက်ကာလ ပစတွေရဲ့ အခြေအနေ၊ စစ်ရေးအခြေအနေနဲ့ တော်လှန်ရေး ရဲ့ ရှေ့အလားအလာ တို့ကို စကားဖလှယ်ထားတဲ့ ဆွေးနွေးချက်ရုပ်သံမှာ ထည့်သွင်းပြောကြားခဲ့တာလို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၃ စက်တင်ဘာ

❤22🥰14👍6👏1
◼️အမှတ် (၁၀၀၆) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား ကျင်းပ
၁၃ စက်တင်ဘာ ||| နွေဦးအသံ |||
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်၊ ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် (၁၁) စုဖွဲ့မှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းမှ တပ်ဖွဲ့စည်းတည်ထောင်မှု (၄) နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ ၁၁ ရက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
တပ်တည်ထောင်မှု ၄ နှစ်ပြည့် အခမ်းအနားကို တပ်ရင်းစခန်းမှာ ပြုလုပ်ခဲ့ပြီး ဗျူဟာမှ တာဝန်ရှိသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ချီးမြှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်(PDF)အလံနဲ့ ကျဆုံးသူရဲကောင်းတွေကို အလေးပြုခြင်း၊ တပ်ရင်းတာဝန်ရှိသူတွေနဲ့ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေက အားပေးအမှာစကားပြောကြားခြင်း၊ ရဲဘော်တွေအတွက် ဆုတောင်းမေတ္တာပို့သခြင်း၊ ကျဆုံးရဲဘော်နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ် ရဲဘော်မိသားစုတွေကို မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

❤29👍4👏2
◼️လန်ဒန်မြို့မှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေးဆန္ဒထုတ်ဖော်
၁၃ စက်တင်ဘာ ||| နွေဦးအသံ |||
လန်ဒန်မြို့ရှိ ပါလီမန် အဆောက်အအုံရှေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး ယူကေရောက် မြန်မာတိုင်းရင်းသားတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းမှာ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ဆက်လက်ရရှိရေး ထောက်ခံပေးကြဖို့ ဆန္ဒထုတ်ဖော်သူတွေက တိုက်တွန်းခဲ့ကြတယ်လို့ NUG အစိုးရ ယူကေကိုယ်စားလှယ်ရုံးက ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့နဲ့ SCEF အပါအဝင် NUG အစိုးရ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့သာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခေါ်) ကင်အဲရစ် အပါအဝင် NUG အစိုးရ၊ ယူကေကိုယ်စားလှယ် ဦးမောင်မောင်အောင်နဲ့ ဒေါက်တာ သက်ကိုကို၊ သရုပ်ဆောင် မေမြတ်နိုး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေမှ ကိုယ်စားလှယ်တွေက တက်ရောက်စကားပြောခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
Photo | NUG Representatives Office - United Kingdom

❤25👍9🥰4👏3💯2