The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ကယန်းအမျိုးသားတပ်မတော် ၂၁၀၆ တပ်ရင်း တွေ့ဆုံပွဲနဲ့ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

၁၃ စက်တင်ဘာ ||| နွေဦးအသံ |||

ကယန်းဒေသတနေရာမှာ ကယန်းအမျိုးသားတပ်မတော် KNA ၊ အမှတ် (၂၁၀၆) တပ်ရင်းက ရဲဘော်စုံညီ တွေ့ဆုံပွဲနဲ့ ရက်တိုမွမ်းမံ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပခဲ့တယ်လို့ KNA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခမ်းအနားမှာ ရဲဘော်တွေ စစ်ကြောင်းချီတက် အလေးပြုတာ၊ ကယန်းအမျိုးသားအလံနဲ့ KNA အလံ လွှင့်ထူ အလေးပြုတာ၊ ကျဆုံး အာဇာနည်ရဲဘော်တွေကို အလေးပြုတာနဲ့ သစ္စာဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KNA အတွင်းရေးမှူး ခွန်းရဲခေါင်က အဖွင့်အမှာစကားပြောကြားခဲ့သလို တပ်ရင်းမှူး ဦးခင်ထူးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေရဲ့ စစ်မြေပြင် ချေမှုန်းရေး သရုပ်ပြမှုတွေကို ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံအချို့နဲ့အတူ ဖော်ပြထားပါတယ်။

အခမ်းအနားကို ကယန်းအမျိုးသားတပ်မတော် ဗဟိုဦးစီးကော်မတီဝင်များ၊ စစ်ဦးစီးကော်မတီဝင်များ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့ လူထုကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | KNA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍26❤9🥰2👏1