◼️ရွှေကူမှာ KIA PDF ပူးပေါင်းတပ် ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုအတုံးအရုံးသေဆုံးပြီး နားချိန်ပင်မရ
၁၃ စက်တင်ဘာ| နွေဦးအသံ |
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၈ ရက်မှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ပျံ့နှံ့လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။
ဇင်းဘုံကျေးရွာဘက်သို့ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်တွေက အနားယူချိန်ပင်မပေးဘဲ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတုံးအရုံးသေဆုံးကြတာကို SHWEGU KPDF DRONE TEAM တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ တွေ့မြင်ရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်း အချို့နဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားသော်လည်း သေဆုံးထိခိုက်မှု၊ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အရေအတွက် အသေးစိတ်အခြေအနေတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးသော်လည်း KIA PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်မှာ သေဆုံးထိခိုက်မှုများစွာနဲ့ အထိနာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | လူမှုကွန်ယက် (Screenshot)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၃ စက်တင်ဘာ

❤32👍15👏4🔥1
◼️စစ်ကိုင်းမှာ စစ်ယာဉ်တန်းကို၂ ကြိမ်မိုင်းဆွဲပြီး ကင်းအဖွဲ့ကိုပစ်ခတ်တိုက်ခိုက်ရာ စကစ ၂၀ ကျော်သေဆုံး
၁၄ စက်တင်ဘာ| နွေဦးအသံ |
စစ်ကိုင်းမှာ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်မှာ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ကင်းအဖွဲ့တွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့ရှိ စစ်တပ်ရဲ့ နမခ မှ စစ်ကိုင်းမြို့ တပ်မ ၃၃ သို့သွားတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစီး နေရာမှာတင် လုံးဝပျက်စီးသွားခဲ့တာကြောင့် ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့သလို လမ်းကိုလည်း အချိန်အတော်ကြာ ပိတ်ထားခဲ့ပြီး ကရိန်းကားနဲ့ လာရောက်ဆွဲယူသွားခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။
စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်အုပ်စု ကင်းပုန်းဝပ်နေတဲ့နေရာတွေကိုလည်း ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အပြင် ကားတွေပေါ်မှဆင်းပြီး ပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်အုပ်စုကိုလည်း အသင့်ပြင်ထားတဲ့ မိုင်းကွင်းအရောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ် အားလုံးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထိနာသွားတဲ့ စစ်အုပ်စုရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ ပြည်သူတဦး ထိမှန် သေဆုံးခဲ့ရပြီး နောက်ထပ်တဦး ခြေထောက်ကို သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။
Video | လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၄ စက်တင်ဘာ

👍32❤6👏4🥰2
◼️ဗန်းမော်မှဆင်းလာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ် ၂ ရက်ဆက်တိုက်ခိုက်ရာ သင်္ဘော ၅ စီးပျက်စီးနစ်မြုပ်
၁၄ စက်တင်ဘာ ||| နွေဦးအသံ |||
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် စစ်သင်္ဘောတွေကို KIA PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၃ ၊ ၁၄ ရက်တို့မှာ ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၅ စီး ပျက်စီး နစ်မြုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုကို စာဝတီးနဲ့ မြလယ်ရွာကြား စက်တင်ဘာ ၁၃ ရက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော ၄ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။
အလားတူ ဗန်းမော်မှ ထပ်မံစုန်ဆင်းလာတဲ့ စစ်သင်္ဘော တစီးကိုလည်း ဆူးပုတ်ကုန်းအနီး၊ စက်တင်ဘာ ၁၄ ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁ စီး နစ်မြုပ်သွားတယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးမှ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်သို့ စစ်တပ်က သင်္ဘောတွေနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားတွေ အဆက်မပြတ်ဖြည့်တင်းနေတာဖြစ်သလို KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်လျက်ရှိတာကြောင့် စစ်သင်္ဘော အများအပြားပျက်စီးပြီး စစ်သုံ့ပန်းရာနဲ့ချီ ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။
Photo | Social media (Screenshot)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍34❤5👏5🥰1
◼️မြောင်၊ ကျောက်ရစ်ရဲစခန်းအနီး အရက်သောက်နေတဲ့ စစ်အုပ်စုကို ရဲဘော် ၄ ဦးတည်းဖြင့်ဝင်ပစ်ခတ်ရာ တပ်ကြပ်အပါ ၃ ဦးသေဆုံး
၁၄ စက်တင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ မြောင်မြို့နယ်မှာ အရက်ဆိုင်အတွင်း မူးယစ်သောက်စားနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို မြောင်ဘီလူးစစ်ကြောင်းမှ ရဲဘော်တွေက စက်တင်ဘာလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်တဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ရစ်ရဲစခန်းအနီးနဲ့ မီတာ ၂၀၀ ခန့်အကွာရှိ အရက်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ စစ်အုပ်စုကို ကြိုတင်သတင်းအရ တော်လှန်ရေးရဲဘော် ၄ ဦးတည်းနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ် ကိုကိုလွင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ လက်နက်ပါသူတဦးက ထွက်ပြေးလွတ်မြောက်သွားတာတဲ့အတွက် လက်နက်ခဲယမ်း မရရှိခဲ့သော်လည်း အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ကျောက်ရစ်ရဲစခန်းမှ စစ်ကူအများအပြားရောက်လာပြီး အလောင်းတွေကို သယ်ဆောင်သွားတယ်လို့ Myaung Ogree Column (MOC) က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | MOC (ပုံဟောင်း)

👍32❤6👏4❤🔥1
◼️မြို့သိမ်းတိုက်ပွဲတွေအပါ တိုက်ပွဲများစွာတိုက်ခိုက်ခဲ့တဲ့ ကသာခရိုင်တပ်ရင်း ၅ တနှစ်ပြည့်အခမ်းအနားကျင်းပ
🔹တနှစ်တာအတွင်း ရဲဘော် ၁၀ ဦး မြင့်မြတ်စွာကျဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့ဟု အသိပေး
၁၅ စက်တင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ဗန်းမောက်နဲ့ ကသာမြို့သိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲပေါင်းများစွာ အကြမ်းဖက်စစ်တပ် အထိနာအောင် တိုက်ခိုက်ခဲ့တဲ့ PDF ကသာခရိုင် အမှတ် ၅ တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
ကသာခရိုင်အမှတ်(၅)တပ်ရင်းရဲ့ တပ်ရင်းတည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပပြီးစီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
တပ်ရင်းစတင်ဖွဲ့စည်းချိန်မှ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ၊ ကသာမြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်းများစွာမှာ စစ်အုပ်စုအထိနာစေဖို့ ဂုဏ်ရောင်ထွန်းပြောင်စွာ တိုက်ခိုက်ခဲ့တဲ့ တပ်ရင်းတခုဖြစ်ပြီး တနှစ်အတွင်း ရဲဘော် (၁၀) ဦး မြင့်မြတ်စွာကျဆုံးခဲ့သလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တပ်ရင်း(၁)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး တပ်ရင်းရဲ့ စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်မှုနဲ့ ပေးဆပ်မှုတို့ကို လေးနက်စွာနဲ့ အသိအမှတ်ပြု ဦးညွှတ်ကြောင်းလည်း သဝဏ်လွှာမှာ အသိပေးထားပါတယ်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးမှာ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်လျက်ရှိသလို ပြည်သူတွေအနေနဲ့လည်း တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီဖေးမပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်တယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြထားတာ တွေ့ရပါတယ်။

👍33❤11🥰4