The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
‎◼️‌‌‌ဗန်းမော်မှာ စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စကစ ၄၀ ကျော်သေဆုံးပြီးစစ်ကြောင်းပြုတ်

🔹ဗိုလ်ကြီးတွေအပါ စကစ ၃၀ ဦးထက်မနည်း အရှင်မိပြီး လက်နက်ကြီး/ငယ်၊ ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိ

‎၁၅ စက်တင်ဘာ ||| နွေဦးအသံ |||
‎
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၂၊ ၁၃၊ ၁၄ ရက်တို့မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး၊ ၃၀ ကျော် အရှင်မိပြီး စစ်ကြောင်းတခုလုံးပြုတ်သွားတယ်လို့ သိရပါတယ်။

ကောင်ဂျာယန်ကျေးရွာဘက်သို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် အရှင်ဖမ်းမိ၊ ၄၀ ‌ကျော် သေဆုံးခဲ့ပြီး စစ်ကြောင်းတခုလုံး ပြုတ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်တပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ များစွာနဲ့ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တဲ့အပြင် အထိနာခဲ့တဲ့ စစ်တပ် သင်္ဘောတွေထံမှလည်း လက်နက်ကြီးတွေအပါ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။

ဗန်းမော်မြို့နယ်သို့ စစ်ကူအင်အားတွေ ရောက်လာပြီးနောက် မြစ်ကြောင်းစစ်ဆင်ရေးတွေ အပါအဝင် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ကောင်ဂျာယန်တိုက်ပွဲအပြင် စင်းခန်း၊ ဇင်းဘုံ ဝန်းကျင်တိုက်ပွဲတွေမှာလည်း သေဆုံးထိခိုက်မှုများစွာနဲ့ စစ်အုပ်စု အကြီးအကျယ် အထိနာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | လူမှုကွန်ယက် (Screenshot)

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤42👍9👏4
‎◼️‌‌‌ဧရာဝတီမြစ်ထဲမျောလာတဲ့ စစ်အုပ်စုအလောင်းများထံမှ ခဲယမ်းတွေ မတ္တရာ ပကဖ လိုက်လံဆယ်ယူရရှိ

‎၁၅ စက်တင်ဘာ ||| နွေဦးအသံ |||

ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ခဲယမ်းအချို့ကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတဲ့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေကူနဲ့ ဗန်းမော်မြို့နယ်မှာ KIA နဲ့ PDF ပူး‌‌ပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားနဲ့ သင်္ဘောတွေနဲ့အတူ သေဆုံးပြီး ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ၅.၅၆ ကျည်အချို့ကို ပကဖ ရဲဘော်တွေက လိုက်လံဆယ်ယူရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ရဲ့ သင်္ဘောတွေကို KIA နဲ့ PDF ပူး‌ပေါင်းတပ်တွေက ဩဂုတ်လမှစတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘက်သုံး တိုက်ရေယာဉ်တွေအပါအဝင် သင်္ဘောအများအပြား ဧရာဝတီမြစ်ထဲမှာ ပျက်စီးနစ်မြုပ်ခဲ့ကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း တပါတည်းသေဆုံးမျောပါသွားကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဗန်းမော်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး၊ ၃၀ ကျော် အရှင်မိပြီး စစ်ကြောင်းတခုလုံးပြုတ်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | မတ္တရာ ပကဖ

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤33👍18🥰1👏1
‎◼️‌‌‌‌တီးတိန်မှာ စစ်တပ်လက်အောက်ခံ ZRA တပ်စခန်းကို တိုက်ခိုက်မှု ZRA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

‎၁၅ စက်တင်ဘာ ||| နွေဦးအသံ |||

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ZRA တပ်စခန်းတခုကို Zomi National Army (ZNA) က စက်တင်ဘာ ၁၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်လက်ပါးစေ ၃ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်လက်အောက်ခံ Zomi Revolutional Army (ZRA) တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်ပါးစေ ZRA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး သေနတ် ၃ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ စကားပြောစက်၊ စစ်သုံးပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင်ကဒ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသသတင်းတွေမှာ ဖော်ပြထားတာပါ။

အလားတူ တွန်းဇံမြို့နယ်၊ ဇမ်ပီကျေးရွာရှိ စစ်တပ်လက်အောက်ခံ ZRA စခန်းကိုလည်း ZNA တပ်ဖွဲ့က စက်တင်ဘာလ ၁၀ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ZRA တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

Zomi National Army (ZNA) တပ်ဖွဲ့ဟာ Zomi Revolutionary Army (ZRA) တပ်ဖွဲ့ရဲ့ စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကြောင့် ZRA ထံမှ ခွဲထွက်ခဲ့ပြီးနောက် အခုလို ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | ZNA ၊ လူမှုကွန်ယက်

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33❤5👏3