The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
‎◼️‌‌‌‌ဖာပွန်ခရိုင်မှာ စစ်အုပ်စုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ သေနတ် ၃ လက် သိမ်းဆည်းရရှိ

🔹စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၇ မှ စကစတပ်သားတဦး လက်နက် ၂ လက်နဲ့ KNLA ထံအလင်းဝင်

‎၁၅ စက်တင်ဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို KNLA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၄ ရက်မှာ တိုက်ခိုက်ခဲ့ရာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ပြီး ခမရ ၃၅၇ မှ တပ်သားတဦးကလည်း KNLA ထံ လက်နက် ၂ လက်နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၅၊ ကော်သူးလေနယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်အတွင်း စစ်အုပ်စုနဲ့ KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ နဲ့ ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မူတြော်ခရိုင်က စက်တင်ဘာ ၁၅ ရက်မှာ ကရင်ဘာသာနဲ့ ထုတ်ပြန်ထားတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံမှ MA1 ၃ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မူတြော်ခရိုင်က ထုတ်ပြန်ချက်နဲ့အတူ ဖော်ပြထားတဲ့ ဓာတ်ပုံမှတ်တမ်းမှာ တွေ့မြင်ရပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၁၂ လက်အောက်ခံ အမှတ် ၃၅၇ ခြေမြန်တပ်ရင်း - ခမရ ၃၅၇ မှ အသက် ၄၀ အရွယ် တပ်သားတဦးက စက်တင်ဘာ ၁၃ ရက်မှာ KNLA တပ်ရင်း ၁၀၂ ထံ လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားက MA1 တလက်၊ BA100 တလက်နဲ့ ခဲယမ်းတွေကို ယူဆောင်ခဲ့ပြီး ပြည်သူအပေါ် စစ်တပ်က အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကြောင့် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက် လာရောက်ပူးပေါင်းခဲ့တာဖြစ်ကြောင်း KNU မူတြော်ခရိုင်က အသိပေးထားတာ တွေ့ရပါတယ်။

Photo | KNU

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤30👏11👍9
‎◼️‌‌‌‌‌ရွှေကူ ဗန်းမော် စုန်ဆန်စစ်တပ်သင်္ဘောများကို တိုက်ခိုက်ရာ သင်္ဘောတချို့စုံးစုံးမြုပ်၊ အများစုနစ်မြုပ်ခါနီးဖြစ်နေ

‎၁၆ စက်တင်ဘာ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ ရွှေကူနဲ့ ဗန်းမော်ကြားမှာ အကြမ်ဖက်စစ်အုပ်စုရဲ့ အစုန်၊ အဆန် သင်္ဘောကို KIA PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘောတချို့လုံးဝနစ်မြုပ်သွားပြီး သင်္ဘောအများစု နစ်မြုပ်ခါနီးဖြစ်နေတယ်လို့ ဒေသစစ်‌ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဗန်းမော်မှ ပြန်စုန်ဆင်းလာတဲ့ စစ်တပ်သင်္ဘော ၇ စီးကို KIA PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်၊ မနက်ပိုင်းမှာ စာဝတီးနဲ့ စင်းခန်းအနီးမှာ အဆက်မပြတ် တိုက်ခိုက်ခဲ့ရာ အစုန်သင်္ဘောအားလုံး ထိမှန်ပျက်စီးပြီး မြုပ်တဝက် ပေါ်တဝက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အလားတူ ရွှေကူမှ ဆက်တက်လာတဲ့ စစ်တပ် သင်္ဘော ၃ စီးကိုလည်း KIA PDF ပူးပေါင်းတပ်တွေက ဝဲမကြီးကျေးရွာအရောက် စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းမှာ ၁၀၇ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစီး လုံးဝနစ်မြုပ်သွားပြီး နှစ်စီး ပြန်လှည့်သွားတယ်လို့ စစ်‌ရေးသတင်းရင်းမြစ်တွေက ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားကြတာပါ။

ဗန်းမော်သို့ စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို KIA PDF ပူးပေါင်းတပ်တွေက ဩဂုတ်လမှစတင်ကာ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတာကြောင့် စစ်အုပ်စုရဲ့ သင်္ဘော ၁၅ စီးထက်မနည်း ပျက်စီးတာ၊ နစ်မြုပ်တာတွေအပြင် စစ်အုပ်စုအလောင်းများဟာလည်း ဧရာဝတီမြစ်အတွင်းမျောပါနေပြီး အကြီးအကျယ်အထိနာလျက်ရှိတာကို တွေ့ရပါတယ်။

Photo | လူမှုကွန်ယက် (Screenshot)

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤32👍12🥰3🔥2👏1
‎◼️‌‌‌‌‌တောင်တွင်းကြီးမှာ စစ်ကောင်စီရဲ ၂ ဦးကို သတင်းပေးမှုအရ ကြားဖြတ်ပစ်ခတ်ရှင်းလင်း၊ သေနတ်တလက်သိမ်းဆည်းရရှိ

‎၁၆ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ တောင်တွင်းကြီးမြို့နယ်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်သား ၂ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၁၃ ရက်၊ မနက် ၇ နာရီခန့်မှာ ကြားဖြတ်ပစ်ခတ်ခဲ့ရာ ရဲနှစ်ဦးလုံးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမှတ် ၂ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တောင်တွင်းကြီး-အောင်လံလမ်းပိုင်း၊ သက္ကယ်ကျင်းကျေးရွာ အထိုင်ဂိတ်မှ ပရပ်ကြယ်ရဲစခန်းသို့ ကင်းတာဝန်အပြောင်းအလဲလုပ်ဖို့ ထွက်လာစဉ် တပ်တွင်းသတင်းပေးမှုအရ လမ်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်တပ်လက်ပါးစေ ရဲတပ်သား ၂ ဦးလုံးသေဆုံးပြီး G3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၉ တောင့်နဲ့ ဖုန်းတလုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီ)က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

အဲဒီတိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ် ပကဖ - ပုဏ္ဏဝတီတပ်ဖွဲ့၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Eagle Column အဖွဲ့၊ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နဲ့ တောင်တွင်းကြီး Rocket Fighter အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | တောင်တွင်းကြီး ပကဖ

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤26👏4🥰2
‎| တပ်တွင်းသတင်း‌ပေးသဖြင့် စကစရဲ ၂ ဦးကို ကြားဖြတ်ပစ်ခတ်ရှင်းလင်းပြီး သေနတ်သိမ်းဆည်းရရှိမှုမှတ်တမ်း |
‎
‎◼️‌‌‌‌‌မကွေးဒေသ၊ တောင်တွင်းကြီးမြို့နယ်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်သား ၂ ဦးကို တပ်တွင်းမှ သတင်းပေးမှုအရ တောင်တွင်းကြီးမြို့နယ် ပကဖ - ပုဏ္ဏဝတီတပ်ဖွဲ့၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Eagle Column အဖွဲ့၊ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နဲ့ တောင်တွင်းကြီး Rocket Fighter အဖွဲ့တို့က စက်တင်ဘာ ၁၃ ရက်၊ မနက် ၇ နာရီခန့်မှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးလုံးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
‎
‎Video | တောင်တွင်းကြီး ပကဖ

‎၁၆ စက်တင်ဘာ | နွေဦးအသံ |
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏32❤7