The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
‎◼️‌‌‌‌‌ဆင်ပေါင်ဝဲမှာ ဖဲဝိုင်းမှပြန်လာတဲ့စစ်အုပ်စုကို PDF တိုက်ခိုက်မှု စကစ ၃ ဦးသေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ

‎၁၆ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဖဲဝိုင်းမှပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ရဲဘော်တွေက ကြားဖြတ်ပစ်ခတ်ရှင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတဲ့ သရက်ခရိုင် တပ်ရင်း ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သာဂရ-ကိုးပင်လမ်းပိုင်းမှာ ဖဲဝိုင်းမှပြန်လာတဲ့ ဘဝသစ်အကျဥ်း​ထောင်မှ စစ်တပ်လက်ပါးစေ လက်ထောက်ကြီးကြပ်ရေး(၁) ထွန်းထွန်းလင်း၊ တပ်သားတဦးနဲ့ တန်းစီးတဦး လိုက်ပါလာတဲ့ကားကို ဩဂုတ် ၂၈ ရက်မှာ ရှောင်တခင်စစ်ဆေးရာ မောင်းနှင်ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံမှ MA12 ၁ လက်၊ MA11 ၁ လက်၊ ကျည်အိမ်နဲ့ ကျည်ဆံများ၊ ဖုန်း ၃ လုံး၊ တပ်ဖွဲ့ဝင်ကဒ်၊ မှတ်ပုံတင်ကဒ်၊ ယာဥ်မောင်းလိုင်စင်ကဒ်၊ အရက်ပုလင်းနဲ့ ဖဲထုပ် ၂ ထုပ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | သရက်ခရိုင် တပ်ရင်း ၅

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍27👏5❤4
| သာဂရ-ကိုးပင်လမ်းပိုင်းမှာ ဖဲဝိုင်းမှပြန်လာတဲ့စစ်အုပ်စုကို ပစ်ခတ်ရှင်းလင်းပြီး လက်နက်များသိမ်းယူမှုမှတ်တမ်း |

‎◼️‌‌‌‌‌မကွေးဒေသ၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ-ကိုးပင်လမ်းပိုင်းမှာ ဖဲဝိုင်းမှပြန်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေ ဘဝသစ်အကျဥ်း​ထောင်မှ လက်ထောက်ကြီးကြပ်ရေး(၁) ထွန်းထွန်းလင်း၊ တပ်သားတဦးနဲ့ တန်းစီးတဦး လိုက်ပါလာတဲ့ယာဉ်ကို PDF သရက်ခရိုင် တပ်ရင်း ၅ မှ ရဲဘော်တွေက ပြီးခဲ့တဲ့ဩဂုတ်လ ၂၈ ရက်မှာ ရှောင်တခင်စစ်ဆေးခဲ့ရာ မောင်းနှင်ထွက်ပြေးတဲ့အတွက် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် စစ်အုပ်စု ၃ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်နဲ့ ခဲယမ်း၊ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ရုပ်သံမှတ်တမ်းနဲ့တကွ စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Video | သရက်ခရိုင် တပ်ရင်း ၅

‎၁၆ စက်တင်ဘာ ||| နွေဦးအသံ |||

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30👏8❤2
◼️ရွှေဘိုမှာ ဘုန်းကြီးကျောင်းကို ဂျက်လေယာဉ်နဲ့ စစ်တပ် ဗုံးကြဲသဖြင့် ကျောင်းထိုင်ဘုန်းကြီးအပါ ၃ ဦးသေဆုံး

၁၇ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ရွှေဘိုမြို့နယ်မှာ ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီလေတပ်က စက်တင်ဘာ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် ပကဖ ထံမှ သိရပါတယ်။

နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးဆောင်ပြီး ကျေးရွာနေ ပြည်သူတွေ သောက်သုံးရေ အဆင်ပြေစေရေး ရေသန့်စက် တပ်ဆင်တာနဲ့ ရေသန့် ဖြန့်ဝေတာတွေ ပြုလုပ်နေစဉ် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ထုတ်ပြန်ထားတာပါ။

မိတ္ထီလာလေတပ်မှ ပျံတက်လာတဲ့ MiG-29 ဂျက်လေယာဉ်က နေ့လယ် ၁၂ နာရီခွဲခန့်မှာ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့တဲ့အပြင် ပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုအပြီးမှာလည်း ရွှေဘိုအခြေစိုက် အမှတ်-၄၂ ခြေလျင်တပ်ရင်း (ခလရ ၄၂) က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၃ ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဘာသာရေး၊ ကျန်းမာရေး အဆောက်အဦးတွေပါမချန် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း/လက်နက်ကြီး အန္တရာယ် အထူးသတိပြု ရှောင်ရှားကြဖို့ ရွှေဘိုမြို့နယ်(ပကဖ)က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
😢24🤬14👍1
👍31❤13🥰5👏3❤‍🔥1
◼️တိုက်လေယာဉ်များဖျက်ဆီးခဲ့ပြီး ဗိုလ်မှူးကြီးအပါ စကစ ၅ ဦးသုတ်သင်နိုင်ခဲ့တဲ့ ရဲဘော်များကို NUG အစိုးရဂုဏ်ပြု

၁၇ စက်တင်ဘာ | နွေဦးအသံ |

တံတားဦးလေတပ်ကို ဝေဟင်(ဒရုန်း)နဲ့ မြေပြင်ပူးပေါင်းစစ်ဆင်ရေး အောင်မြင်စွာဖော်ဆောင်ခဲ့တဲ့ PDF ၊ ပကဖ ရဲဘော်တွေရဲ့ စစ်ရေးစွမ်းရည်နဲ့ ရဲရင့်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အထူးမှတ်တမ်းတင် ဂုဏ်ပြုကြောင်း ကြေညာလိုက်ပါတယ်။

စစ်ဆင်ရေးကို ဟန်ချက်ညီညီ အောင်မြင်စွာဖော်ဆောင်ခဲ့တဲ့ PDF ၊ ပကဖ ရဲဘော်တွေရဲ့ ညီညွတ်မှု၊ စစ်ရေးစွမ်းရည်နဲ့ ရဲရင့်မှုတွေကို အသိအမှတ်ပြု အထူးမှတ်တမ်းတင်ဂုဏ်ပြုကြောင်း NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က လက်မှတ်ရေးထိုးပြီး စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒရုန်းစစ်ဆင်ရေးမှာ YAK - 130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့နေရာတွေကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်တဲ့အပြင် မြေပြင်စစ်ဆင်ရေးမှာ လေကြောင်းရန်ကာကွယ်ရေးတပ် - လစခ ၇ မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း ၄၊ ၁၀၊ အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ MDDS ၊ မန္တလေးခရိုင် တပ်ရင်း ၃၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂၊ ၄၊ တံတားဦး၊ စဉ့်ကိုင်နဲ့ ငါန်းဇွန် ပကဖ၊ Special Task Force - STF နဲ့ ရွှေဘိုခရိုင် စစ်ဌာန ၁၊ ၂ ပူးပေါင်းတပ်ဖွဲ့တို့ စုဖွဲ့ပြီး ဟန်ချက်ညီစွာ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးအတွင်း တိုင်းပြည်နဲ့ ပြည်သူအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ တော်လှန်ရေးရဲဘော် ၃ ဦးကို လေးနက်စွာ ဦးညွတ် အလေးပြုရင်း ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း အသိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ စစ်ဘက် ဗဟိုချက်မနေရာတွေကို အရှိန်အဟုန်မြှင့် ဆက်လက် ထိုးစစ်ဆင် ချေမှုန်းသွားမှာဖြစ်တယ်လို့ NUG အစိုးရက တရားဝင်ကြေညာထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍39❤15👏7🥰3❤‍🔥1