The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️PDF အမှတ်(၁)စစ်ဒေသ ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကျင်းပ

၁၇ စက်တင်ဘာ ||| နွေဦးအသံ |||

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ PDF အလံတော် လွှင့်တင်တာ၊ ကျဆုံးသွားတဲ့ စစ်ဒေသမှူးဟောင်း ဒု-ဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်း အပါအဝင် အာဇာနည် ရဲဘော်တွေကို အလေးပြုခြင်းနဲ့ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဒေသမှူးတို့ ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း အသီးသီးဖတ်ကြားခဲ့ပြီးနောက် စစ်ဆင်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြား‌ခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။

အခမ်းအနားကို စစ်ဒေသ တာဝန်ရှိသူတွေ၊ ခရိုင်/မြို့နယ် ပကဖ တာဝန်ခံတွေနဲ့ တော်လှန်ရေး ရဲဘော်၊ ရဲမေတွေ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းတဲ့အထိ တပ်ဖွဲ့ဝင်တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ အမှတ် ၁ စစ်ဒေသက အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤29🥰6👍3👏1
◼️‌ရေဦးမှာ စစ်ထဲထည့်ဖို့ စစ်တပ်ဖမ်းဆီးထားတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ထွက်ပြေးလွတ်မြောက်လာ

၁၇ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ရေဦးမြို့မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့ မတရားဖမ်းဆီးခံထားရတဲ့ လူငယ်တွေက စက်တင်ဘာ ၁၆ ရက်၊ ညနေ ၃ နာရီခန့်မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။

ရေဦးမြို့ပေါ် စာသင်ကျောင်းမှာ စစ်မှုထမ်းခိုင်းဖို့အတွက် စစ်တပ်က အဓမ္မဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ်တွေက အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားတာပါ။

စစ်တပ် ဖမ်းဆီးခံရခြင်းမှ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ အချက်အလက်နဲ့ အရေအတွက်ကို ဖော်ပြထားခြင်းမရှိသေးသော်လည်း ၁၀ ဦးထက်မနည်း လွတ်မြောက်ခဲ့တာဖြစ်ပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ ရေဦး (ပကဖ)က အသိပေးထားပါတယ်။

လွတ်မြောက်လာတဲ့ လူငယ်တွေကို လွတ်မြောက်နယ်မြေတနေရာမှာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | စစ်တပ် လော်ဘီတယ်လီဂရမ်( အပတ်စဉ် ၂၈ မှ စစ်မှုထမ်း ပစ များ)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍42❤10👏3🤬1
◼️ဖောင်းပြင်မှာ စစ်တပ်လက်အောက်ခံ SNA တပ်သားတဦး လက်နက်နဲ့အလင်းဝင်၊ လက်နက်ကိုင်တွန်းလှန်မည်ဟုဆို

၁၈ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဖောင်းပြင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA မှ တပ်သားတဦးက လက်နက်နဲ့အတူ PDF မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းထံသို့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ စက်တင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖောင်းပြင်မြို့နယ်အခြေစိုက် SNA တပ်မဟာ (၇၅၃) မှ တပ်သား ဝေလျံဇော်ဟာ ဩဂုတ် ၂၉ ရက်မှာ သေနတ် တလက်နဲ့အတူ အလင်းဝင်ပူးပေါင်းလာတာကြောင့် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး အလင်းဝင်လာတာနဲ့တပြိုင်နက် သူ့ရဲ့နေအိမ်ကို စစ်အုပ်စုက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်သားအနေနဲ့ ပြည်သူဘက်မှ ရပ်တည်ပြီး အာဏာရှင်စနစ်ဆိုးကို လက်နက်ကိုင်တွန်းလှန်လိုတဲ့အပြင် မိဘနဲ့အတူ နေထိုင်လိုကြောင်း တောင်းဆိုခဲ့တယ်လို့ မော်လိုက်ခရိုင် တပ်ရင်း ၃ က ဖော်ပြထားပါတယ်။

ဒါကြောင့် အလင်းဝင်တပ်သားကို သူ့ရဲ့မိဘတွေထံသို့ ပို့ဆောင်ပေးခဲ့သလို အခုလို ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဘယ်သူကိုမဆို နွေးထွေးစွာကြိုဆိုကြောင်း မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤23👏13👍3
| ရေစကြို-ပခုက္ကူလမ်းမှာ စစ်အုပ်စုမိုင်းများထောင်ထားသဖြင့် ပြည်သူတွေအထူးဂရုပြုဖို့ ပကဖ သတိပေး |

‎◼️‌‌‌‌‌မကွေးဒေသ၊ ရေစကြို - ပခုက္ကူလမ်းပိုင်း၊ ၁၂ မိုင်နဲ့ ဆင်ချောင်းကျေးရွာကြား လမ်းဘေးနေရာတွေမှာ အကြမ်းဖက်စစ်တပ်က မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သွားလာရာမှာ အထူးဂရုပြုကြဖို့ အသိပေးတဲ့အနေနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က စက်တင်ဘာ ၁၈ ရက်မှာ မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။

Video | ရေစကြိုမြို့နယ် ပကဖ

‎၁၈ စက်တင်ဘာ ||| နွေဦးအသံ |||

‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍27🥰8❤3
◼️ရန်ကုန်မှာ စစ်ဆင်ရေးဖော်ဆောင်ဖို့ ကျေးလက်နဲ့ မြို့ပြအစည်းအဝေးပြုလုပ်ခဲ့ဟု HOD-PDF အသိပေး

၁၈ စက်တင်ဘာ ||| နွေဦးအသံ |||

ရန်ကုန်မြို့တွင်းမှာ စစ်ဆင်ရေးတွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ လက်နက်ထုတ်လုပ်ရေးအလုပ်ရုံတွေ ပြန်လည်စတင်ဖို့အတွက် ကျေးလက်နဲ့ မြို့ပြ ပထမအကြိမ် အစည်းအဝေးကို HOD-PDF က စက်တင်ဘာ ၁၇ ရက်မှာ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ HOD-PDF ကွပ်ကဲမှုနဲ့ ရန်ကုန်မြို့ပြ စစ်ဆင်ရေးတွေ ဖော်ဆောင်ရေး၊ လိုအပ်တဲ့ လက်နက်၊ ခဲယမ်းနဲ့ အသုံးစရိတ်တွေ စီစဉ်ပေးရေးအပြင် မြို့တွင်းရှိ HOD လက်နက်ထုတ်လုပ်ရေး အလုပ်ရုံတွေ ပြန်စတင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ HOD-PDF က ထုတ်ပြန်ထားတာပါ။

စစ်အုပ်စုရဲ့ ပိတ်ဆို့မှုကိုကျော်ဖြတ်နိုင်ဖို့အတွက် ကွပ်ကဲမှုအောက်ရှိ UG တွေကို အလွယ်ရနိုင်တဲ့ပစ္စည်းတွေသုံးပြီး ယမ်းအစားထိုး HOD ယမ်းဖော်မြူလာသင်ကြားပေးရေး၊ မောင်းသူမဲ့ တိုက်ခိုက်ရေးယာဉ်ငယ်တွေ ထုတ်လုပ်ရေးနဲ့ မြို့ပြ-ကျေးလက် မိခင်တပ်ရင်းတွေအကြား စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထွေထွေလိုအပ်ချက်တွေအတွက် ဘဏ္ဍာငွေရှာဖွေရေး၊ ရရှိတဲ့ အရင်းအမြစ်အားလုံးကို ရန်ကုန်တိုင်းအတွင်း တတ်နိုင်သမျှ အချိန်မဆိုင်းဘဲ စစ်ဆင်ရေးဖော်ဆောင်ဖို့နဲ့ တပ်ဖွဲ့ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစည်းအဝေးကို HOD-Yangon မြို့ပြခေါင်းဆောင်တွေ၊ HOD-Yangon လက်နက်ထုတ်လုပ်ရေးတာဝန်ခံရဲဘော်တွေနဲ့ ပူးပေါင်းအဖွဲ့များမှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မြို့ပြခေါင်းဆောင်တွေ အန္တရာယ်ကင်းစွာ မြို့တွင်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ Harbinger Of Death - PDF က အသိပေးထားတာ တွေ့ရပါတယ်။

Photo | HOD-PDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤36👏7🥰5👍1