The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️နေပြည်တော် PDF အမှတ် ၈၀၃ တပ်ရင်းရဲ့ အပတ်စဉ် ၈ အခြေခံစစ်သင်တန်းပြီးစီး

၁၈ စက်တင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၃) ရဲ့ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်၊ ရှေ့တန်းတနေရာမှာ ကျင်းပပြီးစီးခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခမ်းအနားမှာ သင်တန်းဆင်းရဲဘော်တွေက ချီတက်နေရာယူ အလေးပြုကြပြီး သစ္စာအဓိဋ္ဌာန် ရွတ်ဆိုတာ၊ PDF အလံတော်ကို ကိုင်ဆောင်ပြီး ကျမ်းသစ္စာကျိန်ဆိုတာ၊ သစ္စာရေ သောက်တာတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ စက်တင်ဘာ ၁၈ ရက်၊ ညပိုင်းမှာ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် နေပြည်တော်တိုင်း စစ်ဆင်ရေးမှူးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သလို ရဲဘော်တွေကလည်း ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် တိုင်းပြည်နဲ့ ပြည်သူအပေါ် အသက်ပေးကာကွယ်သွားမယ်လို့ သစ္စာဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မြေပြင်ရှိ တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ကြိုးစား တိုက်ပွဲဝင်နေကြသလို တော်လှန် ပြည်သူတွေအနေနဲ့လည်း နိုင်ရာဝန်ထမ်းပြီး ထောက်ပံ့ ကူညီပေးကြဖို့ တပ်ရင်းအမှတ် (၈၀၃) မှ ရဲဘော်တွေက မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။

Photo | PDF - Tatkon Battalion 803

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤44🥰8👏3👍2
◼️ဘုတ်ပြင်းမှာ စစ်အုပ်စုကို KNLA တိုက်ခိုက်ခဲ့ရာ စကစ ၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

၁၉ စက်တင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုကို KNLA က စက်တင်ဘာ ၁၈ ရက်၊ မနက် ၆ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးရဲဘော် တဦး မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ချောင်းမွန်ရွာအနီး လေညာ-ဘုတ်ပြင်းလမ်းပိုင်း မိုင်တိုင် အမှတ် ၄ နဲ့ ၅ ကြားမှာ စစ်အုပ်စုနဲ့ တနာရီကျော် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရခဲ့တဲ့အတွက် ဘုတ်ပြင်းမြို့သို့ အရေးပေါ်သယ်ဆောင်သွားတယ်လို့ KNU/ KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းမှာလည်း အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေညာအခြေစိုက် အမှတ် ၅၅၉ နဲ့ ၅၆၀ စစ်တပ်တွေမှ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပျက်ကျခဲ့တာကြောင့် KNLA တပ်ခွဲ ၄ က သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီး/ငယ်မျိုးမျိုးစုံ၊ သာလွန်အင်အားနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော် နေဇာထွန်း (ခ) ခေါင်းချွန် မြင့်မြတ်စွာကျဆုံးခဲ့တာကြောင့် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်းနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

လေညာ - ဘုတ်ပြင်းလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အရေးပေါ်ထုတ်ပြန်ချက်တွေကို ပူး‌ပေါင်းလိုက်နာကြဖို့ KNLA က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | KNLA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤5🔥1🥰1👏1
◼️‌တရုတ်နယ်စပ်၊ ခေါင်လန်ဖူးရှိ စစ်တပ်ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းယူ

၁၉ စက်တင်ဘာ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နယ်ခြားမှတ်တိုင် ၃၀ အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ဗျူဟာစခန်းတခုကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်၊ အမတ်ပေါ်ဒေသရှိ စစ်တပ်ရဲ့ အရေးပါတဲ့ ဗျူဟာစခန်းကို KIA နဲ့ပူးပေါင်းတပ်တွေက ၂ လခန့် တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိသလို လက်နက်ခဲယမ်းလည်း သိမ်းဆည်းရရှိမှုရှိကြောင်း ဖော်ပြထားတာပါ။

အဲဒီစခန်းဟာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၃၇ နဲ့ ခလရ ၂၈၀ အပါအဝင် ပြည်သူ့စစ်အများအပြားနဲ့ အထိုင်ချတပ်စွဲထားတာဖြစ်သလို ရဟတ်ယာဉ်အတက်အဆင်းပြုလုပ်နိုင်တဲ့ကွင်းလည်း ဖောက်လုပ်ထားတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းပိုက်မှု အသေးစိတ်အခြေအနေတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တရားဝင်ထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်တပ်ဘက်ကလည်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အဆိုပါဗျူဟာစခန်းကို KIA နဲ့ ပူးပေါင်းတွေ သိမ်းပိုက်လိုက်တာကြောင့် ဒေသတွင်း စစ်တပ်ရဲ့ အခြားစခန်းတွေအတွက် ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်သွားနိုင်သလို စစ်ရေးအသာစီးရနိုင်တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ထားတာတွေ့ရပါတယ်။

Photo | Kachin Soldiers

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍28👏11❤5🔥1🥰1
◼️‌မြိုင်မှာ စစ်တပ်စစ်ကြောင်းကို လေတပ်ဗုံးကြဲပြီးမပေါက်ကွဲခဲ့တဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

🔹စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်နိုင်

၁၉ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာ မိုင်းပြန်ဆင်ထားတဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

တဲကြီးကျေးရွာမှ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပြင်းထန်စွာပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်နိုင်ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။

တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း မပေါက်ကွဲဘဲကျန်ရှိနေတဲ့ ပေါင် ၅၀၀ ဗုံးကို ပြန်လည်တူးဖော်ပြီးနောက် မိုင်းဆင်ပြီး ထိရောက်စွာတန်ပြန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ခိုက်မှုကို အညာတမာစစ်ဆင်ရေးအင်အားစုတွေဖြစ်တဲ့ ပခုက္ကူခရိုင် ပကဖ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၊ ပခုက္ကူခရိုင် (၂၊ ၆၊ ၇၊ ၉၊ ၁၂၊ ၁၄၊ ၁၅၊ ၁၇၊ ၁၈) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပေါက် ပကဖ၊ မြိုင် ပကဖ၊

ရေစကြို ပကဖ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ တိုင်းပကဖစစ်ကြောင်း ၄၊ MRG တပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ ကမ္မလုံခြုံရေးအင်အားစု၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊

ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ ယင်းမာပင်ခရိုင် အမှတ် (၇၊ ၁၁၊ ၁၂) တပ်ရင်းများ၊ ပုလဲ ပကဖ၊ Myingyan Black Tiger တပ်ဖွဲ့၊ Southern ရေစကြိုတပ်ဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသတွင်းမဟာမိတ်တပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | ပေါက် ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤9🥰2👏2
| မြိုင်မှာ စစ်တပ်ရဲ့ ပေါင် ၅၀၀ ဗုံးနဲ့ စစ်တပ်စစ်ကြောင်းကို ပြန်လည်ဖောက်ခွဲတိုက်ခိုက်မှုမှတ်တမ်း |

◼️‌မကွေးဒေသ၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို 'အညာတမာ' စစ်ဆင်ရေး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ‌လေတပ်ဗုံးကြဲပြီးမပေါက်ကွဲဘဲကျန်နေတဲ့ ပေါင် ၅၀၀ ဗုံးနဲ့ စက်တင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာ ပြန်လည် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်နိုင်ကြောင်း ပေါက်မြို့နယ် (ပကဖ)က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Video | ပေါက် ပကဖ

၁၉ စက်တင်ဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤9👏8🥰2