The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️စစ်တွေ-ပုဏ္ဏားကျွန်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်အုပ်စုအလောင်းတွေနဲ့ လက်နက်များ AA ထပ်မံထုတ်ပြ

၂၁ စက်တင်ဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားသေဆုံးတဲ့အပြင် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ပြီး အရှင်ဖမ်းမိသူတွေလည်း ရှိကြောင်း စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားတဲ့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲတွေအတွင်း ရွှံနွံထဲ ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ စစ်အုပ်စု အလောင်းတွေ၊ စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့တဲ့ မြောက်များစွာသော လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို အာရက္ခတပ်တော် AA က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထပ်မံထုတ်ပြထားတာပါ။

စစ်တပ်က ရခိုင်ပြည်နယ်အတွင်းသို့ ရန်နိုင်အောင်စစ်ဆင်ရေးလို့ အမည်တပ် ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှစတင်ပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလျက်ရှိရာ စစ်တပ်ဘက်မှာ သေဆုံးသူ ရာနဲ့ချီရှိနေပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | ‌AA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏31👍7❤4🤬2
◼️မင်းကင်းမြို့နယ်ရှိ တိုက်နယ်၊ ရပ်/ကျေးပကဖ တာဝန်ခံများကို လုပ်ငန်းလမ်းညွှန်နဲ့ မွန်းမံစစ်သင်တန်းပေး

၂၁ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ တိုက်နယ်၊ ရပ်ကွက်/ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံတွေကို လုပ်ငန်းလမ်းညွှန်နဲ့ မွမ်းမံစစ်သင်တန်း လေ့ကျင့်ပို့ချပေးခဲ့ပြီး စက်တင်ဘာ ၁၈ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ကြီးမှူးပြုလုပ်ခဲ့တဲ့ အပတ်စဉ် ၃/၂၀၂၆ ပကဖ လုပ်ငန်းလမ်းညွှန်နဲ့ မွမ်းမံစစ်သင်တန်း ပြီးစီးခဲ့ကြောင်း သင်တန်းဆင်းပွဲဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ မြို့နယ် (ပကဖ)က ထုတ်ပြန်ထားတာပါ။

အဆိုပါသင်တန်းကို မင်းကင်းမြို့နယ် တိုက်နယ် ၁ နဲ့ ၂ အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာ ပကဖ တာဝန်ခံ ၁၉ ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်တွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် မင်းကင်းမြို့နယ် ပကဖ က အသိပေးထားတာ တွေ့ရပါတယ်။

Photo | ‌မင်းကင်း ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤24🥰7👍4🤬1
◼️ဘီးလင်းမှာ စစ်တပ်က ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းများအပါနေအိမ် ၄၀ ခန့်ပျက်စီး

၂၁ စက်တင်ဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတွေအပါအဝင် ပြည်သူပိုင်နေအိမ်အဆောက်အအုံ ၄၀ လုံးခန့် ပျက်စီးခဲ့တယ်လို့ KNU ရဲ့ စက်တင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျသောင်းဆိပ်ကျေးရွာကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၁၉ ရက်၊ ည ၁၁ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရွာအနောက်ပိုင်းရှိ စာသင်ကျောင်း ၃ ကျောင်း၊ ဝန်ထမ်းအိမ်ရာ ၁ လုံး၊ နေအိမ် ၂ လုံးနဲ့ အရှေ့ပိုင်းရှိ စာသင်ကျောင်း ၂ ကျောင်း အပါအဝင် ပြည်သူပိုင်နေအိမ်အဆောက်အအုံ ၃၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရက်တည်းမှာပဲ ကျသောင်းဆိပ်ရွာအနောက်ခြမ်းကို ကတိုင်ဒိ အခြေစိုက်စစ်တပ်က ည ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ ၁၂၀ မမ လက်နက်ကြီး ၄ လုံး နဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ လုပ်ငန်းခွင်တွေနဲ့ စိုက်ပျိုးခြံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံအနှံမှာ အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ် အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇ၀တ်မှုတွေ ကျူးလွန်လျက်ရှိတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬39❤5👍2🥰2