◼️ရခိုင်လူမျိုးတို့အထွတ်အမြတ်ထားရာ တောင်ဖူးဘုရားကြီးကို စစ်တပ်ဗုံးကြဲဖျက်ဆီး၊ အမျိုးသမီး တဦးသေဆုံး
၂၂ စက်တင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တဦးသေဆုံးပြီး တဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အပြင် တောင်ဖူးဘုရားကြီးရဲ့ ကျောင်းဆောင်တော်လည်း ကြီးမားစွာပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်လူမျိုးတို့ အထွတ်အမြတ်ထားတဲ့ သမိုင်းဝင်တောင်ဖူးဗုဒ္ဓရုပ်ပွားတော်မြတ် စံပယ်ရာ သာသနိကမြေဖြစ်တဲ့ တောင်ဖူးကျေးရွာကို စစ်ကောင်စီ လေတပ်က စက်တင်ဘာ ၂၀ ရက် ည ၁ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းမီဒီယာအချို့မှာ ဖော်ပြထားတာပါ။
တိုက်ခိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တဦးသေဆုံးပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီး တဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်များထဲမှ တဆူဖြစ်တဲ့ တောင်ဖူးဘုရား ကျောင်းဆောင်တော်ကြီး ကြီးမားစွာပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာထဲရှိ ဘုန်းတော်ကြီးကျောင်းဆောင်တွေနဲ့ နေအိမ်တချို့ ပျက်စီးခဲ့ရသလို အခုလဆန်းပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုဟာ ပုဏ္ဏားကျွန်းမြို့ရှိ ရှေးဟောင်း သမိုင်းဝင် ဂူဝဘုရားတွေကို ဗုံးကြဲဖျက်ဆီးခဲ့သေးတယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬38❤2👍1🔥1🥰1🤔1😢1
◼️အညာမှာ အောင်ပွဲရရှေ့တန်းပြန်ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့်ရဲဘော်တွေကို ဂုဏ်ပြုညစာစားပွဲပြုလုပ်
၂၂ စက်တင်ဘာ ||| နွေဦးအသံ |||
အညာတမာစစ်ဆင်ရေး ရှေ့တန်းစစ်မြေပြင်မှ ပြန်လာတဲ့ ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့် ရဲဘော်တွေကို ကြိုဆိုခြင်းနဲ့ ဂုဏ်ပြုညစာစားပွဲ စက်တင်ဘာ ၂၀ ရက်၊ ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရှေ့တန်းပြန်လာတဲ့ ရဲဘော်တွေ၊ ရှေ့တန်းသွားကြမယ့် ရဲဘော်တွေအတွက် ကြိုဆိုပွဲ၊ ဂုဏ်ပြုညစာစားပွဲကို တော်လှန်ပြည်သူအလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုတွေနဲ့ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ဖော်ပြထားတာပါ။
တမာမြေစစ်ဆင်ရေး၊ အမေစုစစ်ဆင်ရေးနဲ့ အညာတမာစစ်ဆင်ရေးတွေမှာ အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေအနေနဲ့ တောက်လျှောက်လိုက်ပါပြီး တိုက်ပွဲဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးတွေမှာ အောင်ပွဲနဲ့အတူ ပြန်လာနိုင်တဲ့ ရဲဘော်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူရသော်လည်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ၊ ဒဏ်ရာရ ရဲဘော်တွေလည်း ရှိခဲ့တာကြောင့် သူတို့အတွက် ဝမ်းနည်းနာကျင်ရတယ်လို့ အညာမြေတပ်ပေါင်းစုက အသိပေးထားတာ တွေ့ရပါတယ်။

❤35👍6🥰3🤬1